အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

(Unicode)

အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

ပူတင်းကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့ မုန်လာဥနီ ၃ လုံးကို အချပ်သေးသေးလေးတွေ ဖြစ်အောင် လှီးပြီး အိုးထဲထည့်ပါ။ အိုးထဲကို ကျိုပြီးသား နွားနို့ ၂ ခွက်ထည့်ပြီး ဆား အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုမီးဖွင့်ပြီး တည်ထားပါ။ ပွက်ပွက်ဆူလာရင် မွှေနေပေးပါ။ ခဏနေရင် မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးပါ။ မုန်လာဥတွေ နူးပြီဆိုရင် မီးပိတ်ပြီး အအေးခံံထားပါ။

အေးသွားပြီဆိုရင် ကြိတ်စက် (သို့) Blender ထဲထည့်ကြိတ်ပါမယ်။ ရပြီဆိုရင် အိုးထဲပြန်ပြောင်းထည့်ပြီး မီးဖိုမီးဖွင့်တည်ပါ။ သကြား ခွက်တစ်ဝက်စာ၊ နို့မှုန့် ခွက်တစ်ဝက်စာ ထည့်မွှေပါ။ အာဂါးအာဂါးပေါင်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်မွှေပေးပါ။ သေချာမွှေပေးပြီး ပွက်လာပြီဆိုရင်တော့ ထောပတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ကြာကြာမွှေပေးပြီးပြီဆိုရင်တော့ ဘူးထဲပြောင်းထည့်ပြီး ၃ နာရီလောက် ထားထားလိုက်ပါ။ အချိန်ပြည့်ရင်ပန်းကန်ပြားထဲမှောက်ချပြီး ဓားနဲ့လှီးကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်းကို ရရှိသွားပါပြီ။

Credit-MyFood Myanmar

(Zawgyi)

အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္း

ပူတင္းႀကိဳက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္း ျပဳလုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

စတင္ျပဳလုပ္ဖို႔ မုန္လာဥနီ ၃ လုံးကို အခ်ပ္ေသးေသးေလးေတြ ျဖစ္ေအာင္ လွီးၿပီး အိုးထဲထည့္ပါ။ အိုးထဲကို က်ိဳၿပီးသား ႏြားႏို႔ ၂ ခြက္ထည့္ၿပီး ဆား အနည္းငယ္ထည့္ပါ။ ၿပီးရင္ေတာ့ မီးဖိုမီးဖြင့္ၿပီး တည္ထားပါ။ ပြက္ပြက္ဆူလာရင္ ေမႊေနေပးပါ။ ခဏေနရင္ ေျမပဲ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ၿပီး ေမႊေပးပါ။ မုန္လာဥေတြ ႏူးၿပီဆိုရင္ မီးပိတ္ၿပီး အေအးခံံထားပါ။

ေအးသြားၿပီဆိုရင္ ႀကိတ္စက္ (သို႔) Blender ထဲထည့္ႀကိတ္ပါမယ္။ ရၿပီဆိုရင္ အိုးထဲျပန္ေျပာင္းထည့္ၿပီး မီးဖိုမီးဖြင့္တည္ပါ။ သၾကား ခြက္တစ္ဝက္စာ၊ ႏို႔မႈန႔္ ခြက္တစ္ဝက္စာ ထည့္ေမႊပါ။ အာဂါးအာဂါးေပါင္ဒါမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာ ထည့္ေမႊေပးပါ။ ေသခ်ာေမႊေပးၿပီး ပြက္လာၿပီဆိုရင္ေတာ့ ေထာပတ္ရည္ စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ေမႊပါ။ ၾကာၾကာေမႊေပးၿပီးၿပီဆိုရင္ေတာ့ ဘူးထဲေျပာင္းထည့္ၿပီး ၃ နာရီေလာက္ ထားထားလိုက္ပါ။ အခ်ိန္ျပည့္ရင္ပန္းကန္ျပားထဲေမွာက္ခ်ၿပီး ဓားနဲ႔လွီးကာ စားသုံးႏိုင္ပါၿပီ။ ဒါဆိုရင္ေတာ့ အာဟာရရွိၿပီး အရသာလည္းရွိတဲ့ မုန္လာဥနီပူတင္းကို ရရွိသြားပါၿပီ။

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top