ဗဟုတုသ

၁စက္ကန့်အတွင်း ကုဋေတစ်သိန်းလောက် ကြီးမားတဲ့ကုသိုလ်တွေ ရရှိသွားနိုင်မည့် နေနည်းများ။

(Zawgyi)

၁။ႏိုးႏိုးခ်င္း….

ႏိုးႏိုးခ်င္း ထထခ်င္း အေနအထား မေျပာင္းမေ႐ြ႕ပဲ ဝင္ေလ ထြက္ေလေလးကိုသတိကပ္မွတ္ ေနလိုက္ပါမယ္။ ဒါဆိုႀကီးမားတဲ့ကုသိုလ္ေတြက တစ္စကၠန႔္မွာကုေဋ တစ္သိန္းႏႈန္းျဖင့္ ရရွိသြားၿပီးလည္းျဖစ္ပါတယ္။ ခါတိုင္းလို ေသာကျဖင့္ ႏိုးထျခင္းမဟုတ္ေတာ့သည့္အတြက္ မဂၤလာတရားျဖင့္စတင္သည့္ ေန႔ေလးျဖစ္သြားပါတယ္။

၂။လႈပ္လႈပ္႐ြ႐ြ ဟူသမွ်….

အိမ္သာသြားရာ၊ သြားတိုက္ရာ၊ မ်က္ႏွာသစ္ရာ တစ္မိနစ္ပဲျဖစ္ပါရေစ၊ သတိကပ္၍ သိေနရန္ႀကိဳးစား ေနလိုက္ပါ့မယ္။

၃။သက္ရွိထင္ရွား ျမတ္စြာဘုရားအား….

၃.၁. မျပဳမီဝမ္းသာ….

ေရတစ္ခြက္ပဲျဖစ္ျဖစ္၊ ျပည့္ျပည့္စုံစုံပဲျဖစ္ျဖစ္ ဘုရားရွင္အားကပ္လႈရန္ ျပင္ဆင္ရာမွာ ကုသိုလ္ ျပဳရေတာ့မယ္ဟု ဝမ္းသာပီတိေတြ ျဖစ္ေနပါ့မယ္။

၃.၂. ျပဳဆဲဝမ္းသာ….

ဘုရားကပ္လႈရာမွာ သက္ေတာ္ထင္ရွားရွိသည္ဟုမွန္းဆၿပီး ကုသိုလ္ ျပဳရၿပီဟုဝမ္းေျမာက္ ဝမ္းသာျဖစ္ေနပါ့မယ္။ ဒါဆိုကုသိုလ္က အမ်ားႀကီး ျဖစ္ေနပါၿပီ။

၃.၃. ျပဳၿပီးဝမ္းသာ….

ကုသိုလ္တို႔ကို ျပဳခဲ့ရေလေပၿပီဟု ျပန္လည္ဆင္ျခင္ၿပီး ဝမ္းေျမာက္ဝမ္းသာျဖစ္ေနလိုက္ပါ။

၃.၄. ဉာဏ္ထည့္လိုက္ပါ

ကုသိုလ္ျပဳလွ်င္ ကုသိုလ္ရေခ်မည္ဟု ကံ၏အက်ိဳးကို ယုံၾကည္ေသာ ဉာဏ္ေလးထည့္လိုက္ပါ။ အျမတ္ဆုံး တိဟိတ္ကုသိုလ္ရရွိသြားေပသည္။

၃.၅. ဝိပႆနာဆင္ျခင္….

ဘုရားရွိခိုးခ်င္တဲ့စိတ္ကေလးကို သိေနေအာင္ႀကိဳးစားပါမယ္။ (စိတၱာႏုပႆနာ)….

ထိုင္ခ် ရွိခိုးအမူအယာေတြ သိေနေအာင္ႀကိဳးစားေနပါမယ္။ (ကာယာႏုပႆနာ)….

ေျခမွာလက္မွာ နာက်င္ေနတာသိေအာင္ႀကိဳးစားပါမယ္။ (ေဝဒနာႏုပႆနာ)….

သည္ျဖစ္စဥ္ေလးေတြကို ျပန္လည္ဆင္ျခင္ေနရင္ (ဓမၼာႏုပႆနာ)….

ဒါဆိုအိမ္မွာပဲ၊ သိန္းေထာင္ခ်ီမလႈႏိုင္ေပမဲ့ကုသိုလ္ထူးေတြမ်ားစြာ ရရွိေနၿပီ ျဖစ္ပါတယ္။

၄။ သန႔္ရွင္း ခ်က္ျပဳတ္…,

အိမ္သူအိမ္သားမ်ားအစစ အရာရာ အဆင္ေျပပါေစ၊ တရားအားထုတ္ႏိုင္ရန္ အလို႔ငွာစားသုံးႏိုင္ၾကပါေစ၊ နိဗၺာန္၏ အေထာက္အပံ့ ျဖစ္ပါေစလို႔ ေမတၱာပြားေနရင္ အလြန္အားႀကီးတဲ့ကုသိုလ္ ရရွိသြားျပန္ပါၿပီ။

၅။ ေထြေထြစုစု….

ထမင္းဆာလာရင္ ခ်က္ခ်င္းမထပဲ ထခ်င္တဲ့စိတ္၊ စားခ်င္တဲ့စိတ္ကို တစ္မိနစ္ခန႔္၊ ေရခ်ိဳးခ်င္လာရင္ ခ်က္ခ်င္းမထပဲ ခ်ိဳးခ်င္စိတ္ကို တစ္မိနစ္ခန႔္ သိေနလိုက္ပါ။

အိပ္ခ်င္လာရင္၊ သြားခ်င္ရာတြင္ နည္းတူျပဳလိုက္ပါ။ ဘာဝနာ ကုသိုလ္မို႔စြမ္းအားအလြန္ႀကီးမားပါတယ္။ ဖိနပ္ကိုညီညီညာညာ သတိနဲ႔ခြၽတ္မယ္၊ ဝတ္ပါမယ္။ စကားကို ေအးေအး ေဆးေဆး ႏူးႏူးညံ့ညံ့ေျပာပါမယ္။ အတင္းမေျပာျဖစ္ေအာင္ ႀကိဳးစားထူေထာင္ပါ။ မေကာင္းျမင္ဝါဒ၊ မေကာင္းသည့္ဘက္ေတြးျခင္း ေလ်ာ့ပါ။

ဥပမာ– သည္လူ တရားစာေတြသာ ေရးေနတာတရားအားထုတ္မွာ မဟုတ္ပါဘူးလို႔မေတြးပဲ၊ ကိုယ္မသိတာျဖစ္လို႔ တရားလည္းအားထုတ္မွာပါဟုေတြးလိုက္ပါ။

၆။ အိပ္ယာဝင္….

၅မိနစ္ခန႔္ ဝင္ေလ ထြက္ေလကိုျဖစ္ေစ၊ ဗိုက္ေပၚလက္တင္ၿပီး ေဖာင္းတယ္ ပိန္တယ္ သတိကပ္၍ မွတ္ေနလိုက္ပါ။ အားႀကီးေသာကုသိုလ္မ်ား ထပ္ဆင့္ထပ္မံရရွိေနၿပီ ျဖစ္ပါတယ္။

၇။ အကုသိုလ္မ်ားလွ လူ႔ဘဝ….

အဘိဓမၼာအရ သတိမပါပဲ စားတာ၊ ေနတာ၊ ထိုင္တာ အကုသိုလ္တရားေတြမို႔လူဘဝျပန္ရဖို႔အလြန္ခဲယဥ္း လွပါတယ္တဲ့။ အထက္ကအတိုင္း ေနမယ္ဆိုရင္ေတာ့ အကုသိုလ္ပါးလို႔ ကုသိုလ္မ်ားၾကမွာ ျဖစ္ပါတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္

ဓမၼႏွစ္သက္သူ

Dhammaeiayathar

(Unicode)

၁။နိုးနိုးချင်း….

နိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲ ဝင်လေ ထွက်လေလေးကိုသတိကပ်မှတ် နေလိုက်ပါမယ်။ ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာကုဋေ တစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။ ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့သည့်အတွက် မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။

၂။လှုပ်လှုပ်ရွရွ ဟူသမျှ….

အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစား နေလိုက်ပါ့မယ်။

၃။သက်ရှိထင်ရှား မြတ်စွာဘုရားအား….

၃.၁. မပြုမီဝမ်းသာ….

ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာ ကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေ ဖြစ်နေပါ့မယ်။

၃.၂. ပြုဆဲဝမ်းသာ….

ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိသည်ဟုမှန်းဆပြီး ကုသိုလ် ပြုရပြီဟုဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။

၃.၃. ပြုပြီးဝမ်းသာ….

ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟု ပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေလိုက်ပါ။

၃.၄. ဉာဏ်ထည့်လိုက်ပါ

ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟု ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်လေးထည့်လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ်ရရှိသွားပေသည်။

၃.၅. ဝိပဿနာဆင်ခြင်….

ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….

ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင်ကြိုးစားနေပါမယ်။ (ကာယာနုပဿနာ)….

ခြေမှာလက်မှာ နာကျင်နေတာသိအောင်ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….

သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် (ဓမ္မာနုပဿနာ)….

ဒါဆိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။

၄။ သန့်ရှင်း ချက်ပြုတ်…

အိမ်သူအိမ်သားများအစစ အရာရာ အဆင်ပြေပါစေ၊ တရားအားထုတ်နိုင်ရန် အလို့ငှာစားသုံးနိုင်ကြပါစေ၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့ မေတ္တာပွားနေရင် အလွန်အားကြီးတဲ့ကုသိုလ် ရရှိသွားပြန်ပါပြီ။

၅။ ထွေထွေစုစု….

ထမင်းဆာလာရင် ချက်ချင်းမထပဲ ထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲ ချိုးချင်စိတ်ကို တစ်မိနစ်ခန့် သိနေလိုက်ပါ။

အိပ်ချင်လာရင်၊ သွားချင်ရာတွင် နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို့စွမ်းအားအလွန်ကြီးမားပါတယ်။ ဖိနပ်ကိုညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။ စကားကို အေးအေး ဆေးဆေး နူးနူးညံ့ညံ့ပြောပါမယ်။ အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ။ မကောင်းမြင်ဝါဒ၊ မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။

ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာတရားအားထုတ်မှာ မဟုတ်ပါဘူးလို့မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့ တရားလည်းအားထုတ်မှာပါဟုတွေးလိုက်ပါ။

၆။ အိပ်ယာဝင်….

၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ ဗိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ် သတိကပ်၍ မှတ်နေလိုက်ပါ။ အားကြီးသောကုသိုလ်များ ထပ်ဆင့်ထပ်မံရရှိနေပြီ ဖြစ်ပါတယ်။

၇။ အကုသိုလ်များလှ လူ့ဘဝ….

အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊ ထိုင်တာ အကုသိုလ်တရားတွေမို့လူဘဝပြန်ရဖို့အလွန်ခဲယဉ်း လှပါတယ်တဲ့။ အထက်ကအတိုင်း နေမယ်ဆိုရင်တော့ အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်

ဓမ္မနှစ်သက်သူ

Dhammaeiayathar

Leave a Reply

Your email address will not be published. Required fields are marked *