ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း (7) ယောက်ရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်း

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း (7) ယောက်ရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်း

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ…

ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် တဲ့လား။ ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။ စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။ တကယ်တွေ့ဖူးသည်ဆိုသည့် ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။ မိမိလက်လှမ်းမီသလောက် ရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့ လိုအပ်တဲ့ စုန်း (၇) ယောက်က…

စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ

( စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး )

ဋီကာကျမ်း

ထို ခုနှစ်ဦးမှာ

(၁) မြေပညာရှင်

ရွာသစ်တည်မည့် နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ

(၂) ရေပညာရှင်

သောက်သုံးရေ/ ရေချို/ စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရကို သိရှိကျွမ်းကျင်သူ

(၃) လေပညာရှင်

လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ

(၄) စီးပွါးရေးပညာရှင်

(၅)ပညာရေး စီမံနိုင်သူ

(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ

ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။ ယခုစာကိုဖတ်မိသူ မိတ်ဆွေအနေနဲ့ကျွန်တော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။

Ref; -အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )

-ဋီကာကျမ်း

(Zawgyi)

႐ြာတ႐ြာ ျဖစ္ေပၚဖို႔ စုန္း ( ၇ ) ေယာက္ ရွိဖို႔လိုတယ္လို႔ တလြဲအေတြးေတြနဲ႔ ၾကားဖူးနားဝ ရွိခဲ့တာကို ဗဟုသုတအေနနဲ႔ တင္ပါရေစ…

ေယာေဒသမွာ ႐ြာသစ္တစ္႐ြာတည္ဖို႔ စုန္း( ၇ )ေယာက္လိုတယ္ တဲ့လား။ ငယ္စဥ္က ၾကားဖူးနားဝ စကားေလးပါ။ စုန္းအေၾကာင္းေတြက အိပ္ယာဝင္ပုံျပင္ေတြလို အထူးထူး အျခားျခား အမ်ားမ်ားအျပားျပား။ တကယ္ေတြ႕ဖူးသည္ဆိုသည့္ ပုဂၢိဳလ္ထံ ေမးျမန္းျပန္ေတာ့လည္း ေစ့ေစ့ငင ေျဖႏိုင္သူဟူ၍ မေတြ႕ရေသးပါ။ မိမိလက္လွမ္းမီသေလာက္ ရွာေဖြၾကည္ေတာ့ ႐ြာတစ္႐ြာတည္ဖို႔ လိုအပ္တဲ့ စုန္း (၇) ေယာက္က…

စုန္း=> စုေႏၷာ=>ေျဖာင့္မွန္ေသာသူ

( စုေႏၷာတိ ဥဇုကေတာ-ေျဖာင့္မတ္မွန္ကန္သည့္ ပညာရွင္ခုႏွစ္ဦး )

ဋီကာက်မ္း

ထို ခုႏွစ္ဦးမွာ

(၁) ေျမပညာရွင္

႐ြာသစ္တည္မည့္ ေနရာသည္ ေျမအေနအထားသင့္မသင့္ ေျမဆီေျမလႊာကို သိရွိကြၽမ္းက်င္သူ

(၂) ေရပညာရွင္

ေသာက္သုံးေရ/ ေရခ်ိဳ/ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးေရ/ ရမရကို သိရွိကြၽမ္းက်င္သူ

(၃) ေလပညာရွင္

ေလေၾကာင္း သင့္မသင့္ ေလၿငိမ္အရပ္ ဟုတ္/ မဟုတ္ စသည့္ ေလသေဘာသဘာဝကို ကြၽမ္းက်င္ပါးနပ္သူ

(၄) စီးပြါးေရးပညာရွင္

(၅)ပညာေရး စီမံႏိုင္သူ

(၆)က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္သူ

(၇)ဆက္သြယ္ေရး ကြၽမ္းက်င္သူ

႐ြာတည္မည့္ေနရာသည္ ႐ြာ၏လိုအပ္ခ်က္မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူအစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။ ယခုစာကိုဖတ္မိသူ မိတ္ေဆြအေနနဲ႔ကြၽန္ေတာ္ မွတ္သားမိသမွ်ေလးေတြ ျပန္ေဝမွ်တာပါခင္ဗ်။

Ref; -အရွင္စႏၵကုမာရ ( ေ႐ႊႀတိဂံ )

-ဋီကာက်မ္း

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top