ဝမ်းတွင်းစုန်းနဲ့ သဘာဝစုန်း ဘာကွာလဲ

ဝမ်းတွင်းစုန်းနဲ့ သဘာဝစုန်း ဘာကွာလဲ

ဝမ်းတွင်းစုန်းနဲ့ သဘာဝစုန်း စုန်းနက် ဘာကွာလဲ

အရင်ဆုံး ဝမ်းတွင်းစုန်းကို ရှင်းလင်းကြရအောင်ဗျာ..။ မွေးရာပါ ပညာပါလာသူတို့မှာ သူတို့ကိုယ်တိုင်ပင် ပညာတတ်မှန်း မသိကြပေ။ အကြောင်းတိုက်ဆိုင်မှသာ ပေါက်ပေါက်လာလေ့ရှိကြသည်။ ထိုပညာရှင်များ အရွယ်ရောက်လာသောအခါ ဒေဝဇော်ဂနီ ၊ ယက္ခဇော်ဂနီ ၊ နာဂဇော်ဂနီ ၊ ယက္ခကာကနီ ၊ နာဂကာကနီ ဟူ၍ ပညာရှင်များ ဘဝရောက်ကြရလေသည်။ ထိုကဲ့သို့ ဖြစ်လာသောသူတို့သည် သူတို့ကို စောင့်ရှောက်သော ဂန္ဓဗ္ဗနတ်တို့၏ တန်ခိုးအာနုဘော်တို့ကြောင့် မိမိတို့ စိတ်အကြံဖြစ်ပေါ်သည်နှင့် ဖြစ်ပေါ်လာသည့်အတိုင်း ဖြစ်လာရသည်။ ဥပမာ စိတ်ထဲမှ ” ထင်းချောင်းကို မြွေဖြစ်ပါစေ ” ဟု အာရုံပြုလိုက်လျှင် ထင်းချောင်းကြီးသည် ချက်ချင်းမြွေဖြစ်သွားလေသည်။ မျက်ရိပ် မျက်စောင်းဖြင့် သော်လည်းကောင်း….။ နှုတ်စောင်းဖြင့်သော်လည်းကောင်း…။ ပါးစပ်မှ မြွတ်ဟရုံ ဖြင့်သော်လည်းကောင်း..။ တစ်ဘက်သူအား ဖမ်းစားနှိပ်စက်နိုင်သော အစွမ်းရှိကြသည်။ ထိုကဲ့သို့သော မနုဿကာကနီ ၊ ဇော်ဂနီတို့သည် ဆရာအစရှိသော အခြားသူမှ သင်ကြားပြသပေးခြင်း မရှိသော်လည်း ပဋိသန္ဓေနေစဉ်ကပင် ပညာသတ္တိတို့ ကိန်းဝပ်လာခဲ့ရာ မွေးရာပါ ပညာရှင် သို့မဟုတ် ဝမ်းတွင်းစုန်းများ ဖြစ်လာခဲ့ကြသည်။

*** သဘာဝစုန်း ဆိုတာကတော့ နည်းနည်းတော့ ရှင်းရလွယ်ပါလိမ့်မယ်။ သဘာဝဆိုင်ရာ အတတ်ပညာများကို ရယူပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါသည်။ သဘာဝနဲ့ စုန်းကို ယှဉ်တွဲလိုက်သည်နှင့် ဒီအမည်နာမသည် ကောင်းမွန်သော အမည်နာမ ဖြစ်တည်သွားကြသည်။ ဒါကြောင့်မို့ နည်းနည်း ခပ်ရှင်းရှင်း နဲ့ ခပ်ရိုင်းရိုင်းပြောရရင်လည်း ဂိုဏ်းဂဏတစ်ခုခုတွင် ဝင်ရောက်ထားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ဆေးပေါက်လိုက်သည့်အခါ ထိုသူသည် ပညာတတ်မြောက်သွားရသည်။ ထိုဆေးတွင် ပါဝင်သော အစောင့်ရဲ့တန်ခိုးကြောင့် သူသည်လည်း ထိုအစောင့်စွမ်းသကဲ့သို့ အစွမ်းထက်သွားရလေသည်။ သူသည်လည်း စုန်းဟု ခေါ်နိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ အမည်နာမတွေကြားထဲတွင် ထိုသူအား အထက်လမ်းဆရာ ပယောဂဆရာ စသဖြင့် ခေါ်ဆိုကြလေသည်။ ဒါက အမည်နာမအကြောင်းကို ခပ်ရှင်းရှင်းပြောပြခြင်းပါ။ သဘာဝစုန်းဆိုသည်မှာ မူလဘာဝကတည်းက အလိုလို တတ်မြောက်လာကြသည့် ပုဂ္ဂိုလ်များကို ဆိုလိုပါသည်။ သဘာဝစုန်းအကြောင်းရှင်းလင်းပါက အရှေ့တိုင်း အနောက်တိုင်းတွင် ကွဲလွဲမှုများ ရှိလာရတော့သည်။ မြန်မာပြည်ရှိ သဘာဝစုန်းများမှာ မီးစုန်း ၊ မြေစုန်း ၊ သစ်စုန်း ၊ ကျောက်စုန်း ၊ ရေစုန်း စသော လူသားမဟုတ်သည့် ရုပ်ဝတ္ထုအတတ်ပညာရှင်များ ဖြစ်ပေသည်။

အနောက်တိုင်းမှာတော့ စုန်းဆိုတာက သဘာဝမှရရှိထားသော ပညာရပ်များကို ရယူသုံးစွဲသောသူဖြစ်ပါတယ်။ သဘာဝစုန်းဆိုသည်မှာ အနောက်တိုင်းကပြောသော Natural Witch ဆိုတာနဲ့ ဆက်နွယ်မှုမရှိပါ။ Natural Witch ဆိုတာသည် Witch ဟူသော အဓိပ္ပာယ်ဖြင့်သာ တူညီပါသည်။ သဘာဝစုန်း (Natural Witch) ဆိုတာမျိုးက 1993 ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဇာတ်ကားတစ်ကားရဲ့ အမည်နာမကို ဆွဲပြီး Witch (စုန်း) တွေကို ခေါ်ဆိုတာပါ။ သဘာဝစုန်းဆိုတာ လူသားကနေ ဖြစ်တည်တဲ့ ပညာရှင်မဟုတ်ဘဲ သဘာဝမြေကမ္ဘာပစ္စည်းများမှ ဖြစ်တည်လာသော စက်များဖြင့် မြူးထူးပျော်ပါးသော ပစ္စည်းများကို ဆိုလိုပါသည်။

စုန်းနက်ဆိုတာာဘာလဲ။ ခပ်ရှင်းရှင်းပဲ ရေးလိုက်ပါ။ အောက်လမ်းပညာရှင်ကို ဆိုလိုချင်တာပါပဲပေ့ါ။ စုန်း+နက် အပေါ်မှာ စုန်းအကြောင်း နဲ့ ရှင်းလင်းပီးပီ Wich (စုန်း)အကြောင်းလည်း ရှင်းလင်းပီးပီ အဲ့ဒီတော့ ကွဲပြားသော စကားလုံးနှစ်ခုရဲ့ အဖြေကိုလည်း ရင်ထဲမှာလည်း နားလည်လောက်ပါပီ။ အဲ့ဒီတော့ အနက်ရောင်ဆိုသော စကားလုံးကိုလည်း မှော်ပညာမှာ အရောင်အလိုက် ဘာကိုကြည့်ပြီး ခွဲတာလဲ ဆိုတဲ့ အကြောင်းအရာမှာလည်း တစ်စိတ်တစ်ပိုင်း ပြောပြခဲ့ပြီးပါပီ.။

အနက်ရောင်ကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ မှော်ပညာ၏အကြမ်းဆုံးပညာရပ်ဆိုလည်း မမှားပါဘူး။ တိုက်ခိုက်ဖို့အတွက် ထားရှိခဲ့တဲ့ပညာရပ်တွေကို ပြပါဆိုပါက အနောက်ရောင်ဌာနအောက်တွင် ရှိသော ကြမ်းတမ်းသော ပညာရပ်များကို ပြရပေလိမ့်မည်။ အနက်ရောင်နှင့်ပတ်သက်သော အကောင်အထည်များမှာ သရဲ ၊ တစ္ဆေ ၊ နတ်ဆိုးများ ၊ သွေးစုပ်ဖုတ်ကောင်များ ၊ သမန်းဝံပုလွေများတို့ပင် ဖြစ်ပေသည်။ မှော်ပညာတို့၏မရှိမဖြစ် မသိမဖြစ် ပညာရပ်များပင်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသော ပညာရပ်များဟု ပြောဆိုရင်လည်း မှားမည်မဟုတ်ပါ။ အနက်ရောင်အဆင့်ကို ရောက်ရှိသွားသူကို အောက်လမ်းပညာရှင်ဟု ပြောဆိုခြင်း မှားယွင်းသော စွပ်စွဲမှုမျှသာ ဖြစ်သည်။ အနက်ရောင်ပညာ၏လက်အောက်တွင် ရှိသော ပညာရပ်များသည် လူများကို ထိခိုက်စေနိုင်သည့် ပညာရပ်များမဟုတ်ဘဲ လောကကြီးကို ကောင်းကျိုးပြုနိုင်သည့် ပညာရပ်များပင်ဖြစ်ပြီး လူသားတို့ရဲ့ကောက်ကျစ်သောစိတ်ထားများကြောင့် အနက်ရောင်ပညာများသည် သူတို့ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

အနက်ရောင်စုန်းကဝေတွေမှာ အပျက်သဘောသက်ရောက်မှုရှိပါသလား ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာနိုင်လို့ အနက်ရောင်စုန်းကဝေမှမဟုတ်ပါဘူး .၊ ဘယ်စုန်းကဝေမဆို မကောင်းတဲ့ပညာကိုသုံးရင်တော့ ဘယ်ဘာသာတရားအရ ကြည့်ကြည့်မကောင်းပါဘူး။ ဗုဒ္ဓဘာသာက ကြည့်မယ်ဆိုရင်လည်း ငရဲကိုရောက်နိုင်ပါတယ်။ ဒီဘဝမှာ ဘယ်လိုဆိုးကျိုးတွေ ကြုံရနိုင်သလဲဆိုတာကတော့ ဥပမာ ကျိန်စာတိုက်တာလိုမျိုးကိစ္စကို လုပ်မယ်ဆိုရင်တော့ ကိုယ့်ဘက်ကနေ အရင်နာကျည်းစတေးခံရပါတယ်။ နောက်တစ်ခုကတော့ ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြုစားခဲ့သမျှ မကောင်းမှုတွေက တစ်ချိန်မှာ ကိုယ့်ဆီပြန်လာတတ်တယ်လို့သိရပါတယ်။ အဲ့ဒီလိုပြန်မလာခဲ့ရင်တောင်မှ ကိုယ်ပြုစားတဲ့သူတွေ အလူးအလဲခံနေရတဲ့ မြင်ကွင်းဟာ ကိုယ့်မျက်စိရှေ့မှာပဲ မကြည့်ရက်စရာကောင်းလောက်အောင်ကို ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အနက်ရောင်မှော်ပညာအမျိုးအစားတွေ အသုံးချခြင်းဟာ ကိုယ့်အပေါ်ကို အပျက်သဘောသက်ရောက်မှု အနည်းနဲ့အများတော့ သက်ရောက်နိုင်ပါတယ်။

အဲ့ဆိုရင် ဝမ်းတွင်းစုန်း ၊ သဘာဝစုန်း နှင့် စုန်းနက် ဘယ်လို ကွာခြားတယ်ဆိုတာ သိလောက်ပါပီပေါ့နော်။

လင်းညို့တာရာ

Credit-မနောမယ

(Zawgyi)

ဝမ္းတြင္းစုန္းနဲ႔ သဘာဝစုန္း စုန္းနက္ ဘာကြာလဲ

အရင္ဆုံး ဝမ္းတြင္းစုန္းကို ရွင္းလင္းၾကရေအာင္ဗ်ာ..။ ေမြးရာပါ ပညာပါလာသူတို႔မွာ သူတို႔ကိုယ္တိုင္ပင္ ပညာတတ္မွန္း မသိၾကေပ။ အေၾကာင္းတိုက္ဆိုင္မွသာ ေပါက္ေပါက္လာေလ့ရွိၾကသည္။ ထိုပညာရွင္မ်ား အ႐ြယ္ေရာက္လာေသာအခါ ေဒဝေဇာ္ဂနီ ၊ ယကၡေဇာ္ဂနီ ၊ နာဂေဇာ္ဂနီ ၊ ယကၡကာကနီ ၊ နာဂကာကနီ ဟူ၍ ပညာရွင္မ်ား ဘဝေရာက္ၾကရေလသည္။ ထိုကဲ့သို႔ ျဖစ္လာေသာသူတို႔သည္ သူတို႔ကို ေစာင့္ေရွာက္ေသာ ဂႏၶဗၺနတ္တို႔၏ တန္ခိုးအာႏုေဘာ္တို႔ေၾကာင့္ မိမိတို႔ စိတ္အႀကံျဖစ္ေပၚသည္ႏွင့္ ျဖစ္ေပၚလာသည့္အတိုင္း ျဖစ္လာရသည္။ ဥပမာ စိတ္ထဲမွ ” ထင္းေခ်ာင္းကို ေႁမြျဖစ္ပါေစ ” ဟု အာ႐ုံျပဳလိုက္လွ်င္ ထင္းေခ်ာင္းႀကီးသည္ ခ်က္ခ်င္းေႁမြျဖစ္သြားေလသည္။ မ်က္ရိပ္ မ်က္ေစာင္းျဖင့္ ေသာ္လည္းေကာင္း….။ ႏႈတ္ေစာင္းျဖင့္ေသာ္လည္းေကာင္း…။ ပါးစပ္မွ ႁမြတ္ဟ႐ုံ ျဖင့္ေသာ္လည္းေကာင္း..။ တစ္ဘက္သူအား ဖမ္းစားႏွိပ္စက္ႏိုင္ေသာ အစြမ္းရွိၾကသည္။ ထိုကဲ့သို႔ေသာ မႏုႆကာကနီ ၊ ေဇာ္ဂနီတို႔သည္ ဆရာအစရွိေသာ အျခားသူမွ သင္ၾကားျပသေပးျခင္း မရွိေသာ္လည္း ပဋိသေႏၶေနစဥ္ကပင္ ပညာသတၱိတို႔ ကိန္းဝပ္လာခဲ့ရာ ေမြးရာပါ ပညာရွင္ သို႔မဟုတ္ ဝမ္းတြင္းစုန္းမ်ား ျဖစ္လာခဲ့ၾကသည္။

*** သဘာဝစုန္း ဆိုတာကေတာ့ နည္းနည္းေတာ့ ရွင္းရလြယ္ပါလိမ့္မယ္။ သဘာဝဆိုင္ရာ အတတ္ပညာမ်ားကို ရယူပိုင္ဆိုင္ထားေသာ ပုဂၢိဳလ္မ်ိဳးေတြ ျဖစ္ပါသည္။ သဘာဝနဲ႔ စုန္းကို ယွဥ္တြဲလိုက္သည္ႏွင့္ ဒီအမည္နာမသည္ ေကာင္းမြန္ေသာ အမည္နာမ ျဖစ္တည္သြားၾကသည္။ ဒါေၾကာင့္မို႔ နည္းနည္း ခပ္ရွင္းရွင္း နဲ႔ ခပ္႐ိုင္း႐ိုင္းေျပာရရင္လည္း ဂိုဏ္းဂဏတစ္ခုခုတြင္ ဝင္ေရာက္ထားေသာ ပုဂၢိဳလ္တစ္ဦးဦးကို ေဆးေပါက္လိုက္သည့္အခါ ထိုသူသည္ ပညာတတ္ေျမာက္သြားရသည္။ ထိုေဆးတြင္ ပါဝင္ေသာ အေစာင့္ရဲ႕တန္ခိုးေၾကာင့္ သူသည္လည္း ထိုအေစာင့္စြမ္းသကဲ့သို႔ အစြမ္းထက္သြားရေလသည္။ သူသည္လည္း စုန္းဟု ေခၚႏိုင္သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံရဲ႕ အမည္နာမေတြၾကားထဲတြင္ ထိုသူအား အထက္လမ္းဆရာ ပေယာဂဆရာ စသျဖင့္ ေခၚဆိုၾကေလသည္။ ဒါက အမည္နာမအေၾကာင္းကို ခပ္ရွင္းရွင္းေျပာျပျခင္းပါ။ သဘာဝစုန္းဆိုသည္မွာ မူလဘာဝကတည္းက အလိုလို တတ္ေျမာက္လာၾကသည့္ ပုဂၢိဳလ္မ်ားကို ဆိုလိုပါသည္။ သဘာဝစုန္းအေၾကာင္းရွင္းလင္းပါက အေရွ႕တိုင္း အေနာက္တိုင္းတြင္ ကြဲလြဲမႈမ်ား ရွိလာရေတာ့သည္။ ျမန္မာျပည္ရွိ သဘာဝစုန္းမ်ားမွာ မီးစုန္း ၊ ေျမစုန္း ၊ သစ္စုန္း ၊ ေက်ာက္စုန္း ၊ ေရစုန္း စေသာ လူသားမဟုတ္သည့္ ႐ုပ္ဝတၳဳအတတ္ပညာရွင္မ်ား ျဖစ္ေပသည္။

အေနာက္တိုင္းမွာေတာ့ စုန္းဆိုတာက သဘာဝမွရရွိထားေသာ ပညာရပ္မ်ားကို ရယူသုံးစြဲေသာသူျဖစ္ပါတယ္။ သဘာဝစုန္းဆိုသည္မွာ အေနာက္တိုင္းကေျပာေသာ Natural Witch ဆိုတာနဲ႔ ဆက္ႏြယ္မႈမရွိပါ။ Natural Witch ဆိုတာသည္ Witch ဟူေသာ အဓိပၸာယ္ျဖင့္သာ တူညီပါသည္။ သဘာဝစုန္း (Natural Witch) ဆိုတာမ်ိဳးက 1993 ခုႏွစ္က ထုတ္ေဝခဲ့တဲ့ ဇာတ္ကားတစ္ကားရဲ႕ အမည္နာမကို ဆြဲၿပီး Witch (စုန္း) ေတြကို ေခၚဆိုတာပါ။ သဘာဝစုန္းဆိုတာ လူသားကေန ျဖစ္တည္တဲ့ ပညာရွင္မဟုတ္ဘဲ သဘာဝေျမကမာၻပစၥည္းမ်ားမွ ျဖစ္တည္လာေသာ စက္မ်ားျဖင့္ ျမဴးထူးေပ်ာ္ပါးေသာ ပစၥည္းမ်ားကို ဆိုလိုပါသည္။

စုန္းနက္ဆိုတာာဘာလဲ။ ခပ္ရွင္းရွင္းပဲ ေရးလိုက္ပါ။ ေအာက္လမ္းပညာရွင္ကို ဆိုလိုခ်င္တာပါပဲေပ့ါ။ စုန္း+နက္ အေပၚမွာ စုန္းအေၾကာင္း နဲ႔ ရွင္းလင္းပီးပီ Wich (စုန္း)အေၾကာင္းလည္း ရွင္းလင္းပီးပီ အဲ့ဒီေတာ့ ကြဲျပားေသာ စကားလုံးႏွစ္ခုရဲ႕ အေျဖကိုလည္း ရင္ထဲမွာလည္း နားလည္ေလာက္ပါပီ။ အဲ့ဒီေတာ့ အနက္ေရာင္ဆိုေသာ စကားလုံးကိုလည္း ေမွာ္ပညာမွာ အေရာင္အလိုက္ ဘာကိုၾကည့္ၿပီး ခြဲတာလဲ ဆိုတဲ့ အေၾကာင္းအရာမွာလည္း တစ္စိတ္တစ္ပိုင္း ေျပာျပခဲ့ၿပီးပါပီ.။

အနက္ေရာင္ကို ရွင္းရွင္းလင္းလင္း ေျပာရမယ္ဆိုရင္ေတာ့ ေမွာ္ပညာ၏အၾကမ္းဆုံးပညာရပ္ဆိုလည္း မမွားပါဘူး။ တိုက္ခိုက္ဖို႔အတြက္ ထားရွိခဲ့တဲ့ပညာရပ္ေတြကို ျပပါဆိုပါက အေနာက္ေရာင္ဌာနေအာက္တြင္ ရွိေသာ ၾကမ္းတမ္းေသာ ပညာရပ္မ်ားကို ျပရေပလိမ့္မည္။ အနက္ေရာင္ႏွင့္ပတ္သက္ေသာ အေကာင္အထည္မ်ားမွာ သရဲ ၊ တေစၦ ၊ နတ္ဆိုးမ်ား ၊ ေသြးစုပ္ဖုတ္ေကာင္မ်ား ၊ သမန္းဝံပုေလြမ်ားတို႔ပင္ ျဖစ္ေပသည္။ ေမွာ္ပညာတို႔၏မရွိမျဖစ္ မသိမျဖစ္ ပညာရပ္မ်ားပင္ျဖစ္ၿပီး အဆင့္အတန္းျမင့္မားေသာ ပညာရပ္မ်ားဟု ေျပာဆိုရင္လည္း မွားမည္မဟုတ္ပါ။ အနက္ေရာင္အဆင့္ကို ေရာက္ရွိသြားသူကို ေအာက္လမ္းပညာရွင္ဟု ေျပာဆိုျခင္း မွားယြင္းေသာ စြပ္စြဲမႈမွ်သာ ျဖစ္သည္။ အနက္ေရာင္ပညာ၏လက္ေအာက္တြင္ ရွိေသာ ပညာရပ္မ်ားသည္ လူမ်ားကို ထိခိုက္ေစႏိုင္သည့္ ပညာရပ္မ်ားမဟုတ္ဘဲ ေလာကႀကီးကို ေကာင္းက်ိဳးျပဳႏိုင္သည့္ ပညာရပ္မ်ားပင္ျဖစ္ၿပီး လူသားတို႔ရဲ႕ေကာက္က်စ္ေသာစိတ္ထားမ်ားေၾကာင့္ အနက္ေရာင္ပညာမ်ားသည္ သူတို႔ကို သတ္ျဖတ္လိုက္ျခင္း ျဖစ္ေပသည္။

အနက္ေရာင္စုန္းကေဝေတြမွာ အပ်က္သေဘာသက္ေရာက္မႈရွိပါသလား ဆိုတဲ့ ေမးခြန္းမ်ိဳးေတြ ေမးလာႏိုင္လို႔ အနက္ေရာင္စုန္းကေဝမွမဟုတ္ပါဘူး .၊ ဘယ္စုန္းကေဝမဆို မေကာင္းတဲ့ပညာကိုသုံးရင္ေတာ့ ဘယ္ဘာသာတရားအရ ၾကည့္ၾကည့္မေကာင္းပါဘူး။ ဗုဒၶဘာသာက ၾကည့္မယ္ဆိုရင္လည္း ငရဲကိုေရာက္ႏိုင္ပါတယ္။ ဒီဘဝမွာ ဘယ္လိုဆိုးက်ိဳးေတြ ႀကဳံရႏိုင္သလဲဆိုတာကေတာ့ ဥပမာ က်ိန္စာတိုက္တာလိုမ်ိဳးကိစၥကို လုပ္မယ္ဆိုရင္ေတာ့ ကိုယ့္ဘက္ကေန အရင္နာက်ည္းစေတးခံရပါတယ္။ ေနာက္တစ္ခုကေတာ့ ကိုယ္လုပ္ခဲ့သမွ် ကိုယ္ျပဳစားခဲ့သမွ် မေကာင္းမႈေတြက တစ္ခ်ိန္မွာ ကိုယ့္ဆီျပန္လာတတ္တယ္လို႔သိရပါတယ္။ အဲ့ဒီလိုျပန္မလာခဲ့ရင္ေတာင္မွ ကိုယ္ျပဳစားတဲ့သူေတြ အလူးအလဲခံေနရတဲ့ ျမင္ကြင္းဟာ ကိုယ့္မ်က္စိေရွ႕မွာပဲ မၾကည့္ရက္စရာေကာင္းေလာက္ေအာင္ကို ျဖစ္ေပၚတတ္ပါတယ္။ ဒါေၾကာင့္ အနက္ေရာင္ေမွာ္ပညာအမ်ိဳးအစားေတြ အသုံးခ်ျခင္းဟာ ကိုယ့္အေပၚကို အပ်က္သေဘာသက္ေရာက္မႈ အနည္းနဲ႔အမ်ားေတာ့ သက္ေရာက္ႏိုင္ပါတယ္။

အဲ့ဆိုရင္ ဝမ္းတြင္းစုန္း ၊ သဘာဝစုန္း ႏွင့္ စုန္းနက္ ဘယ္လို ကြာျခားတယ္ဆိုတာ သိေလာက္ပါပီေပါ့ေနာ္။

လင္းညိဳ႕တာရာ

Credit-မေနာမယ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top