အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

စရိတ်နည်းဖို့ ဒီလိုအစပြုပါ။ ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့။ သင့် အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမယ့် နေရာတစ်ခုခုမှာ မသုံးစွဲပဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက်ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့တောင် ဆင်ခြင်သင့်ပါတယ်။ ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သေ ာဓါတ်အဟာရတွေ မြောက်များစွ ာပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တား စေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ “သွား” တွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ “ဆံပင်”တွေတဖန်ပြန်ပြီး မဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိ အစွမ်း အာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။

စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိက ထားတင်ရမယ်ဆိုရင်လဲ များပြားလှစွာသောအကျိုးများကိုဖြစ်ထွန်းစေပါတယ်။အထွေအထူး စီမံနေစရာ မလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။

အရင်ဦးဆုံး ဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာထည့် အဖုံးကို မလုံ့တလုံထား။ အေး/ခြောက်မှာ (၇)ရက်ထားလိုက်ပြီးရင်ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေးခြောက်မှာ သိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ ပြုလုပ်၊ သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက် ကွာခြားသွားနိုင်ပါတယ်။ အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိစမြဲမဟုတ်လား။ ဖြစ်ပြီးတိုင်း ပျက်နေရတဲ့ လောကကြီးမှာ ဖြစ်ခြင်းပျက်ခြင်း သဘောတရားနဲ့ ဆန့်ကျင်နေသော ကြာလေကောင်းလေဆိုတဲ့ သတ်မှတ်ချက်မျိုးနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ခဲ့ရင် ခြင့်ချိန်ပြီးသာ ဆုံးဖြတ်ပါလို့ ပြောလိုပါတယ်။ ကြုံလို့ နောက်တစ်ခု တဆက်တည်း တင်ပြပေးခြင်တာက…

ဘယ်နှစ်ရက်ထားရင် ဘာဓါတ်၊ ဘာဓါတ်တွေ ပါဝင်နေမယ်။ နောက်ထပ် ဘယ်နှစ်ရက် ထပ်ထားလိုက်ရင်တော့ ဘာဓါတ်၊ ဘာဓါတ်တွေထပ်တိုးလာမယ် ဆိုတာမျိုးကိုလဲ ကြားဖူးခဲ့ပါတယ်။ ဘာမှ ထပ်ထည့်ပေးတာလဲမဟုတ်ဘဲ၊ ရက်ကာလတစ်ခု ထပ်တိုးလိုက်ယုံနဲ့ ဓါတ် တွေ ထပ်တိုးလာမယ်ဆိုတာကိုလဲ စဉ်းစားပေါ့လို့ သတိပေးပါရစေ။ ဤကဲ့သို့ ကိစ္စရပ်များကို ယုံကြည်စွာ ဝေငှပေးသူများ၊ ထပ်ဆင့်ပြီး ဖြန့်ဝေပေးသူများကို တိုက်ခိုက်လိုခြင်းစိတ် လုံးဝ(လုံးဝ) မရှိပါ။ လွှတ်လပ်စွာကွဲလွဲနိုင်ပါတယ်။ ကျနော့် မိတ်ဆွေများကို အနည်း ဆုံး တစ်ခါလောက်တော့ စဉ်းစားပါလို့ သတိပေးယုံသက်သက်ပါ။ ယုံကြည်ခြင်း မယုံကြည်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစီနဲ့သာ သက်ဆိုင်ပါတယ်။(လွှတ်လပ်စွာ ကွဲလွှဲခွင့် ရှိကြတယ်မဟုတ်လား)

ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။ ဆန်ဆေး အချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်း ရှိပါတယ်။ အပင်များကို ပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သော မြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်းသော စိုက်ပျိုးရေးအတွက်ဖြစ်စေ ပထမဦးဆုံး စတင်စုဆောင်ရမည့် ကုန်ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။ သူများထက် နှာတစ်ဖျားသာလိုသောကြောင့် ကိုယ်ထက်သာ သွားမှာမလို လားသောကြောင့် ဖျန်းသည့်ဆေးကို မသိအောင် တံဆိပ်ခွါထားတတ်ကြပါသည်။ ဘာမြေသြဇာထည့်မှန်းမသိအောင် အိတ်လှယ်ပြီးမှ စိုက်ခင်းထဲယူလာပြီး ထည့်တတ်ကြပါသည်။ အာ့တွေက ကလေးအတွေးသာသာ၊ ခပ်တိမ်တိမ် မိန်းမ ဉာဏ်လောက်သာရှိပါသည်။ အမှန်တကယ် သူများထက်သာခြင်လျှင် နှာတစ်ဖျားရှေ့ရောက်ခြင်နေလျှင် ဆန်ဆေးရည်ကစပြီး စုလိုက်ပါ။ ဆန်ဆေးရည်တစ်ခုအရင်းပြုပြီး အစပြုလိုက်စမ်းပါ။ ဆန်ဆေးအချဉ် ဖေါက်ရည်မှသည် တစ်ခုပြီးတစ်ခု၊တစ်ဆင့်ပြီး တစ်ဆင့်နို့အချဉ်ဖေါက် ရည်ဖေါ်၊ သီးစုံဖေါ်၊ EM ဖေါ်၊ ဘိုကာချီဖေါ်၊ တစ်ဆင့်ခြင်း တက်သွား လိုက်စမ်းပါ။ အာ့တွေအသုံးပြုပြီး စိုက်လိုက်စမ်းပါ။ အစစအရာရာ သာကိုသာစေရမယ်လို့ ရဲရဲအာမခံပါသည်။ လမ်းဟောင်းအတိုင်း၊ အရင်စနစ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နေသူများထက် မသာခဲ့ဘူးဆိုရင်၊ မထူးခြားခဲ့ဘူးဆိုရင် စီးထားတဲ့ဖိနပ်နဲ့ …..။ လာခဲ့ပါ။ မျက်နှာသစ်ပြီး စောင့်နေပါ့မယ်။ လမ်းစရိတ်ပါ ခံပေးပါ့မယ်ဗျာ။

ချမ်းသာကြပါစေ

ခွန်တူ

(Zawgyi)

အိမ္မွာ အပင္ေလးေတြစိုက္ထားရင္ ပိုးသတ္ေဆးအစား ဆန္ေဆးရည္သုံးမယ္

စရိတ္နည္းဖို႔ ဒီလိုအစျပဳပါ။ ပိုးသတ္ ေဆးကင္း ေရာဂါကင္းေပါ့။ သင့္ အိမ္က ဆန္ေဆးရည္ေတြကို အက်ိဳးရွိမယ့္ ေနရာတစ္ခုခုမွာ မသုံးစြဲပဲ သြန္ပစ္ေနျခင္းမ်ိဳး လုံးဝမလုပ္ပါႏွင့္။ အထူးသျဖင့္ သင္ဟာစိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္ဆက္ႏြယ္ေနသူတစ္ဦး ျဖစ္ေနတယ္ဆိုရင္ ပိုလို႔ေတာင္ ဆင္ျခင္သင့္ပါတယ္။ ဆန္ေဆးရည္မွာ ဘာေတြပါသလဲဆိုရင္ သက္ရွိမ်ားကို အက်ိဳးျပဳႏိုင္ေသ ာဓါတ္အဟာရေတြ ေျမာက္မ်ားစြ ာပါဝင္ေနပါတယ္လို႔သာ အလြယ္မွတ္လိုက္ၾကပါစို႔။ အိုမင္းရင့္ေရာ္ျခင္းကို ဟန႔္တား ေစႏိုင္ျခင္း၊ မျဖစ္မေနက်ိဳးရမဲ့ “သြား” ေတြကို ခိုင္ခန႔္ေစႏိုင္ျခင္းႏွင့္ ျဖဴသြားတဲ့ “ဆံပင္”ေတြတဖန္ျပန္ၿပီး မဲနက္လာေစႏိူင္ျခင္းဆိုတဲ့အထိ အစြမ္း အာနိသင္မ်ိဳးေတြ ဆန္ေဆးရည္မွာ ရွိေနပါတယ္။

စိုက္ပ်ိဳးေရးနဲ႔ ပါတ္သက္သည္မ်ားကို အဓိက ထားတင္ရမယ္ဆိုရင္လဲ မ်ားျပားလွစြာေသာအက်ိဳးမ်ားကိုျဖစ္ထြန္းေစပါတယ္။အေထြအထူး စီမံေနစရာ မလိုပါဘူး။ ဆန္ေဆးရည္ကို အခ်ဥ္ေဖါက္ၿပီး သုံးစြဲယုံသာျဖစ္ပါတယ္။

အရင္ဦးဆုံး ေဆးတဲ့ ဆန္ေဆးရည္ကို ေရသန႔္ဗူးအလႊတ္ထဲမွာထည့္ အဖုံးကို မလုံ႔တလုံထား။ ေအး/ေျခာက္မွာ (၇)ရက္ထားလိုက္ၿပီးရင္ပိတ္စပါးပါးျဖင့္ စစ္ယူလိုက္ပါ။ ထိုအရည္ကို (၆)လခန႔္အထိ ေအးေျခာက္မွာ သိမ္းဆည္းၿပီး အသုံးျပဳခဲ့ဖူးပါတယ္။ ျပဳလုပ္၊ သိမ္းဆည္းသူရဲ႕ သန႔္ရွင္းမႈ၊ ရာသီဥတု အပူအေအးေပၚမူတည္ၿပီး အထားခံတဲ့ရက္ ကြာျခားသြားႏိုင္ပါတယ္။ အရာရာတိုင္းမွာ အကန႔္အသတ္ဆိုတာ ရွိစၿမဲမဟုတ္လား။ ျဖစ္ၿပီးတိုင္း ပ်က္ေနရတဲ့ ေလာကႀကီးမွာ ျဖစ္ျခင္းပ်က္ျခင္း သေဘာတရားနဲ႔ ဆန္႔က်င္ေနေသာ ၾကာေလေကာင္းေလဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးနဲ႔ နဖူးေတြ႕ဒူးေတြ႕ ဆုံေတြ႕ခဲ့ရင္ ျခင့္ခ်ိန္ၿပီးသာ ဆုံးျဖတ္ပါလို႔ ေျပာလိုပါတယ္။ ႀကဳံလို႔ ေနာက္တစ္ခု တဆက္တည္း တင္ျပေပးျခင္တာက…

ဘယ္ႏွစ္ရက္ထားရင္ ဘာဓါတ္၊ ဘာဓါတ္ေတြ ပါဝင္ေနမယ္။ ေနာက္ထပ္ ဘယ္ႏွစ္ရက္ ထပ္ထားလိုက္ရင္ေတာ့ ဘာဓါတ္၊ ဘာဓါတ္ေတြထပ္တိုးလာမယ္ ဆိုတာမ်ိဳးကိုလဲ ၾကားဖူးခဲ့ပါတယ္။ ဘာမွ ထပ္ထည့္ေပးတာလဲမဟုတ္ဘဲ၊ ရက္ကာလတစ္ခု ထပ္တိုးလိုက္ယုံနဲ႔ ဓါတ္ ေတြ ထပ္တိုးလာမယ္ဆိုတာကိုလဲ စဥ္းစားေပါ့လို႔ သတိေပးပါရေစ။ ဤကဲ့သို႔ ကိစၥရပ္မ်ားကို ယုံၾကည္စြာ ေဝငွေပးသူမ်ား၊ ထပ္ဆင့္ၿပီး ျဖန႔္ေဝေပးသူမ်ားကို တိုက္ခိုက္လိုျခင္းစိတ္ လုံးဝ(လုံးဝ) မရွိပါ။ လႊတ္လပ္စြာကြဲလြဲႏိုင္ပါတယ္။ က်ေနာ့္ မိတ္ေဆြမ်ားကို အနည္း ဆုံး တစ္ခါေလာက္ေတာ့ စဥ္းစားပါလို႔ သတိေပးယုံသက္သက္ပါ။ ယုံၾကည္ျခင္း မယုံၾကည္ျခင္းက တစ္ဦးတစ္ေယာက္ျခင္းစီနဲ႔သာ သက္ဆိုင္ပါတယ္။(လႊတ္လပ္စြာ ကြဲလႊဲခြင့္ ရွိၾကတယ္မဟုတ္လား)

ကဲ ဆန္ေဆးရည္မွာ ကယ္လ္စီယမ္၊ သံ၊ ကာဗိုဟိုက္ ဒရိတ္ႏွင့္ စပါးအတြက္ မရွိမျဖစ္လိုအပ္ေသာ စီလီကာဓါတ္၊ ဗီတာမင္ ဓါတ္၊ ကစီဓါတ္ႏွင့္အပင္အတြက္ အက်ိဳးျဖစ္ထြန္းေစေသာအျခားဓါတ္ ေပါင္းေျမာက္မ်ား စြာလည္းပါဝင္ေနပါတယ္။ ဆန္ေဆး အခ်ဥ္ေဖါက္ရည္တစ္ခုတည္းျဖင့္ အခ်ိဳ႕အခ်ိဳ႕ ေသာ မႈိ၊ ပိုး၊ ပ်၊ စုပ္စားပိုးတို႔ကို နိမ္နင္းႏိုင္စြမ္း ရွိပါတယ္။ အပင္မ်ားကို ပက္ဖ်န္းေပးလွ်င္ က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ အပင္မစိုက္ပ်ိဳးမွီ စိုက္က်င္းထဲကို ပက္ဖ်န္းေပးျခင္းျဖင့္ အခ်ိဳ႕ေသာ ေျမေအာင္းပိုးမ်ားရန္ ကိုတားဆီးနိမ္နင္းႏိုင္ပါတယ္။ေျမခ်ဥ္ငံျခင္းကိုလည္း အတိုင္းအတာ တစ္ခုအထိ ျပဳျပင္ႏိုင္စြမ္းပါတယ္။ ဆန္ေဆးအခ်ဥ္ေဖါက္ရည္ျဖင့္ ႏို႔အခ်ဥ္ေဖါက္ရည္ေဖၚစပ္ျပဳလုပ္ႏိုင္ပါတယ္။ ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးစနစ္အတြက္ျဖစ္ေစ၊ စရိတ္နည္းေသာ စိုက္ပ်ိဳးေရးအတြက္ျဖစ္ေစ ပထမဦးဆုံး စတင္စုေဆာင္ရမည့္ ကုန္ၾကမ္းပစၥည္းမွာ ဆန္ေဆးရည္ပင္ျဖစ္ပါသည္။ သူမ်ားထက္ ႏွာတစ္ဖ်ားသာလိုေသာေၾကာင့္ ကိုယ္ထက္သာ သြားမွာမလို လားေသာေၾကာင့္ ဖ်န္းသည့္ေဆးကို မသိေအာင္ တံဆိပ္ခြါထားတတ္ၾကပါသည္။ ဘာေျမၾသဇာထည့္မွန္းမသိေအာင္ အိတ္လွယ္ၿပီးမွ စိုက္ခင္းထဲယူလာၿပီး ထည့္တတ္ၾကပါသည္။ အာ့ေတြက ကေလးအေတြးသာသာ၊ ခပ္တိမ္တိမ္ မိန္းမ ဉာဏ္ေလာက္သာရွိပါသည္။ အမွန္တကယ္ သူမ်ားထက္သာျခင္လွ်င္ ႏွာတစ္ဖ်ားေရွ႕ေရာက္ျခင္ေနလွ်င္ ဆန္ေဆးရည္ကစၿပီး စုလိုက္ပါ။ ဆန္ေဆးရည္တစ္ခုအရင္းျပဳၿပီး အစျပဳလိုက္စမ္းပါ။ ဆန္ေဆးအခ်ဥ္ ေဖါက္ရည္မွသည္ တစ္ခုၿပီးတစ္ခု၊တစ္ဆင့္ၿပီး တစ္ဆင့္ႏို႔အခ်ဥ္ေဖါက္ ရည္ေဖၚ၊ သီးစုံေဖၚ၊ EM ေဖၚ၊ ဘိုကာခ်ီေဖၚ၊ တစ္ဆင့္ျခင္း တက္သြား လိုက္စမ္းပါ။ အာ့ေတြအသုံးျပဳၿပီး စိုက္လိုက္စမ္းပါ။ အစစအရာရာ သာကိုသာေစရမယ္လို႔ ရဲရဲအာမခံပါသည္။ လမ္းေဟာင္းအတိုင္း၊ အရင္စနစ္အတိုင္း စိုက္ပ်ိဳးလုပ္ကိုင္ေနသူမ်ားထက္ မသာခဲ့ဘူးဆိုရင္၊ မထူးျခားခဲ့ဘူးဆိုရင္ စီးထားတဲ့ဖိနပ္နဲ႔ …..။ လာခဲ့ပါ။ မ်က္ႏွာသစ္ၿပီး ေစာင့္ေနပါ့မယ္။ လမ္းစရိတ္ပါ ခံေပးပါ့မယ္ဗ်ာ။

ခ်မ္းသာၾကပါေစ

ခြန္တူ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top