သဘာ၀လွန်ထူးခြားမှုတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား
သဘာ၀လွန်ထူးခြားမှုတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား
ထူးခြားမှုတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား
ပုဂံမှာ ၁၁ရာစုလောက် ကတည်ထားခဲ့ပြီး လှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီး ထည်ဝါတဲ့ ဂူဘုရားနဲ့စေတီ ဖြစ်ပေမဲ့ ဘာကြောင့်များ တိကျခိုင်မာတဲ့ သမိုင်းကျောက်စာ မရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့မရသေးဘူး။ ပါးစပ်ရာဇဝင်တွေတောင် သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ ပါးစပ်ရာဇဝင်အရ (၁)စိမ်းညက်ဘုရင် တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ ခေါ်တွင်တယ်။ (၂) စိမ်းညက်မင်းသမီးနှစ်ပါးက မင်းသမီးအကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာ တည်ထားခဲ့တယ် ။ (ဒါပေမဲ့ ဗိသုကာလက်ရာတွေက ၁၃ရာစုယဉ်ကျေးမှု လက်ရာတွေ) ဒါတွေကို ဘုရားကပြန်ရောက်ပီး Googleမှာရှာကြည့်ခါမှ သိခဲ့ရတာပါ။
ဗိသုကာလက်ရာတွေကတော့ မိန်းမတွေတည်တဲ့ ဘုရားမှန်း သိပ်သိသာပါတယ်။ ၂၁ရာစုမှာ လူသိများပြီး ဧည့်တွေ သိပ်စိတ်ဝင်စားပြီးဧည့်လမ်းညွှန်တွေကိုယ်တိုင် recommendပေး အသွားလာများခဲ့ပေမဲ့၂၀၁၃လောက်မှာ စိမ်းညက်ညီမဘုရားဝန်းရဲ့ အနောက်ဖက် ထနောင်းပင်မှာ ဆယ်တန်းကျောင်းသားတဦး ဆွဲကြိုးချသေခဲ့တယ် အဲနောက်ပိုင်း စိတ္တဇဆန်ဆန်သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ၁ဦး/၂ဦး ကနေ ၅ဦးအထိဖြစ်ခဲ့တယ်။ အဲဒီဖြစ်ရပ်တွေနောက်မှာ ပရလောကနဲ့ဆိုင်တဲ့ ခြောက်လန့်ခြင်းဖြစ်ရပ်တွေ ခရီးသွားဘုရားဖူးတွေ ကြုံမြင်ရကြားရတဲ့ ပါးစပ်ဇာတ်လမ်းတွေ အများကြီးပေါ်ထွက်လာတာကနေစပြီး စိမ်းညက်ညီမ ဘုရားဆိုရင် မသွားကြတော့တာ မဖြတ်ကြတော့တာ ရှေ့ကနေဖြတ်သွားတောင် မဝင်မိကြဘဲ ဘုရားကိုကျော်သွားတာတွေ ဖြစ်လာတော့တာပါပဲ။
တကယ်ကို လျှို့ဝှက်ဆန်းကျယ်ဖြစ်ရပ်တွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ဒါပေမဲ့ ကြောက်စရာ လန့်စရာတော့မကောင်းပါဘူး။ လူတွေကစိတ်အထင်နဲ့ ကြောက်နေကြတာပါ။ ကျွန်တော်ကတော့ မနက်စောစော၆နာရီလောက် အလိုတော်ပြည့်ဘုရားကို အရင်ဝင်ပြီး ဇွန်ပန်းဝယ်တယ် ပြီးမှစိမ်းညက်ညီမဘုရားကို သွားခဲ့တယ်။ ဂူဘုရားကတော့ ကျတော်ကိုယ်တိုင် ဝင်ခြင်တဲ့စိတ် လုံးဝကို မရှိခဲ့ဘူး။ ဘုရားဝန်းထဲရောက်နေပြီ။ ဂူဘုရားထဲကိုဝင်ဖို့ကို မဝင်ဖြစ်ဘဲကျော်ပြီး ဂူဘုရားနောက်မှာရှိတဲ့ စိမ်းညက်ညီမ စေတီကိုအရင်သွားခဲ့တယ်။ စေတီကိုပတ်ကြည့်ခဲ့ချိန်မှာလဲ ခြေဖဝါးကို ဆူးတွေ ၃ချက်လောက်ဆူးပြီး သွေးပါထွက်တယ်။
ဝယ်လာတဲ့ ဇွန်ပန်း(၃)ကုံးကိုလဲ ဂူဘုရားထဲက ဆင်းတုတော်အတွက်။ တကုံးကို ကျတော်နဲ့တူတူ ပါလာတဲ့ ညီလေးကို ဝင်လှူခိုင်းလိုက်တယ်။ ကျတော်က စေတီရဲ့ပစ္စယံမှာ အမတွက်တကုံး ညီမတွက်တကုံးဆိုပြီး ချိတ်ခဲ့တယ်။ အပေါ်ထိတတ်ချိတ်ပြီး အောက်အဆင်း သေချာချိတ်ခဲ့တဲ့ အမအတွက် ဇွန်ပန်းတကုံးက လေမတိုက်ဘဲ ပြုတ်ကျသွားတယ်။ ကဲထားပါလေဆိုပြီး ပဌာန်းရွတ်မယ်ဆိုပြီး နတ်တွေပင့်ဖိတ့်ပြီး စိမ်းညက်ညီမ မင်းသမီးနစ်ပါးကိုပင့်ဖိတ်ချိန် ကျီးကန်းတွေက စေတီထိပ်ပိုင်းမှာအများကြီးအုံပြီး ပျံဝဲလာတာတခုတော့ ထူးခြားတယ်။ ပဌာန်းရွတ်နေရင်း ပုရေဇာတပစ္စယောမှာ ခေါင်းပေါ်ကို ပျံနေတဲ့ငှက်က ချီးပါချတယ်။ ပဌာန်းရွတ်ဖတ်အမျှဝေခါနီးမှာ မျက်စိမှိတ်အာရုံပြုလိုက်ချိန်မှာ သိပ်လှတဲ့အမျိုးသမီး၂ယောက်ရယ် ကျတော့်ညီမလေးရယ် တခြားပုံစံတူမိန်းကလေးတွေ ၇ယောက်က ကျတော့်ကို လက်အုပ်ချီပြီး ဝိုင်းကြည့်နေတာမြင်လိုက်ရတယ်။ လူတွေထင်သလို ကြောက်စရာလန့်စရာ တခုမှ မမြင်ရမသိရပါဘူး။ အရာအားလုံးအေးဆေးပါဘဲ။ တစ်ခုတော့ သတိထားမိတာ ကုသိုလ်ကောင်းမှုနည်းတဲ့သူတွေကတော့ စိမ်းညက်ညီမဘုရားကို ဖူးခြင်စိတ်မဖြစ်ဘဲ ဘုရားရှေ့ကနေ ဖြတ်ကျော်သွားပါလိမ့်မယ်။ အမျိုးသမီးတွေဟာလဲ စိမ်းညက်ညီမဆိုတော့ ဥစ္စာစောင့်အဆက်ဘာညာထင်ပြီး လန့်တတ်ကြောက်တတ်ကြပါလိမ့်မယ်။ တကယ်လဲဟုတ်ပါတယ်။ အဲဒီဘုရားဟာ ဘုမ္မိယတွေပျော်တဲ့နေရာ ဘုရားတွင်းမှ ာပစ္စည်းဥစ္စာတွေ များစွ ာရှိနေပါတယ်။ ထိုမင်းသမီးနစ်ဦးဟာလဲ မည်သို့မည်ပုံကြောင့်သေဆုံးရခြင်း ဤဘုရားတည်ခဲ့ရခြင်းအကြောင်းတွေကို ခုထိ မည်သူမှ မသိကြပါဘူး။ ထူးဆန်းတာတွေတော့တကယ်ရှိပါတယ်။ ဘုရားကိုလွယ်လွယ်နဲ့ဖူးလို့မရတာတော့ အသေအချာပါဘဲ။ ဘာမှကြောက်စရာမလိုဘဲ စိမ်းညက်ညီမဖုရားကို ရအောင်သွားပါ။ ဗိသုကာလက်ရာတွေလေ့လာပါ၊ သိပ်ကိုလှပါတယ်။
ရေးသားသူ- AungPyaeSonePhyo
Credit-AungPyaeSonePhyo
(Zawgyi)
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top