သတင္း

ငါးကြီးဆီ ဘယ်ကရ? ငါးကြီးဆီအကြောင်း ဗဟုသုတ

(Zawgyi)








ကျေးဇူးတင်ပါတယ်..

ဘဝခါးခါး


(Unicode)
ငါးကြီးဆီကို(Cod-liver oil)လို့ခေါ်တယ်၊၊

Cod”ဆိုတာက ဥပမာအားဖြင့် ပြောရရင် ငါးအမျိုးစား အများကြီးရှိတဲ့ အထဲမှာမှ ငါးအမျိုးအမည်တစ်ခု ဖြစ်ပါတယ်။

Liver ”ဆိုတာက သတ္တဝါတွေရဲ့ အသည်း(အသဲ)ဖြစ်ပါတယ်။

Oil”ဆိုတာက သတ္တဝါနှင့် သီးနှံစားပင်တို့မှ ရရှိသော(ဆီ)ကို ခေါ်ဆိုပါတယ်။

ကျွန်တော်တို့ စားသုံးဖူးတဲ့ ငါးကြီးဆီ(cod-liver oil)ကို အတ္တလန်တိတ် (Atlantic) နှင့် ပစိဖိတ် (Pacific)သမုဒ္ဒရာတွေထဲမှာရှိတဲ့ (Cod fish)အမည်ရှိ ပင်လယ်ငါးကြီးတွေရဲ့ အသည်း(အသဲ)ကနေ ထုတ်ယူရရှိပါတယ်။

ငါးကြီးဆီမှာ လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ Omega (3) Fatty acid များစွာပါဝင်ပါတယ်။ အေးခဲတဲ့ ငါးကြီးဆီများကိုတော့ လုံးဝ မသောက်သုံးပါနဲ့။

ဥပမာ ငါးကြီးဆီ မစားသုံးနိုင်ဘူးဆိုရင် အဆီများတဲ့ ငါးအမျိုးမျိုးကို ချက်စားပါ။ ငါးမှထွက်ရှိသော အဆီကို များများစားပါ။ ဆီးချိုနှင့် နှလုံးရောဂါသည်များ အဆီးများတဲ့ ငါးကို အမြဲ စားသုံးသင့်ပါတယ်။

ငါးဆီက လူနဲ့တည့်ပါတယ်…သို့ပေမဲ့ လေတက်ခြင်း(Belching)၊ ရင်ပူရင်ဆာဖြစ်ခြင်း( Heartburn) မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း(Nausea)၊ ခန္ဓာကိုယ်အဖု၊အပိတ်ထွက်ခြင်း(Rash)၊ နှာခေါင်းသွေးယိုခြင်း (Nosebleeds) များ ဖြစ်ပါက စားသုံးခြင်းကို ရှောင်ပါ။

ကျေးဇူးတင်ပါတယ်..

ဘဝခါးခါး

Credit – Win Min Phyo(ဘဝခါးခါး)

Leave a Reply

Your email address will not be published. Required fields are marked *