ဗဟုတုသ

မီးေနမိခင္ အညစ္အေၾကးစင္ဖို႔ ဂ်င္းျပဳတ္ရည္

(Zawgyi)
မီးေနမိခင္ အညစ္အေၾကးစင္ဖို႔ ဂ်င္းျပဳတ္ရည္

ျမန္မာ့ဓေလ့ ျမန္မာ့ဟန္အရ၊ ကေလးမီးဖြားျပီးစ အမ်ိဳးသမီးကို “ မီးေနသည္”လို ့ေခၚေလ့ရွိပါတယ္။ မီးေနမိခင္မ်ားအဖို ့ မီးတြင္း ကာလမွာ ေသြးသား သန့္ရွင္းစင္ၾကယ္ေအာင္ ျပဳလုပ္ဖို ့အလြန္အေရးၾကီးပါတယ္။ ေသြးသားသန့္စင္ေနမွသာ အမ်ိဳးသမီးမ်ား မွာျဖစ္တတ္တဲ့ ေရာဂါဘယ ကင္းေ၀းေစမွာပါ။

သို့မဟုတ္ပါက မီးယပ္က်ိဳး၊ မီးယပ္နာ ပိန္ခ်ံဳး၍ခ်ိနဲ ့ျခင္း၊ အသားအရည္ မစိုေျပဘဲ ေျခာက္ေသြ ့ျခင္း၊ အသားအေရပူျခင္း၊ မ်က္ႏွာေပၚတင္းတိပ္စြဲျခင္း၊မ်က္ႏွာ ႏွင့္ လည္ပင္းေတြမွာ အနီကြက္ အညိုကြက္ မ်ားေပၚလာျခင္း၊စကားေျပာလိုက္တိုင္း ႏွင့္ အသက္ရႈထုတ္လိုက္တိုင္း အာခံတြင္းမွ အပုပ္နံ့ထြက္ျခင္း စတဲ့ ဆိုးက်ိဳးမ်ား ခံစား ရနို္င္ပါတယ္။

ဒိအတြက္ စိတ္မပူပါႏွင့္။ ရိုးရွင္းလြယ္ကူျပီး မိခင္ေရာ ရင္ေသြးငယ္ေလးပါ က်န္းမာေစတဲ့ ျမန္မာ့ေဆးစြမ္းေကာင္း တစ္လက္ရွိ ပါတယ္။ ေဆးေဖာ္ဖို ့အတြက္ဟင္းခတ္အေမႊးအၾကိဳင္ျဖစ္ေသာ ခ်င္း(ဂ်င္း)စိမ္း ႏွင့္ သဘာ၀ထန္းလ်က္ခဲစစ္စစ္ (အမည္းေရာင္ ထန္းလ်က္ခဲၾကီး)တို ့သာ လိုအပ္္ပါတယ္။

ဦးစြာ အေလးခ်ိန္ ၅-က်ပ္သား ရွိတဲ့ ခ်င္း(ဂ်င္း)ကို အခြံႏႊာ၍ႏုပ္ႏုပ္စင္းပါ။ ထို ့ေနာက္ ႏုပ္ႏုပ္စင္းထားေသာ ဂ်င္းမ်ားကို ထန္းလ်က္ခဲ ၅-က်ပ္သားႏွင့္အတူ ေရသင့္ရံုေရာကာ ရနံ ့ေမႊးဆူပြက္ျပီး အတန္ငယ္ပ်စ္လာတဲ့အထိ မီးေအးေအးျဖင့္က်ိဳေပးရမွာပါ။ ေဆးရည္ကို အေအးခံ၍ ဟင္းစားစတီးဇြန္း ၁-ဇြန္းစီျဖင့္ တစ္ေန ့ ၃-ၾကိမ္ေသာက္ပါ။

သဘာ၀အတိုင္း မီးဖြားသူမ်ားသာမက၊ ဗိုက္ခြဲေမြးဖြားသူေတြေရာ၊ကိုယ္၀န္ပ်က္က်သူမ်ားပါ အညစ္အေၾကးကင္းစင္ဖို ့ ထိုေဆး ရည္ကို မီးထြက္သည့္
၇-ရက္တိတိ ေသာက္ေပးျခင္းျဖင့္ တသားေမြး တေသြးလွေစေတာ့မွာ ျဖစ္ပါေၾကာင္း။

(ေဆာင္းပါးရွင္…ေပါက္ေပါက္…ေရးသားမွ်ေ၀သည္)
Credit – ေပါက္ေပါက္

(Unicode)
မီးနေမိခင် အညစ်အကြေးစင်ဖို့ ဂျင်းပြုတ်ရည်

မြန်မာ့ဓလေ့ မြန်မာ့ဟန်အရ၊ ကလေးမီးဖွားပြီးစ အမျိုးသမီးကို “ မီးနေသည်”လို့ခေါ်လေ့ရှိပါတယ်။ မီးနေမိခင်များအဖို့ မီးတွင်း ကာလမှာ သွေးသား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ဖို့အလွန်အရေးကြီးပါတယ်။ သွေးသားသန့်စင်နေမှသာ အမျိုးသမီးများ မှာဖြစ်တတ်တဲ့ ရောဂါဘယ ကင်းဝေးစေမှာပါ။

သို့မဟုတ်ပါက မီးယပ်ကျိုး၊ မီးယပ်နာ ပိန်ချုံး၍ချိနဲ့ခြင်း၊ အသားအရည် မစိုပြေဘဲ ခြောက်သွေ့ခြင်း၊ အသားအရေပူခြင်း၊ မျက်နှာပေါ်တင်းတိပ်စွဲခြင်း၊ မျက်နှာနှင့် လည်ပင်းတွေမှာ အနီကွက် အညိုကွက် များပေါ်လာခြင်း၊စကားပြောလိုက်တိုင်းနှင့် အသက်ရှုထုတ်လိုက်တိုင်း အာခံတွင်းမှ အပုပ်နံ့ထွက်ခြင်းစတဲ့ ဆိုးကျိုးများ ခံစား ရနိုင်ပါတယ်။

ဒီအတွက် စိတ်မပူပါနှင့်။ ရိုးရှင်းလွယ်ကူပြီး မိခင်ရော ရင်သွေးငယ်လေးပါ ကျန်းမာစေတဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်လက်ရှိ ပါတယ်။ ဆေးဖော်ဖို့အတွက်ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ချင်း(ဂျင်း)စိမ်း နှင့် သဘာဝထန်းလျက်ခဲစစ်စစ် (အမည်းရောင် ထန်းလျက်ခဲကြီး)တို့သာ လိုအပ်ပါတယ်။

ဦးစွာ အလေးချိန် ၅-ကျပ်သား ရှိတဲ့ ချင်း(ဂျင်း)ကို အခွံနွှာ၍နုပ်နုပ်စင်းပါ။ ထို့နောက် နုပ်နုပ်စင်းထားသော ဂျင်းများကို ထန်းလျက်ခဲ ၅-ကျပ်သားနှင့်အတူ ရေသင့်ရုံရောကာ ရနံ့မွှေးဆူပွက်ပြီး အတန်ငယ်ပျစ်လာတဲ့အထိ မီးအေးအေးဖြင့်ကျိုပေးရမှာပါ။ ဆေးရည်ကို အအေးခံ၍ ဟင်းစားစတီးဇွန်း ၁-ဇွန်းစီဖြင့် တစ်နေ့ ၃-ကြိမ်သောက်ပါ။

သဘာဝအတိုင်း မီးဖွားသူများသာမက၊ ဗိုက်ခွဲမွေးဖွားသူတွေရော၊ကိုယ်ဝန်ပျက်ကျသူများပါ အညစ်အကြေးကင်းစင်ဖို့ ထိုဆေး ရည်ကို မီးထွက်သည့်၇-ရက်တိတိ သောက်ပေးခြင်းဖြင့် တသားမွေး တသွေးလှစေတော့မှာ ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *