Month: May 2020

ဗဟုတုသ

ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလား။ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အားလည်းရှိတဲ့ တောင်ပေါ်စာ။

(Unicode) ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလားရှင့်။ ချက်ရတာလည်း လွယ်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အားလည်းရှိတဲ့ တောင်ပေါ်စာလေး တစ်ခုပါ။ လိုအပ်တဲ့ အရာတွေကတော့- ဂေါ်ရာခါးညွန့် ရွှေဖရုံသီး ဆူးပုတ် ခရမ်းချဉ်သီး ကြက်သွန်ဖြူ ,ငရုပ်သီးစိမ်း (၃, ၄လုံး) ပဲပုတ် (မီးကင်ပြီး ထောင်းထည့်ရန်) ဟင်းရွက်တွေကို သင်ထားပြီး ခရမ်းချဉ်သီးနဲ့ ရွှေဖရုံသီးကို လှီးပါ။ ကြက်သွန်ဖြူ , ပဲပုတ်(ထောင်းထားပြီး) , ငရုပ်သီး (တစ်ခြမ်းခွဲ) , ဆား ,ဟင်းချိုမှုန့် တွေ ထည့်ပြီး ရေအနည်းသာ ထည့်ချက်ပါ။ ရွှေဖရုံသီးကို မကျက်တကျက်လေး စားချင်ရင်တော့ မီးဖိုမှ ဖယ်ထုတ်ခါနီး ထည့်ချက်ရင် ရပါတယ်။ Credit-Teres (Zawgyi) ရှမ်းဟင်းပေါင်း မစားဖူးတဲ့ လူတွေရှိလားရှင့်။ ချက်ရတာလည်း […]

ဗဟုတုသ

တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (25-5-2020 မှ 31-5-2020)။

(Unicode) တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (25-5-2020 မှ 31-5-2020) တနင်္ဂနွေသားသမီး ငယ်ရွယ်သူများ အထူးစန်းပွင့်မည့်ကာလ ဖြစ်သလို ရုတ်တရက် အိမ်ထောင်ကျတတ်သော ကာလပါ။ လုပ်ငန်းနှင့်ပါတ်သက်၍ မိမိကြံရွယ်ထားသော အကြံအစည်များ အထမြောက် အောင်မြင်ပါလိမ့်မည်။ လက်ရှိလုပ်ငန်းတွင် လက်အောက်ငယ်သား အချင်းချင်း နားလည်မူ လွဲမှားခြင်း၊ ရန်များခြင်းများ ဖြစ်နေတတ်ပါသည်။ ကျန်းမာရေးမှာ ဒူးအဆစ်အမြစ်များ နာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည်။ ထီ- 96ပါသော ထီထိုးပါ။ ယတြာ- ကြံတစ်ညွှန့်နှင့် သပြေ၆ညွှန့်ပူး၍ ဘုရားလှုပေးပါ။ တနင်္လာသားသမီး အတိုက်အခံတွေ အလွန်များနေသော ကာလပါ။ မိမိ၏ အောင်မြင်မူအပေါ်တွင် မနာလိုသူများ၏ တိုက်ခိုက်ခြင်းခံရပါလိမ့်မည်။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ မိမိရဲ့ကြိုးစားမူကို လုံးဝမလျှော့ပါနှင့်။ နှစ်ဆတိုး၍ ထပ်ကြိုးစားပါ။အထူးချွန်ဆုံး အောင်မြင်မူ ရလာဘ်များကို ခံစားရပါလိမ့်မည်။ […]

ဗဟုတုသ

အိမ်မှာစားစား၊ စီးပွားဖြစ်ရောင်းရောင်း အသားဆန်ပြုတ်၊ ရိုးရိုးဆန်ပြုတ်၊ အစာအိမ်သမားအတွက် ဆန်ပြုတ် အကောင်းဆုံးလုပ်နည်း။

(Unicode) အသားဆန်ပြုတ်ကို အညှီနံ့ကင်းအောင် ပြုတ်နည်း ဆန်ပြုတ် အသားဆန်ပြုတ် ပြုတ်မယ်ဆိုရင် အသားညှီနံ့ သက်သာအောင် ဒီနည်းလေးတွေနဲ့ ပြုတ်ကြည့်ပါ။ ၁။ အရိုးနဲ့ပဲဖြစ်ဖြစ် အသားနဲ့ပဲဖြစ်ဖြစ် ပြုတ်မည်ဆိုလျှင် အသားတွေ အရိုးတွေကို ပြုတ်မယ့် အိုးထဲသို့ ရေနဲ့ သေချာ ဆေးကြော သန့်စင်ပြီး ထည့်ပါ။ ဆားအနည်းငယ် ထည့်ပြီး အိုးထဲမှာ ရေခြောက်သွားပြီး အသားတင်းသည်အထိ အရင်လှိမ့်ပေးပါ။ အသားတွေကို ရေထပ်ထည့်စရာမလိုပါ။သူ့ရေနဲ့သူ ခမ်းသွားပြီး အသားလေးတွေ တင်းပြီး အစိမ်းနံ့ ပျောက်ပြီး မွှေးလာသည် အထိပါ။ ပြီးမှ အသင့်ဆေးထားတဲ့ ဆန်ကို ထည့်ပြီး ရောပြုတ်ပါ။ အဲ့နည်းအတိုင်းပြုတ်ကြည့်ပါ။ အစိမ်းနံ့ အညှီနံ့ အတော်သက်သာပြီး မွှေးနေပါလိမ့်မယ်။ ၂။ နောက်တနည်းက အရိုးဖြစ်စေ အသားဖြစ်စေ ပြုတ်မယ့်အိုးထဲမှာ ရေနဲ့ […]

ဗဟုတုသ

ခြချေးဖြင့် သဘာဝမြေသြဇာ ပြုလုပ်နည်း။

(Unicode) ခြချေးဖြင့် သဘာဝမြေသြဇာ ပြုလုပ်နည်း “ဘဒ္ဒဇီဝမြေသြဇာ” ပြုလုပ်နည်း သုံးစွဲနည်း ခြချေး ၅ ဘူး။ ဆန် ၁ပြည်ကို ခပ်မာမာလေးချက်ပေးပါ။ ချက်ပြီး အေးသွားသေအခါ ခြချေးနှင့်နယ်ပြီးပုံးတလုံးထဲ ထည့်ပါ။ သုံးရက်သိမ်းထာပါ။ ပြီးရင် ရေ လီတာ ၅၀.ထည့်ဖြည့်ကာ ၇ ရက်ထားပြီး အသုံးပြုလို့ရပါပြီ။ အသုံးပြုရင် နို့ဆီဘူးတစ်ဘူးကို ရေ ၂၀.လီတာဖြင့် မည်သည့် သီးနှံပင်မဆို အသုံးပြုလို့ ရပါပြီ။ ဟင်းသီးဟင်းရွက် အသုံးပြုမယ်ဆိုရင် ငှက်ပျောပင်နုနု ကဇွန်းရွက် ဗေဒါ အရွက်နုနု တွေ (၂) ပိသာလောက်နဲ့ ရောစပ်စိမ်ပြီး အသုံးပြုလို့ရပါတယ်။ စပါး၊ ကြံ ၊ ပြောင်း၊ စပျစ်၊ ဘူး၊ ဖရုံ၊ သခွား ၊ ဖရဲဆိုရင် ငှက်ပျောဖူးထွက်စ […]

ဗဟုတုသ

နေ့နံအလိုက်၊ ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များနှင့် ယတြာ။

(Unicode) နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေးနှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။ တနင်္လာနေ့ဖွားများသည် အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ […]

ဗဟုတုသ

ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း။

(Unicode) ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကို ရိုးရိုးပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် ပဲငံပြာရည်နဲ့ ရောပြုတ်ထားတဲ့ ဆေးကြက်ဥအငန် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ကြက်ဥနဲ့ ပဲငံပြာရည်ပဲ လိုအပ်တဲ့အပြင် ပြုလုပ်နည်းက အလွယ်လေးပဲမို့ မိမိအိမ်မှာ အလွယ်တကူပြုတ်စားနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ- ကြက်ဥ၄ လုံး၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း။ ပြုလုပ်နည်း အဆင့်ဆင့်- ၁။ ကြက်ဥ ၄ လုံးကို အနှစ် မကျက်တကျက်လေး စားချင်ပါက ၅ မိနစ် ပြုတ်ပါ။ ကြက်ဥအနှစ် ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥပြုတ်များကို ရေခဲရေထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အခွံခွာလိုက်လို့ရပါပြီ။ (ရေခဲရေထဲ ထည့်ထားပါက […]

ဗဟုတုသ

ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား။

(Unicode) ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။ အကျိုးအပစ် ရှိပါသလား။ ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုဒ်မှာ ခြေနင်း၊ ဖိနပ် စီးထားသောသူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့်မရဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဖိနပ်မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လျှင် ဖိနပ်ချွတ်ဝင်ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ သီးသန့် သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။ ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ်။ ဒါပေမယ့် သက္ကစ္စ မဖြစ်ပါဘူး။ ဒါနအကျိုးရတယ်၊ သကစ္စအကျိုး မရပါဘူး။ သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစား လှူတာကို […]

ဗဟုတုသ

ခုနှစ်ရက်သားသမီးများ တစ်ပါတ်စာ ဟောစာတမ်း (၂၁.၅.၂၀၂၀ မှ ၂၇.၅.၂၀၂၀ အထိ)။

(Unicode) တစ်ပါတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း (၂၁.၅.၂၀၂၀ မှ ၂၇.၅.၂၀၂၀ အထိ) တနင်္ဂနွေ- အလုပ်သစ်၊ စီးပွားသစ်များ၊ ရပ်ဝေးခရီးစဉ်များအတွက် စီစဉ်ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်သည်။ မိမိအထက်အရာရှိများ မိမိကိုအုပ်ချုပ်သူများနှင့် သဘောထား ကွဲလွဲမှု ရှိနေပါလိမ့်မည်။ လူမှုဆက်ဆံရေးများတွင် အနစ်နာခံရမှု များပြားနေရပါလိမ့်မည်။ အရာရာတွင် စိတ်မြန်လက်မြန် ပြုတတ်သူ ဖြစ်သော်လည်း မိမိ၏ လုပ်ဆောင်ချက်များသည် ယခုအချိန် နှေးကွေးလေးလံနေမည်။ ကြုံတွေ့ပတ်သက်လာတတ်ပါသော မည်သည့်ကိစ္စတွင်မဆို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရန်လိုပါသည်။ အတွေးအခေါ် ကောင်း၍ ရှေ့ရေးအတွက်ကြိုတင်ကြံဆ နည်းလမ်းရှာဖွေ ထားသူများ အလွန်ကောင်းပါလိမ့်မည်။ ရုတ်တရက် ကြုံတွေ့ရသော အခြေအနေများအပေါ်တွင် ကြုံသလို ရင်ဆိုင်ရသူများအဖို့ အခက်အခဲများ ရှိနိုင်ပါတယ်။ အိမ်ထောင်ဘက်၏ အလိုက်သိစွာ အားပေးမှု၊ နားလည်ပေးမှုများကြောင့် စိတ်ချမ်းသာရပါလိမ့်မည်။ အနုပညာလုပ်ငန်း၊ အနုပညာသည်များနှင့် ရင်းရင်းနှီးနှီးပူးတွဲ၍ […]

ဗဟုတုသ

မီးပူဖင်က ဂျီးတွေနဲ့ ဒယ်အိုးအောက်ခြေက အိုးမဲတွေ အကုန်ပြောင်ရှင်းနည်း။

(Unicode) မီးပူဖင်မှာ ဂျီးတွေတက်နေလား မပူပါနဲ့။ ပါရာစီတမော့ (၂) ပြားရှိရင် လွယ်ကူပါတယ်။ မီးပူဖင်မှာ ဂျီးတွေတက်နေလား မပူပါနဲ့။ ပါရာစီတမော့ (၂) ပြား ရှိရင် လွယ်ကူပါတယ်ဗျ။ လက်တွေ့ လုပ်ကြည့်လိုက်ပါနော်။ ဂျီးတွေပေနေတဲ့ အပေါ် မှာ ဆေးပြားလေး တင်ထား၊ မီးပူကို အပူနည်းနည်းပဲထား၊ ခဏနေ အ ရည်ပျော်ကျကုန်ပြီး၊ တစ်ရှူးအကြမ်းလေးနဲ့ ပွတ်လိုက်ရင် မီးပူမှာ ကပ်နေတဲ့ ဂျီးတွေ အကုန်ပြောင်ကုန်တာပါပဲ။အိမ်မှာ လက်တွေ့ စမ်းကြည့်နော်။ ကဲ မလွယ်ဘူးလား။ Credit:ဦးကျော် ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်း လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး (ဈေးထဲမှာ ဆိုရင်အလကားတောင် တောင်းယူလို့ ရပါတယ်) ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို […]

ဗဟုတုသ

အခက်အခဲကြုံလျှင် လုပ်ကြည့်ပါ၊ မျှော်လင့်မထားတာများပါ ပြည့်နိုင်စေသောနည်း။

(Unicode) လိုအပ်သူများအတွက် မျှဝေခြင်းပါ။ မိမိအိမ်ဘုရားတွင် မိမိမွေးနေ့တွင် လှူပါ။ အနီးဆုံး အခက်ခဲကိုကျော်ကာ လိုရာပြည့်နိင်၏။ သင့်တော်ရာ ဖန်ခွက်ပေါ် ပန်းကန်၊ ပန်းကန်ပေါ် ကိတ်မုန့် တင်လှူပါ။ နေ့ခင်း (သို့မဟုတ်) ညနေ / ညဘက် စွန့်ပြီးစားသုံးနိင်ပါသည်။ တနင်္ဂၤနွေသားသမီးများ- ဖန်ခွက်ထဲ အုန်းရည် (သို့ မဟုတ်) နွားနိ့ထည့်ပါ။ မနက် ၆း၁၅ (သို့မဟုတ်) ၈း၁၅ ကိတ်မုန့်၁ ချပ် ပန်းကန်ပေါ်တင်။ တနင်္လာသားသမီးများ- ဖန်ခွက်ထဲ ကြံရည် (သို့မဟုတ်) ပေါက်ပေါက် ထည့်ပါ။ မနက် ၇ နာရီ ကိတ်မုန့်၂ ချပ် ပန်းကန်ပေါ်တင်။ အင်္ဂၤါသားသမီးများ- ဖန်ခွက်ထဲ ရေထည့်ပါ။ မနက် ၈ နာရီ (သို့မဟုတ်) ၉း၁၅ ကိတ်မုန့်၃ […]

Back To Top