ဗဟုတုသ

ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း။

(Unicode)

ပဲငံပြာရည် ဆေးကြက်ဥအငန် ပြုလုပ်နည်း

အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကို ရိုးရိုးပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် ပဲငံပြာရည်နဲ့ ရောပြုတ်ထားတဲ့ ဆေးကြက်ဥအငန် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ကြက်ဥနဲ့ ပဲငံပြာရည်ပဲ လိုအပ်တဲ့အပြင် ပြုလုပ်နည်းက အလွယ်လေးပဲမို့ မိမိအိမ်မှာ အလွယ်တကူပြုတ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ-

ကြက်ဥ၄ လုံး၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း။

ပြုလုပ်နည်း အဆင့်ဆင့်-

၁။ ကြက်ဥ ၄ လုံးကို အနှစ် မကျက်တကျက်လေး စားချင်ပါက ၅ မိနစ် ပြုတ်ပါ။ ကြက်ဥအနှစ် ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥပြုတ်များကို ရေခဲရေထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အခွံခွာလိုက်လို့ရပါပြီ။ (ရေခဲရေထဲ ထည့်ထားပါက အခွံခွာရတာ ပိုမိုလွယ်ကူပါတယ်။)

၂။ အိုးအသေး တစ်လုံးကို အပူပေးပြီး ပဲငံပြာရည်များ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ပဲငံပြာရည် ဆူလာပါက မီးပိတ်ပြီးနောက် ကြက်ဥပြုတ်များထည့်ကာ ပဲငံပြာရည်များ နှံ့စပ်သွားအောင်လို့ ယောင်းမဖြင့် အသာအယာမွှေပေးလိုက်ပါ။ ဆား အရမ်းငန်တာမျိုး မကြိုက်ဘူးဆိုရင်တော့ တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ မွှေပေးရပါမယ်။ ဆား လေးလေးပင်ပင် စားချင်တယ်ဆိုရင်တော့ ၅ မိနစ်ခန့် မွှေပေးရပါမယ်။

၃။ မွှေပြီးသွားရင်တော့ ကြက်ဥရော ပဲငံပြာရည်တွေကိုပါ ခြောက်သွေ့တဲ့ ဖန်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ဖုံးထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။အနည်းဆုံး ၆ နာရီခန့် စိမ်ပြီးသွားတဲ့အခါမှာတော့ ဆေးကြက်ဥအငန်လေး ရရှိသွားပါပြီ။

Source: Thespruceeats. com

Credit-MyFood Myanmar

(Zawgyi)

ပဲငံျပာရည္ ေဆးၾကက္ဥအငန္ ျပဳလုပ္နည္း

အားလုံးပဲ မဂၤလာပါ။ ၾကက္ဥကို ႐ိုး႐ိုးျပဳတ္စားရတာ ၿငီးေငြ႕ေနသူမ်ားအတြက္ ပဲငံျပာရည္နဲ႔ ေရာျပဳတ္ထားတဲ့ ေဆးၾကက္ဥအငန္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ပါဝင္ပစၥည္းကလည္း ၾကက္ဥနဲ႔ ပဲငံျပာရည္ပဲ လိုအပ္တဲ့အျပင္ ျပဳလုပ္နည္းက အလြယ္ေလးပဲမို႔ မိမိအိမ္မွာ အလြယ္တကူျပဳတ္စားႏိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား-

ၾကက္ဥ၄ လုံး၊ ပဲငံျပာရည္ စားပြဲတင္ဇြန္း ၅ ဇြန္း။

ျပဳလုပ္နည္း အဆင့္ဆင့္-

၁။ ၾကက္ဥ ၄ လုံးကို အႏွစ္ မက်က္တက်က္ေလး စားခ်င္ပါက ၅ မိနစ္ ျပဳတ္ပါ။ ၾကက္ဥအႏွစ္ က်က္ေစခ်င္တယ္ဆိုရင္ေတာ့ ၁၀ မိနစ္ခန႔္ ျပဳတ္ေပးလိုက္ပါ။ ထို႔ေနာက္ ၾကက္ဥျပဳတ္မ်ားကို ေရခဲေရထဲ ထည့္ကာ အေအးခံထားလိုက္ပါ။ ၿပီးရင္ေတာ့ အခြံခြာလိုက္လို႔ရပါၿပီ။ (ေရခဲေရထဲ ထည့္ထားပါက အခြံခြာရတာ ပိုမိုလြယ္ကူပါတယ္။)

၂။ အိုးအေသး တစ္လုံးကို အပူေပးၿပီး ပဲငံျပာရည္မ်ား ဆူပြက္လာသည္အထိ တည္ထားလိုက္ပါ။ ပဲငံျပာရည္ ဆူလာပါက မီးပိတ္ၿပီးေနာက္ ၾကက္ဥျပဳတ္မ်ားထည့္ကာ ပဲငံျပာရည္မ်ား ႏွံ႔စပ္သြားေအာင္လို႔ ေယာင္းမျဖင့္ အသာအယာေမႊေပးလိုက္ပါ။ ဆား အရမ္းငန္တာမ်ိဳး မႀကိဳက္ဘူးဆိုရင္ေတာ့ တစ္မိနစ္၊ ႏွစ္မိနစ္ခန႔္သာ ေမႊေပးရပါမယ္။ ဆား ေလးေလးပင္ပင္ စားခ်င္တယ္ဆိုရင္ေတာ့ ၅ မိနစ္ခန႔္ ေမႊေပးရပါမယ္။

၃။ ေမႊၿပီးသြားရင္ေတာ့ ၾကက္ဥေရာ ပဲငံျပာရည္ေတြကိုပါ ေျခာက္ေသြ႕တဲ့ ဖန္ပုလင္းထဲထည့္ကာ အဖုံးလုံေအာင္ ဖုံးထားၿပီးေနာက္ ေရခဲေသတၱာထဲ ထည့္သိမ္းထားလိုက္ပါ။အနည္းဆုံး ၆ နာရီခန႔္ စိမ္ၿပီးသြားတဲ့အခါမွာေတာ့ ေဆးၾကက္ဥအငန္ေလး ရရွိသြားပါၿပီ။

Source: Thespruceeats. com

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *