ဗဟုတုသ

အိမ်မှာစားစား၊ စီးပွားဖြစ်ရောင်းရောင်း အသားဆန်ပြုတ်၊ ရိုးရိုးဆန်ပြုတ်၊ အစာအိမ်သမားအတွက် ဆန်ပြုတ် အကောင်းဆုံးလုပ်နည်း။

(Unicode)

အသားဆန်ပြုတ်ကို အညှီနံ့ကင်းအောင် ပြုတ်နည်း

ဆန်ပြုတ်

အသားဆန်ပြုတ် ပြုတ်မယ်ဆိုရင် အသားညှီနံ့ သက်သာအောင် ဒီနည်းလေးတွေနဲ့ ပြုတ်ကြည့်ပါ။

၁။ အရိုးနဲ့ပဲဖြစ်ဖြစ် အသားနဲ့ပဲဖြစ်ဖြစ် ပြုတ်မည်ဆိုလျှင် အသားတွေ အရိုးတွေကို ပြုတ်မယ့် အိုးထဲသို့ ရေနဲ့ သေချာ ဆေးကြော သန့်စင်ပြီး ထည့်ပါ။ ဆားအနည်းငယ် ထည့်ပြီး အိုးထဲမှာ ရေခြောက်သွားပြီး အသားတင်းသည်အထိ အရင်လှိမ့်ပေးပါ။ အသားတွေကို ရေထပ်ထည့်စရာမလိုပါ။သူ့ရေနဲ့သူ ခမ်းသွားပြီး အသားလေးတွေ တင်းပြီး အစိမ်းနံ့ ပျောက်ပြီး မွှေးလာသည် အထိပါ။ ပြီးမှ အသင့်ဆေးထားတဲ့ ဆန်ကို ထည့်ပြီး ရောပြုတ်ပါ။ အဲ့နည်းအတိုင်းပြုတ်ကြည့်ပါ။ အစိမ်းနံ့ အညှီနံ့ အတော်သက်သာပြီး မွှေးနေပါလိမ့်မယ်။

၂။ နောက်တနည်းက အရိုးဖြစ်စေ အသားဖြစ်စေ ပြုတ်မယ့်အိုးထဲမှာ ရေနဲ့ သေချာဆေးကြော သန့်စင်ပြီး ထည့်ပါ။ ပြီးရင် ရေကို အသားမြုပ်ရုံံ ထည့်ပြီး သုံးမိနစ်ခန့် တည်ပေးလိုက်ပါ။ အနည်းငယ် ပွက်စပြုပြီး ပွက်ရေအပေါ်မှာ အနည်ဖတ်တွေ တက်လာတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီပထမရေကို အကုန် သွန်ပစ်လိုက်ပါ။ အရိုးနဲ့ အသားကို ရေနဲ့ သေချာ ပြန်သန့်စင် ဆေးကြောပြီးမှ ဒုတိယရေ ထည့်ပြီး ပြန်ပြုတ်ပါ။အသားရဲ့အညှီနံ့ ပိုသက်သာပါလိမ့်မယ်။

၃။ နောက်ပြီး ဆန်ပြုတ် ပြုတ်မယ်ဆိုလျှင် သာမန်လူတွေ အတွက်ဆိုလျှင်တော့ ပုံမှန်ဆိုရင် ရှမ်းဆန်အကောင်းစား (သို့) ပေါ်ဆန်းမွှေးအကောင်းစားကို ပိုမိုစေးပျစ်စေရန်အတွက်ကောက်ညှင်းဆန်နဲ့ လေးအချိုးတစ် (၄:၁) စပ်ပြီး ပိုမွှေးအောင် လှော်ပြီးမှ ဖြစ်စေ ဒီအတိုင်း အဖြူထည်ဖြစ်စေ ပြုတ်ကြပါတယ်။

အစာအိမ်သမားများအတွက် ဆိုလျှင်တော့ ကောက်ညှင်းဆန်ကို မရောပါနဲ့။ ရိုးရိုးပေါ်ဆန်းအကောင်းဆုံးနဲ့သာ အဖြူထည်ပြုတ်ပါ်။

၄။ အစာအိမ်သမားများအတွက် ဆန်ပြုတ်ပြုတ်လျှင် ငရုတ်ကောင်းမှုန့်တို့ ဂျင်းတို့ မထည့်ရပါ။ ကြက်သွန်ဖြူ ကြိုက်လျှင် ထည့်နိုင်ပါသည်။ ငရုတ်ကောင်းနဲ့ ချင်းက အပူအစပ်ဆိုတော့ အစာအိမ်နာတာကို အားပေးစေပါတယ်။

၅။ ဆန်ပြုတ်ပြုတ်လျှင် အိုးထဲကို ဆန်နဲ့ ရေတခါထဲ အများကြီး ထည့်မပြုတ်ရပါ။ ပုံမှန် ထမင်းပေါင်းအိုးတည်သလိုပဲ ရေကို ထည့်ပြီး တည်ပါ။ ရေခမ်းသွားရင် ရေနွေးလေး ထပ်ဖြည့်ပေးပါ။ ထပ်ခါထပ်ခါ ဖြည့်ပေးပြီး တဖြေးဖြေးပြဲ လာရင် ဇွန်းနဲ့ဖြစ်စေ ကြက်ဥခေါက်တံနဲ့ဖြစ်စေ ဖိပြီး ခေါက်ပြီး ကြေအောင် လိုက်ခြေပေးပါ။ ဒီနည်းက ဆန်စေ့တွေ အမြန်ကျေပြီး ပြဲပြီး ဆန်ပြုတ် အမြန်ကျက်တဲ့နည်းပါ။

၆။ ဆန်ပြုတ်ပြုတ်မယ်ဆိုလျှင် ရေနွေးအိုးတစ်လုံးတော့ အရင်တည်ထားပါ။ ရေထည့်ဖို့လိုတိုင်း ရေနွေးကိုသာ ထည့်ပါ။ ရေအေးကို မထည့်ရပါ။

၇။ အသားဆန်ပြုတ်ဆိုလျှင် အသားတွေ နူးအိပြဲလျှင် အိုးထဲက ဆယ်ပြီး နုတ်နုတ်စင်းပြီးမှ ပြန်ထည့်ပါ။

၈။ နို့ဆန်ပြုတ်ဆိုလျှင်တော့ ဆန်နဲ့ ရေကို အရင်ပြုတ်ပြီးမှ ပျစ်ပျစ်နှစ်နှစ် ကျိုချက်ထားတဲ့ နွားနို့ဖြစ်စေ သန့်ရှင်းလတ်ဆတ်တဲ့ နို့မှုန့်ဖြစ်စေ ထည့်ပြီးမှ အရသာအတွက် သကြားနဲ့ဆားကို ထည့်ပါ။

၉။ ပုံမှန်လူတွေဆိုရင်တော့ အသားဆန်ပြုတ်ထဲမှာ ကြက်သွန်နီဖြူ ဆီချက်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊မုန့်ဖက်ခြောက်ကြော်၊ အီကြာကွေး စသဖြင့် ထည့်စားနိုင်ပါတယ်။

အစာအိမ်သမားများကတော့ ရိုးရိုးအဖြူထည်ပဲစားတာ ပိုသင့်တော်ပါတယ်။

Credit-

လှိုင်လှိုင်

အိမ်ရှင်မ

(Zawgyi)

အသားဆန္ျပဳတ္ကို အညႇီနံ႔ကင္းေအာင္ ျပဳတ္နည္း

ဆန္ျပဳတ္

အသားဆန္ျပဳတ္ ျပဳတ္မယ္ဆိုရင္ အသားညႇီနံ႔ သက္သာေအာင္ ဒီနည္းေလးေတြနဲ႔ ျပဳတ္ၾကည့္ပါ။

၁။ အ႐ိုးနဲ႔ပဲျဖစ္ျဖစ္ အသားနဲ႔ပဲျဖစ္ျဖစ္ ျပဳတ္မည္ဆိုလွ်င္ အသားေတြ အ႐ိုးေတြကို ျပဳတ္မယ့္ အိုးထဲသို႔ ေရနဲ႔ ေသခ်ာ ေဆးေၾကာ သန႔္စင္ၿပီး ထည့္ပါ။ ဆားအနည္းငယ္ ထည့္ၿပီး အိုးထဲမွာ ေရေျခာက္သြားၿပီး အသားတင္းသည္အထိ အရင္လွိမ့္ေပးပါ။ အသားေတြကို ေရထပ္ထည့္စရာမလိုပါ။သူ႔ေရနဲ႔သူ ခမ္းသြားၿပီး အသားေလးေတြ တင္းၿပီး အစိမ္းနံ႔ ေပ်ာက္ၿပီး ေမႊးလာသည္ အထိပါ။ ၿပီးမွ အသင့္ေဆးထားတဲ့ ဆန္ကို ထည့္ၿပီး ေရာျပဳတ္ပါ။ အဲ့နည္းအတိုင္းျပဳတ္ၾကည့္ပါ။ အစိမ္းနံ႔ အညႇီနံ႔ အေတာ္သက္သာၿပီး ေမႊးေနပါလိမ့္မယ္။

၂။ ေနာက္တနည္းက အ႐ိုးျဖစ္ေစ အသားျဖစ္ေစ ျပဳတ္မယ့္အိုးထဲမွာ ေရနဲ႔ ေသခ်ာေဆးေၾကာ သန႔္စင္ၿပီး ထည့္ပါ။ ၿပီးရင္ ေရကို အသားျမဳပ္႐ုံံ ထည့္ၿပီး သုံးမိနစ္ခန္႔ တည္ေပးလိုက္ပါ။ အနည္းငယ္ ပြက္စျပဳၿပီး ပြက္ေရအေပၚမွာ အနည္ဖတ္ေတြ တက္လာတာ ေတြ႕ရပါလိမ့္မယ္။ အဲ့ဒီပထမေရကို အကုန္ သြန္ပစ္လိုက္ပါ။ အ႐ိုးနဲ႔ အသားကို ေရနဲ႔ ေသခ်ာ ျပန္သန္႔စင္ ေဆးေၾကာၿပီးမွ ဒုတိယေရ ထည့္ၿပီး ျပန္ျပဳတ္ပါ။အသားရဲ႕အညႇီနံ႔ ပိုသက္သာပါလိမ့္မယ္။

၃။ ေနာက္ၿပီး ဆန္ျပဳတ္ ျပဳတ္မယ္ဆိုလွ်င္ သာမန္လူေတြ အတြက္ဆိုလွ်င္ေတာ့ ပုံမွန္ဆိုရင္ ရွမ္းဆန္အေကာင္းစား (သို႔) ေပၚဆန္းေမႊးအေကာင္းစားကို ပိုမိုေစးပ်စ္ေစရန္အတြက္ေကာက္ညႇင္းဆန္နဲ႔ ေလးအခ်ိဳးတစ္ (၄:၁) စပ္ၿပီး ပိုေမႊးေအာင္ ေလွာ္ၿပီးမွ ျဖစ္ေစ ဒီအတိုင္း အျဖဴထည္ျဖစ္ေစ ျပဳတ္ၾကပါတယ္။

အစာအိမ္သမားမ်ားအတြက္ ဆိုလွ်င္ေတာ့ ေကာက္ညႇင္းဆန္ကို မေရာပါနဲ႔။ ႐ိုး႐ိုးေပၚဆန္းအေကာင္းဆုံးနဲ႔သာ အျဖဴထည္ျပဳတ္ပၚ။

၄။ အစာအိမ္သမားမ်ားအတြက္ ဆန္ျပဳတ္ျပဳတ္လွ်င္ င႐ုတ္ေကာင္းမႈန႔္တို႔ ဂ်င္းတို႔ မထည့္ရပါ။ ၾကက္သြန္ျဖဴ ႀကိဳက္လွ်င္ ထည့္ႏိုင္ပါသည္။ င႐ုတ္ေကာင္းနဲ႔ ခ်င္းက အပူအစပ္ဆိုေတာ့ အစာအိမ္နာတာကို အားေပးေစပါတယ္။

၅။ ဆန္ျပဳတ္ျပဳတ္လွ်င္ အိုးထဲကို ဆန္နဲ႔ ေရတခါထဲ အမ်ားႀကီး ထည့္မျပဳတ္ရပါ။ ပုံမွန္ ထမင္းေပါင္းအိုးတည္သလိုပဲ ေရကို ထည့္ၿပီး တည္ပါ။ ေရခမ္းသြားရင္ ေရေႏြးေလး ထပ္ျဖည့္ေပးပါ။ ထပ္ခါထပ္ခါ ျဖည့္ေပးၿပီး တေျဖးေျဖးၿပဲ လာရင္ ဇြန္းနဲ႔ျဖစ္ေစ ၾကက္ဥေခါက္တံနဲ႔ျဖစ္ေစ ဖိၿပီး ေခါက္ၿပီး ေၾကေအာင္ လိုက္ေျခေပးပါ။ ဒီနည္းက ဆန္ေစ့ေတြ အျမန္ေက်ၿပီး ၿပဲၿပီး ဆန္ျပဳတ္ အျမန္က်က္တဲ့နည္းပါ။

၆။ ဆန္ျပဳတ္ျပဳတ္မယ္ဆိုလွ်င္ ေရေႏြးအိုးတစ္လုံးေတာ့ အရင္တည္ထားပါ။ ေရထည့္ဖို႔လိုတိုင္း ေရေႏြးကိုသာ ထည့္ပါ။ ေရေအးကို မထည့္ရပါ။

၇။ အသားဆန္ျပဳတ္ဆိုလွ်င္ အသားေတြ ႏူးအိၿပဲလွ်င္ အိုးထဲက ဆယ္ၿပီး ႏုတ္ႏုတ္စင္းၿပီးမွ ျပန္ထည့္ပါ။

၈။ ႏို႔ဆန္ျပဳတ္ဆိုလွ်င္ေတာ့ ဆန္နဲ႔ ေရကို အရင္ျပဳတ္ၿပီးမွ ပ်စ္ပ်စ္ႏွစ္ႏွစ္ က်ိဳခ်က္ထားတဲ့ ႏြားႏို႔ျဖစ္ေစ သန႔္ရွင္းလတ္ဆတ္တဲ့ ႏို႔မႈန႔္ျဖစ္ေစ ထည့္ၿပီးမွ အရသာအတြက္ သၾကားနဲ႔ဆားကို ထည့္ပါ။

၉။ ပုံမွန္လူေတြဆိုရင္ေတာ့ အသားဆန္ျပဳတ္ထဲမွာ ၾကက္သြန္နီျဖဴ ဆီခ်က္၊ င႐ုတ္ေကာင္းမႈန႔္၊ ၾကက္သြန္ၿမိတ္၊မုန႔္ဖက္ေျခာက္ေၾကာ္၊ အီၾကာေကြး စသျဖင့္ ထည့္စားႏိုင္ပါတယ္။

အစာအိမ္သမားမ်ားကေတာ့ ႐ိုး႐ိုးအျဖဴထည္ပဲစားတာ ပိုသင့္ေတာ္ပါတယ္။

Credit-

လႈိင္လႈိင္

အိမ္ရွင္မ

Leave a Reply

Your email address will not be published. Required fields are marked *