ဗဟုတုသ

ခုနှစ်ရက်သားသမီးများ တစ်ပါတ်စာ ဟောစာတမ်း (၂၁.၅.၂၀၂၀ မှ ၂၇.၅.၂၀၂၀ အထိ)။

(Unicode)

တစ်ပါတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း (၂၁.၅.၂၀၂၀ မှ ၂၇.၅.၂၀၂၀ အထိ)

တနင်္ဂနွေ-

အလုပ်သစ်၊ စီးပွားသစ်များ၊ ရပ်ဝေးခရီးစဉ်များအတွက် စီစဉ်ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်သည်။ မိမိအထက်အရာရှိများ မိမိကိုအုပ်ချုပ်သူများနှင့် သဘောထား ကွဲလွဲမှု ရှိနေပါလိမ့်မည်။ လူမှုဆက်ဆံရေးများတွင် အနစ်နာခံရမှု များပြားနေရပါလိမ့်မည်။ အရာရာတွင် စိတ်မြန်လက်မြန် ပြုတတ်သူ ဖြစ်သော်လည်း မိမိ၏ လုပ်ဆောင်ချက်များသည် ယခုအချိန် နှေးကွေးလေးလံနေမည်။ ကြုံတွေ့ပတ်သက်လာတတ်ပါသော မည်သည့်ကိစ္စတွင်မဆို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရန်လိုပါသည်။ အတွေးအခေါ် ကောင်း၍ ရှေ့ရေးအတွက်ကြိုတင်ကြံဆ နည်းလမ်းရှာဖွေ ထားသူများ အလွန်ကောင်းပါလိမ့်မည်။ ရုတ်တရက် ကြုံတွေ့ရသော အခြေအနေများအပေါ်တွင် ကြုံသလို ရင်ဆိုင်ရသူများအဖို့ အခက်အခဲများ ရှိနိုင်ပါတယ်။

အိမ်ထောင်ဘက်၏ အလိုက်သိစွာ အားပေးမှု၊ နားလည်ပေးမှုများကြောင့် စိတ်ချမ်းသာရပါလိမ့်မည်။ အနုပညာလုပ်ငန်း၊ အနုပညာသည်များနှင့် ရင်းရင်းနှီးနှီးပူးတွဲ၍ စီးပွားရေးကိစ္စများ ဆောင်ရွက်မှု ပြုရပါလိမ့်မည်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ ပြဿနာတွေက မိမိက ပါဝင်ကူဖြေရှင်းပေးနေရတတ်ပါ တယ်။ ပညာရေးမှာတော့ အားရစရာကောင်းတဲ့ အနေအထားပါပဲ။ ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေတတ်ပါတယ်။ အကျိုးပေးဂဏန်း ၁/၄/၃ အထူးဟော အနည်းငယ်အလုပ်များ၍ ပင်ပန်းနေရတတ်ပါတယ်။ ယတြာ-ကိတ်မုန့်နှစ်ချပ် ကလေးတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။

တနင်္လာ-

ဒီကာလအတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းဖြင့် အောင်မြင်နေတတ်သည်။ အထူးသဖြင့် မျှမျှတတဖြင့် အုပ်စုလိုက်လုပ်ရသော စီးပွားရေးလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ မွေးရပ်မြေများ၊ မိမိကျင်လည်ခဲ့တဲ့ နေရာများသို့ သွားရောက်လည်ပတ်ရတတ်သည်။ ရရှိရန်ရှိသော ငွေကြေးများလည်း အလွယ်တကူပြန်၍ ရရှိပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများကြားတွင် မျက်နှာပွင့်ခြင်း၊ အရေးပေးခံရခြင်း၊ ဦးစားပေးခံရခြင်းများ ဖြစ်ပေါ်ပါလိမ့်မည်။ သားသမီးရတနာရဖို့ ခက်ခဲနေသူများ သမားတော်ကောင်းနဲ့ ပြသင့်တဲ့ ကာလပါပဲ။

အိမ်အတွက် လိုအပ်နေသော ဇိမ်ခံအသုံးအဆောင် ပစ္စည်းအချို့ ဝင်လာပါလိမ့်မည်။ အိမ်၊ မြေ ပိုင်ဆိုင်ခွင့်များ၊စာချုပ်စာတမ်းများ လက်ဝယ်ပိုင်ဆိုင်ခွင့်ရမည်။ အချစ်ရေးတွင် ချစ်သူက အရာရာ ခွင့်လွှတ်နားလည်ပေးပါလိမ့်မယ်။ တတ်နိုင်သမျှ ကုသိုလ် ကောင်းမှုများ ပြုလုပ်ပေးပါ။ ကုသိုလ်ကောင်းမှုနဲ့အတူ ကံကောင်းခြင်းတွေ တွဲပါလာပါလိမ့်မယ်။ လူငယ်များ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း၍ စိတ်သွားတိုင်းကိုယ်ပါ၍ စိတ်ချမ်းသာမှုများ ခံစားရပါလိမ့်မည်။ အသက်ကြီးသူများ ကျန်းမာရေး အနည်းငယ် ညံ့နေပါတယ်။ အငန်လျှော့စားလိုက်ပါ။ အိမ်ထောင်ရေးအညံ့ မရှိနိုင်ပါဘူး။ ပညာရေးမှာတော့ ကျောင်းပညာထက် အသိပညာဗဟုသုတတွေ ရလွယ်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၂/၅/၈ အထူးဟော ကံအကောင်းလေးတွေ များပါတယ်။ ယတြာ-ငှက်ပျော်သီးမှည့်တစ်ဖီး ရဟန်းတစ်ပါးကို လောင်းလှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ထင်ရှား၍သိသာစေသော ပြောင်းလဲမှုများ ကြုံရစေတတ်ပါသည်။ ရွှေ၊ ငွေ၊ ကျောက်၊ အဖိုးတန်ပစ္စည်းရောင်းဝယ်သူများ အကျိုးစီးပွားဖြစ် ထွန်းလာပါလိမ့်မည်။ မိမိအပေါ်တွင် ယုံကြည်အားကိုးလို သူများရှိနေပါလိမ့်မည်။ ရေရှည်တိုးတတ်ကောင်းမွန်စေမည့်လုပ်ငန်းများ စတင်၍လုပ်ကိုင်ဖြစ်ပါလိမ့်မည်။ မိမိ မမျှော်လင့်ခဲ့သော အလုပ်နှင့်ငွေကြေးများစွာ ရရှိပါလိမ့်မည်။ မိမိ၏စိတ်ထားမှန်စွာဖြင့် အကူအညီပေးခဲ့ရမှုများအပေါ်တွင် စေတနာထားခဲ့ခြင်းအတွက် အကျိုးပေးခံစားခွင့်များ ရရှိစေမည့်အချိန် ဖြစ်ပါတယ်။

သိပ်ခက်တယ်လို့ ထင်ထားသောအရာများသည် လွယ်လင့်တကူ ပြီးမြောက်အောင်မြင်ခြင်း ရှိပါလိမ့်မယ်။ပညာရေးတွင်လည်း အစစအရာရာ အဆင်ပြေတိုးတတ်၍ သင်သမျှစာ၊ မေးသမျှ ပုစ္ဆာတိုင်း အောင်မြင်ထွန်း ပေါက်ပါ လိမ့်မည်။ မတင်မကျဖြစ်နေသည့် စီးပွားရေးအခြေအနေမျိုး ကြုံရပါက ချက်ချင်း ရင်ဆိုင်၍ အသစ်တစ်ခုကိုစ စဉ်းစားလိုက်ပါ။ချစ်သူက မတည်ကြည်ဘဲ ချစ်သူ၏နှုတ်ဖျား မှ အမျိုးမျိုးသော စကားများကိုမနားတမ်း ကြားနေရမည်။ အိမ်ထောင်သည်များ မိသားစုဝင်များအတွက် ပူပင်ရသော်လည်း ချစ်ခင်တရားတွေတိုးပွားပါလိမ့်မယ်။ကျန်းမာရေးကတော့ အညံ့အဆိုးတွေ များနေတတ်ပါတယ်။ ရာသီအကူးအပြောင်း ဖျားတတ်နာတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော လူအများရဲ့ယုံကြည်အားကိုးခြင်းကိုခံရတတ်ပါတယ်။ယတြာ-စံပယ်ပန်းလေးတွေ ဘုရားမှာဝေနေအောင်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု-

ဒီကာလအတွင်း အမြင်သစ်၊ အတွေးသစ်များ ဖြစ်ပေါ်လာခြင်းနှင့်အတူ မိတ်ဆွေသစ်များစွာ၏ ကူညီစောင့်ရှောက်ခြင်း ခံရပါလိမ့်မည်။ ညီအစ်ကို၊ ဆွေမျိုးသားချင်းများ၏ အကျိုးကျေးဇူး ပြုခြင်းကိုလည်း ခံစားရပါလိမ့်မည်။တစ်ပါးသူ၏ အကြီးမားဆုံး လိုအပ်ချက် အခက်အခဲတစ်ခုအား မိမိ၏အရည်အချင်းဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မှု ပြုပေးရပါလိမ့်မည်။ အခက်အခဲဖြစ်နေတာက အလုပ်တွေ မစနိုင်သေးတာမျိုး၊ လုပ်သလောက် အကျိုးမရှိတာမျိုးတွေ အလွန်မှဖြစ်တတ်ပါတယ်။ ကြုံသမျှ ပြဿနာတွေကို သည်းခံနားလည်ပေးနိုင်မှုကြောင့်တော်ရုံ အခက်အခဲတွေ ပြေလည်သွားတတ်ပါတယ်။ သားသမီးကို အလိုလိုက်ထားသူများ အမိုက်စော်ကားခြင်းကို ခံရတတ်ပါတယ်။ မိမိလုံ့လ၊ ဝီရိယစိုက်ထုတ်မှုကြောင့် အိမ်၊ အခန်း၊ မြေ၊ ယာဉ်တစ်မျိုးမျိုး ဝင်လာနိုင်ပါသည်။

သို့သော် ပြဿနာမရှင်းသော အခြေအနေများကလည်း ပူးတွဲ၍ ပါလာတတ်ပါတယ်။ ကျန်းမာရေး သင့်ပါသည်။အလွန်ဆုံး နှာစေး၊ ချောင်းဆိုးလောက်ပဲ ဖြစ်တတ်ပါတယ်။ အချစ်ရေးတွင် ကြားစကားတွေ၊ အနှောက်အယှက် တွေ မေ့ထားပြီးမှ ရှေ့ခရီးဆက် ဖြစ်အောင်ကြိုးစားရန် လိုအပ်ပါလိမ့်မည်။ အိမ်ထောင်ရေးမှာတော့အိမ်ထောင်ဘက်နဲ့ မျက်နှာချင်းဆိုင်ရချိန် နည်းနေတတ်ပါတယ်။ ပညာရေးမှာတော့ ဆရာအတုအယောင်တွေနဲ့ တွေ့ရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၄/၆/၀ အထူးဟော ဝီရိယအားကို အထူးစိုက်ထုတ်မှ အဆင်ပြေမည်။ယတြာ-ထမင်းဆီဆမ်းကို မြေပဲလေးဖြူးပြီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး-

ဒီကာလအတွင်း လူမှုစီးပွားရေး အမျိုးမျိုး တိုးတတ်ကြီးပွားမှု ကြုံရတတ်ပါတယ်။ တစ်ခုညံ့တာက ဝင်ငွေနဲ့ ထွက်ငွေ မမျှ ဖြစ်နေရတတ်ပါတယ်။ အိမ်တွင်းရေး၊ လူမှုရေးကိစ္စများတွင် စိတ်ကုန်နေမိပါလိမ့်မည်။ စွန့်စားရှာဖွေ သွားလာလိုစိတ်များ ထက်သန်နေမိပါလိမ့်မည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါမည်။ စီးပွားပြိုင်ဘက်များ အပေါ်တွင် အသာစီးဖြင့် အနိုင်ရလိုစိတ်ဖြင့်လုပ်ကိုင်ခြင်းမျိုး ရှောင်ပါ။ အတွေးအခေါ်ပိုင်းတွင် ရှင်းလင်းစွာ တွေးခေါ်နိုင်မှု အားနည်းနေတတ်သည်။ မိမိဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို အဓိကဦးစားပေး၍ ဆောင်ရွက်မှု ပြုသင့်ပါတယ်။ သစ်လွင်သော အတွေးစိတ်ကူးများကိုအသုံးချပါ။ စီးပွားရေးလုပ်ငန်းများတွင် အတ္တနှင့်ပရကို မျှတစွာ ဆောင်ရွက်သင့်တဲ့ ကာလပါပဲ။

လူအများ၏ စိတ်ဝင်စားမှု၊ အထင်ကြီးမှု ခံရလိမ့်မည်။ ခန္ဓာကိုယ်တွင် မတော်တဆ ထိခိုက်ဒဏ်ရာ ရစေတတ်ပါတယ်။ဆိုင်ကယ် အမောင်းမကြမ်းပါနဲ့။ ချော်လဲနိုင်တဲ့ နေရာတွေကိုသတိနဲ့ယှဉ်ပြီး သွားစေချင်ပါတယ်။ ချစ်သူအား အရာရာ အပြစ်မြင်၊ ဝေဖန်ပြဿနာရှာနေခြင်းအား အထူးဆင်ခြင်ရပါလိမ့်မည်။ ပညာရေး၊ သင်တန်း ကိစ္စများ၊ စာမေးပွဲ ကိစ္စများအတွက် စိတ်ချမ်းမြေ့မှုများ ရရှိလာပါလိမ့်မည်။ အိမ်ထောင်ရေး စန်းပွင့်နေတဲ့အတွက် လိင်မတူသူတွေနဲ့ အနေအထိုင် ဆင်ခြင်လိုက်ပါ။ အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော မလိုအပ်ဘဲ ငွေအပိုမသုံးမိပါစေနဲ့။ ယတြာ-နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။

သောကြာ-

ဒီကာလအတွင်း လုပ်ငန်းလုပ်ကိုင်ရာတွင် ထူးခြားသော အတွေးအခေါ်ကောင်းများဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိနေပါတယ်။ ဝန်ထမ်းများ ရာထူးတိုးမည်။ ပိုမိုများပြားသော တာဝန်ထမ်းဆောင်ရခြင်းမျိုးများ ရှိနေမည်။ လူမျိုးခြား၊ ဘာသာခြားများထံမှ အကူအညီများစွာ ရရှိစေပါလိမ့်မည်။ အတူနေသူအချင်းချင်း အဆင်မပြေမှုများ ဖြစ်စေရတတ်ပါတယ်။ ဌာနဆိုင်ရာအတွင်း အထက်လူကြီးများ၏ ယုံကြည်အားထားမှုများရတတ်ပါတယ်။ သူတို့ယုံကြည်တာ ကောင်းပေမယ့် မိမိအတွက်တော့ အလုပ်တွေ ပိုလာတတ်ပါတယ်။

ခင်မင်ရင်းနှီးသော မိတ်ဆွေများ၏ ဆိုးခြင်း၊ ကောင်းခြင်းသတင်းများ ကြားသိရပါလိမ့်မည်။ အတွေးအခေါ်၊ အယူအဆကောင်းများ၊ အကြံဉာဏ် ကောင်းများဖြင့် အများအကျိုးအတွက် ကူညီဖြေရှင်းပေးရခြင်းများ ပြုလုပ် နိုင်မည်။ အလုပ်ရှာနေသူများ ပတ်ဝန်းကျင် ကောင်းမှုကြောင့် အလုပ်ကောင်းတွေ ရလာတတ်ပါတယ်။ အစာအိမ်ရောဂါအခံရှိသူများ ဗိုက်နာ၊ ဗိုက်အောင့် အနည်းငယ်ဖြစ်ပေါ်ခြင်းမှလွဲ၍ ကျန်းမာရေး ကောင်းမွန်ပါလိမ့်မည်။အချစ်ရေးတွင် ချစ်သူကလဲ မိမိလိုပဲ အလုပ်များနေတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်ပြေသာယာမှုတွေ ရှိလာတတ်ပါတယ်။ ပညာရေးမှာတော့ ဆရာသင်တာကို နားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။ အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော စီးပွားကောင်းလာတတ်ပါတယ်။ ယတြာ-အကြော် ၅ခုဘုရားကပ်လှူလိုက်ပါ။

စနေ-

ဒီကာလအတွင်း စီးပွားရေးများ အသင့်အတင့်သာ ရှိနေပါတယ်။ အိမ်၊ ခြံ၊ မြေ ဝယ်ယူနိုင်ရန် အခက်အခဲရှိစေရတတ်ပါတယ်။ အပေါ်ယံ ဟန်ပြကောင်းဟန်ပြု ဆက်ဆံတတ်ပါသော မိတ်ဆွေအတုများနှင့်လည်း ဆုံရတတ်ပါ တယ်။ အရှေ့အရပ်၊ မြောက်အရပ်မှလာသော ညအိပ်ဧည့်သည်မျိုး လက်ခံမယ်ဆို သတိထားပြီး လက်ခံပါ။ ညဉ့်အိပ်၊ ညဉ့်နေအပြင် မထွက်သင့်ပါ။ စီးပွားပြိုင်ဘက်များအပေါ်တွင် မိမိက အသာစီး ရနေတတ်ပါတယ်။ မိမိ၏ လိုလားမှု တစ်ခုအတွက် ပေးဆပ်မှု ကြီးကြီးမားမားတွေ ဖြစ်ရတတ်တာကိုလဲ တန်ရဲ့လားလို့ပြန်တွေးစေချင်ပါတယ်။ အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်ကိုင်ရမည်။ လောင်းကစားကိုတော့ လုံးဝမလုပ်သင့်တဲ့ နေ့ရက်တွေပါပဲ။

ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်း၊ ခံတွင်းပျက်ခြင်းနှင့် သွားရောဂါများ ဖြစ်ပေါ်နေတတ်ပါတယ်။ အချစ်ရေးတွင် ပတ်ဝန်းကျင်ကိုလဲ မေ့မထားသင့်တဲ့ အချိန်ပါပဲ။ အများအမြင်မသင့်တော်တဲ့ အပြုအမှုအနေအထိုင်မျိုး ရှောင်လိုက်ပါ။ မြီးကောင်ပေါက်အရွယ်များ အဆွယ်ကောင်း၍ သာယာမိခြင်းကြောင့် အငယ်အနှောင်း စာရင်းဝင်ဖြစ်ရခြင်းမျိုး ကြုံရစေတတ်ပါတယ်။ အိမ်ထောင်ရေးတွင် သူများစကားကို ယုံခဲ့မိခြင်းအတွက် အိမ်ထောင်ဘက်နှင့် မပြေလည်မှုများ ကြုံရတတ်ပါတယ်။ ပညာရေးအပေါ် မိမိကိုယ်တိုင် စိတ်နှစ်မရ ဖြစ်နေတတ်ပါတယ်။ အကျိုးပေးဂဏန်း ၂/၃/၇ အထူးဟော အိမ်တွင်းရေး ပြဿနာလေးတွေ များနေရတတ်ပါတယ်။ ယတြာ-ဆေးအလှူလေးတွေများများလုပ်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

Credit-ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

(Zawgyi)

တစ္ပါတ္စာ ၇ရက္သားသမီးမ်ား ေဟာစာတမ္း (၂၁.၅.၂၀၂၀ မွ ၂၇.၅.၂၀၂၀ အထိ)

တနဂၤေႏြ-

အလုပ္သစ္၊ စီးပြားသစ္မ်ား၊ ရပ္ေဝးခရီးစဥ္မ်ားအတြက္ စီစဥ္ေဆာင္႐ြက္ရန္ အခ်ိန္အခါေကာင္းျဖစ္သည္။ မိမိအထက္အရာရွိမ်ား မိမိကိုအုပ္ခ်ဳပ္သူမ်ားႏွင့္ သေဘာထား ကြဲလြဲမႈ ရွိေနပါလိမ့္မည္။ လူမႈဆက္ဆံေရးမ်ားတြင္ အနစ္နာခံရမႈ မ်ားျပားေနရပါလိမ့္မည္။ အရာရာတြင္ စိတ္ျမန္လက္ျမန္ ျပဳတတ္သူ ျဖစ္ေသာ္လည္း မိမိ၏ လုပ္ေဆာင္ခ်က္မ်ားသည္ ယခုအခ်ိန္ ေႏွးေကြးေလးလံေနမည္။ ႀကဳံေတြ႕ပတ္သက္လာတတ္ပါေသာ မည္သည့္ကိစၥတြင္မဆို ထိပ္တိုက္ရင္ဆိုင္ ေျဖရွင္းရန္လိုပါသည္။ အေတြးအေခၚ ေကာင္း၍ ေရွ႕ေရးအတြက္ႀကိဳတင္ႀကံဆ နည္းလမ္းရွာေဖြ ထားသူမ်ား အလြန္ေကာင္းပါလိမ့္မည္။ ႐ုတ္တရက္ ႀကဳံေတြ႕ရေသာ အေျခအေနမ်ားအေပၚတြင္ ႀကဳံသလို ရင္ဆိုင္ရသူမ်ားအဖို႔ အခက္အခဲမ်ား ရွိႏိုင္ပါတယ္။

အိမ္ေထာင္ဘက္၏ အလိုက္သိစြာ အားေပးမႈ၊ နားလည္ေပးမႈမ်ားေၾကာင့္ စိတ္ခ်မ္းသာရပါလိမ့္မည္။ အႏုပညာလုပ္ငန္း၊ အႏုပညာသည္မ်ားႏွင့္ ရင္းရင္းႏွီးႏွီးပူးတြဲ၍ စီးပြားေရးကိစၥမ်ား ေဆာင္႐ြက္မႈ ျပဳရပါလိမ့္မည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရဲ႕ ျပႆနာေတြက မိမိက ပါဝင္ကူေျဖရွင္းေပးေနရတတ္ပါ တယ္။ ပညာေရးမွာေတာ့ အားရစရာေကာင္းတဲ့ အေနအထားပါပဲ။ က်န္းမာေရး ေဒါင္ေဒါင္ျမည္ ေကာင္းေနတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၁/၄/၃ အထူးေဟာ အနည္းငယ္အလုပ္မ်ား၍ ပင္ပန္းေနရတတ္ပါတယ္။ ယၾတာ-ကိတ္မုန႔္ႏွစ္ခ်ပ္ ကေလးတစ္ဦးကို ဝယ္ေကြၽးလိုက္ပါ။

တနလၤာ-

ဒီကာလအတြင္း စီးပြားေရးလုပ္ငန္းမ်ား အရွိန္အဟုန္ေကာင္းျဖင့္ ေအာင္ျမင္ေနတတ္သည္။ အထူးသျဖင့္ မွ်မွ်တတျဖင့္ အုပ္စုလိုက္လုပ္ရေသာ စီးပြားေရးလုပ္ငန္းမ်ား အဆင္ေျပပါလိမ့္မည္။ ေမြးရပ္ေျမမ်ား၊ မိမိက်င္လည္ခဲ့တဲ့ ေနရာမ်ားသို႔ သြားေရာက္လည္ပတ္ရတတ္သည္။ ရရွိရန္ရွိေသာ ေငြေၾကးမ်ားလည္း အလြယ္တကူျပန္၍ ရရွိပါလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားၾကားတြင္ မ်က္ႏွာပြင့္ျခင္း၊ အေရးေပးခံရျခင္း၊ ဦးစားေပးခံရျခင္းမ်ား ျဖစ္ေပၚပါလိမ့္မည္။ သားသမီးရတနာရဖို႔ ခက္ခဲေနသူမ်ား သမားေတာ္ေကာင္းနဲ႔ ျပသင့္တဲ့ ကာလပါပဲ။

အိမ္အတြက္ လိုအပ္ေနေသာ ဇိမ္ခံအသုံးအေဆာင္ ပစၥည္းအခ်ိဳ႕ ဝင္လာပါလိမ့္မည္။ အိမ္၊ ေျမ ပိုင္ဆိုင္ခြင့္မ်ား၊စာခ်ဳပ္စာတမ္းမ်ား လက္ဝယ္ပိုင္ဆိုင္ခြင့္ရမည္။ အခ်စ္ေရးတြင္ ခ်စ္သူက အရာရာ ခြင့္လႊတ္နားလည္ေပးပါလိမ့္မယ္။ တတ္ႏိုင္သမွ် ကုသိုလ္ ေကာင္းမႈမ်ား ျပဳလုပ္ေပးပါ။ ကုသိုလ္ေကာင္းမႈနဲ႔အတူ ကံေကာင္းျခင္းေတြ တြဲပါလာပါလိမ့္မယ္။ လူငယ္မ်ား ကိုယ္ခႏၶာ က်န္းမာသန္စြမ္း၍ စိတ္သြားတိုင္းကိုယ္ပါ၍ စိတ္ခ်မ္းသာမႈမ်ား ခံစားရပါလိမ့္မည္။ အသက္ႀကီးသူမ်ား က်န္းမာေရး အနည္းငယ္ ညံ့ေနပါတယ္။ အငန္ေလွ်ာ့စားလိုက္ပါ။ အိမ္ေထာင္ေရးအညံ့ မရွိႏိုင္ပါဘူး။ ပညာေရးမွာေတာ့ ေက်ာင္းပညာထက္ အသိပညာဗဟုသုတေတြ ရလြယ္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၂/၅/၈ အထူးေဟာ ကံအေကာင္းေလးေတြ မ်ားပါတယ္။ ယၾတာ-ငွက္ေပ်ာ္သီးမွည့္တစ္ဖီး ရဟန္းတစ္ပါးကို ေလာင္းလႉလိုက္ပါ။

အဂၤါ

ဒီကာလအတြင္း ထင္ရွား၍သိသာေစေသာ ေျပာင္းလဲမႈမ်ား ႀကဳံရေစတတ္ပါသည္။ ေ႐ႊ၊ ေငြ၊ ေက်ာက္၊ အဖိုးတန္ပစၥည္းေရာင္းဝယ္သူမ်ား အက်ိဳးစီးပြားျဖစ္ ထြန္းလာပါလိမ့္မည္။ မိမိအေပၚတြင္ ယုံၾကည္အားကိုးလို သူမ်ားရွိေနပါလိမ့္မည္။ ေရရွည္တိုးတတ္ေကာင္းမြန္ေစမည့္လုပ္ငန္းမ်ား စတင္၍လုပ္ကိုင္ျဖစ္ပါလိမ့္မည္။ မိမိ မေမွ်ာ္လင့္ခဲ့ေသာ အလုပ္ႏွင့္ေငြေၾကးမ်ားစြာ ရရွိပါလိမ့္မည္။ မိမိ၏စိတ္ထားမွန္စြာျဖင့္ အကူအညီေပးခဲ့ရမႈမ်ားအေပၚတြင္ ေစတနာထားခဲ့ျခင္းအတြက္ အက်ိဳးေပးခံစားခြင့္မ်ား ရရွိေစမည့္အခ်ိန္ ျဖစ္ပါတယ္။

သိပ္ခက္တယ္လို႔ ထင္ထားေသာအရာမ်ားသည္ လြယ္လင့္တကူ ၿပီးေျမာက္ေအာင္ျမင္ျခင္း ရွိပါလိမ့္မယ္။ပညာေရးတြင္လည္း အစစအရာရာ အဆင္ေျပတိုးတတ္၍ သင္သမွ်စာ၊ ေမးသမွ် ပုစာၦတိုင္း ေအာင္ျမင္ထြန္း ေပါက္ပါ လိမ့္မည္။ မတင္မက်ျဖစ္ေနသည့္ စီးပြားေရးအေျခအေနမ်ိဳး ႀကဳံရပါက ခ်က္ခ်င္း ရင္ဆိုင္၍ အသစ္တစ္ခုကိုစ စဥ္းစားလိုက္ပါ။ခ်စ္သူက မတည္ၾကည္ဘဲ ခ်စ္သူ၏ႏႈတ္ဖ်ား မွ အမ်ိဳးမ်ိဳးေသာ စကားမ်ားကိုမနားတမ္း ၾကားေနရမည္။ အိမ္ေထာင္သည္မ်ား မိသားစုဝင္မ်ားအတြက္ ပူပင္ရေသာ္လည္း ခ်စ္ခင္တရားေတြတိုးပြားပါလိမ့္မယ္။က်န္းမာေရးကေတာ့ အညံ့အဆိုးေတြ မ်ားေနတတ္ပါတယ္။ ရာသီအကူးအေျပာင္း ဖ်ားတတ္နာတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၃/၆/၅ အထူးေဟာ လူအမ်ားရဲ႕ယုံၾကည္အားကိုးျခင္းကိုခံရတတ္ပါတယ္။ယၾတာ-စံပယ္ပန္းေလးေတြ ဘုရားမွာေဝေနေအာင္လႉေပးပါ။

ဗုဒၶဟူး/ရာဟု-

ဒီကာလအတြင္း အျမင္သစ္၊ အေတြးသစ္မ်ား ျဖစ္ေပၚလာျခင္းႏွင့္အတူ မိတ္ေဆြသစ္မ်ားစြာ၏ ကူညီေစာင့္ေရွာက္ျခင္း ခံရပါလိမ့္မည္။ ညီအစ္ကို၊ ေဆြမ်ိဳးသားခ်င္းမ်ား၏ အက်ိဳးေက်းဇူး ျပဳျခင္းကိုလည္း ခံစားရပါလိမ့္မည္။တစ္ပါးသူ၏ အႀကီးမားဆုံး လိုအပ္ခ်က္ အခက္အခဲတစ္ခုအား မိမိ၏အရည္အခ်င္းျဖင့္ ေျပလည္ေအာင္ ေျဖရွင္းႏိုင္မႈ ျပဳေပးရပါလိမ့္မည္။ အခက္အခဲျဖစ္ေနတာက အလုပ္ေတြ မစႏိုင္ေသးတာမ်ိဳး၊ လုပ္သေလာက္ အက်ိဳးမရွိတာမ်ိဳးေတြ အလြန္မွျဖစ္တတ္ပါတယ္။ ႀကဳံသမွ် ျပႆနာေတြကို သည္းခံနားလည္ေပးႏိုင္မႈေၾကာင့္ေတာ္႐ုံ အခက္အခဲေတြ ေျပလည္သြားတတ္ပါတယ္။ သားသမီးကို အလိုလိုက္ထားသူမ်ား အမိုက္ေစာ္ကားျခင္းကို ခံရတတ္ပါတယ္။ မိမိလုံ႔လ၊ ဝီရိယစိုက္ထုတ္မႈေၾကာင့္ အိမ္၊ အခန္း၊ ေျမ၊ ယာဥ္တစ္မ်ိဳးမ်ိဳး ဝင္လာႏိုင္ပါသည္။

သို႔ေသာ္ ျပႆနာမရွင္းေသာ အေျခအေနမ်ားကလည္း ပူးတြဲ၍ ပါလာတတ္ပါတယ္။ က်န္းမာေရး သင့္ပါသည္။အလြန္ဆုံး ႏွာေစး၊ ေခ်ာင္းဆိုးေလာက္ပဲ ျဖစ္တတ္ပါတယ္။ အခ်စ္ေရးတြင္ ၾကားစကားေတြ၊ အေႏွာက္အယွက္ ေတြ ေမ့ထားၿပီးမွ ေရွ႕ခရီးဆက္ ျဖစ္ေအာင္ႀကိဳးစားရန္ လိုအပ္ပါလိမ့္မည္။ အိမ္ေထာင္ေရးမွာေတာ့အိမ္ေထာင္ဘက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ရခ်ိန္ နည္းေနတတ္ပါတယ္။ ပညာေရးမွာေတာ့ ဆရာအတုအေယာင္ေတြနဲ႔ ေတြ႕ရတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၄/၆/၀ အထူးေဟာ ဝီရိယအားကို အထူးစိုက္ထုတ္မွ အဆင္ေျပမည္။ယၾတာ-ထမင္းဆီဆမ္းကို ေျမပဲေလးျဖဴးၿပီးဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး-

ဒီကာလအတြင္း လူမႈစီးပြားေရး အမ်ိဳးမ်ိဳး တိုးတတ္ႀကီးပြားမႈ ႀကဳံရတတ္ပါတယ္။ တစ္ခုညံ့တာက ဝင္ေငြနဲ႔ ထြက္ေငြ မမွ် ျဖစ္ေနရတတ္ပါတယ္။ အိမ္တြင္းေရး၊ လူမႈေရးကိစၥမ်ားတြင္ စိတ္ကုန္ေနမိပါလိမ့္မည္။ စြန႔္စားရွာေဖြ သြားလာလိုစိတ္မ်ား ထက္သန္ေနမိပါလိမ့္မည္။ ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ပါမည္။ စီးပြားၿပိဳင္ဘက္မ်ား အေပၚတြင္ အသာစီးျဖင့္ အႏိုင္ရလိုစိတ္ျဖင့္လုပ္ကိုင္ျခင္းမ်ိဳး ေရွာင္ပါ။ အေတြးအေခၚပိုင္းတြင္ ရွင္းလင္းစြာ ေတြးေခၚႏိုင္မႈ အားနည္းေနတတ္သည္။ မိမိျဖစ္ခ်င္သည္ထက္ ျဖစ္သင့္သည္ကို အဓိကဦးစားေပး၍ ေဆာင္႐ြက္မႈ ျပဳသင့္ပါတယ္။ သစ္လြင္ေသာ အေတြးစိတ္ကူးမ်ားကိုအသုံးခ်ပါ။ စီးပြားေရးလုပ္ငန္းမ်ားတြင္ အတၱႏွင့္ပရကို မွ်တစြာ ေဆာင္႐ြက္သင့္တဲ့ ကာလပါပဲ။

လူအမ်ား၏ စိတ္ဝင္စားမႈ၊ အထင္ႀကီးမႈ ခံရလိမ့္မည္။ ခႏၶာကိုယ္တြင္ မေတာ္တဆ ထိခိုက္ဒဏ္ရာ ရေစတတ္ပါတယ္။ဆိုင္ကယ္ အေမာင္းမၾကမ္းပါနဲ႔။ ေခ်ာ္လဲႏိုင္တဲ့ ေနရာေတြကိုသတိနဲ႔ယွဥ္ၿပီး သြားေစခ်င္ပါတယ္။ ခ်စ္သူအား အရာရာ အျပစ္ျမင္၊ ေဝဖန္ျပႆနာရွာေနျခင္းအား အထူးဆင္ျခင္ရပါလိမ့္မည္။ ပညာေရး၊ သင္တန္း ကိစၥမ်ား၊ စာေမးပြဲ ကိစၥမ်ားအတြက္ စိတ္ခ်မ္းေျမ့မႈမ်ား ရရွိလာပါလိမ့္မည္။ အိမ္ေထာင္ေရး စန္းပြင့္ေနတဲ့အတြက္ လိင္မတူသူေတြနဲ႔ အေနအထိုင္ ဆင္ျခင္လိုက္ပါ။ အက်ိဳးေပးဂဏန္း ၁/၅/၇ အထူးေဟာ မလိုအပ္ဘဲ ေငြအပိုမသုံးမိပါေစနဲ႔။ ယၾတာ-ႏွင္းဆီပန္းဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ-

ဒီကာလအတြင္း လုပ္ငန္းလုပ္ကိုင္ရာတြင္ ထူးျခားေသာ အေတြးအေခၚေကာင္းမ်ားျဖင့္ လုပ္ကိုင္ႏိုင္စြမ္း ရွိေနပါတယ္။ ဝန္ထမ္းမ်ား ရာထူးတိုးမည္။ ပိုမိုမ်ားျပားေသာ တာဝန္ထမ္းေဆာင္ရျခင္းမ်ိဳးမ်ား ရွိေနမည္။ လူမ်ိဳးျခား၊ ဘာသာျခားမ်ားထံမွ အကူအညီမ်ားစြာ ရရွိေစပါလိမ့္မည္။ အတူေနသူအခ်င္းခ်င္း အဆင္မေျပမႈမ်ား ျဖစ္ေစရတတ္ပါတယ္။ ဌာနဆိုင္ရာအတြင္း အထက္လူႀကီးမ်ား၏ ယုံၾကည္အားထားမႈမ်ားရတတ္ပါတယ္။ သူတို႔ယုံၾကည္တာ ေကာင္းေပမယ့္ မိမိအတြက္ေတာ့ အလုပ္ေတြ ပိုလာတတ္ပါတယ္။

ခင္မင္ရင္းႏွီးေသာ မိတ္ေဆြမ်ား၏ ဆိုးျခင္း၊ ေကာင္းျခင္းသတင္းမ်ား ၾကားသိရပါလိမ့္မည္။ အေတြးအေခၚ၊ အယူအဆေကာင္းမ်ား၊ အႀကံဉာဏ္ ေကာင္းမ်ားျဖင့္ အမ်ားအက်ိဳးအတြက္ ကူညီေျဖရွင္းေပးရျခင္းမ်ား ျပဳလုပ္ ႏိုင္မည္။ အလုပ္ရွာေနသူမ်ား ပတ္ဝန္းက်င္ ေကာင္းမႈေၾကာင့္ အလုပ္ေကာင္းေတြ ရလာတတ္ပါတယ္။ အစာအိမ္ေရာဂါအခံရွိသူမ်ား ဗိုက္နာ၊ ဗိုက္ေအာင့္ အနည္းငယ္ျဖစ္ေပၚျခင္းမွလြဲ၍ က်န္းမာေရး ေကာင္းမြန္ပါလိမ့္မည္။အခ်စ္ေရးတြင္ ခ်စ္သူကလဲ မိမိလိုပဲ အလုပ္မ်ားေနတတ္ပါတယ္။ အိမ္ေထာင္ေရး အဆင္ေျပသာယာမႈေတြ ရွိလာတတ္ပါတယ္။ ပညာေရးမွာေတာ့ ဆရာသင္တာကို နားလည္ဖို႔ ခက္ခဲေနတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၁/၆/၉ အထူးေဟာ စီးပြားေကာင္းလာတတ္ပါတယ္။ ယၾတာ-အေၾကာ္ ၅ခုဘုရားကပ္လႉလိုက္ပါ။

စေန-

ဒီကာလအတြင္း စီးပြားေရးမ်ား အသင့္အတင့္သာ ရွိေနပါတယ္။ အိမ္၊ ၿခံ၊ ေျမ ဝယ္ယူႏိုင္ရန္ အခက္အခဲရွိေစရတတ္ပါတယ္။ အေပၚယံ ဟန္ျပေကာင္းဟန္ျပဳ ဆက္ဆံတတ္ပါေသာ မိတ္ေဆြအတုမ်ားႏွင့္လည္း ဆုံရတတ္ပါ တယ္။ အေရွ႕အရပ္၊ ေျမာက္အရပ္မွလာေသာ ညအိပ္ဧည့္သည္မ်ိဳး လက္ခံမယ္ဆို သတိထားၿပီး လက္ခံပါ။ ညဥ့္အိပ္၊ ညဥ့္ေနအျပင္ မထြက္သင့္ပါ။ စီးပြားၿပိဳင္ဘက္မ်ားအေပၚတြင္ မိမိက အသာစီး ရေနတတ္ပါတယ္။ မိမိ၏ လိုလားမႈ တစ္ခုအတြက္ ေပးဆပ္မႈ ႀကီးႀကီးမားမားေတြ ျဖစ္ရတတ္တာကိုလဲ တန္ရဲ႕လားလို႔ျပန္ေတြးေစခ်င္ပါတယ္။ အလုပ္ႏွစ္ခု တစ္ၿပိဳင္နက္တည္း လုပ္ကိုင္ရမည္။ ေလာင္းကစားကိုေတာ့ လုံးဝမလုပ္သင့္တဲ့ ေန႔ရက္ေတြပါပဲ။

ခႏၶာကိုယ္ ေလးလံထိုင္းမႈိင္းျခင္း၊ ခံတြင္းပ်က္ျခင္းႏွင့္ သြားေရာဂါမ်ား ျဖစ္ေပၚေနတတ္ပါတယ္။ အခ်စ္ေရးတြင္ ပတ္ဝန္းက်င္ကိုလဲ ေမ့မထားသင့္တဲ့ အခ်ိန္ပါပဲ။ အမ်ားအျမင္မသင့္ေတာ္တဲ့ အျပဳအမႈအေနအထိုင္မ်ိဳး ေရွာင္လိုက္ပါ။ ၿမီးေကာင္ေပါက္အ႐ြယ္မ်ား အဆြယ္ေကာင္း၍ သာယာမိျခင္းေၾကာင့္ အငယ္အေႏွာင္း စာရင္းဝင္ျဖစ္ရျခင္းမ်ိဳး ႀကဳံရေစတတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ သူမ်ားစကားကို ယုံခဲ့မိျခင္းအတြက္ အိမ္ေထာင္ဘက္ႏွင့္ မေျပလည္မႈမ်ား ႀကဳံရတတ္ပါတယ္။ ပညာေရးအေပၚ မိမိကိုယ္တိုင္ စိတ္ႏွစ္မရ ျဖစ္ေနတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၂/၃/၇ အထူးေဟာ အိမ္တြင္းေရး ျပႆနာေလးေတြ မ်ားေနရတတ္ပါတယ္။ ယၾတာ-ေဆးအလႉေလးေတြမ်ားမ်ားလုပ္ေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြ ျပည့္ဝပါေစ။

Credit-ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 / 09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *