Month: April 2019

ဗဟုတုသ

စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း

(Zawgyi) စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။ စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။ ရေရှိ / မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို / ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု […]

ဗဟုတုသ

အပင်စိုက်ဝါသနာရှင်များအတွက် ကိုယ်တိုင်လုပ် ပန်းပွင့်ဆေး

(Zawgyi) ပန်းများပွင့်စေလိုလျှင် ကိုယ်တိုင်လုပ် ပန်းပွင့်ဆေး ပန်းများပွင့်စေဖို့ အိမ်သုံးဆေးများ အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက် ပန်းပွင့်စေတဲ့အားဆေးတွေ ပြောပြချင်ပါတယ် ခင်ဗျ။ ပန်းဆိုပေမယ့် ဓါတ်သဘောအရ အသီးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် အလျင်းသင့်သလို ချဲ့ပြီး သုံးကြပါခင်ဗျ။ ( ၁ ) ကြက်ဥခွံ ဒါကတော့ ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများ သိနေလောက်ပါပြီခင်ဗျ ။ ကြက်ဥအခွံမှာက အပွင့်အတွက်လိုအပ်တဲ့ Calcium နဲ့ Phosphoric acid တို့အပြင် Nitrogen ပါ ပါဝင်လို့ အပင်ကိုလည်း အားရှိစေပါတယ်။ ကြက်ဥခွံကို အမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ် သုံးလို့ရသလို ဆေးရည်အနေနဲ့လည်း သုံးလို့ရပါတယ်ခင်ဗျ။ ဆေးရည် ရယူပုံက ကြက်ဥခွံ ငါးလုံးခန့်ကို ထုခြေပြီး ရေတစ်လီတာနဲ့ပြုပ်ပါတယ်။ ပြီးရင် ရေတစ်ဂါလံနဲ့ […]

ဗဟုတုသ

ခင်ကိုက်ဖုတွေ သက်သာအောင် လုပ်ပေးမယ့် မီးဖိုထဲက အရာများ

ခြင်ကိုက်ဖုတွေ သက်သာအောင် လုပ်ပေးမယ့် မီးဖိုထဲက အရာများ ======================================== မိုးရာသီဟာ စိုထိုင်းလှတဲ့ အတွက် ခြင်တွေ ပေါက်ဖွားလို့ အကောင်းဆုံး ရာသီပါ။ ကလေး၊ လူကြီး မရွေး ဖြစ်တတ်တဲ့ ငှက်ဖျား၊ တုပ်ကွေးရောဂါတွေဟာ ခြင်ကနေ တဆင့် ကူးစက်တာကြောင့် မိုးတွင်းဟာ ခြင်အန္တာရာယ် ဂရုစိုက်ရမယ့် လပါ။ ခြင်ကိုက်သွားတဲ့ အခါမှာလည်း အချိန်အတော်ကြာ ယားယံပြီး အဖုအပိန့်လေးတွေ ထွက်လာတဲ့ အခါ ကုတ်ဖဲ့ကြရင်း အမာရွတ်တွေ ဖြစ်ပြီး အလှတွေ လျှော့ရပြန်ပါတယ်။ အိမ်မှာပဲ အလွယ်တကူ ရှိတဲ့ အစားအစာတွေနဲ့ ခြင်ကိုက်နာတွေကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ မခက်ခဲတဲ့ နည်းလမ်းကောင်းလေးတွေကို မျှစေပါရစေ။ ၁။ လက်ဖက်စိမ်း အထုပ်လေးတွေကို ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ အေးလာရင် […]

ဗဟုတုသ

သိမ်းထားရမည့် တန်ဖိုး အလွန်ရှိသော သဘာဝ ဆေးနည်းတိုများ

(Zawgyi) တန်ဖိုး အလွန်ရှိသော သဘာဝ ဆေးနည်းတိုများ ဝက်ခြံပျောက်နည်း …. ကြက်ဟင်းခါး အစေ့ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပါ။ ရလာသော အနှစ်ကို အရက်အနည်းငယ်နှင့် သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့် ဝက်ခြံများကို လိမ်းပေးပါက ဝက်ခြံများ ပျောက်ပါသည်။ အရိုး စူးလျှင်ပျောက်နည်း …. ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက ကြက်ဥအစိမ်းကို ခွဲပြီး တစ်ခါတည်း မျိုချလိုက်ပါက ငါးရိုးသည် တစ်ခါတည်း လျှောကျသွားပါလိမ့်မည်။ ခြေထောက် ကို သံစူးလျှင် သက်သာနည်း …. သံစူးသောနေရာတွင် ဆားနှင့် ဂျင်းကို ကြိတ်ပြီး အုံပေးပါ။ သံ အဆိပ်ရှိသမျှ ၎င်းဂျင်းထဲသို့ ကျလာပါလိမ့်မည်။ တစ်နေ့လျှင် နှစ်ခါ အုံပေးရပါသည်။ ဆံပင် မကျွတ်စေသောနည်း…. အမျိုးသမီးများ ဆံပင်ကျွတ်သည် […]

သတင်း

အထက်သို့လေများ အန်နေသဖြင့် အစားအသောက် မဝင်နိုင်အောင် ဖြစ်နေရသော သူများအတွက်

(Zawgyi) လေအန်ရောဂါ လေမျိုး ၈ဝ တွင်ပါဝင်သော အတိဥဂ္ဂါရ(အလွန်အန်သောလေ)ရောဂါဖြစ်သည်။ အာယုဗ္ဗေဒဆေးကျမ်းများမှ လာသည်။ အထက်သို့လေအန်များနေသဖြင့် အစားအသောက် မဝင်နိုင်အောင် ဖြစ်ရသော လေရောဂါဖြစ်သည်။ မန်ကျည်းမှည့်နှင့် ထန်းလျက်ဖျော်ရည်တွင် ဆားလှော်ထည့်သောက်ပါ။ ငုသီးအနှစ် နှစ်ကျပ်သား၊ ဇဝက်သာ တစ်ကျပ်သား၊ သိန္ဓောတစ်ကျပ်သား ရောစပ်၍ သောက်လျှင် လေအန်ရောဂါ သက်သာစေသည်။ ချင်းခြောက်အမှုန့်၊ ပိတ်ချင်းအမှုန့်၊ သိန္ဓောဆား၊ ဆားပုပ်၊ ကျောက်ချဉ် ထိုငါးမျိုးရောစပ်ပြီး တစ်မတ်သားခန့်(ကော်ဖီဇွန်းငယ် တစ်ဇွန်းခန့်) သောက်သုံးပေးပါ။ ကြွေပုပ်ကို သံပရာရည်နှင့်စိမ်၊ ပျော်သွားသောအခါ ဇဝက်သာရည် အနည်းငယ်စပ်၍ သောက်ပေးပါ။ ကင်ပွန်းချဉ်ရွက်နှင့် ကန်စွန်းရွက်တို့ကို မန်ကျည်းမှည့်ထည့်၍ ချဉ်ရည်ဟင်း ချက်သောက်ပါ။ ဒိန်ချဉ်သန့်သန့်ကို သကြားနှင့်စပ်သောက်ပါ။ ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ နွားနို့ ၂၅ ကျပ်သားကို ဆား […]

ဗဟုတုသ

မုန့်လက်ဆောင်းဖတ် လုပ်နည်း

(Zawgyi) မုန့်လက်ဆောင်းဖတ်လုပ်နည်း မြန်မာမုန့်များထဲမှ နေရာဒေသတိုင်းမှာ ရှိတတ်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ မုန့်မို့ရင်အေးစေပါတယ်။ နွေရာသီပူပူမှာ မုန့်လက်ဆောင်းလေး သောက်လိုက်ရရင်တော့ ဘယ်နဲ့မှ မလဲနိုင်တဲ့ အရသာကို ရရှိစေမှာဖြစ်ပါတယ်။ အစိမ်းရောင်အနေနဲ့ ဆွမ်းမွှေးရွက်ကို အသုံးပြုထားပါတယ်။ အစိမ်းရောင် Food Colourကိုလဲ အစားထိုး အသုံးပြုနိုင်ပါတယ်ရှင်။ ပါဝင်ပစ္စည်းများ ဆန်မှူန့် ၅၀သား..(800gm) ထုံးရေကြည် (ထမင်စားဇွန်း ၂ဇွန်း) ဆွမ်းမွှေးရွက် ၄ရွက် ရေသန့် ၁လီတာခွဲ (ရေသန့်ဗူး ၁ဗူးခွဲ) ဆား လက်ဖက်စားဇွန်း ၁ဇွန်း ကြေးအိုး သို့မဟုတ် ဒန်အိုး ခပ်ထူထူအသုံးပြုလို့ရပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့် ပထမဦးစွာ ဆွမ်းမွှေးရွက်ကို ဆေးကြောပြီး လက်တဆစ်ခန့် ဖြတ်ထားပါ။ ကြိတ်စက်ထဲသို့ ရေအနည်းငယ်နှင့် ဆွမ်းမွှေးရွက်များ ထည့်၍ ညှက်အောင်ကြိတ်ပြီး ရရှိလာတဲ့ […]

ဗဟုတုသ

သင့်ဘ၀ကို ပြောင်းလဲသွားနိုင်တဲ့ ပုံပြင်တစ်ပုဒ်

(Zawgyi) သင့်ဘ၀ကို ပြောင်းလဲသွားနိုင်တဲ့ ပုံပြင်တစ်ပုဒ် ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။ အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ […]

ဗဟုတုသ

ကျွဲ၊ နွား ခွာနာ လက်တွေ့ပျောက်ဆေးကောင်း မျှဝေလိုက်ပါသည်။

(Zawgyi) ကျွဲ၊ နွား ခွာနာ ပျောက်ဆေး ရွှံ့ဗွက်များတွင် ကျွဲ၊ နွားများ နစ်ကျွံကြခြင်းကြောင့် ခွာနာရောဂါများဖြစ်လာကာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ နေရာမှာပင် ဝပ်လဲနေကြရပါတယ်။ ဒီအထွက် မပူပါနှင့်။ အနာသိလျှင် ဆေးရှိပါတယ်။ စက်ကျအင်ဂျင်ဝိုင်( စက်ထဲတွင် မကောင်းတော့၍ ထုတ်ပစ်ကာ သိမ်းထားသော အင်ဂျင်ဝိုင်)ကို ဒဏ်ရာပေါ် လောင်းထည့်ပေးလိုက်ပါ။ အံသြစရာကောင်းလောက်အောင် ခြေထောက်များတွင်ဖြစ်နေသော ခွာနာဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ မကြာမီ မိုးရာသီ ဝင်ပါတော့မယ်။ မိုးရာသီတွင် ကျွဲ၊ နွားများ ခွာနာရောဂါဖြစ်လေ့ရှိရာ တောင်သူဦးကြီးများကို အထောက်အပံ့ အလို့ဌာ ဤ status ဖြင့် အသိပေး မျှဝေလိုက်ရပါတယ်။ စေတနာများစွာဖြင့်… (ဆောင်းပါးရှင်…ပေါက်ပေါက် @ Promise Pauk…မျှဝေသည်) Credit – Tin Htet Htet […]

ဗဟုတုသ

ကိုယ့်ကို တယောက်ယောက်က မကောင်းကြံနေတာမျိုး၊ မလိုမုန်းထားရှိတာမျိုး၊ အတိုက်အခိုက်တွေ ရှိနေတာမျိုး ကြုံတဲ့အခါ

(Zawgyi) ကိုယ့်ကို တယောက်ယောက်က မကောင်းကြံနေတာမျိုး၊ မလိုမုန်းထားရှိတာမျိုး အတိုက်အခိုက်တွေ ရှိနေတယ်လို့ ကိုယ့်ရဲ့ ဆဌမအာရုံက သိနေတာမျိုးကို မယုံပေမယ့် မကောင်းတာ ဆက်တိုက်ဆိုသလို တွေ ဖြစ်လာတာမျိုး ရှိတဲ့အခါ… မကောင်းတာတွေကို ဖယ်ရှားဖို့ တလျော်နဲ့ ခေါင်းလျှော်ရင်း ( ဗုဒ္ဓံ ဓမ္မံ သဃံ) ရွတ်ဆို ( သံဗုဒ္ဓေ ဂါထာကို သက်စေ့ ) ရွတ်ဆိုရင် မကောင်းတာအားလုံးကို ဖယ်ရှားပစ်နိုင်တယ် ဆိုတာယုံပါ… အမျိုးသားများအနေနဲ့လဲ တလျောကင်ပွန်းနဲ့ ခေါင်းလျှော်ရင် ဘုန်းကံကြီးမားပီး အိမ်ဦးနတ်အဆင်ပြေရင် တစ်မိသားစုလုံးကို အကျိုးသက်ရောက်စေလို့ မဟေသီမမ များကလဲ အိမ်ဦးနတ်ကို တလျော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ တိုက်တွန်းပေးကြပါလို့ အကြံပေးလိုပါတယ်။ “ဘုန်းပွင့် ကံပွင့်” လူဟာ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့ အချိန်မျိုးကို ကြုံရတတ်ပါတယ်။ […]

ဗဟုတုသ

အတာအိုးအကြောင်းသိကောင်းစရာများ•••

အတာအိုးအကြောင်းသိကောင်းစရာများ••• အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့…….. တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ … အင်္ဂင်္ါဆို ဇီးရွက်၊ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆိုသပြေပန်း၊စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်…… နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ […]

Back To Top