ဗဟုတုသ

မုန့်လက်ဆောင်းဖတ် လုပ်နည်း

(Zawgyi)

မုန႔္လက္ေဆာင္းဖတ္လုပ္နည္း

ျမန္မာမုန႔္မ်ားထဲမွ ေနရာေဒသတိုင္းမွာ ရွိတတ္တဲ့ မုန႔္မ်ိဳးျဖစ္ပါတယ္။ ဆန္နဲ႔လုပ္ထားတဲ့ မုန႔္မို႔ရင္ေအးေစပါတယ္။ ေႏြရာသီပူပူမွာ မုန႔္လက္ေဆာင္းေလး ေသာက္လိုက္ရရင္ေတာ့ ဘယ္နဲ႔မွ မလဲႏိုင္တဲ့ အရသာကို ရရွိေစမွာျဖစ္ပါတယ္။

အစိမ္းေရာင္အေနနဲ႔ ဆြမ္းေမႊး႐ြက္ကို အသုံးျပဳထားပါတယ္။ အစိမ္းေရာင္ Food Colourကိုလဲ အစားထိုး အသုံးျပဳႏိုင္ပါတယ္ရွင္။

ပါဝင္ပစၥည္းမ်ား

ဆန္မႉန႔္ ၅၀သား..(800gm)

ထုံးေရၾကည္ (ထမင္စားဇြန္း ၂ဇြန္း)

ဆြမ္းေမႊး႐ြက္ ၄႐ြက္

ေရသန႔္ ၁လီတာခြဲ (ေရသန႔္ဗူး ၁ဗူးခြဲ)

ဆား လက္ဖက္စားဇြန္း ၁ဇြန္း

ေၾကးအိုး သို႔မဟုတ္ ဒန္အိုး ခပ္ထူထူအသုံးျပဳလို႔ရပါတယ္။

ျပဳလုပ္ပုံ အဆင့္ဆင့္

ပထမဦးစြာ ဆြမ္းေမႊး႐ြက္ကို ေဆးေၾကာၿပီး လက္တဆစ္ခန႔္ ျဖတ္ထားပါ။ ႀကိတ္စက္ထဲသို႔ ေရအနည္းငယ္ႏွင့္ ဆြမ္းေမႊး႐ြက္မ်ား ထည့္၍ ညႇက္ေအာင္ႀကိတ္ၿပီး ရရွိလာတဲ့ အစိမ္းေရာင္အရည္မ်ားကို ဇကာအစစ္ျဖင့္ စစ္ယူထားပါ။

အိုးတခုထဲ ဆန္မႈန႔္ ေရသန႔္ ဆား ဆြမ္းေမႊးႀကိတ္ရည္ႏွင့္ ထုံးရည္ၾကည္တို႔ကို သမေအာင္ ေရာစပ္ၿပီး ပိတ္စပါးပါး သို႔မဟုတ္ ဇကာစစ္ျဖစ္ စစ္ယူပါ။

ရရွိလာေသာ မုန႔္ရည္မ်ားကို အိုးထဲထည့္၍ မီးဖိုေပၚတင္၍ သစ္သားေယာင္းမျဖင့္ အဆက္မျပတ္ မီးအေနေတာ္ျဖင့္ ေမႊေပးပါ.. .ေမႊခ်ိန္ ၅မိနစ္အၾကာမွာ မုန္ရည္မ်ားပစ္ခဲလာလိမ့္မည္။ ထိုအခ်ိန္တြင္ အခဲမ်ားကို ခပ္ျမန္ျမန္ ေၾကေအာင္ ဂ႐ုတစိုက္ေမႊေပးၿပီး မီးအရွိန္ေလွ်ာ့ၿပီး နာရီဝက္ခန႔္ မုန႔္သားမ်ားၾကည္လာေအာင္ ေမႊေပးပါ။ ေမႊေနတဲ့ေယာင္းမကို အေပၚသို႔ဆြဲတင္ၿပီး မုန႔္သားမ်ား ႂကြက္ျမႇီးတန္းလာၿပီးဆို မီးပိတ္ၿပီး ၅မီနစ္ေလာက္အေအးခံၿပီး..မုန႔္ညႇစ္ခြက္ထဲ့သို႔ ထည့္ၿပီး ေရေအးထည့္ထားေသာ ဇလုံထဲသို႔ ညႇစ္ထည့္ပါ။ မုန႔္ဖတ္မ်ားကို ဆယ္ယူ၍ ေရေအးဇလုံကို ၃လုံးေလာက္ ထားၿပီး မုန႔္ဖတ္ကို အပူေငြ႕ကုန္သည္ထိေရဇလုံေတြထဲ ေျပာင္းစိမ္ထားေပးရပါတယ္။ မုန႔္ဖတ္ကို အခ်ိန္ၾကာၾကာေလးက်ိဳေပးရင္ တင္းတင္းေလးနဲ႔ ပိုစားေကာင္းပါတယ္ရွင္။

Credit : Thidar lay lay

Via – MiMiTun

(Unicode)

မုန့်လက်ဆောင်းဖတ်လုပ်နည်း

မြန်မာမုန့်များထဲမှ နေရာဒေသတိုင်းမှာ ရှိတတ်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ မုန့်မို့ရင်အေးစေပါတယ်။ နွေရာသီပူပူမှာ မုန့်လက်ဆောင်းလေး သောက်လိုက်ရရင်တော့ ဘယ်နဲ့မှ မလဲနိုင်တဲ့ အရသာကို ရရှိစေမှာဖြစ်ပါတယ်။

အစိမ်းရောင်အနေနဲ့ ဆွမ်းမွှေးရွက်ကို အသုံးပြုထားပါတယ်။ အစိမ်းရောင် Food Colourကိုလဲ အစားထိုး အသုံးပြုနိုင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

ဆန်မှူန့် ၅၀သား..(800gm)

ထုံးရေကြည် (ထမင်စားဇွန်း ၂ဇွန်း)

ဆွမ်းမွှေးရွက် ၄ရွက်

ရေသန့် ၁လီတာခွဲ (ရေသန့်ဗူး ၁ဗူးခွဲ)

ဆား လက်ဖက်စားဇွန်း ၁ဇွန်း

ကြေးအိုး သို့မဟုတ် ဒန်အိုး ခပ်ထူထူအသုံးပြုလို့ရပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်

ပထမဦးစွာ ဆွမ်းမွှေးရွက်ကို ဆေးကြောပြီး လက်တဆစ်ခန့် ဖြတ်ထားပါ။ ကြိတ်စက်ထဲသို့ ရေအနည်းငယ်နှင့် ဆွမ်းမွှေးရွက်များ ထည့်၍ ညှက်အောင်ကြိတ်ပြီး ရရှိလာတဲ့ အစိမ်းရောင်အရည်များကို ဇကာအစစ်ဖြင့် စစ်ယူထားပါ။

အိုးတခုထဲ ဆန်မှုန့် ရေသန့် ဆား ဆွမ်းမွှေးကြိတ်ရည်နှင့် ထုံးရည်ကြည်တို့ကို သမအောင် ရောစပ်ပြီး ပိတ်စပါးပါး သို့မဟုတ် ဇကာစစ်ဖြစ် စစ်ယူပါ။

ရရှိလာသော မုန့်ရည်များကို အိုးထဲထည့်၍ မီးဖိုပေါ်တင်၍ သစ်သားယောင်းမဖြင့် အဆက်မပြတ် မီးအနေတော်ဖြင့် မွှေပေးပါ.. .မွှေချိန် ၅မိနစ်အကြာမှာ မုန်ရည်များပစ်ခဲလာလိမ့်မည်။ ထိုအချိန်တွင် အခဲများကို ခပ်မြန်မြန် ကြေအောင် ဂရုတစိုက်မွှေပေးပြီး မီးအရှိန်လျှော့ပြီး နာရီဝက်ခန့် မုန့်သားများကြည်လာအောင် မွှေပေးပါ။ မွှေနေတဲ့ယောင်းမကို အပေါ်သို့ဆွဲတင်ပြီး မုန့်သားများ ကြွက်မြှီးတန်းလာပြီးဆို မီးပိတ်ပြီး ၅မီနစ်လောက်အအေးခံပြီး..မုန့်ညှစ်ခွက်ထဲ့သို့ ထည့်ပြီး ရေအေးထည့်ထားသော ဇလုံထဲသို့ ညှစ်ထည့်ပါ။ မုန့်ဖတ်များကို ဆယ်ယူ၍ ရေအေးဇလုံကို ၃လုံးလောက် ထားပြီး မုန့်ဖတ်ကို အပူငွေ့ကုန်သည်ထိရေဇလုံတွေထဲ ပြောင်းစိမ်ထားပေးရပါတယ်။ မုန့်ဖတ်ကို အချိန်ကြာကြာလေးကျိုပေးရင် တင်းတင်းလေးနဲ့ ပိုစားကောင်းပါတယ်ရှင်။

Credit : Thidar lay lay

Via – MiMiTun

Leave a Reply

Your email address will not be published. Required fields are marked *