ဗဟုတုသ

သိမ္းထားရမည့္ တန္ဖိုး အလြန္ရွိေသာ သဘာ၀ ေဆးနည္းတိုမ်ား

(Zawgyi)

တန္ဖိုး အလြန္ရွိေသာ သဘာ၀ ေဆးနည္းတိုမ်ား

ဝက္ၿခံေပ်ာက္နည္း …. ၾကက္ဟင္းခါး အေစ့ကို ဆားႏွင့္ေရာၿပီး ညက္ေအာင္ႀကိတ္ပါ။ ရလာေသာ အႏွစ္ကို အရက္အနည္းငယ္ႏွင့္ သင့္႐ုံေဖ်ာ္ၿပီးေနာက္ ရလာေသာ အရည္ႏွင့္ ဝက္ၿခံမ်ားကို လိမ္းေပးပါက ဝက္ၿခံမ်ား ေပ်ာက္ပါသည္။

အ႐ိုး စူးလွ်င္ေပ်ာက္နည္း …. ငါး႐ိုးစူးလွ်င္ လည္ေခ်ာင္းထဲမွ ထုတ္မရပါက ၾကက္ဥအစိမ္းကို ခြဲၿပီး တစ္ခါတည္း မ်ိဳခ်လိုက္ပါက ငါး႐ိုးသည္ တစ္ခါတည္း ေလွ်ာက်သြားပါလိမ့္မည္။

ေျခေထာက္ ကို သံစူးလွ်င္ သက္သာနည္း …. သံစူးေသာေနရာတြင္ ဆားႏွင့္ ဂ်င္းကို ႀကိတ္ၿပီး အုံေပးပါ။ သံ အဆိပ္ရွိသမွ် ၎ဂ်င္းထဲသို႔ က်လာပါလိမ့္မည္။ တစ္ေန႔လွ်င္ ႏွစ္ခါ အုံေပးရပါသည္။

ဆံပင္ မကြၽတ္ေစေသာနည္း…. အမ်ိဳးသမီးမ်ား ဆံပင္ကြၽတ္သည္ ဆိုပါက ပ်ားရည္ႏွင့္ ဂုံညင္းခဲတို႔ကို ေသြးၿပီး ဆံပင္ကို လိမ္းေပးပါက ဆံပင္မ်ား ကြၽတ္ထြက္ျခင္း မျဖစ္ႏိုင္ေတာ့ပါ။

အိပ္ေပ်ာ္နည္း …. ဒန႔္ကြၽဲေစ့ေျခာက္ကို မီးႏွင့္ေလွာ္ အမႈန႔္ျပဳၿပီး ေကာ္ဖီႏွင့္ ေရာေသာက္ပါ။

ေခါင္းကိုက္ သက္သာနည္း …. ကိုယ္လက္ပင္ပန္းၿပီး ေခါင္းကိုက္လွ်င္ သံပုရာသီး တစ္ျခမ္းကို အႏွပ္ရည္က်က်ထဲသို႔ ထည့္ၿပီးေသာက္ပါက ေခါင္းကိုက္ သက္သာေပ်ာက္ကင္းပါသည္။

ႏွလုံးေရာဂါႏွင့္ ႏွလုံးတုန္ေပ်ာက္နည္း …. ဗာဒံေစ့ အနည္းငယ္ကို ညက္ေအာင္ေထာင္းၿပီး ႏြားႏို႔ႏွင့္ ေရာစပ္ၿပီး ေန႔စဥ္မွန္မွန္ ေသာက္ပါက ႏွလုံးေရာဂါႏွင့္ ႏွလုံး တုန္ေမာပန္းတာ ေပ်ာက္ကင္းပါသည္။

ငါးေျခာက္ မငံနည္း …. ဆားအလြန္ပါေသာ ငံလြန္းသည့္ ငါးေျခာက္ကို မငံေစလိုလွ်င္ ဆားမ်ားကို ေရႏွင္ေဖ်ာ္ၿပီး ထိုဆားရည္ထဲတြင္ ဆား အလြန္ငံေသာ ငါးေျခာက္ကို စိမ္ၿပီး ထားလွ်င္ မငံေတာ့ဘဲ့ အရသာ အလြန္ေကာင္းလာပါသည္။

ညႇီနံ႔ေပ်ာက္နည္း …. အမဲသား၊ ဆိတ္သား ခ်က္ေသာ ဟင္းအိုးထဲသို႔ မီးေသြး အနည္းငယ္ ထည့္ၿပီး ခ်က္ပါက မေကာင္းေသာ အညႇီနံ႔မ်ားေပ်ာက္ပါသည္။

ဘုရားပန္းမ်ား တာရွည္ခံနည္း…. ပန္းခိုင္၊ ပန္းခက္ ထည့္သည့္ ပန္းအိုးထဲသို႔ ယမ္းစိမ္း အနည္းငယ္ ထည့္ၿပီးေမႊေပးပါက ပန္းမ်ား တာရွည္ခံပါလိမ့္မည္။

ႀကိမ္ ကုလားထိုင္ တင္းနည္း…. ကုလားထိုင္မ်ား ေအာက္က ၫြတ္ေနလွ်င္ ခိုင္ၿပီးေျဖာင့္မတ္ေအာင္ လုပ္လိုပါက ၎ကိုေရေႏႊးႏွင့္ ေဆးေၾကာၿပီးေနာက္ ေလဟာျပင္မွာ လွန္းထားပါ။

စာအုပ္မ်ား ၾကာရွည္ခံေအာင္ ထားနည္း…. စာအုပ္မ်ားကို အဖုံးအကာ မရွိေသာ စာအုပ္စင္မွာ တင္ၿပီးထားပါ။

မွင္စြန္းလွ်င္ ေပ်ာက္ေအာင္ လုပ္နည္း…. အဝတ္အထည္ပိတ္စမ်ားတြင္ မွင္စြန္းလွ်င္ အမဲဆီကို အရည္အေဖ်ာ္ၿပီး မွင္အစြန္းကြက္ေပၚသို႔ခ်ပါ။ ထု႔ိေနာက္ေရႏွင့္ ေလွ်ာ္ဖြပ္လွ်င္ မွင္စြန္းေပ်ာက္ပါသည္။

လက္ဖက္ရည္ အစြန္းေပ်ာက္နည္း…. အဝတ္အထည္မ်ား လက္ဖက္ရည္စြန္းလွ်င္ ေရေႏြးပူပူႏွင့္ ထိုစြန္းေနေသာေနရာကို ေလာင္းပါက ေပ်ာက္ပါသည္။

မီးကြၽမ္းရာ ေပ်ာက္နည္း…. အက်ၤ ီအဝတ္အထည္မ်ားေပၚတြင္ ေဆးလိပ္ မီးပြားက်လွ်င္လည္းေကာင္း၊ မီးပူ ကြၽမ္းလွ်င္လည္းေကာင္း၊ ၾကက္သြန္ ကို ထက္ျခမ္းခြဲၿပီး ပြတ္တိုက္ပါက ေပ်ာက္ပါသည္။

ကြမ္းေသြး အစြန္းေပ်ာက္နည္း…. အဝတ္အထည္မ်ားမွာ ကြမ္းေသြး စြန္းလွ်င္ ႏို႔ရည္ကို စြန္းေနေသာ ေနရာေပၚသို႔ ဆြတ္ျဖန္းေပးပါက ႏို႔ရည္ေျခာက္ သြားလွ်င္ အစြန္းေပ်ာက္ပါသည္။

ၾကက္ဥ၊ ဘဲဥ ရည္ အစြန္း ကြက္ေပ်ာက္နည္း…. ၾကက္ဥ၊ ဘဲဥရည္ အစြန္းကြက္ေသာ အဝတ္မ်ားကို ေရမွာ ၾကာၾကာစိမ္ထားပါ။ ၿပီးေတာ့မွ နာနာပြတ္ၿပီးေလွ်ာ္လွ်င္ ေပ်ာက္ပါသည္။

သံေခ်းစြန္း ေပ်ာက္ေအာင္လုပ္နည္း…. အဝတ္အထည္မ်ား သံေခ်းစြန္းလွ်င္ သံပုရာရည္တြင္ ဆားေဖ်ာ္ၿပီး ထို အစြန္းကြက္ေနေသာ ေနရာကို ဆြတ္ျဖန္းၿပီးလွ်င္ အထည္ကို ေနပူတြင္လွန္းပါ။ အကြက္မေပ်ာက္လွ်င္ ႏွစ္ခါ သုံးခါ ထပ္ၿပီး သုတ္လိမ္းေပးပါ။

ဆီအစြန္း ေဖ်ာက္နည္း…. အဝတ္အထည္ေပၚရွိေသာ ဆီကြက္ကို ဇဝတ္သာပါေသာ ေရေႏြးပူပူျဖင့္ ေဆးေၾကာေလွ်ာ္ဖြပ္ေပးပါက ဆီအစြန္းေပ်ာက္ပါသည္။

ဆူးစူးလွ်င္ ႏႈတ္နည္း…. ေရေႏြးအျပည့္ ရွိသည့္ ေပါက္၀က်ယ္ေသာ ပုလင္း တစ္လုံးကိုယူၿပီး ဆူးစူးေသာေနရာကို ပုလင္းေပၚမွ ဖိႏွိပ္ပါ။ အသားသည္ ပူေႏြးသည့္ အေငြ႕ျဖင့္ ပုလင္းထဲသို႔ အနည္းငယ္ စူးဝင္သည္ႏွင့္( ၃၊ ၄ ) မိနစ္ၾကာေသာအခါ ဆူးက်လာပါလိမ့္မည္။

အေၾကာအခ်ဥ္ အကိုက္အခဲေပ်ာက္နည္း…. ႏူးညံ့ေသာအဝတ္စကို ႏို႔ထဲတြင္စိမ္ၿပိး ကိုက္ခဲေသာေနရာကို ပြတ္ေပးလွ်င္အလြန္ဆိုးေသာေရာဂါ ျဖစ္ေစကာမူ ခ်က္ခ်င္းေပ်ာက္ကင္းေစပါသည္။

အပူေလာင္ သက္သာနည္း…. ေရေႏြးျဖစ္ေစ၊ မီးပူျဖစ္ေစ၊ လက္ေျခ စသည္တို႔ကို အပူေလာင္လွ်င္ ေရတြင္ဆားကို မ်ားမ်ားထည့္၊ ျပစ္ေနေအာင္ေဖ်ာ္ၿပီး ၎ အပူေလာင္သည့္ေနရာကို သုတ္လိမ္းေပးပါ။

ႂကြက္ေျပးနည္း…. ႂကြက္မ်ား သြားလာေလ့ ရွိေသာ ေနရာမ်ားမွာ ပူစီနံ႐ြက္ျဖစ္ေစ၊ ပင္စိမ္း႐ြက္ျဖစ္ေစ ထားပါက ႂကြက္မ်ား ေသခ်ာေပါက္ ထြက္ေျပးပါလိမ့္မည္။

Credit – Original Uploader

Via – အလင္းေမ – လြင္ျပင္သတင္း

(Unicode)

တန်ဖိုး အလွန်ရှိသော သဘာ၀ ဆေးနည်းတိုများ

ဝက်ခြံပျောက်နည်း …. ကြက်ဟင်းခါး အစေ့ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပါ။ ရလာသော အနှစ်ကို အရက်အနည်းငယ်နှင့် သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့် ဝက်ခြံများကို လိမ်းပေးပါက ဝက်ခြံများ ပျောက်ပါသည်။

အရိုး စူးလျှင်ပျောက်နည်း …. ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါက ကြက်ဥအစိမ်းကို ခွဲပြီး တစ်ခါတည်း မျိုချလိုက်ပါက ငါးရိုးသည် တစ်ခါတည်း လျှောကျသွားပါလိမ့်မည်။

ခြေထောက် ကို သံစူးလျှင် သက်သာနည်း …. သံစူးသောနေရာတွင် ဆားနှင့် ဂျင်းကို ကြိတ်ပြီး အုံပေးပါ။ သံ အဆိပ်ရှိသမျှ ၎င်းဂျင်းထဲသို့ ကျလာပါလိမ့်မည်။ တစ်နေ့လျှင် နှစ်ခါ အုံပေးရပါသည်။

ဆံပင် မကျွတ်စေသောနည်း…. အမျိုးသမီးများ ဆံပင်ကျွတ်သည် ဆိုပါက ပျားရည်နှင့် ဂုံညင်းခဲတို့ကို သွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များ ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

အိပ်ပျော်နည်း …. ဒန့်ကျွဲစေ့ခြောက်ကို မီးနှင့်လှော် အမှုန့်ပြုပြီး ကော်ဖီနှင့် ရောသောက်ပါ။

ခေါင်းကိုက် သက်သာနည်း …. ကိုယ်လက်ပင်ပန်းပြီး ခေါင်းကိုက်လျှင် သံပုရာသီး တစ်ခြမ်းကို အနှပ်ရည်ကျကျထဲသို့ ထည့်ပြီးသောက်ပါက ခေါင်းကိုက် သက်သာပျောက်ကင်းပါသည်။

နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း …. ဗာဒံစေ့ အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့် ရောစပ်ပြီး နေ့စဉ်မှန်မှန် သောက်ပါက နှလုံးရောဂါနှင့် နှလုံး တုန်မောပန်းတာ ပျောက်ကင်းပါသည်။

ငါးခြောက် မငံနည်း …. ဆားအလွန်ပါသော ငံလွန်းသည့် ငါးခြောက်ကို မငံစေလိုလျှင် ဆားများကို ရေနှင်ဖျော်ပြီး ထိုဆားရည်ထဲတွင် ဆား အလွန်ငံသော ငါးခြောက်ကို စိမ်ပြီး ထားလျှင် မငံတော့ဘဲ့ အရသာ အလွန်ကောင်းလာပါသည်။

ညှီနံ့ပျောက်နည်း …. အမဲသား၊ ဆိတ်သား ချက်သော ဟင်းအိုးထဲသို့ မီးသွေး အနည်းငယ် ထည့်ပြီး ချက်ပါက မကောင်းသော အညှီနံ့များပျောက်ပါသည်။

ဘုရားပန်းများ တာရှည်ခံနည်း…. ပန်းခိုင်၊ ပန်းခက် ထည့်သည့် ပန်းအိုးထဲသို့ ယမ်းစိမ်း အနည်းငယ် ထည့်ပြီးမွှေပေးပါက ပန်းများ တာရှည်ခံပါလိမ့်မည်။

ကြိမ် ကုလားထိုင် တင်းနည်း…. ကုလားထိုင်များ အောက်က ညွတ်နေလျှင် ခိုင်ပြီးဖြောင့်မတ်အောင် လုပ်လိုပါက ၎င်းကိုရေနွှေးနှင့် ဆေးကြောပြီးနောက် လေဟာပြင်မှာ လှန်းထားပါ။

စာအုပ်များ ကြာရှည်ခံအောင် ထားနည်း…. စာအုပ်များကို အဖုံးအကာ မရှိသော စာအုပ်စင်မှာ တင်ပြီးထားပါ။

မှင်စွန်းလျှင် ပျောက်အောင် လုပ်နည်း…. အဝတ်အထည်ပိတ်စများတွင် မှင်စွန်းလျှင် အမဲဆီကို အရည်အဖျော်ပြီး မှင်အစွန်းကွက်ပေါ်သို့ချပါ။ ထု့ိနောက်ရေနှင့် လျှော်ဖွပ်လျှင် မှင်စွန်းပျောက်ပါသည်။

လက်ဖက်ရည် အစွန်းပျောက်နည်း…. အဝတ်အထည်များ လက်ဖက်ရည်စွန်းလျှင် ရေနွေးပူပူနှင့် ထိုစွန်းနေသောနေရာကို လောင်းပါက ပျောက်ပါသည်။

မီးကျွမ်းရာ ပျောက်နည်း…. အင်္ကျ ီအဝတ်အထည်များပေါ်တွင် ဆေးလိပ် မီးပွားကျလျှင်လည်းကောင်း၊ မီးပူ ကျွမ်းလျှင်လည်းကောင်း၊ ကြက်သွန် ကို ထက်ခြမ်းခွဲပြီး ပွတ်တိုက်ပါက ပျောက်ပါသည်။

ကွမ်းသွေး အစွန်းပျောက်နည်း…. အဝတ်အထည်များမှာ ကွမ်းသွေး စွန်းလျှင် နို့ရည်ကို စွန်းနေသော နေရာပေါ်သို့ ဆွတ်ဖြန်းပေးပါက နို့ရည်ခြောက် သွားလျှင် အစွန်းပျောက်ပါသည်။

ကြက်ဥ၊ ဘဲဥ ရည် အစွန်း ကွက်ပျောက်နည်း…. ကြက်ဥ၊ ဘဲဥရည် အစွန်းကွက်သော အဝတ်များကို ရေမှာ ကြာကြာစိမ်ထားပါ။ ပြီးတော့မှ နာနာပွတ်ပြီးလျှော်လျှင် ပျောက်ပါသည်။

သံချေးစွန်း ပျောက်အောင်လုပ်နည်း…. အဝတ်အထည်များ သံချေးစွန်းလျှင် သံပုရာရည်တွင် ဆားဖျော်ပြီး ထို အစွန်းကွက်နေသော နေရာကို ဆွတ်ဖြန်းပြီးလျှင် အထည်ကို နေပူတွင်လှန်းပါ။ အကွက်မပျောက်လျှင် နှစ်ခါ သုံးခါ ထပ်ပြီး သုတ်လိမ်းပေးပါ။

ဆီအစွန်း ဖျောက်နည်း…. အဝတ်အထည်ပေါ်ရှိသော ဆီကွက်ကို ဇဝတ်သာပါသော ရေနွေးပူပူဖြင့် ဆေးကြောလျှော်ဖွပ်ပေးပါက ဆီအစွန်းပျောက်ပါသည်။

ဆူးစူးလျှင် နှုတ်နည်း…. ရေနွေးအပြည့် ရှိသည့် ပေါက်၀ကျယ်သော ပုလင်း တစ်လုံးကိုယူပြီး ဆူးစူးသောနေရာကို ပုလင်းပေါ်မှ ဖိနှိပ်ပါ။ အသားသည် ပူနွေးသည့် အငွေ့ဖြင့် ပုလင်းထဲသို့ အနည်းငယ် စူးဝင်သည်နှင့်( ၃၊ ၄ ) မိနစ်ကြာသောအခါ ဆူးကျလာပါလိမ့်မည်။

အကြောအချဉ် အကိုက်အခဲပျောက်နည်း…. နူးညံ့သောအဝတ်စကို နို့ထဲတွင်စိမ်ပြိး ကိုက်ခဲသောနေရာကို ပွတ်ပေးလျှင်အလွန်ဆိုးသောရောဂါ ဖြစ်စေကာမူ ချက်ချင်းပျောက်ကင်းစေပါသည်။

အပူလောင် သက်သာနည်း…. ရေနွေးဖြစ်စေ၊ မီးပူဖြစ်စေ၊ လက်ခြေ စသည်တို့ကို အပူလောင်လျှင် ရေတွင်ဆားကို များများထည့်၊ ပြစ်နေအောင်ဖျော်ပြီး ၎င်း အပူလောင်သည့်နေရာကို သုတ်လိမ်းပေးပါ။

ကြွက်ပြေးနည်း…. ကြွက်များ သွားလာလေ့ ရှိသော နေရာများမှာ ပူစီနံရွက်ဖြစ်စေ၊ ပင်စိမ်းရွက်ဖြစ်စေ ထားပါက ကြွက်များ သေချာပေါက် ထွက်ပြေးပါလိမ့်မည်။

Credit – Original Uploader

Via – အလင်းမေ – လွင်ပြင်သတင်း

Leave a Reply

Your email address will not be published. Required fields are marked *