ဗဟုတုသ

ကိုယ့္ကို တေယာက္ေယာက္က မေကာင္းႀကံေနတာမ်ိဳး၊ မလိုမုန္းထားရွိတာမ်ိဳး၊ အတိုက္အခိုက္ေတြ ရွိေနတာမ်ိဳး ၾကံဳတဲ့အခါ

(Zawgyi)

ကိုယ့္ကို တေယာက္ေယာက္က မေကာင္းႀကံေနတာမ်ိဳး၊ မလိုမုန္းထားရွိတာမ်ိဳး အတိုက္အခိုက္ေတြ ရွိေနတယ္လို႔ ကိုယ့္ရဲ႕ ဆဌမအာ႐ုံက သိေနတာမ်ိဳးကို မယုံေပမယ့္ မေကာင္းတာ ဆက္တိုက္ဆိုသလို ေတြ ျဖစ္လာတာမ်ိဳး ရွိတဲ့အခါ…

မေကာင္းတာေတြကို ဖယ္ရွားဖို႔ တေလ်ာ္နဲ႔ ေခါင္းေလွ်ာ္ရင္း ( ဗုဒၶံ ဓမၼံ သဃံ) ႐ြတ္ဆို ( သံဗုေဒၶ ဂါထာကို သက္ေစ့ ) ႐ြတ္ဆိုရင္ မေကာင္းတာအားလုံးကို ဖယ္ရွားပစ္ႏိုင္တယ္ ဆိုတာယုံပါ…

အမ်ိဳးသားမ်ားအေနနဲ႔လဲ တေလ်ာကင္ပြန္းနဲ႔ ေခါင္းေလွ်ာ္ရင္ ဘုန္းကံႀကီးမားပီး အိမ္ဦးနတ္အဆင္ေျပရင္ တစ္မိသားစုလုံးကို အက်ိဳးသက္ေရာက္ေစလို႔ မေဟသီမမ မ်ားကလဲ အိမ္ဦးနတ္ကို တေလ်ာ္ကင္ပြန္းနဲ႔ ေခါင္းေလွ်ာ္ဖို႔ တိုက္တြန္းေပးၾကပါလို႔ အႀကံေပးလိုပါတယ္။

“ဘုန္းပြင့္ ကံပြင့္”

လူဟာ ဘာလုပ္လုပ္ အဆင္မေျပျဖစ္ေနတဲ့ အခ်ိန္မ်ိဳးကို ႀကဳံရတတ္ပါတယ္။ ကိုယ္ေျပာသမွ် အရာမထင္ျဖစ္ေနတာမ်ိဳး… လုပ္သမွ် အခက္အခဲနဲ႔ ဒုကၡေတြပဲ ႀကဳံရတာမ်ိဳးေတြ… ေနမေကာင္းျဖစ္ခ်င္သလို…အလိုလိုေနရင္း ဝမ္းနည္းသလိုလို၊ အားငယ္ေနသလိုလို… ဘာပဲစားစား စားလို႔မဝင္ျဖစ္ေနတာမ်ိဳး…

သူတစ္ပါးက ကိုယ့္ကို မေကာင္းတဲ့အတတ္ေတြနဲ႔ ျပဳစားစီရင္ထားသလိုလို…နဲ႔ဘုန္းကံမ်ား နိမ့္ပါးၿပီဆိုရင္ အထက္ကေျပာခဲ့တာေတြဟာ တန္းစီၿပီးေတာ့ကို ကိုယ့္ဆီေရာက္လာတာပါပဲ..။

အလြယ္နားလည္ထားဖို႔ကေတာ့ အဲ့ဒီအခ်က္ေတြဟာ မိမိမွာဘုန္းကံေတြ နိမ့္ေနၿပီမိမိရဲ႕ ကံ ညံ့ေနၿပီလို႔ပဲ နားလည္ထားလိုက္ပါ။

အဲ့ဒီလိုအခါမ်ိဳးမွာ ဘုန္းကံျမင့္မားေအာင္ ေျပာစကား ဆိုစကားေတြ အဆင္ေျပေအာင္ျမင္ေအာင္ တေရာ္ကင္ပြန္းစစ္စစ္နဲ႔ ေခါင္းေလ်ာ္ျပစ္ပါ။ တေရာ္ကင္ပြန္းနဲ႔ ပက္သက္၍လည္း ေလ့လာမိသမွ် ေဖာ္ျပေပးလိုက္ပါတယ္။

တေရာ္ကင္ပြန္းအား ျမန္မာလူမ်ိဳးတို႔သည္ေခါင္းေလ်ာ္ရာတြင္ အသုံးျပဳၾကသည္။ တေရာ္ကင္ပြန္းမွာလည္း ရာဇဝင္လာရွိေလ၏။ သာမေညာင္ညမ်ိဳး မဟုတ္။

တစ္ေခတ္တခါက ဒြတၱေဘာင္ဆိုေသာ မင္းႀကီးေပၚထြန္းခဲ့ေလ၏။ ထိုမင္းႀကီး၏ နဖူးအလယ္တြင္ မွဲ႔ရွင္ေတာ္တစ္ခုပါၿပီး မ်က္စိသုံးခု အတုမဲ့ေပါင္ ဒြတၱေဘာင္ဟု ေႏွာင္းလူမ်ားက မွတ္တမ္းတင္ခဲ့ၾက၏။ ထို႔ျပင္လည္း မင္းႀကီးသည္ သိၾကားမင္းဆက္ေသာ လက္နက္ငါးပါး၊ နာဠာဂီရိဆင္၊ ဝလာဟက နတ္ျမင္းတို႔ကိုလည္း ပိုင္ဆိုင္သည္ဟုအဆိုရွိျပန္၏။

တစ္ခါေသာ္ သေရေခတၱရာျပည္အနီးရွိ ဗိႆႏိုးျပည္ကို သြားေရာက္တိုက္ခိုက္ရာ ဗိႆႏိုးမွ ပန္ထြာဘုရင္မက ရန္ပယ္ေခ်ာင္းေရကို စနစ္တက် အသုံးခ်ကာ ခုခံခဲ့သည္။ သို႔ရာတြင္ မင္းႀကီးက သူလွ်ိဳေစလႊတ္ကာ ဗိႆႏိုး၏ ကာကြယ္ေရးစနစ္ကို ေခ်ဖ်က္ခဲ့ၿပီး ဘုရင္မႏွင့္တကြ ဗိႆႏိုးျပည္ကို သိမ္းပိုက္ခဲ့သည္။ ပန္ထြာမိဖုရားသည္ အတင္းအဓမၼ သိမ္းပိုက္ခံရျခင္းကို မေက်နပ္ျဖစ္၏။ထို႔ေၾကာင့္ မင္းႀကီးကို လက္စားေခ်ရန္ႀကံေလ၏။

ႀကံပုံမွာ- သူမ၏ ထဘီေအာက္နားစ ကို ျဖတ္ကာ နံ႔သာအေမႊးအႀကိဳင္မ်ား ထုံမႊမ္းေစၿပီး မင္းႀကီး ထံ မ်က္ႏွာသုတ္ပဝါအျဖစ္ ဆက္ကပ္ျခင္းျဖစ္သည္။ (မူကြဲမ်ားတြင္သုႆာန္မွအဝတ္ဟုလည္းဆိုသည္)

မင္းႀကီးလည္း ထိုမ်က္ႏွာသုတ္ပဝါကို သုံးမိလွ်င္ ဘုန္းနိမ့္ကာ မွဲ႔ရွင္ေတာ္ကြယ္ေလ၏။ လွံမ်ား ဓါးမ်ားလည္း အေရာင္မထြက္ေတာ့ေပ။ ပန္ထြာလည္း မိမိအႀကံျဖစ္ေၾကာင္း။ ယခုေလာက္ျဖင့္ မေက်နပ္ေသးဘဲ ေနာက္ဘဝမ်ားတြင္လဲ မင္းႀကီး၏ ပ်က္စီးေၾကာင္းကို ႀကံစည္လိုေသးေၾကာင္း။ ေနာက္ထပ္ လက္စားမေခ်ရမျခင္း သေရေခတၱရာ အနီးရွိ ေပပင္ တို႔သည္ ယခုအ႐ြယ္မွ မတက္ပါေစေၾကာင္း ဆုေတာင္းကာ လက္ထဲမွ အဆိပ္ခြက္ကို ေမာ့ခ်ကာ ေသေလ၏။ ( ထိုေပပင္တို႔သည္ ယေန႔တိုင္ သေရေခတၱရာၿမိဳ႕႐ိုးအနီးရွိၿပီး အပင္ပု အ႐ြယ္မွ မတက္ၾကေသးေခ်။ အံ့ဖြယ္ပင္ )

မင္းႀကီးတြင္ ဘုန္းကံ နိမ့္ပါးေၾကာင္းသိလွ်င္ ကမ္းယံျပည္ အပါအဝင္ အျခားလက္ေအာက္ခံမင္းမ်ားလည္း ထႂကြ ပုန္ကန္ၾကေလ၏။ မင္းႀကီးကိုယ္တိုင္ ပုန္ကန္မႈမ်ားကို ႏွိမ္နင္းေသာ္လည္း အရႈံးႏွင့္ရင္ဆိုင္ရကာ ကမ္းယံျပည္မွ လက္လြတ္ေျပးရေလ၏။

ထိုသို႔ေျပးစဥ္ မိုး႐ြာလာသျဖင့္ ကင္ပြန္းႏြယ္မ်ားတက္ေနေသာ တေရာ္ပင္ႀကီး တစ္ပင္ေအာက္တြင္ မိုးခိုရာ ထိုတေရာ္ကင္ပြန္း အရည္မ်ား မင္းႀကီး၏ ဆံေပၚက်လွ်င္ က်ျခင္း လက္ထဲမွ လွံသည္ ခ်က္ခ်င္းအေရာင္ထြက္ေလ၏။ နဖူးေပၚမွ မွဲ႔သည္လည္း ျပန္ေပၚလာ၏။

မင္းႀကီးလည္း အံ့ၾသဝမ္းသာျဖစ္ကာ တေရာ္ကင္ပြန္းအပင္မ်ားကို မွတ္သားၿပီး မိမိ၏ တပ္သားမ်ားကို စိတ္ဓာတ္႐ႊင္လန္းေစကာ ရန္သူမ်ားကို တိုက္ေလ၏။ မ်ားမၾကာမီ ရန္သူအားလုံးကို ႏွိမ္နင္းေအာင္ျမင္ၿပီး သေရေခတၱရာထီးနန္းကို ျပန္လည္စိုးစံေလေတာ့၏။

ဤေနာက္တြင္ ျမန္မာတို႔သည္ တေရာ္ကင္ပြန္းအား ေခါင္းေလ်ာ္ရာတြင္ ထည့္သြင္း၍ အသုံးျပဳလာၾကသည္။

မွတ္ခ်က္။ ။ေခါင္းေလ်ာ္ေသာအခါ တေရာ္ကင္ပြန္းမ်ားကို ေခါင္းေလ်ာ္႐ုံသာမက နားတြင္ သုတ္ျခင္း (ေကာင္းေသာ အသံမ်ား၊သတင္းေကာင္းမ်ား ၾကားရေစရန္) ပါးစပ္တြင္ သုတ္ျခင္း၊ (ေကာင္းေသာစကားမ်ား ေျပာဆိုမိရန္၊ မေကာင္းေသာ အစာမ်ား မစားမိေစရန္) စသည္ျဖင့္ ပြတ္သတ္ၿပီး ဘုန္းကံျမင့္မား တိုးတက္ေစျခင္းအလို႔ငွာ ဆုေတာင္းၾကေစလိုသည္။

Credit – ထူးေအာင္လႈိင္ (မဟာဝိဇယေစတီေတာ္)

Via – Ko Htet Aung

(Unicode)

ကိုယ့်ကို တယောက်ယောက်က မကောင်းကြံနေတာမျိုး၊ မလိုမုန်းထားရှိတာမျိုး အတိုက်အခိုက်တွေ ရှိနေတယ်လို့ ကိုယ့်ရဲ့ ဆဌမအာရုံက သိနေတာမျိုးကို မယုံပေမယ့် မကောင်းတာ ဆက်တိုက်ဆိုသလို တွေ ဖြစ်လာတာမျိုး ရှိတဲ့အခါ…

မကောင်းတာတွေကို ဖယ်ရှားဖို့ တလျော်နဲ့ ခေါင်းလျှော်ရင်း ( ဗုဒ္ဓံ ဓမ္မံ သဃံ) ရွတ်ဆို ( သံဗုဒ္ဓေ ဂါထာကို သက်စေ့ ) ရွတ်ဆိုရင် မကောင်းတာအားလုံးကို ဖယ်ရှားပစ်နိုင်တယ် ဆိုတာယုံပါ…

အမျိုးသားများအနေနဲ့လဲ တလျောကင်ပွန်းနဲ့ ခေါင်းလျှော်ရင် ဘုန်းကံကြီးမားပီး အိမ်ဦးနတ်အဆင်ပြေရင် တစ်မိသားစုလုံးကို အကျိုးသက်ရောက်စေလို့ မဟေသီမမ များကလဲ အိမ်ဦးနတ်ကို တလျော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ တိုက်တွန်းပေးကြပါလို့ အကြံပေးလိုပါတယ်။

“ဘုန်းပွင့် ကံပွင့်”

လူဟာ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့ အချိန်မျိုးကို ကြုံရတတ်ပါတယ်။ ကိုယ်ပြောသမျှ အရာမထင်ဖြစ်နေတာမျိုး… လုပ်သမျှ အခက်အခဲနဲ့ ဒုက္ခတွေပဲ ကြုံရတာမျိုးတွေ… နေမကောင်းဖြစ်ချင်သလို…အလိုလိုနေရင်း ဝမ်းနည်းသလိုလို၊ အားငယ်နေသလိုလို… ဘာပဲစားစား စားလို့မဝင်ဖြစ်နေတာမျိုး…

သူတစ်ပါးက ကိုယ့်ကို မကောင်းတဲ့အတတ်တွေနဲ့ ပြုစားစီရင်ထားသလိုလို…နဲ့ဘုန်းကံများ နိမ့်ပါးပြီဆိုရင် အထက်ကပြောခဲ့တာတွေဟာ တန်းစီပြီးတော့ကို ကိုယ့်ဆီရောက်လာတာပါပဲ..။

အလွယ်နားလည်ထားဖို့ကတော့ အဲ့ဒီအချက်တွေဟာ မိမိမှာဘုန်းကံတွေ နိမ့်နေပြီမိမိရဲ့ ကံ ညံ့နေပြီလို့ပဲ နားလည်ထားလိုက်ပါ။

အဲ့ဒီလိုအခါမျိုးမှာ ဘုန်းကံမြင့်မားအောင် ပြောစကား ဆိုစကားတွေ အဆင်ပြေအောင်မြင်အောင် တရော်ကင်ပွန်းစစ်စစ်နဲ့ ခေါင်းလျော်ပြစ်ပါ။ တရော်ကင်ပွန်းနဲ့ ပက်သက်၍လည်း လေ့လာမိသမျှ ဖော်ပြပေးလိုက်ပါတယ်။

တရော်ကင်ပွန်းအား မြန်မာလူမျိုးတို့သည်ခေါင်းလျော်ရာတွင် အသုံးပြုကြသည်။ တရော်ကင်ပွန်းမှာလည်း ရာဇဝင်လာရှိလေ၏။ သာမညောင်ညမျိုး မဟုတ်။

တစ်ခေတ်တခါက ဒွတ္တဘောင်ဆိုသော မင်းကြီးပေါ်ထွန်းခဲ့လေ၏။ ထိုမင်းကြီး၏ နဖူးအလယ်တွင် မှဲ့ရှင်တော်တစ်ခုပါပြီး မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင်ဟု နှောင်းလူများက မှတ်တမ်းတင်ခဲ့ကြ၏။ ထို့ပြင်လည်း မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ဝလာဟက နတ်မြင်းတို့ကိုလည်း ပိုင်ဆိုင်သည်ဟုအဆိုရှိပြန်၏။

တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿနိုးပြည်ကို သွားရောက်တိုက်ခိုက်ရာ ဗိဿနိုးမှ ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေကို စနစ်တကျ အသုံးချကာ ခုခံခဲ့သည်။ သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿနိုး၏ ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿနိုးပြည်ကို သိမ်းပိုက်ခဲ့သည်။ ပန်ထွာမိဖုရားသည် အတင်းအဓမ္မ သိမ်းပိုက်ခံရခြင်းကို မကျေနပ်ဖြစ်၏။ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏။

ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ မျက်နှာသုတ်ပဝါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ (မူကွဲများတွင်သုဿာန်မှအဝတ်ဟုလည်းဆိုသည်)

မင်းကြီးလည်း ထိုမျက်နှာသုတ်ပဝါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။ လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။ ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘဝများတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။ နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။ ( ထိုပေပင်တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် )

မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်းသိလျှင် ကမ်းယံပြည် အပါအဝင် အခြားလက်အောက်ခံမင်းများလည်း ထကြွ ပုန်ကန်ကြလေ၏။ မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လည်း အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။

ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များတက်နေသော တရော်ပင်ကြီး တစ်ပင်အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်းအရောင်ထွက်လေ၏။ နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာ၏။

မင်းကြီးလည်း အံ့သြဝမ်းသာဖြစ်ကာ တရော်ကင်ပွန်းအပင်များကို မှတ်သားပြီး မိမိ၏ တပ်သားများကို စိတ်ဓာတ်ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။ များမကြာမီ ရန်သူအားလုံးကို နှိမ်နင်းအောင်မြင်ပြီး သရေခေတ္တရာထီးနန်းကို ပြန်လည်စိုးစံလေတော့၏။

ဤနောက်တွင် မြန်မာတို့သည် တရော်ကင်ပွန်းအား ခေါင်းလျော်ရာတွင် ထည့်သွင်း၍ အသုံးပြုလာကြသည်။

မှတ်ချက်။ ။ခေါင်းလျော်သောအခါ တရော်ကင်ပွန်းများကို ခေါင်းလျော်ရုံသာမက နားတွင် သုတ်ခြင်း (ကောင်းသော အသံများ၊သတင်းကောင်းများ ကြားရစေရန်) ပါးစပ်တွင် သုတ်ခြင်း၊ (ကောင်းသောစကားများ ပြောဆိုမိရန်၊ မကောင်းသော အစာများ မစားမိစေရန်) စသည်ဖြင့် ပွတ်သတ်ပြီး ဘုန်းကံမြင့်မား တိုးတက်စေခြင်းအလို့ငှာ ဆုတောင်းကြစေလိုသည်။

Credit – ထူးအောင်လှိုင် (မဟာဝိဇယစေတီတော်)

Via – Ko Htet Aung

Leave a Reply

Your email address will not be published. Required fields are marked *