ဗဟုတုသ

သင့္ဘ၀ကို ေျပာင္းလဲသြားႏိုင္တဲ့ ပံုျပင္တစ္ပုဒ္

(Zawgyi)

သင့္ဘ၀ကို ေျပာင္းလဲသြားႏိုင္တဲ့ ပံုျပင္တစ္ပုဒ္

ကိုယ့္ကိုကိုယ္ အထင္မေသးပါနဲ႔

လူတစ္ေယာက္ဟာ လမ္းေလွ်ာက္လာရင္း ဆင္ေတြကို ျမင္ၿပီး ႐ုတ္တရက္ ရပ္တန႔္လိုက္ပါတယ္။ ဆင္ေတြရဲ႕ေရွ႕လက္မွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ထားၿပီး ေျမျပင္ေပၚမွာ တုတ္႐ိုက္ထားတာကို ေတြ႕လိုက္ရလို႔ ျဖစ္ပါတယ္။

သူ အံ့ၾသသြားပါတယ္။ “ ဒီ ဧရာမသတၱဝါႀကီးေတြကို ဘာျဖစ္လို႔ ႀကိဳးေသးေသးနဲ႔ ခ်ည္ထားတာေတာင္ ဆင္ေတြမေျပးတာလဲ၊ သံမဏိႀကိဳးလည္း မဟုတ္၊ ေလွာင္အိမ္လည္း မဟုတ္ဘဲနဲ႔ ဒီေကာင္ႀကီးေတြ အလြယ္တကူ႐ုန္းၿပီး ထြက္ေျပးႏိုင္တာကို ဘာလို႔ မေျပးၾကတာလဲ” လို႔ တစ္ေယာက္တည္း ေတြးမိလိုက္ပါတယ္။

အဲလိုနဲ႔ အနီးနားမွာရွိတဲ့ ဆင္ထိန္းကို ေမးလိုက္ပါတယ္။ “ အကိုဆင္ထိန္း ဆင္ဆိုတဲ့သတၱဝါက ေတာ္ေတာ္အားသန္တာဗ်၊ ႀကိဳးေသးေသးေလးနဲ႔ ထိန္းထားတာကို ဘာလို႔မေျပးၾကတာလဲ၊ ရန္မူမွာ မေၾကာက္ဖူးလား၊ သံႀကိဳးလည္း မဟုတ္ဘဲနဲ႔ဗ်ာ၊ အံပါရဲ႕” လို႔ ေမးလိုက္ပါတယ္။

ဆင္ထိန္းက “ ေကာင္းၿပီ ကြၽန္ေတာ္ရွင္းျပမယ္၊ ဒီဆင္ေတြ ငယ္ငယ္တုန္းက ဆင္ေပါက္စ ဘဝတုန္းက ေပါ့ဗ်ာ၊ အဲဒီႀကိဳးေလးနဲ႔ ခ်ီထားတာ၊ သူတို႔ မ႐ုန္းႏိုင္ခဲ့ပါဘူး၊ အားက မသန္ေသးတာကို၊ အခု ႀကီးလာေတာ့လည္း အဲဒီႀကိဳးေလးနဲ႔ပဲ ခ်ီထားလိုက္တာပဲ၊ ဆင္ေတြရဲ႕စိတ္ထဲမွာ ဒီႀကိဳးကို သူတို႔ဘယ္ေတာ့မွာ မ႐ုန္းႏိုင္ဘူးလို႔ စိတ္စြဲေနတာဗ်” လို႔ ျပန္ေျဖလိုက္ပါတယ္။

လူ႔ဘဝဆိုတာလည္း အဲဒီအတိုင္းပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ကိုယ္မစြမ္းေဆာင္ခဲ့ႏိုင္တာကို တစ္သက္လုံး ငါဘယ္ေတာ့မွ မလုပ္ႏိုင္ဘူးလို႔ အရႈံးေပးလက္ေလ်ာ့တက္ၾကပါတယ္။

တကယ္ေတာ့ ဘဝဆိုတာ လက္ေဝွ႔ႀကိဳးဝိုင္းလိုပါပဲ။ ၾကမ္းျပင္ေပၚ လဲသြားတာကို ႀကိဳးဝိုင္းဒိုင္က အရႈံးလို႔ မသတ္မွတ္ပါဘူး။ သင္ျပန္မထလာမွ အရႈံးလို႔ သတ္မွတ္လိုက္တာပါ။ အရႈံးဆိုတာကို ရင္ဝယ္ပိုက္ထားရင္ တစ္သက္လုံးရႈံးမွာ ေသခ်ာပါတယ္။

Credit : Kyaw Soe Aung ( Myanmar Knowledge Bank)

(Unicode)

သင့်ဘဝကို ပြောင်းလဲသွားနိုင်တဲ့ ပုံပြင်တစ်ပုဒ်

ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့

လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။

သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။

အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။

ဆင်ထိန်းက “ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ” လို့ ပြန်ဖြေလိုက်ပါတယ်။

လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။

တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။

Credit : Kyaw Soe Aung ( Myanmar Knowledge Bank)

Leave a Reply

Your email address will not be published. Required fields are marked *