သတင္း

သြားကိုက္၊ သြားဖုံးေရာင္၊ သြားဖုံးအတြင္း နာက်င္ကိုက္ခဲျခင္းမ်ားအတြက္ ပံုဏၰရိပ္ပင္ လက္ေတြ႔ေဆးၿမီးတို

(Zawgyi)
ပုံဏၰရိပ္ပင္၏ ေဆးအစြမ္း(သြား)

ပုံဏၰရိပ္ပင္/ ပန္းဆိုသည္ႏွင့္ ျမန္မာတို႔မစိမ္းေတာ့ပါ။ ရင္းႏွီးၾကပါ၏။ ခင္မင္ၾကပါ၏။ ပုဏၰရိပ္ပန္းပင္ကို ေဆးဖက္ဝင္မွန္း မသိခဲ့ပါ။

ထိုသူကိုၾကည့္ၿပီး သနားမိသည္က အမွန္။ ေယာက်္ားႀကီး တစ္ဦး သြားကိုက္ၿပီး သြားဖုံးေရာင္ကာ မ်က္ရည္ပင္ က်ေနျခင္းျဖစ္ေလသည္။ ဘယ္ေလာက္ပင္ နာက်င္ကိုက္ခဲေနသနည္း။

” ေဆးနည္းေပးေတာ့ ထိုသူကဆိုေသးသည္ ” “မင္းဟာဟုတ္ရဲ႕လားကြာတဲ့၊ ဟုတ္မဟုတ္ခင္ဗ်ား ယုံၾကည္စြာ စမ္းၾကည့္ က်ဳပ္သြားနာတုန္းက ဆရာေတာ္ေပးခဲ့တဲ့နည္းပဲ˝”

ကိုယ္ေတြ႕ႀကဳံဖူးေသာ ေဆးၿမီတိုေလးတစ္ခု ေပးလိုက္သည္။ ပုံဏၰရိပ္႐ြက္ အ႐ြက္(၂၀)ကိုခူးၿပီး ေရစင္ေအာင္ေဆးကာ ေရႏွင့္ျပဳတ္ၿပီး ထိုရည္ေႏြးေႏြးေလးအား ဆားအနည္းငယ္ျဖင့္ ငုံ၍ ေထြးေစျခင္းသာ ျဖစ္သည္။ ထိုနည္းျဖင့္ သြားကိုက္ေရာဂါ ေပ်ာက္ကင္းခဲ့ပါသည္။ အျခားေဆးဝါး အကူမပါဝင္ခဲ့ပါ။

ပုံဏၰရိပ္ပင္

အလွပန္းပင္အျဖစ္ ၿခံစည္း႐ိုးမ်ား၊ ပန္းဥယ်ဥ္မ်ားတြင္ အလွစိုက္ၾကသည္။ ငယ္စဥ္ကေလးဘ၀ ပုံဏၰရိပ္ပန္းသီးမ်ားခူး၍ ခ်ိဳဖန္ေသာ အရသာကို ခံစားဖူးပါသည္။ အသီးမွည့္ေလးမ်ားေတြ႕ရင္ ေပ်ာ္ၾကသည္။ ကေလးဘဝ ျဖတ္သန္းၾကဖူးသူ အမ်ားစုမွာ ပုံဏၰရိပ္ႏွင့္သူအသီးကို မေမ့ႏိုင္ၾကပါ။

ေနရာေဒသအလိုက္ အမ်ိဳးမ်ိဳး ေခၚၾကသည္။ ေ႐ႊတဆုပ္၊ ၿခံစည္း႐ိုးပန္း၊ ပုံဏၰရိပ္ စသည္ျဖင့္ ျဖစ္ေလသည္။ အခ်ိဳ႕က အေၾကာ္မႈန႔္ျဖင့္ အပြင့္ကို ေၾကာ္စားသည္လည္း ရွိၾကသည္။

အရွင္နာဂသိန္ပုံျပေဆးက်မ္း

(၁) အပြင့္ဝါ၊ နီ ရွိေလသည္။

(၂) ခါးသည္။ ဖန္သည္။ ႏူးညံ့စြာ ဝမ္းသက္သည္။

(၃) အူမ်ားကို ပိတ္ဆို႔ျခင္း၊ ေရဖ်ဥ္းေရာဂါ၊ ဥတုေသြး လာစဥ္ ကိုက္ခဲျခင္းကို ေျပေပ်ာက္သည္။

(၄) သြားကိုက္၊ သြားဖုံးေရာင္၊ အာေခါင္တြင္ အပူအိတ္မ်ားရွိပါ၍ သြားဖုံးအတြင္း နာက်င္ကိုက္ခဲပါမူ အ႐ြက္အား ဆားအနည္းငယ္ထည့္ၿပီး ေရေႏြးဆူဆူတြင္ခ်၍ ခပ္ေႏြးေႏြးေလးႏႈတ္ငုံေဆးပါက သြားကိုက္၊ သြားနာ ေပ်ာက္ကင္းသည္ ဆိုထားသည္။

ေဆးဆရာႀကီး အဘသိန္းနည္း-

ပုံဏၰရိပ္႐ြက္မ်ားကို အရိပ္တြင္ အေျခာက္လွန္းၿပီး ျပာ ခ်၍ ဆားႏွင့္ေရာ သြားတိုက္ေပးပါက သြားကိုက္၊ သြားနာေရာဂါမ်ား ေပ်ာက္သည္ဟုဆိုပါသည္။

ပုံဏၰရိပ္သည္ ေဆးဖက္ဝင္ပါသည္။ အျခားေသာ ေဆးအသုံး၊ ေနရာေဒသလိုက္ အေခၚေလးမ်ားႏွင့္ စားဖူးခဲ့ပါသလား ကြန႔္မင့္ေရးေပးၾကပါရန္။ (သြားေရာဂါအတြက္ လိုသူတို႔ အသုံးခ်ႏိုင္ၾကပါေစ)

ေဆးပညာရွင္ႀကီးမ်ားအား အစဥ္ေလးစားလွ်က္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Via- Sai Min Thant

(Unicode)
ပုံဏ္ဏရိပ်ပင်၏ ဆေးအစွမ်း(သွား)

ပုံဏ္ဏရိပ်ပင်/ ပန်းဆိုသည်နှင့် မြန်မာတို့မစိမ်းတော့ပါ။ ရင်းနှီးကြပါ၏။ ခင်မင်ကြပါ၏။ ပုဏ္ဏရိပ်ပန်းပင်ကို ဆေးဖက်ဝင်မှန်း မသိခဲ့ပါ။

ထိုသူကိုကြည့်ပြီး သနားမိသည်က အမှန်။ ယောကျ်ားကြီး တစ်ဦး သွားကိုက်ပြီး သွားဖုံးရောင်ကာ မျက်ရည်ပင် ကျနေခြင်းဖြစ်လေသည်။ ဘယ်လောက်ပင် နာကျင်ကိုက်ခဲနေသနည်း။

” ဆေးနည်းပေးတော့ ထိုသူကဆိုသေးသည် ” “မင်းဟာဟုတ်ရဲ့လားကွာတဲ့၊ ဟုတ်မဟုတ်ခင်ဗျား ယုံကြည်စွာ စမ်းကြည့် ကျုပ်သွားနာတုန်းက ဆရာတော်ပေးခဲ့တဲ့နည်းပဲ˝”

ကိုယ်တွေ့ကြုံဖူးသော ဆေးမြီတိုလေးတစ်ခု ပေးလိုက်သည်။ ပုံဏ္ဏရိပ်ရွက် အရွက်(၂၀)ကိုခူးပြီး ရေစင်အောင်ဆေးကာ ရေနှင့်ပြုတ်ပြီး ထိုရည်နွေးနွေးလေးအား ဆားအနည်းငယ်ဖြင့် ငုံ၍ ထွေးစေခြင်းသာ ဖြစ်သည်။ ထိုနည်းဖြင့် သွားကိုက်ရောဂါ ပျောက်ကင်းခဲ့ပါသည်။ အခြားဆေးဝါး အကူမပါဝင်ခဲ့ပါ။

ပုံဏ္ဏရိပ်ပင်

အလှပန်းပင်အဖြစ် ခြံစည်းရိုးများ၊ ပန်းဥယျဉ်များတွင် အလှစိုက်ကြသည်။ ငယ်စဉ်ကလေးဘ၀ ပုံဏ္ဏရိပ်ပန်းသီးများခူး၍ ချိုဖန်သော အရသာကို ခံစားဖူးပါသည်။ အသီးမှည့်လေးများတွေ့ရင် ပျော်ကြသည်။ ကလေးဘဝ ဖြတ်သန်းကြဖူးသူ အများစုမှာ ပုံဏ္ဏရိပ်နှင့်သူအသီးကို မမေ့နိုင်ကြပါ။

နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ကြသည်။ ရွှေတဆုပ်၊ ခြံစည်းရိုးပန်း၊ ပုံဏ္ဏရိပ် စသည်ဖြင့် ဖြစ်လေသည်။အချို့က အကြော်မှုန့်ဖြင့် အပွင့်ကို ကြော်စားသည်လည်း ရှိကြသည်။

အရှင်နာဂသိန်ပုံပြဆေးကျမ်း

(၁) အပွင့်ဝါ၊ နီ ရှိလေသည်။

(၂) ခါးသည်။ ဖန်သည်။ နူးညံ့စွာ ဝမ်းသက်သည်။

(၃) အူများကို ပိတ်ဆို့ခြင်း၊ ရေဖျဉ်းရောဂါ၊ ဥတုသွေး လာစဉ် ကိုက်ခဲခြင်းကို ပြေပျောက်သည်။

(၄) သွားကိုက်၊ သွားဖုံးရောင်၊ အာခေါင်တွင် အပူအိတ်များရှိပါ၍ သွားဖုံးအတွင်း နာကျင်ကိုက်ခဲပါမူ အရွက်အား ဆားအနည်းငယ်ထည့်ပြီး ရေနွေးဆူဆူတွင်ချ၍ ခပ်နွေးနွေးလေးနှုတ်ငုံဆေးပါက သွားကိုက်၊ သွားနာ ပျောက်ကင်းသည် ဆိုထားသည်။

ဆေးဆရာကြီး အဘသိန်းနည်း-

ပုံဏ္ဏရိပ်ရွက်များကို အရိပ်တွင် အခြောက်လှန်းပြီး ပြာ ချ၍ ဆားနှင့်ရော သွားတိုက်ပေးပါက သွားကိုက်၊ သွားနာရောဂါများ ပျောက်သည်ဟုဆိုပါသည်။

ပုံဏ္ဏရိပ်သည် ဆေးဖက်ဝင်ပါသည်။ အခြားသော ဆေးအသုံး၊ နေရာဒေသလိုက် အခေါ်လေးများနှင့် စားဖူးခဲ့ပါသလား ကွန့်မင့်ရေးပေးကြပါရန်။ (သွားရောဂါအတွက် လိုသူတို့ အသုံးချနိုင်ကြပါစေ)

ဆေးပညာရှင်ကြီးများအား အစဉ်လေးစားလျှက်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Via- Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *