သတင္း

ဆြမ္းေတာ္စြန႔္သည္မ်ားကို စားေသာက္ သုံးေဆာင္ျခင္းအေၾကာင္းႏွင့္ ပတ္သက္၍

(Zawgyi)
ဆြမ္းေတာ္စြန႔္သည္မ်ားကို စားေသာက္ သုံးေဆာင္ျခင္းသည္

(ေမး) အရွင္ဘုရား၊ တပည့္ေတာ္တို႔ မိသားစုသည္ ေန႔စဥ္ထမင္းဟင္းႏွင့္ ရလာသမွ်ေသာ ခဲဘြယ္ေဘာဇဥ္တို႔ကို ဦးဦးဖ်ားဖ်ား ဆြမ္းေတာ္တင္ၿပီးမွ စြန႔္သည့္အခါ စားေသာက္ခဲ့ၾကသည္မွာ ႏွစ္မ်ားစြာပင္ရွိပါၿပီ။ ဗုဒၶေဝယ်ာဝစၥ ျပဳၾကသူမ်ားမွာ ဇနီးႏွင့္သမီးမ်ားသာ ျဖစ္ၾက၍ က်န္လူမ်ား အျပစ္ျဖစ္ေနေၾကာင္း သိရွိရသျဖင့္ မ်ားစြာတုန္လႈပ္မိပါသည္။ မည္သည့္ အေၾကာင္းေၾကာင့္ အျပစ္ျဖစ္ရသည္ကို၎၊ ထိုအျပစ္မ်ား ပေပ်ာက္ေအာင္ မည္သို႔ေဆာင္႐ြက္ရမည္ကို၎၊ ရွင္းလင္းၫႊန္ၾကားေပးပါဘုရား။

(ေျဖ) ရာဇဝင္တြင္ ပုဂံျပည္ အေနာ္ရထာမင္းက မႏူဟာမင္းအား ဘုန္းကံနိမ့္ေစရန္ သင္ပုတ္ပလႅင္တြင္ စြန႔္ၿပီးေသာ ဆြမ္းေတာ္တင္ကို မေနာလင္ပန္း၌ ထည့္၍ ေကြၽးသည္ဟူေသာ စကားမွစ၍ ဆြမ္းေတာ္တင္ စားလွ်င္ ဘုန္းကံနိမ့္သည္ဟု ေျပာစဥ္ ျဖစ္ေနရပါသည္။ ေဝယ်ာဝစၥလုပ္သူ ဆြမ္းေတာ္တင္ စားေကာင္းသည္ ဟူေသာ စကားမွာလည္း ဘုရားေစတီတို႔တြင္ တင္လႉထားေသာ ဆြမ္းေတာ္တင္ကို ခရီးသြား၊ စားရမဲ့ ေသာက္ရမဲ့ ပုဂၢိဳလ္မ်ား စားေသာက္လိုလွ်င္ ဤအတိုင္း စားသည္ထက္ ေဝယ်ာဝစၥလုပ္ကိုင္ၿပီးမွ စားသင့္ေၾကာင္း ေျပာဆိုျခင္း ျဖစ္ပါသည္။ မိမိတို႔ တစ္အိမ္လုံး စားေသာက္မည့္ ထမင္းဟင္းအားလုံးကို ဘုရားကိုလႉၿပီးမွ စားေသာက္ျခင္းမ်ိဳးကား ရွာမွရွားေသာေစတနာသဒၶါမ်ိဳး ျဖစ္ပါသည္။ မည္သို႔မွ် အျပစ္မရွိပါ။ အမ်ားအားျဖင့္ စတိသေဘာမ်ိဳးသာ ပန္းကန္ငယ္၊ ခြက္ငယ္တို႔ျဖင့္ ဆြမ္းေတာ္တင္ ေလ့ရွိၾကသည္။ ဒီမိသားစုက်ေတာ့ ရွိသမွ် ထမင္းအားလုံးကို လႉဒါန္းၿပီးမွ စားေသာက္ၾကသည္ဟု သိရသျဖင့္ သာဓုေခၚမိပါသည္။ ဘုရားလက္ထက္က ပ႑ိတသာမေဏအေလာင္း ပဋိသေႏၶယူေသာအခါ မိခင္က ဘုရား ရဟႏၲာတို႔အား လႉဒါန္းၿပီးမွ ဆြမ္းႂကြင္း ဆြမ္းက်န္ကို စားလိုေသာ ခ်င္ျခင္းျဖစ္ေၾကာင္း၊ တန္ခိုးႀကီးေသာ ရဟႏၲာ ဖြားျမင္မည့္ အတိတ္ျဖစ္၍ အလြန္ေကာင္းမြန္ေၾကာင္း ဓမၼပဒ အ႒ကထာတြင္ ပါပါသည္။

ေရွးဆရာေတာ္ႀကီးမ်ားသည္ ရသမွ် ဆြမ္းေတာ္တင္ ဘုရားလႉၿပီးမွ စားေသာက္ေသာအေလ့အထ ရွိပါသည္။ မႏၲေလးတြင္ စာသင္သားဘ၀ စာသင္စဥ္က ဆြမ္းခံအျပန္ သပိတ္ေရာ ဆြမ္းဟင္းအားလုံး မဟာျမတ္မုနိဘုရားတြင္ တင္လႉၿပီး အခ်ိန္ရသမွ် တရားထိုင္ခဲ့၍ ေနာက္မွ သပိတ္ကို ျပန္စြန႔္ယူၿပီးစားသုံးခဲ့ေသာ ဆရာေတာ္ႀကီးမ်ား ယခုအခါ သာသနာေတာ္တြင္ ေရွ႕တန္းေရာက္ ပုဂၢိဳလ္ႀကီးမ်ား ျဖစ္၍ေနၾကေပၿပီ။ ထို႔ေၾကာင့္ စားေသာက္ဖြယ္အားလုံး လႉဒါန္းၿပီးမွ စားျခင္း၊ ေမႊးႀကိဳင္လွပေသာ ပန္းမ်ားကို ဘုရားလႉၿပီးမွ ပန္ဆင္ျခင္းတို႔မွာ ကဲ့ရဲ႕ဖြယ္မဟုတ္၊ ခ်ီးမြမ္းဖြယ္၊ အတုယူဖြယ္သာျဖစ္ေၾကာင္းေျဖၾကားလိုက္ပါသည္။

Credit: အရွင္တိေလာကသာရ (ရေဝထြန္း)

(Unicode)
ဆွမ်းတော်စွန့်သည်များကို စားသောက် သုံးဆောင်ခြင်းသည်

(မေး) အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ်ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။ ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။ မည်သည့် အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၎င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၎င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။

(ဖြေ) ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့်သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။ ဝေယျာဝစ္စလုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကို ခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်း စားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။ မိမိတို့ တစ်အိမ်လုံး စားသောက်မည့် ထမင်းဟင်းအားလုံးကို ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသောစေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။ မည်သို့မျှ အပြစ်မရှိပါ။ အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်းတော်တင် လေ့ရှိကြသည်။ ဒီမိသားစုကျတော့ ရှိသမျှ ထမင်းအားလုံးကို လှူဒါန်းပြီးမှ စားသောက်ကြသည်ဟု သိရသဖြင့် သာဓုခေါ်မိပါသည်။ ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါ မိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြွင်း ဆွမ်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် ပါပါသည်။

ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သောအလေ့အထ ရှိပါသည်။ မန္တလေးတွင် စာသင်သားဘ၀ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီးစားသုံးခဲ့သော ဆရာတော်ကြီးများ ယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။ ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာဖြစ်ကြောင်းဖြေကြားလိုက်ပါသည်။

Credit: အရှင်တိလောကသာရ (ရဝေထွန်း)

Leave a Reply

Your email address will not be published. Required fields are marked *