သတင္း

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ သတိပေး

(Unicode)

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ သတိပေး

=======================================

ပြည်တွင်းမှာ ထိုင်းထီနှင့် စင်ကာပူထီများ ရောင်းချပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန် လိုက်ပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့် အောင်ဘာလေထီများသည်သာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပြီး အခြားနိုင်ငံမှ ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိဘူးလို့ဆိုပါတယ်။

ယင်းကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံ မှထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်တယ်လို့ဆိုပါတယ်။

ထိုင်းထီ၊ စင်္ကာပူထီ ရောင်းချသူသည် ပုဒ်မ-၁၁(က) အရ ထီ (သို့မဟုတ်)ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းတစ်ခုခုကို စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့် တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပြီး ထိုသို့ဖောက်ဖျက်ကျူးလွန်လျှင် လောင်ကစားစားဥပဒေပုဒ်မ-၁၈(က)အရ အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်တယ်လို့ဆိုပါတယ်။

(Zawgyi)

ျပည္တြင္းမွာ ထိုင္းထီႏွင့္ စင္ကာပူထီမ်ား ေရာင္းခ်ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕ သတိေပး

=======================================

ျပည္တြင္းမွာ ထိုင္းထီႏွင့္ စင္ကာပူထီမ်ား ေရာင္းခ်ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတိေပး ထုတ္ျပန္ လိုက္ပါတယ္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာက ေရာင္းခ်သည့္ ေအာင္ဘာေလထီမ်ားသည္သာ တရားဝင္ ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ရွိၿပီး အျခားႏိုင္ငံမွ ထီလက္မွတ္မ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ မရွိဘူးလို႔ဆိုပါတယ္။

ယင္းေၾကာင့္ ေလာင္းကစားဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ထိုင္းထီ၊ စကၤာပူထီ အစရွိသည့္ အျခားႏိုင္ငံ မွထီမ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ျခင္း၊ ဝယ္ယူထီထိုးျခင္း ျပဳလုပ္ခြင့္မရွိပါေၾကာင္းႏွင့္ ျပလုပ္ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္တယ္လို႔ဆိုပါတယ္။

ထိုင္းထီ၊ စကၤာပူထီ ေရာင္းခ်သူသည္ ပုဒ္မ-၁၁(က) အရ ထီ (သို႔မဟုတ္)ထီကဲ့သို႔ေသာ အျခားကံစမ္း ကစားနည္းတစ္ခုခုကို စီမံခန္႔ခြဲျခင္း၊ ေလာင္းေၾကးလက္ခံျခင္း၊ ေငြေၾကးအက်ိဳးအျမတ္ရယူျခင္း ဆိုသည့္ တားျမစ္ခ်က္မ်ားကို က်ဴးလြန္ရာေရာက္ၿပီး ထိုသို႔ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ေလာင္ကစားစားဥပေဒပုဒ္မ-၁၈(က)အရ အနည္းဆုံးတစ္ႏွစ္မွ အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္ တစ္သိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္။ ထို႔ျပင္ ျပစ္မႈႏွင့္အက်ဳံးဝင္ေသာ သက္ေသခံ ပစၥည္းႏွင့္ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ျဖစ္တယ္လို႔ဆိုပါတယ္။

Credit,TNO

Leave a Reply

Your email address will not be published. Required fields are marked *