က်န္းမာ‌‌ေရးအသိ

အဆုတ်ကို ပိုကျန်းမာမည့် နည်းလမ်းကောင်းများ

(Unicode)

သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ

လေ့ကျင့်ခန်း လုပ်ပါ-

ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။

ဆေးလိပ်သောက်ရင် ဖြတ်ပါ-

ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်းဆေးလိပ် သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။

ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့-

နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို တွေ့လာရပါတယ်။

လေထုညစ်ညမ်းတာကို ရှောင်ပါ-

ကားမီးခိုးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဖုန်မှုန့် စတာတွေက အဆုတ်ကို ထိခိုက်စေပါတယ်။ ကားအသွားအလာများတဲ့ လမ်းတွေဘေးမှာ လမ်းလျှောက်တာ၊ ပြေးတာ ရှောင်ပါ။ အပြင်ထွက်ရင် လေထုညစ်ညမ်းမှု ပမာဏကိုကြည့်ပြီး အရမ်းများတဲ့အချိန် အပြင်မထွက်ပါနဲ့။ အလုပ်မှာ လေထုညစ်ညမ်းမှုတွေရှိရင် mask တပ်ပါ။ အိမ်မှာ ဓာတုပစ္စည်း သုံးတာကို လျှော့ချပြီး ဖုန်များကို သန့်ရှင်းပါ။ အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။အမှိုက်မီးရှို့တာ၊ တောမီးလောင်တာတွေရှိရင် မရှုမိအောင် နေပါ။ အိမ်မှာ အနံ့ပါတဲ့ ဖယောင်းတိုင် ထွန်းတာတွေ ရှောင်ပါ။

ပိုးမဝင်အောင် ဂရုစိုက်ပါ-

တစ်ခါတလေ အရမ်းဆိုးရွားတဲ့ အဆုတ်ပိုးဝင်တာတွေက သာမန်အအေးမိတာလောက်ကနေ စတာပါ။ နမိုးနီးယားဆိုရင်လည်း အဆုတ်ကို ပိုးဝင်ပြီး ဖြစ်ပွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်ဆေးပြီး ရောဂါပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ-

အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားစတာတွေက အဆုတ်အတွက် လိုအပ်တဲ့ အားအင်ကို ပေးလို့ အလုပ်ကောင်းကောင်း လုပ်စေနိုင်ပါတယ်။

အဖြစ်အများဆုံး အဆုတ်ရောဂါ အမျိုးအစားတွေကတော့ –

နာတာရှည် အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ နမိုးနီးယား စတာတွေ ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသရပါမယ်။

မောနေတာ၊ တရွှီရွှီမြည်တာ၊ ရင်ဘတ်ထဲမှာ ကြပ်နေတာ၊ အချိန်အကြာကြီး ချောင်းဆိုးနေတာ၊ ချောင်းဆိုးရင် ချွဲ၊ သွေးတွေ ပါတာ၊ ခဏခဏ အဆုတ်ကို ပိုးဝင်တာ၊ ကိုယ်အလေးချိန်ကျသွားတာ စတာတွေရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဘယ်သူတွေက ပိုသတိထားရမလဲ?

ဆေးလိပ်သောက်တဲ့လူ၊ ဖုန်တွေ၊ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေနေသူတွေ၊ မိသားစုထဲမှာ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ အဆုတ်ရောဂါကို ပိုသတိထားဖို့ လိုပါတယ်။

Credit-Dr. Htar (www.drmyanmar.com)

(Zawgyi)

သင့္ရဲ႕အဆုတ္ကို က်န္းမာေအာင္ နည္းလမ္းေကာင္းမ်ား

ေလ့က်င့္ခန္း လုပ္ပါ-

ကိုယ္လက္လႈပ္ရွားမႈ လုပ္တာဟာ ႏွလုံးနဲ႔ အဆုတ္က်န္းမာေရးအတြက္ အေကာင္းဆုံး ျဖစ္ပါတယ္။ ကိုယ္ခႏၶာ က်န္းမာလာေလ ေသြးတြင္းကို ေအာက္ဆီဂ်င္ေရာက္တာမ်ားေလ ျဖစ္လာပါတယ္။

ေဆးလိပ္ေသာက္ရင္ ျဖတ္ပါ-

ေဆးလိပ္ေသာက္ရင္ အဆုတ္ကင္ဆာ၊ နာတာရွည္ အဆုတ္ေရာဂါကေန အစ ရင္ၾကပ္ေရာဂါအထိ ျဖစ္ႏိုင္ပါတယ္။ ႏွလုံးေရာဂါ၊ ေလျဖတ္တာ၊ တျခားကင္ဆာေတြ၊ အ႐ိုးပြတာတို႔လည္း ျဖစ္ႏိုင္ေသးပါတယ္။ ပန္းနာရင္ၾကပ္နဲ႔ နာတာရွည္ အဆုတ္ေရာဂါ နဂိုေရာဂါအခံ ရွိရင္လည္းေဆးလိပ္ ေသာက္တာက ပိုဆိုးေစပါတယ္။ ခႏၶာကိုယ္မွာ ရွိသမွ် ကိုယ္တြင္းအဂၤါတိုင္းကို ေဆးလိပ္ေငြ႕က ဒုကၡေပးပါတယ္။

ေဆးလိပ္အစားထိုးဆိုၿပီး vape သုံးတာမ်ိဳးလည္း မလုပ္ပါနဲ႔-

ေနာက္ပိုင္းမွာ စာတမ္းေတြ၊ သုေတသနေတြ၊ လက္ေတြ႕ ေတြ႕ရွိခ်က္ေတြအရ vape သုံးတာကလည္း အဆုတ္ကို ပ်က္စီးေစတာကို ေတြ႕လာရပါတယ္။

ေလထုညစ္ညမ္းတာကို ေရွာင္ပါ-

ကားမီးခိုးေငြ႕၊ ဓာတ္ဆီ၊ ဒီဇယ္ဆီ၊ ဖုန္မႈန႔္ စတာေတြက အဆုတ္ကို ထိခိုက္ေစပါတယ္။ ကားအသြားအလာမ်ားတဲ့ လမ္းေတြေဘးမွာ လမ္းေလွ်ာက္တာ၊ ေျပးတာ ေရွာင္ပါ။ အျပင္ထြက္ရင္ ေလထုညစ္ညမ္းမႈ ပမာဏကိုၾကည့္ၿပီး အရမ္းမ်ားတဲ့အခ်ိန္ အျပင္မထြက္ပါနဲ႔။ အလုပ္မွာ ေလထုညစ္ညမ္းမႈေတြရွိရင္ mask တပ္ပါ။ အိမ္မွာ ဓာတုပစၥည္း သုံးတာကို ေလွ်ာ့ခ်ၿပီး ဖုန္မ်ားကို သန႔္ရွင္းပါ။ အိမ္ကို ေလဝင္ေလထြက္ေကာင္းေအာင္ ထားပါ၊ ျပတင္းေပါက္ေတြ ဖြင့္ထားပါ။အမႈိက္မီးရႈိ႕တာ၊ ေတာမီးေလာင္တာေတြရွိရင္ မရႈမိေအာင္ ေနပါ။ အိမ္မွာ အနံ႔ပါတဲ့ ဖေယာင္းတိုင္ ထြန္းတာေတြ ေရွာင္ပါ။

ပိုးမဝင္ေအာင္ ဂ႐ုစိုက္ပါ-

တစ္ခါတေလ အရမ္းဆိုး႐ြားတဲ့ အဆုတ္ပိုးဝင္တာေတြက သာမန္အေအးမိတာေလာက္ကေန စတာပါ။ နမိုးနီးယားဆိုရင္လည္း အဆုတ္ကို ပိုးဝင္ၿပီး ျဖစ္ပြားတဲ့ေရာဂါတစ္ခု ျဖစ္ပါတယ္။ လက္ကို ဆပ္ျပာနဲ႔ ေရနဲ႔ ပုံမွန္ေဆးၿပီး ေရာဂါပိုးမႊားေတြ မကူးစက္ေအာင္ ကာကြယ္ပါ။

က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားပါ-

အသီးအႏွံ၊ အသီးအ႐ြက္၊ အေစ့အဆံ၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း၊ အသားစတာေတြက အဆုတ္အတြက္ လိုအပ္တဲ့ အားအင္ကို ေပးလို႔ အလုပ္ေကာင္းေကာင္း လုပ္ေစႏိုင္ပါတယ္။

အျဖစ္အမ်ားဆုံး အဆုတ္ေရာဂါ အမ်ိဳးအစားေတြကေတာ့ –

နာတာရွည္ အဆုတ္ေရာဂါ၊ ပန္းနာရင္ၾကပ္၊ ေလႁပြန္ေရာင္ေရာဂါ၊ အဆုတ္ကင္ဆာ၊ နမိုးနီးယား စတာေတြ ျဖစ္ပါတယ္။

ဒီလိုလကၡဏာေတြရွိခဲ့ရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္း ျပသရပါမယ္။

ေမာေနတာ၊ တ႐ႊီ႐ႊီျမည္တာ၊ ရင္ဘတ္ထဲမွာ ၾကပ္ေနတာ၊ အခ်ိန္အၾကာႀကီး ေခ်ာင္းဆိုးေနတာ၊ ေခ်ာင္းဆိုးရင္ ခြၽဲ၊ ေသြးေတြ ပါတာ၊ ခဏခဏ အဆုတ္ကို ပိုးဝင္တာ၊ ကိုယ္အေလးခ်ိန္က်သြားတာ စတာေတြရွိရင္ ဆရာဝန္နဲ႔ ျပသဖို႔ လိုပါတယ္။

ဘယ္သူေတြက ပိုသတိထားရမလဲ?

ေဆးလိပ္ေသာက္တဲ့လူ၊ ဖုန္ေတြ၊ ဓာတ္ေငြ႕ေတြ၊ ဓာတုပစၥည္း ေတြနဲ႔ ထိေတြေနသူေတြ၊ မိသားစုထဲမွာ အဆုတ္ေရာဂါ ရွိတဲ့သူေတြမွာ အဆုတ္ေရာဂါကို ပိုသတိထားဖို႔ လိုပါတယ္။

Credit-Dr. Htar (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *