သတင္း

​အၿငိမ္းစားဝန္ထမ္းေတြကို ပင္စင္လစာတိုးေပးဖို႔ စီစဥ္ေန

(Zawgyi)

​အၿငိမ္းစားေတြကို ပင္စင္လစာတိုးေပးဖို႔ စီစဥ္ေန

အၿငိမ္းစားဝန္ထမ္းေတြရဲ႕ ပင္စင္လစာကိုလာမယ့္ ၂၀၁၉ မွာ တိုးျမႇင့္ေပးႏိုင္ေအာင္ အစိုးရက စီစဥ္ေနတယ္လို႔ ဘ႑ာေရးနဲ႔ စီမံကိန္းဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာလိုက္ပါတယ္။

အစိုးရအေနနဲ႔ ပင္စင္လစာကို တိုးေပးဖို႔ ရွိေနေပမယ့္ တိုးေပးရမယ့္ ပမာဏကိုေတာ့ သုံးသပ္ေနဆဲ ျဖစ္တယ္လို႔လည္း ဒုဝန္ႀကီးက ဆိုပါတယ္။

ဒီကေန႔က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္မွာ ပင္စင္လစာနဲ႔ပတ္သက္ၿပီး ေမးတဲ့ေမးခြန္းကို လာေရာက္ေျဖဆိုအၿပီး ဒုဝန္ႀကီးက ပင္စင္လစာတိုးဖို႔ အစီအစဥ္ ရွိတယ္ဆိုတာကို မီဒီယာကို ေျပာျပခဲ့တာပါ။

အစိုးရအေနနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကို လစာတိုးေပးဖို႔ မ်က္ေျခမျပတ္ ေဆာင္႐ြက္ေပးေနသလို အၿငိမ္းစားဝန္ထမ္းအတြက္လည္း ထည့္သြင္းစဥ္းစားေပးတယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ က ဝန္ထမ္းေတြကို လစာတိုးေပးခဲ့တာပါ။

၂၀၁၈ ၾသဂုတ္လ အကုန္ထိ ပင္စင္ခံစားေနတဲ့ အၿငိမ္းစားဦးေရဟာ ရွစ္သိန္းေက်ာ္ရွိၿပီ ႏွစ္စဥ္ပင္စင္စား အင္အားဟာလည္း တိုးတက္လာတယ္လို႔ ဆိုပါတယ္။

ပင္စင္ဦးစီးဌာနရဲ႕ စာရင္းအရ ႏွစ္စဥ္ တိုးတက္လာတဲ့ ပင္စင္စားဦးေရဟာ ပ်မ္းမွ် ေလးေသာင္းေက်ာ္ရွိၿပီး ေလ်ာ့ နည္းသြားတဲ့ ဦးေရကေတာ့ငါးေထာင္ခန႔္သာ ရွိတာေၾကာင့္ ႏွစ္စဥ္ ပင္စင္စားဦးေရ သုံးေသာင္းခြဲ တိုးတက္ေနတာကိုေတြ႕ရပါတယ္။

Credit – 7Day News Journal

http://www.7daydaily.com/story/144058

(Unicode)

အငြိမ်းစားတွေကို ပင်စင်လစာတိုးပေးဖို့ စီစဉ်နေ

အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာကိုလာမယ့် ၂၀၁၉ မှာ တိုးမြှင့်ပေးနိုင်အောင် အစိုးရက စီစဉ်နေတယ်လို့ ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့ ပင်စင်လစာကို တိုးပေးဖို့ ရှိနေပေမယ့် တိုးပေးရမယ့် ပမာဏကိုတော့ သုံးသပ်နေဆဲ ဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ပင်စင်လစာနဲ့ပတ်သက်ပြီး မေးတဲ့မေးခွန်းကို လာရောက်ဖြေဆိုအပြီး ဒုဝန်ကြီးက ပင်စင်လစာတိုးဖို့ အစီအစဉ် ရှိတယ်ဆိုတာကို မီဒီယာကို ပြောပြခဲ့တာပါ။

အစိုးရအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မျက်ခြေမပြတ် ဆောင်ရွက်ပေးနေသလို အငြိမ်းစားဝန်ထမ်းအတွက်လည်း ထည့်သွင်းစဉ်းစားပေးတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တာပါ။

၂၀၁၈ သြဂုတ်လ အကုန်ထိ ပင်စင်ခံစားနေတဲ့အငြိမ်းစား ဦးရေဟာ ရှစ်သိန်းကျော်ရှိပြီ နှစ်စဉ်ပင်စင်စား အင်အားဟာလည်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

ပင်စင်ဦးစီးဌာနရဲ့ စာရင်းအရ နှစ်စဉ် တိုးတက်လာတဲ့ ပင်စင်စားဦးရေဟာ ပျမ်းမျှ လေးသောင်းကျော်ရှိပြီး လျော့နည်းသွားတဲ့ ဦးရေကတော့ ငါးထောင်ခန့်သာ ရှိတာကြောင့် နှစ်စဉ် ပင်စင်စားဦးရေ သုံးသောင်းခွဲ တိုးတက်နေတာကိုတွေ့ရပါတယ်။

Credit – 7Day News Journal

http://www.7daydaily.com/story/144058

Leave a Reply

Your email address will not be published. Required fields are marked *