သတင်း

မလိုခြင်သော နေရာကမှဲ့ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

[Zawgyi version]













[Unicode version]
မှဲ့ကိုသဘာဝနည်းဖြင့် ဖယ်ရှားနည်း

ဒီတခါတော့ မလိုအပ်တဲ့ မှဲ့(Mole)ကို သဘာဝနည်းဖြင့် ဖယ်ရှားပစ်တဲ့ နည်းလမ်းများအကြောင်း ဖော်ပြပေးပါ့မယ်။

(1) ပန်းသီးရှာလကာရည်ကို ဝါဂွမ်းစလေးဖြင့် တို့ယူပြီး မှဲ့ပေါ်သို့ပွက်တိုက်ပေးပါက ၂ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(2) ကြက်သွန်ဖြူကို အစေးထွက်အောင် ကွင်းလှီးကာ မှဲ့ပေါ်သို့ကပ်ပြီး ဆေးပလာစတာဖြင့် လေလုံအောင် ဖိ့ကပ်ပေးထားလိုက်ပါ။ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(3) အာလူး အစိမ်းကို ကွင်းလှီးပြီး မှဲ့ပေါ်သို့ ကပ်ပေးထားပါက ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(4) နာနတ်သီးကို အရည်ညှစ်ယူပြီး ဂွမ်းစလေးဖြင့် မှဲ့ပေါ်သို့ နေ့စဉ် ပွတ်တိုက်ပေးပါက တစ်ပတ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(5) ကြက်သွန်နီဥကို သေချာသန့်စင်ပြီး အရည်ညှစ်ယူ၍ မှဲ့ပေါ်သို့ သုပ်လိမ်း ပွတ်တိုက်ပေးပါက များမကြာမှီမှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

(6) ငှက်ပျောသီးအမှည့်ရဲ့ အခွံအတွင်းအသားဖြင့် မှဲ့ပေါ်သို့ ပွတ်တိုက်ပေးပါက အချိန်တိုတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(7) Baking sodaလို့ခေါ်တဲ့ ကိတ်မုန့်ဖုတ်တဲ့ နေရာမှာအသုံပြုတဲ့ ဆိုဒါရည်ကို သကြားဖြင့် ရောစပ်၍ မှဲ့ပေါ်သို့ သုတ်လိမ်းပေးပါက တစ်ရက် နှစ်ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(7) လက်ဖက်ပင်မှ ရရှိသော လက်ဖက်ဆီဖြင့် သုပ်လိမ်းပေးပါက သိပ်မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။

(8) ပန်းဂေါ်ဖီပွင့်ကို အရည်ညှစ်ယူပြီး သုပ်လိမ်းပေးပါက ၃ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

(9) ဒုဓလီပန်းပင်၏ အမြစ်ကို အခြောက်လှန်းပြီး သွေးလိမ်းပါက ၅ရက်အတွင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Credit – Win Min Phyo (ဘဝခါးခါး)

Leave a Reply

Your email address will not be published. Required fields are marked *