Month: September 2021

ဗဟုတုသ

အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ်

အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ် ကိုယ်တိုင် တွက်ကြည့်မယ် မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ အိမ်ထောင်ရေးအဟောများကို ဖော်ပြလိုက်ပါတယ်နော်။ လူ ၁၀၀ မှာ ၈၀% ထိ မှန်တတ်ပါတယ်။ တွက်နည်း- မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁(ကျား)ဆိုသော အဟော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။ အကြွင်း ၁ (ကျား)=အကြွင်း ၁ ရရှိသော ယောင်္ကျားလေးများသည် များသာအားဖြင့် အိမ်ထောင်တစ်ဆက်ထဲ ကျတတ်ကြပါတယ်။ မိမိဘက်က အိမ်ထောင်ဘက်အပေါ်ကို သည်းခံ၍ ပေါင်းသင်းပေမယ့် အိမ်ထောက်ဘက်က မိမိအပေါ်ကို ကြပ်ကြပ်မကောင်းလျှင်တော့ နောက်အိမ်ထောင် ၂ ဆက် ၃ ဆက်ထပ်ပြုဖို့ အတွက် […]

ဗဟုတုသ

အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ? အိမ်မြှောက် စုတ်ထိုးနိမိတ်

အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ? အိမ်မြှောက် စုတ်ထိုးနိမိတ် အိမ်မြှောင်ဆိုတာကတော့ နေ့တိုင်းလိုလို စုတ်ထိုးခြင်လည်း ထိုးမယ်၊ တခါတလေမှ ထိုးခြင်မှလည်း ထိုးမယ်။ အဓိက က အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီးများက ဒီလိုအဟောလေးတွေ ထုတ်ထားခဲ့ပါတယ်။ (၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်။ (၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင်မီးလောင်တတ်တယ်၊ ခန္ဓာကိုအပူလောင်တတ်တယ်၊ ရန်ပေါ် ရတတ်တယ်။ (၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်။ (၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင်အချုပ်အနှောင်ခံ ရတတ်တယ်။ (၅) အနောက်အရပ်က စုတ်ထိုးသံကြားရင်ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်။ (၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘဝင် တတ်တယ်၊ ငွေရွှင်တတ်တယ်။ (၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ်။ (၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘကြီး […]

ဗဟုတုသ

အကျပ်အတည်းအခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ဒီဂုဏ်တော်လေးရွတ်ဖတ်ပူဇော်ကြည့်ပါ

အကျပ်အတည်းအခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ဒီဂုဏ်တော်လေးရွတ်ဖတ်ပူဇော်ကြည့်ပါ အကယ်၍ သင်ဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေ းအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား..? အလုပ်အကိုင်အခက်အခဲဖြစ်နေလား..? သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား..? ဘဝမှာအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပြီလား..? စိတ်မပူပါနဲ့ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို စပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး။ စာအုပ်ကိုကြည့်ပြီးပူဇော်တတ်ရင်ပဲ ရနေပါပြီ။ စပြီးပူဇော်ကြည့်ယုံနဲ့မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာသိလာရပါမယ်။ ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။ လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာအတွက်ကြီးမြတ် သောအထောက်အပံ့ကောင်းတစ်ခုကို မိမိလက်ဝယ်ပိုင်ဆိုင်နေတာကိုလည်းတွေ့လာရပါမယ်။ ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ် လာပါမယ်။ ဘဝမှာကောင်းမြတ်သောမျှော်လင့်ချက်တွေနဲ့ရှင်သန်လာပါမယ်။ ဘဝတိုးတတ်အောင်မြင်မှုကိုပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။ ဆင်းရဲတွင်းက လွတ်ကင်းစေနိုင်တာလည်း မဟာသမယသုတ်တော်ပါပဲ။ လောကအလယ်မှာအထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင် မဟာသမယသုတ်တော်ကြီး ကိုသာ ပူဇော်ကြပါ […]

ဗဟုတုသ

ငွေအရင်းအနှီး မလိုပဲ လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်း (၆) မျိုး

ပိုက်ဆံတစ်ကျပ်မှ မရှိဘဲ စတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ။ တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေး အသိုက်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့တာ မဟုတ်ပါဘူး။ သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ့ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီဆိုရင်ပေါ့။ သင့်ဦးနှောက်ထဲမှာ ဘယ်လို ရတနာတွင်း ရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်နော်။ (၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ တကယ်တော့ […]

ဗဟုတုသ

ကံနိမ့်နေတယ်ထင်ရင် လုပ်ကြည့်သင့်သည့် အရာများ

ကံတွေ နိမ့်နေပါလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ဒါလေး လုပ်ကြည့်ပါ။ ထူးခြား လာတာကို တွေ့ရပါလိမ့်မယ် …။ လောကကြီးမှာ ဘာပဲလုပ်လုပ် အမြဲတမ်းအဆင်ပြေတယ် တစ်သမတ်တည်း ဖြစ်နေတယ်ဆိုတာ မရှိဘူး …။ အလုပ်အကိုင်တွေလည်း ကောင်းလိုက် မကောင်းလိုက် ကျမ်းမာရေး ကောင်းလိုက် ညံ့လိုက် ဒါမှမဟုတ် စီးပွားရေး ကျလိုက် တက်လိုက် စသဖြင့် ဘဝပင်လယ်ပြင်မှာ ကံကြမ္မာရေလှိုင်း၏ နိမ့်ရာမြင့်ရာအတိုင်း မြောပါနေကြရပေသည် …။အဲလို ကျင်လည်နေကျရတဲ့အတွက် အဆင်ပြေနေရာကနေ ရုတ်တရက် အဆင်မပြေဖြစ်ခြင်း အလုပ်အကိုင် မကောင်းဖြစ်ခြင်း လာဘ်လာဘတိတ်ခြင်း စသည်တို့ကို တွေ့တဲ့အခါ ငါကံဆိုးနေပါလား ကံတွေ နိမ့်နေပါလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် မြတ်စွာဘုရားအား ရည်မှန်းပြီး အောက်ပါအတိုင်း ဘုရားဆွမ်းတော်တင်ပေးပါ။ အဲဒါလေး လုပ်လိုက်ရင် ထူးခြား လာတာကို […]

ဗဟုတုသ

ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ

ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ အိမ်မက် အမျိုးမျိုးရှိပါတယ်။ တစ်ချို့ အိမ်မက်တွေ က ရှေ့မှာ ဖြစ်လာ တော့မယ့် အရာတွေကို နိမိတ် ပြတဲ့ အိမ်မက် မျိုးတွေရှိပါတယ်။ ဒီလို အရာ တွေကို မယုံကြည်တဲ့ လူမျိုးတွေ ရှိကောင်းရှိ နိုင်ပေမယ့် အပြင်မှာ တကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက် မျိုးတွေ မက်လေ့ရှိလဲဆိုတာကိုတော့ filipinotimes မှာ အခုလို ဖော်ပြထားပါတယ်။ နို့ ဒါမှမဟုတ် ပျားရည် အိမ်မက်ထဲမှာ နို့ တွေကို မက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့ နိမိတ်ပါ။ ဥပမာ- ပျားအုံကြီးကို ပျားရည် ညှစ်တာမျိုး၊ နွားနို့ညှစ်တာမျိုး၊ […]

ဗဟုတုသ

မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတတ်တဲ့ အကြောင်းကို ပုံတွေမှာပဲ ဖြစ်ဖြစ် ဂမ္ဘီရ စာစောင်တွေမှာပဲ ဖြစ်ဖြစ် မြင်ဖူး တွေးဖူးကြမှာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို လူအများက ဂမ္ဘီရ ဆန်ဆန် တွေးတော တတ်ကြပြီး “မြွေထုံကူးသည့် ဖြစ်စဉ်” လို့လည်း ယုံကြည် တတ်ကြပါတယ်။ တကယ်တော့ မြွေတွေ ကိုယ့်အမြှီးကိုယ် ပြန်မြိုတတ်ခြင်းနှင့် ပတ်သက်ပြီး တိတိကျကျ သတ်မှတ်လို့ မရပေမယ့် ဒီလို ဖြစ်စဉ် ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ကတော့ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဇဝေဇဝါ ဖြစ်မှု၊ စိတ်ဖိစီးမှု နှင့် ဆာလောင်မှု များကြောင့် ဒီလို ဖြစ်တောင့် ဖြစ်ခဲ ကိစ္စဖြစ်လာ တတ်ပါတယ်။ […]

ဗဟုတုသ

CONFORT ZONE ကနေ ရုန်းထွက်ကြရအောင်

CONFORT ZONE ကနေ ရုန်းထွက်ကြရအောင် Confort Zone ဆိုတာ လက်ရှိမိမိနေထိုင်ဖြစ်တည်နေတဲ့ အရာတစ်ခုခုအပေါ် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုမှာ ရောင့်ရဲနေတာဖြစ်ပါတယ်။ ဒါကကောင်းလားလို့ မေးလာရင်တော့ ကောင်းလည်းကောင်းပါတယ်။ ဒါပေမယ့် ကောင်းလည်းမကောင်းပါဘူးလို့ ဖြေရပါမှာပါပဲ။ ဘာကြောင့်ပါလဲ။ တစ်ခါတစ်ရံ Confort Zone ဟာ သင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပါပဲ။ ကျွန်တော်တို့တွေဟာ လူသားတွေပါ။ သင်လေ့လာမယ်ဆိုရင် လူသားတွေရဲ့သမိုင်းမှာ အမြဲဆင့်ကဲပြောင်းလဲမှုတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ သမိုင်းတွေထဲမှာ သိပ္ပံပညာရပ်တွေမှာ ဆေးပညာတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ လက်ရှိအနေအထားဟာ ဟိုးအရင် သမိုင်းမတင်ခင်ခေတ်က အခြေအနေနဲ့ လုံးဝကွာခြားနေတာ တွေ့ရမှာပါ။ ဒါဟာ လူသားတစ်ချို့ရဲ့အမြဲလေ့လာစမ်းသပ်မှုတွေ ကိုယ်ကျိုးစွန့်အနစ် နာခံမှုတွေကနေ ရလာတဲ့အသီးအပွင့်တွေလို့လဲ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ဟာလည်း တစ်ခုခုကို စမ်းသပ်လိုက်ဖို့ ဘာကြောင့်များ တွေဝေနေရတာလဲ။ တစ်ကယ်လို့ […]

ဗဟုတုသ

ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း

ဆွေမျိုးမေ့သွားမယ့် တာလေပါ့ချက်နည်း ဝါးပိုးမျှစ်နုလေးတွေရယ် ဒညင်းသီးရယ် လှိုင်လှိုင်ပေါ်တာနဲ့ တာလပေါ့ ချက်ချင်စိတ် ပေါက်လာလို့ ချက်လိုက်ပါတယ်။ ချက်နည်းလေး ရေးပေးလိုက်တယ်နော်။ တိုင်းရင်းသားတွေချက်တဲ့ တာလပေါ့ ချက်နည်းနဲ့ တူချင်မှတူမှာပါနော်။ ဖြည့်ကြည့်ပါလို့။ လိုအပ်ရင်လည်းဖြည့်စွက်ပေးပါ fri တို့ရေ။ ပါဝင်ပစ္စည်း- ဆန်( သို့) ဆန်ကွဲ-လက်နှစ်ဆုပ် မျှစ်-၁၀ ကျပ်သား ဒညင်းသီး-၁၀ လုံး ကြိုက်နှစ်သက်ရာ ဟင်းရွက်မျိုးစုံ- ဆူးပုပ်၊ ကင်းပုံ၊ ဒန့်ဒလွန်၊ ဂွေးတောက်၊ ပင်စိမ်း ငရုပ်ကောင်း-အနည်းငယ် ပုဇွန်ငါးပိ(သို့)ငါး ငါးပိ-အနည်းငယ် ကြိုက်နှစ်သက်ရာအသား (ကြက် ဝက် ငါး ပုဇွန်)-၁၀ ကျပ်သား ပြုလုပ်ပုံ- ၁။ ဆန်ကိုရေစိမ်ထားပြီး မညက်တစ်ညက် ထောင်းပါ။ မျှစ်ကို ပါးပါးလှီးပြီး ပြုပ်ပါ (၂/၃ကြိမ်ပြုပ်ပါ တစ်ကြိမ်ပြုပ်ပြီး ရေ သွန်ပြီး […]

ဗဟုတုသ

သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက်ရှိနေရင် အမြန်ဆုံး ပြင်လိုက်ပါ

သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက်ရှိနေရင် အမြန်ဆုံး ပြင်လိုက်ပါ။ အရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေ ရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကိုလာဘ်တိတ်စေသလို၊ သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်။ (၁)ရှုပ်ပွနေခြင်း သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေ မရှင်းတာ၊ပန်းကန်တွေ မဆေးပဲ ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။ (၂)အနံ့အသက်ဆိုးခြင်း သင့်အိမ်က လေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊ အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး ဘုန်းကံနိမ့်စေတာကြောင့် […]

Back To Top