မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

မြွေထုံကူးခြင်း သို့မဟုတ် ကိုယ့်အမြှီးကိုယ် ပြန်မြိုရခြင်း အကြောင်းအရင်း

မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတတ်တဲ့ အကြောင်းကို ပုံတွေမှာပဲ ဖြစ်ဖြစ် ဂမ္ဘီရ စာစောင်တွေမှာပဲ ဖြစ်ဖြစ် မြင်ဖူး တွေးဖူးကြမှာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို လူအများက ဂမ္ဘီရ ဆန်ဆန် တွေးတော တတ်ကြပြီး “မြွေထုံကူးသည့် ဖြစ်စဉ်” လို့လည်း ယုံကြည် တတ်ကြပါတယ်။ တကယ်တော့ မြွေတွေ ကိုယ့်အမြှီးကိုယ် ပြန်မြိုတတ်ခြင်းနှင့် ပတ်သက်ပြီး တိတိကျကျ သတ်မှတ်လို့ မရပေမယ့် ဒီလို ဖြစ်စဉ် ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ကတော့ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဇဝေဇဝါ ဖြစ်မှု၊ စိတ်ဖိစီးမှု နှင့် ဆာလောင်မှု များကြောင့် ဒီလို ဖြစ်တောင့် ဖြစ်ခဲ ကိစ္စဖြစ်လာ တတ်ပါတယ်။ အောက်မှာတော့ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်စဉ်ကို ဖြစ်စေတဲ့ အကြောင်းများကို ဖော်ပြပေးသွားမှာပါ။

မြွေတွေ ကိုယ့် အမြှီးကိုယ် မြိုရတဲ့ အချက်များမြွေတွေ ကိုယ့် အမြှီးကိုယ် မြိုတဲ့အချိန်မှာ ဖြစ်လာတဲ့ စက်ဝိုင်းပုံစံကို Ouroboros လို့ခေါ်ပြီး ရှေးခေတ်သင်္ကတတခုဖြစ်တဲ့ ဘဝဖြစ်တည်ခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ ပုံစံအားဖြင့် အပြုသဘောဆောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိပ္ပါယ် အချို့ ရှိတယ်လို့ ပြောကြပေမယ့် မြွေတွေ သူတို့ကိုယ် သူတို့ မြိုကြတာ ပုံမှန်တော့ မဟုတ်ပါဘူး။

အပူချိန် သွေးအေး သတ္တဝါဖြစ်တဲ့ မြွေတွေဟာ ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန် ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ပြင်ပမှ အကူအညီဖြင့်သာ နွေးထွေးအောင် လုပ်ဆောင်နိုင်ပါတယ်။ အပူချိန် လွန်ကဲခြင်းဟာ စိတ်ရှုပ်ထွေးခြင်းနှင့် စဉ်းစားနိုင်စွမ်း ပျောက်ဆုံးခြင်းတို့ ဖြစ်နိုင်ပြီး ၎င်းတို့ဟာ ကိုယ့်အမြှီးကိုယ် သားကောင်များဟု ထင်ကောင်းထင်နိုင်ပါတယ်။အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ၎င်းတို့၏ ဇီဝဖြစ်ပျက်မှုဟာ မြန်ဆန်လာပြီး ဆာလောင်သည့် ခံစားမှုမျိုး ဖြစ်ပေါ်လာကာ အမြှီးကို မြင်ပါက သားကောင်အမှတ်ဖြင့် ချက်ချင်း စားသောက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဆာလောင်မှုဟာ ဇီဝဖြစ်ပျက်မှု မြန်ဆန်လာလို့ ဖြစ်ပေါ်လာတဲ့ အတုအယောင်ခံစားမှု ဆိုပေမယ့် မြွေတွေကို တခုခု အမြန် စားသုံးဖို့ လို အပ် နေတယ်လို့ တွေးမိစေမှာ ဖြစ်ပါတယ်။

အရေခွံ လဲခြင်း- မြွေတွေ အရေခွံ လဲတဲ့အခါမှာ မျက်လုံးပေါ်မှ အကြေးခွံ တွေဟာလဲ ကျွတ်ကျလေ့ ရှိပါတယ်။ အရေခွံ လဲနေစဉ်အတွင်းမှာ မကျွတ်သေးတဲ့ မျက်လုံးပေါ်မှ အကြေးခွံဟာ ယာယီအားဖြင့် မျက်စိကို ဖုံးကွယ်စေပြီး အမြင်အာရုံကို လျော့နည်းစေပါတယ်။ ဤအရာဟာလည်း ၎င်းတို့၏ အမြှီးကို အစားအစာထင်ပြီး မှားယွင်း စားသုံးတတ်တဲ့ ဖြစ်စဉ်ကို ဖြစ်စေပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးရင်တဲ့ မြွေများဟာ ၎င်းတို့၏ သက်တမ်း ကုန်ဆုံးခါနီးလာရင် ကိုယ့်ကိုယ်ကို မြိုတတ်တယ်ဆိုတဲ့ သီအိုရီတခု ရှိပါသေးတယ်။ အသက်ကြီးပြီး မကျန်းမာလာပါက မြွေများဟာ သူတို့ကိုယ်သူတို့ ကိုက်တာပဲ ဖြစ်စေ၊ အကြောဆွဲသလို လူးလှိမ့်တာမျိုးပဲ ဖြစ်စေ ဖြစ်တတ်ပါတယ်။

oddlycutepets ရှိ ဆောင်းပါးမှ မှီငြမ်း ရေးသားပါသည်။

Credit-Original Uploader

(Zawgyi)

ေႁမြထုံကူးျခင္း သို႔မဟုတ္ ကိုယ့္အျမႇီးကိုယ္ ျပန္ၿမိဳရျခင္း အေၾကာင္းအရင္း

ေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳတတ္တဲ့ အေၾကာင္းကို ပုံေတြမွာပဲ ျဖစ္ျဖစ္ ဂမၻီရ စာေစာင္ေတြမွာပဲ ျဖစ္ျဖစ္ ျမင္ဖူး ေတြးဖူးၾကမွာပါ။ မ်ားေသာအားျဖင့္ ဒီျဖစ္စဥ္ကို လူအမ်ားက ဂမၻီရ ဆန္ဆန္ ေတြးေတာ တတ္ၾကၿပီး “ေႁမြထုံကူးသည့္ ျဖစ္စဥ္” လို႔လည္း ယုံၾကည္ တတ္ၾကပါတယ္။ တကယ္ေတာ့ ေႁမြေတြ ကိုယ့္အျမႇီးကိုယ္ ျပန္ၿမိဳတတ္ျခင္းႏွင့္ ပတ္သက္ၿပီး တိတိက်က် သတ္မွတ္လို႔ မရေပမယ့္ ဒီလို ျဖစ္စဥ္ ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ ကေတာ့ အမ်ားႀကီးရွိပါတယ္။ ဥပမာအားျဖင့္ ဇေဝဇဝါ ျဖစ္မႈ၊ စိတ္ဖိစီးမႈ ႏွင့္ ဆာေလာင္မႈ မ်ားေၾကာင့္ ဒီလို ျဖစ္ေတာင့္ ျဖစ္ခဲ ကိစၥျဖစ္လာ တတ္ပါတယ္။ ေအာက္မွာေတာ့ ဒီလို စိတ္ဝင္စားစရာ ေကာင္းတဲ့ ျဖစ္စဥ္ကို ျဖစ္ေစတဲ့ အေၾကာင္းမ်ားကို ေဖာ္ျပေပးသြားမွာပါ။

ေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳရတဲ့ အခ်က္မ်ားေႁမြေတြ ကိုယ့္ အျမႇီးကိုယ္ ၿမိဳတဲ့အခ်ိန္မွာ ျဖစ္လာတဲ့ စက္ဝိုင္းပုံစံကို Ouroboros လို႔ေခၚၿပီး ေရွးေခတ္သကၤတတခုျဖစ္တဲ့ ဘဝျဖစ္တည္ျခင္း၊ ေသဆုံးျခင္းႏွင့္ ျပန္လည္ေမြးဖြားျခင္းကို ကိုယ္စားျပဳပါတယ္။ ပုံစံအားျဖင့္ အျပဳသေဘာေဆာင္ၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အဓိပၸါယ္ အခ်ိဳ႕ ရွိတယ္လို႔ ေျပာၾကေပမယ့္ ေႁမြေတြ သူတို႔ကိုယ္ သူတို႔ ၿမိဳၾကတာ ပုံမွန္ေတာ့ မဟုတ္ပါဘူး။

အပူခ်ိန္ ေသြးေအး သတၱဝါျဖစ္တဲ့ ေႁမြေတြဟာ ၎တို႔၏ ခႏၶာကိုယ္အပူခ်ိန္ကို ပုံမွန္ ထိန္းသိမ္းႏိုင္စြမ္းမရွိဘဲ ျပင္ပမွ အကူအညီျဖင့္သာ ေႏြးေထြးေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ အပူခ်ိန္ လြန္ကဲျခင္းဟာ စိတ္ရႈပ္ေထြးျခင္းႏွင့္ စဥ္းစားႏိုင္စြမ္း ေပ်ာက္ဆုံးျခင္းတို႔ ျဖစ္ႏိုင္ၿပီး ၎တို႔ဟာ ကိုယ့္အျမႇီးကိုယ္ သားေကာင္မ်ားဟု ထင္ေကာင္းထင္ႏိုင္ပါတယ္။အပူခ်ိန္ ျမင့္တက္လာျခင္းႏွင့္အတူ ၎တို႔၏ ဇီဝျဖစ္ပ်က္မႈဟာ ျမန္ဆန္လာၿပီး ဆာေလာင္သည့္ ခံစားမႈမ်ိဳး ျဖစ္ေပၚလာကာ အျမႇီးကို ျမင္ပါက သားေကာင္အမွတ္ျဖင့္ ခ်က္ခ်င္း စားေသာက္ဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ဆာေလာင္မႈဟာ ဇီဝျဖစ္ပ်က္မႈ ျမန္ဆန္လာလို႔ ျဖစ္ေပၚလာတဲ့ အတုအေယာင္ခံစားမႈ ဆိုေပမယ့္ ေႁမြေတြကို တခုခု အျမန္ စားသုံးဖို႔ လို အပ္ ေနတယ္လို႔ ေတြးမိေစမွာ ျဖစ္ပါတယ္။

အေရခြံ လဲျခင္း- ေႁမြေတြ အေရခြံ လဲတဲ့အခါမွာ မ်က္လုံးေပၚမွ အေၾကးခြံ ေတြဟာလဲ ကြၽတ္က်ေလ့ ရွိပါတယ္။ အေရခြံ လဲေနစဥ္အတြင္းမွာ မကြၽတ္ေသးတဲ့ မ်က္လုံးေပၚမွ အေၾကးခြံဟာ ယာယီအားျဖင့္ မ်က္စိကို ဖုံးကြယ္ေစၿပီး အျမင္အာ႐ုံကို ေလ်ာ့နည္းေစပါတယ္။ ဤအရာဟာလည္း ၎တို႔၏ အျမႇီးကို အစားအစာထင္ၿပီး မွားယြင္း စားသုံးတတ္တဲ့ ျဖစ္စဥ္ကို ျဖစ္ေစပါတယ္။

ဒါ့အျပင္ အသက္အ႐ြယ္ႀကီးရင္တဲ့ ေႁမြမ်ားဟာ ၎တို႔၏ သက္တမ္း ကုန္ဆုံးခါနီးလာရင္ ကိုယ့္ကိုယ္ကို ၿမိဳတတ္တယ္ဆိုတဲ့ သီအိုရီတခု ရွိပါေသးတယ္။ အသက္ႀကီးၿပီး မက်န္းမာလာပါက ေႁမြမ်ားဟာ သူတို႔ကိုယ္သူတို႔ ကိုက္တာပဲ ျဖစ္ေစ၊ အေၾကာဆြဲသလို လူးလွိမ့္တာမ်ိဳးပဲ ျဖစ္ေစ ျဖစ္တတ္ပါတယ္။

oddlycutepets ရွိ ေဆာင္းပါးမွ မွီျငမ္း ေရးသားပါသည္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top