ဗဟုတုသ

အကျပ်အတည်းအခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ဒီဂုဏ်တော်လေးရွတ်ဖတ်ပူဇော်ကြည့်ပါ

အကျပ်အတည်းအခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ဒီဂုဏ်တော်လေးရွတ်ဖတ်ပူဇော်ကြည့်ပါ

အကယ်၍ သင်ဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေ းအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား..? အလုပ်အကိုင်အခက်အခဲဖြစ်နေလား..? သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား..? ဘဝမှာအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပြီလား..? စိတ်မပူပါနဲ့ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို စပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး။ စာအုပ်ကိုကြည့်ပြီးပူဇော်တတ်ရင်ပဲ ရနေပါပြီ။ စပြီးပူဇော်ကြည့်ယုံနဲ့မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာသိလာရပါမယ်။ ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။ လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာအတွက်ကြီးမြတ် သောအထောက်အပံ့ကောင်းတစ်ခုကို မိမိလက်ဝယ်ပိုင်ဆိုင်နေတာကိုလည်းတွေ့လာရပါမယ်။ ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ် လာပါမယ်။ ဘဝမှာကောင်းမြတ်သောမျှော်လင့်ချက်တွေနဲ့ရှင်သန်လာပါမယ်။ ဘဝတိုးတတ်အောင်မြင်မှုကိုပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။

ဆင်းရဲတွင်းက လွတ်ကင်းစေနိုင်တာလည်း မဟာသမယသုတ်တော်ပါပဲ။ လောကအလယ်မှာအထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင် မဟာသမယသုတ်တော်ကြီး ကိုသာ ပူဇော်ကြပါ အေးချမ်းပါလိမ့်မယ်၊ အောင်မြင်လာပါလိမ့်မယ်၊ ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်းရရှိပိုင်ဆိုင်လာရပါလိမ့်မယ်။ မဟာသမယသုတ်တော်ကိုမျိုးကတော့ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသောပြောင်းလဲခြင်းများနဲ့ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော်ကြီးလို့ဘဝမှာ မှတ်တိုင်စိုက်ထူပြီးဖြစ်ပါတယ်။ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုနာယူရသော ကြောင့် ဘုရားရှင်လက်ထက်တော်မှာကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလည်းအများကြီးရှိသလို အခုလောကီမှာလည်း ကောင်းကျိုးမျိုးစုံ စံစားခံစားနေရတဲ့ ထူးခြားတဲ့လူသားတွေလည်းအများကြီးရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။ မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူနေပြီ ပူဇော်နေပြီဆိုကတည်းက ထိုပုဂ္ဂိုလ် ဟာ ထူးမြတ်သော လူသားတစ်ယောက် ဖြစ်နေပါပြီလို့။

Credit: Original Uploader

(Zawgyi)

အက်ပ္အတည္းအခက္အခဲ ဒုကၡေတြနဲ႔ ရင္ဆိုင္ေနရတယ္ဆိုရင္ ဒီဂုဏ္ေတာ္ေလး႐ြတ္ဖတ္ပူေဇာ္ၾကည့္ပါ

အကယ္၍ သင္ဟာ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရ းအဘက္ဘက္မွာ ခ်ိဳ႕ယြင္းလာေနၿပီလား..? အလုပ္အကိုင္အခက္အခဲျဖစ္ေနလား..? ေသခ်င္ေလာက္ေအာင္စိတ္ဓာတ္က်ေနလား..? ဘဝမွာအခက္အခဲမ်ိဳးစုံရင္ဆိုင္ႀကဳံေတြ႕ေနရၿပီလား..? စိတ္မပူပါနဲ႔ မဟာသမယသုတ္ပရိတ္ေတာ္ျမတ္ႀကီးကိုသာ ယုံၾကည္ေလးနက္စြာ ပူေဇာ္ လိုက္ပါ။ မဟာသမယသုတ္ ပရိတ္ေတာ္ျမတ္ႀကီးကို စပူေဇာ္ကာစမွာ အလြတ္ရစရာမလိုပါဘူး။ စာအုပ္ကိုၾကည့္ၿပီးပူေဇာ္တတ္ရင္ပဲ ရေနပါၿပီ။ စၿပီးပူေဇာ္ၾကည့္ယုံနဲ႔မိမိရဲ႕စိတ္အေနဘယ္ေလာက္ေအးခ်မ္း လာတယ္ဆိုတာသိလာရပါမယ္။ ပူေဇာ္တဲ့သက္တမ္းရလာတာနဲ႔အမွ် ဘက္ေပါင္းစုံမွ အဆင္ေျပမႈေတြ တိုးတတ္မႈေတြ မထင္မွတ္ထားတဲ့ေကာင္းက်ိဳးေတြ အမ်ားႀကီးရလာပါလိမ့္မယ္။ ေလာကီခ်မ္းသာတင္ပဲလား မဟုတ္ေသးပါဘူးေနာ္ ေလာကုတၱရာအတြက္ႀကီးျမတ္ ေသာအေထာက္အပံ့ေကာင္းတစ္ခုကို မိမိလက္ဝယ္ပိုင္ဆိုင္ေနတာကိုလည္းေတြ႕လာရပါမယ္။ ေကာင္းတဲ့အလုပ္ေတြပဲလုပ္ခ်င္စိတ္ျဖစ္ လာပါမယ္။ ဘဝမွာေကာင္းျမတ္ေသာေမွ်ာ္လင့္ခ်က္ေတြနဲ႔ရွင္သန္လာပါမယ္။ ဘဝတိုးတတ္ေအာင္ျမင္မႈကိုေပးစြမ္းႏိုင္တာ မဟာသမယသုတ္ပါပဲ။

ဆင္းရဲတြင္းက လြတ္ကင္းေစႏိုင္တာလည္း မဟာသမယသုတ္ေတာ္ပါပဲ။ ေလာကအလယ္မွာအထက္တန္းက်က် မ်က္ႏွာပန္းလွလွ ေလာကီ ေလာကုတၱရာေကာင္းမႈကုသိုလ္ေတြကို အဆင့္အတန္းျမင့္ျမင့္ ျပဳလုပ္ခ်င္တယ္ဆိုရင္ မဟာသမယသုတ္ေတာ္ႀကီး ကိုသာ ပူေဇာ္ၾကပါ ေအးခ်မ္းပါလိမ့္မယ္၊ ေအာင္ျမင္လာပါလိမ့္မယ္၊ ထူးျခားမႈေတြကိုတစ္ခုျခင္း တစ္ခုျခင္းရရွိပိုင္ဆိုင္လာရပါလိမ့္မယ္။ မဟာသမယသုတ္ေတာ္ကိုမ်ိဳးကေတာ့ထူးျခားမႈျဖစ္စဥ္ ဘဝမွာေကာင္းေသာေျပာင္းလဲျခင္းမ်ားနဲ႔ျပည့္စုံေစေသာ ႀကီးပြားခ်မ္းသာျခင္းအတြက္ အေကာင္းဆုံးေသာ သုတ္ေတာ္ႀကီးလို႔ဘဝမွာ မွတ္တိုင္စိုက္ထူၿပီးျဖစ္ပါတယ္။ မဟာသမယသုတ္ပရိတ္ေတာ္ျမတ္ႀကီးကိုနာယူရေသာ ေၾကာင့္ ဘုရားရွင္လက္ထက္ေတာ္မွာကြၽတ္တန္းဝင္သြားတဲ့ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ေတြလည္းအမ်ားႀကီးရွိသလို အခုေလာကီမွာလည္း ေကာင္းက်ိဳးမ်ိဳးစုံ စံစားခံစားေနရတဲ့ ထူးျခားတဲ့လူသားေတြလည္းအမ်ားႀကီးရွိေနတာေၾကာင့္ မဟာသမယသုတ္ ပရိတ္ေတာ္ျမတ္ႀကီးကို ယုံၾကည္စြာပူေဇာ္ၾကပါလို႔ ေလးေလးနက္နက္ တိုက္တြန္းလိုက္ပါတယ္။ မဟာသမယသုတ္ ပရိတ္ေတာ္ကို သိေနၿပီ နာယူေနၿပီ ပူေဇာ္ေနၿပီဆိုကတည္းက ထိုပုဂၢိဳလ္ ဟာ ထူးျမတ္ေသာ လူသားတစ္ေယာက္ ျဖစ္ေနပါၿပီလို႔။

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *