ဗဟုတုသ

ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ

ငွေဝင်ခါနီးပြီးဆိုရင် မက်လေ့ရှိတဲ့ ရှေ့ပြေးနိမိတ် အိမ်မက်တွေ

အိမ်မက် အမျိုးမျိုးရှိပါတယ်။ တစ်ချို့ အိမ်မက်တွေ က ရှေ့မှာ ဖြစ်လာ တော့မယ့် အရာတွေကို နိမိတ် ပြတဲ့ အိမ်မက် မျိုးတွေရှိပါတယ်။ ဒီလို အရာ တွေကို မယုံကြည်တဲ့ လူမျိုးတွေ ရှိကောင်းရှိ နိုင်ပေမယ့် အပြင်မှာ တကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။

ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက် မျိုးတွေ မက်လေ့ရှိလဲဆိုတာကိုတော့ filipinotimes မှာ အခုလို ဖော်ပြထားပါတယ်။

နို့ ဒါမှမဟုတ် ပျားရည်

အိမ်မက်ထဲမှာ နို့ တွေကို မက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့ နိမိတ်ပါ။ ဥပမာ- ပျားအုံကြီးကို ပျားရည် ညှစ်တာမျိုး၊ နွားနို့ညှစ်တာမျိုး၊ နို့တွေက လမ်းတွေပေါ်မှာ ဖုံးလွှမ်းနေတာ မျိုး…အစရှိတဲ့ အိမ်မက် မျိုးပါ။

ရွှေ နဲ့ လက်ဝတ်ရတနာ

ရွှေဆိုတာက ချမ်းသာကြွယ်၀ မှုရဲ့ လက္ခာဏာ တစ်ခုပါ။ ကိုယ့်ရဲ့ အိမ်မက် ထဲမှာ ရွှေတွေကို မြင်မက်ရင်လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ ပြေးပါ။

နောက်တစ်ခုက တော့ အိမ်မက် ထဲမှာ နားကပ်ပန်ရတယ်၊လက်စွပ်တွေ ဝတ်ရတယ်ဆိုပြီး မက်တာမျိုးပါ။ အဲ့လို မက်နေပြီဆိုရင် တော့ မကြာခင် မှာ သင် ဝင်ငွေတော့မှာပါ။ ဥပမာ- အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ ရွှေတုံးတွေ ရှိတဲ့နေရာ ရောက်နေတာမျိုး၊ လက်ဆောင်ရတာမျိုး၊ နားကပ်တွေပန်ရတယ်လို့ အိမ်မက် မက်တာမျိုးပါ။

နံပါတ်(၈)

ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှ နိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့ နံပါတ် တွေ လို့ သတ်မှတ်ခံထားရတာပါ။

ဒါပေမယ့် မြန်မာမှာတော့ (၈) ဂဏန်းက မကောင်းဘူးဆိုတဲ့ အယူအဆ တစ်ချို့တော့ရှိပါတယ်။

ဒါပေမယ့်လည်း (၈) က ဝင်ငွေ ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ ပြေး အရာတွေထဲက တစ်ခုပါ။ (၈) ဂဏန်းကို မက်ပြီဆိုရင်တော့ သင်မကြာခင် ငွေ ကံ ကောင်းတော့မှာပါ။

လင်းယုန်

လင်းယုန်ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ ပြေးနမိတ် အိမ်မက်ပါ။ လင်းယုန်ကတော့ ရဲ ရင့်မှု၊ သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။ ဂရိဒဏ္ဍာရီ မှာဆိုရင် လင်းယုန်က Zeus နတ်ဖုရားရဲ့ ကူညီ ပံ့ပိုးသူ အဖြစ် လက်ခံယုံကြည်ကြပါတယ်။ လင်းယုန်ကို အိမ်မက် မက်ရင် ငွေ ဝင်မယ်၊ ကြံစည်သမျှ အောင်မြင်မယ် ဆိုတဲ့ အယူ ရှိပါတယ်။

ချီး နဲ့ ငွေ

ချီးက ရွံ့ စရာ လို့ ထင် ပေမယ့် သူ့ကို အိမ်မက် မက်ရင်တော့ ငွေ ဝင် တတ်ပါတယ်။ ချီးတွင်းထဲကျတာ၊ ချီးပုံ နင်းမိတာ၊ ချီး တွေ ကို တွေ့တာမျိုးတွေ မြင် ရင် မကြာခင်မှာ ငွေ ဝင်တတ်ပါတယ်။

နောက်တစ်ခုက တော့ ပိုက်ဆံပါ။ ပိုက်ဆံ တွေကို အိမ် မက် ထဲမှာ အပုံလိုက် မက်ရင်လည်း အပြင်မှာပါ ငွေ ဝင်တတ်ပါတယ်။

ဂျုံ၊စပါး

ဒါတွေက တော့အ ခြေခံ မရှိမဖြစ် စားသောက်ကုန် လို့ ပြောလို့ရပါတယ်။ ဂျုံ၊ စပါး ဆိုတာ မျိုး က ချမ်းသာခြင်း၊ပျော်ရွှင် မှုကို ကိုယ်စားပြု တဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ ကို အိမ်မက် မက်ရင်လည်း ကံကောင်းတတ်၊ ငွေဝင် တတ်ပါတယ်။

အကောင်တွေ

တိရစ္ဆာန်ထဲမှာဆိုရင်တော့ နွား၊ ဆင်တွေ၊ မြင်းတွေကို မက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ ပြေး လက္ခဏာပါ။ ငှက် ဆိုရင် ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြှီးကောက်၊ ကြွက် တို့ ကို မက်ရင်လည်း ငွေ ဝင်တတ်ပါတယ်။

AUNTYMAY

(Zawgyi)

ေငြဝင္ခါနီးၿပီးဆိုရင္ မက္ေလ့ရွိတဲ့ ေရွ႕ေျပးနိမိတ္ အိမ္မက္ေတြ

အိမ္မက္ အမ်ိဳးမ်ိဳးရွိပါတယ္။ တစ္ခ်ိဳ႕ အိမ္မက္ေတြ က ေရွ႕မွာ ျဖစ္လာ ေတာ့မယ့္ အရာေတြကို နိမိတ္ ျပတဲ့ အိမ္မက္ မ်ိဳးေတြရွိပါတယ္။ ဒီလို အရာ ေတြကို မယုံၾကည္တဲ့ လူမ်ိဳးေတြ ရွိေကာင္းရွိ ႏိုင္ေပမယ့္ အျပင္မွာ တကယ္လည္းျဖစ္ခဲ့၊ ရွိခဲ့တယ္ဆိုတဲ့ သာဓကေတြ အမ်ားႀကီးရွိပါတယ္။

ပိုက္ဆံဝင္ခါနီးရင္ ဘယ္လိုအိမ္မက္ မ်ိဳးေတြ မက္ေလ့ရွိလဲဆိုတာကိုေတာ့ filipinotimes မွာ အခုလို ေဖာ္ျပထားပါတယ္။

ႏို႔ ဒါမွမဟုတ္ ပ်ားရည္

အိမ္မက္ထဲမွာ ႏို႔ ေတြကို မက္တာ ဒါမွမဟုတ္ ပ်ားရည္ကို မက္တာမ်ိဳးက မၾကာခင္မွာ ေငြဝင္ေတာ့မယ္ဆိုတဲ့ နိမိတ္ပါ။ ဥပမာ- ပ်ားအုံႀကီးကို ပ်ားရည္ ညႇစ္တာမ်ိဳး၊ ႏြားႏို႔ညႇစ္တာမ်ိဳး၊ ႏို႔ေတြက လမ္းေတြေပၚမွာ ဖုံးလႊမ္းေနတာ မ်ိဳး…အစရွိတဲ့ အိမ္မက္ မ်ိဳးပါ။

ေ႐ႊ နဲ႔ လက္ဝတ္ရတနာ

ေ႐ႊဆိုတာက ခ်မ္းသာႂကြယ္၀ မႈရဲ႕ လကၡာဏာ တစ္ခုပါ။ ကိုယ့္ရဲ႕ အိမ္မက္ ထဲမွာ ေ႐ႊေတြကို ျမင္မက္ရင္လည္း ဒါဟာ မၾကာခင္မွာ ခ်မ္းသာေတာ့မယ္ဆိုတဲ့ ေရွ႕ ေျပးပါ။

ေနာက္တစ္ခုက ေတာ့ အိမ္မက္ ထဲမွာ နားကပ္ပန္ရတယ္၊လက္စြပ္ေတြ ဝတ္ရတယ္ဆိုၿပီး မက္တာမ်ိဳးပါ။ အဲ့လို မက္ေနၿပီဆိုရင္ ေတာ့ မၾကာခင္ မွာ သင္ ဝင္ေငြေတာ့မွာပါ။ ဥပမာ- အိမ္မက္ထဲမွာ ေ႐ႊေခ်ာင္းေတြ၊ ေ႐ႊတုံးေတြ ရွိတဲ့ေနရာ ေရာက္ေနတာမ်ိဳး၊ လက္ေဆာင္ရတာမ်ိဳး၊ နားကပ္ေတြပန္ရတယ္လို႔ အိမ္မက္ မက္တာမ်ိဳးပါ။

နံပါတ္(၈)

ဂဏန္း နံပါတ္ (၈) က တ႐ုတ္နဲ႔ အာရွ ႏိုင္ငံေတြမွာဆိုရင္ ကံေကာင္းေစတဲ့ နံပါတ္ ေတြ လို႔ သတ္မွတ္ခံထားရတာပါ။

ဒါေပမယ့္ ျမန္မာမွာေတာ့ (၈) ဂဏန္းက မေကာင္းဘူးဆိုတဲ့ အယူအဆ တစ္ခ်ိဳ႕ေတာ့ရွိပါတယ္။

ဒါေပမယ့္လည္း (၈) က ဝင္ေငြ ခါနီးရင္ ေတြ႕ရတတ္တဲ့ ေရွ႕ ေျပး အရာေတြထဲက တစ္ခုပါ။ (၈) ဂဏန္းကို မက္ၿပီဆိုရင္ေတာ့ သင္မၾကာခင္ ေငြ ကံ ေကာင္းေတာ့မွာပါ။

လင္းယုန္

လင္းယုန္ကို မက္တာကလည္း ေငြဝင္မယ့္ ေရွ႕ ေျပးနမိတ္ အိမ္မက္ပါ။ လင္းယုန္ကေတာ့ ရဲ ရင့္မႈ၊ သတၱိရွိမႈ ကို ကိုယ္စား ျပဳတဲ့ တိရစာၦန္ပါ။ ဂရိဒ႑ာရီ မွာဆိုရင္ လင္းယုန္က Zeus နတ္ဖုရားရဲ႕ ကူညီ ပံ့ပိုးသူ အျဖစ္ လက္ခံယုံၾကည္ၾကပါတယ္။ လင္းယုန္ကို အိမ္မက္ မက္ရင္ ေငြ ဝင္မယ္၊ ႀကံစည္သမွ် ေအာင္ျမင္မယ္ ဆိုတဲ့ အယူ ရွိပါတယ္။

ခ်ီး နဲ႔ ေငြ

ခ်ီးက ႐ြံ႕ စရာ လို႔ ထင္ ေပမယ့္ သူ႔ကို အိမ္မက္ မက္ရင္ေတာ့ ေငြ ဝင္ တတ္ပါတယ္။ ခ်ီးတြင္းထဲက်တာ၊ ခ်ီးပုံ နင္းမိတာ၊ ခ်ီး ေတြ ကို ေတြ႕တာမ်ိဳးေတြ ျမင္ ရင္ မၾကာခင္မွာ ေငြ ဝင္တတ္ပါတယ္။

ေနာက္တစ္ခုက ေတာ့ ပိုက္ဆံပါ။ ပိုက္ဆံ ေတြကို အိမ္ မက္ ထဲမွာ အပုံလိုက္ မက္ရင္လည္း အျပင္မွာပါ ေငြ ဝင္တတ္ပါတယ္။

ဂ်ဳံ၊စပါး

ဒါေတြက ေတာ့အ ေျခခံ မရွိမျဖစ္ စားေသာက္ကုန္ လို႔ ေျပာလို႔ရပါတယ္။ ဂ်ဳံ၊ စပါး ဆိုတာ မ်ိဳး က ခ်မ္းသာျခင္း၊ေပ်ာ္႐ႊင္ မႈကို ကိုယ္စားျပဳ တဲ့ အရာေတြပါ။ ဒါေၾကာင့္ သူတို႔ ကို အိမ္မက္ မက္ရင္လည္း ကံေကာင္းတတ္၊ ေငြဝင္ တတ္ပါတယ္။

အေကာင္ေတြ

တိရစာၦန္ထဲမွာဆိုရင္ေတာ့ ႏြား၊ ဆင္ေတြ၊ ျမင္းေတြကို မက္တာကလည္း ေငြဝင္မယ္ဆိုတဲ့ ေရွ႕ ေျပး လကၡဏာပါ။ ငွက္ ဆိုရင္ ၾကက္တူေ႐ြး၊ ေႁမြ၊ ပ်ား၊ ကင္းျမႇီးေကာက္၊ ႂကြက္ တို႔ ကို မက္ရင္လည္း ေငြ ဝင္တတ္ပါတယ္။

AUNTYMAY

Leave a Reply

Your email address will not be published. Required fields are marked *