ဗဟုတုသ

အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ? အိမ်မြှောက် စုတ်ထိုးနိမိတ်

အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ? အိမ်မြှောက် စုတ်ထိုးနိမိတ်

အိမ်မြှောင်ဆိုတာကတော့ နေ့တိုင်းလိုလို စုတ်ထိုးခြင်လည်း ထိုးမယ်၊ တခါတလေမှ ထိုးခြင်မှလည်း ထိုးမယ်။ အဓိက က အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီးများက ဒီလိုအဟောလေးတွေ ထုတ်ထားခဲ့ပါတယ်။

(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်။

(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင်မီးလောင်တတ်တယ်၊ ခန္ဓာကိုအပူလောင်တတ်တယ်၊ ရန်ပေါ် ရတတ်တယ်။

(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်။

(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင်အချုပ်အနှောင်ခံ ရတတ်တယ်။

(၅) အနောက်အရပ်က စုတ်ထိုးသံကြားရင်ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်။

(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘဝင် တတ်တယ်၊ ငွေရွှင်တတ်တယ်။

(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ်။

(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘကြီး ဝင်တတ်တယ်။

(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင် အိမ်တွင်နာရေးပေါ် တတ်တယ်။

(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင် လာဘ်လာဘရမယ်၊ အကြံအစည်တွေ အောင်မြင်ရတတ်ပါတယ်။

(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင် မင်းမှုစိုးများနဲ့ စကားများ ရတက်တယ်။

(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတက်ပါတယ်။

(၁၃) အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင် လင်မယားချင်း စကားများ ရန်ဖြစ်တက်ကြပါတယ်။

(၁၄) ဘုရားရှိခိုး၊ တရားထိုင်၊ အမျှဝေတဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ်။

အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ်တဲ့ဗျာ။

Credit-သျင်မင်းရိုသေ

(Zawgyi)

အိမ္ေျမႇာင္စုတ္ထိုးသံၾကားရင္ဘာေတြျဖစ္မွာလဲ? အိမ္ေျမႇာက္ စုတ္ထိုးနိမိတ္

အိမ္ေျမႇာင္ဆိုတာကေတာ့ ေန႔တိုင္းလိုလို စုတ္ထိုးျခင္လည္း ထိုးမယ္၊ တခါတေလမွ ထိုးျခင္မွလည္း ထိုးမယ္။ အဓိက က အိမ္ေျမႇာင္စုတ္ထိုးသံကို ၾကားရသူအတြက္ နိမိတ္စကားေလးေတြကို ေရွးဆရာႀကီးမ်ားက ဒီလိုအေဟာေလးေတြ ထုတ္ထားခဲ့ပါတယ္။

(၁) အေရွ႕က စုတ္ထိုးသံၾကားရင္ သူတစ္ပါးရဲ႕ အပူေဇာ္ကို ခံရတတ္ပါတယ္။

(၂) အေရွ႕ေတာင္အရပ္က စုတ္ထိုးသံၾကားရင္မီးေလာင္တတ္တယ္၊ ခႏၶာကိုအပူေလာင္တတ္တယ္၊ ရန္ေပၚ ရတတ္တယ္။

(၃) ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ အစားအေသာက္ေကာင္းမ်ား စားရတတ္တယ္။

(၄) အေနာက္ေတာင္အရပ္က စုတ္ထိုးသံၾကားရင္အခ်ဳပ္အေႏွာင္ခံ ရတတ္တယ္။

(၅) အေနာက္အရပ္က စုတ္ထိုးသံၾကားရင္ခ်စ္သူရတက္တယ္၊ အိမ္ေထာင္က်တတ္တယ္။

(၆) အေနာက္ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္လာဘ္လာဘဝင္ တတ္တယ္၊ ေငြ႐ႊင္တတ္တယ္။

(၇) ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ က်န္းမာေရးညံ့တတ္တယ္။

(၈) အေရွ႕ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္လာဘ္လာဘႀကီး ဝင္တတ္တယ္။

(၉) အိပ္ယာေအာက္က စုတ္ထိုးသံၾကားရင္ အိမ္တြင္နာေရးေပၚ တတ္တယ္။

(၁၀) ဦးေခါင္းေပၚက စုတ္ထိုးသံၾကားရင္ လာဘ္လာဘရမယ္၊ အႀကံအစည္ေတြ ေအာင္ျမင္ရတတ္ပါတယ္။

(၁၁) အိမ္ေရွ႕ခန္းက စုတ္ထိုးသံၾကားရင္ မင္းမႈစိုးမ်ားနဲ႔ စကားမ်ား ရတက္တယ္။

(၁၂) အိမ္အလယ္ခန္းက စုတ္ထိုးသံၾကားလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတက္ပါတယ္။

(၁၃) အိမ္ခန္းထဲက စုတ္ထိုးသံၾကားလွ်င္ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္တက္ၾကပါတယ္။

(၁၄) ဘုရားရွိခိုး၊ တရားထိုင္၊ အမွ်ေဝတဲ့ အခ်ိန္ စုတ္ထိုးသံၾကားရင္ နတ္မ်ားလာေရာက္တာျဖစ္တယ္။

အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူႏွင့္ နတ္တို႔ရဲ႕ ဆက္သြယ္ေရး အခ်က္ျပသေကၤတလည္း ျဖစ္ပါတယ္တဲ့ဗ်ာ။

Credit-သ်င္မင္း႐ိုေသ

Leave a Reply

Your email address will not be published. Required fields are marked *