Month: January 2021

ကျန်းမာ‌‌ရေးအသိ

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း

(Unicode) ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးကဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာ အများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။ ဖြတ်ထားတဲ့ အပေါ်ပိုင်းကို ရေသေချာဆေး ခေါက်တုတ်လေးစုပြီး ချည်လိုက်ပါ။ ရေနွေး ပွက်ပွက်ဆူ တစ်အိုးထဲ ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင် စပါးလင်တစ်ချောင်းဆို လုံလောက်တယ်။ ဒီထက်ပိုထည့်ခြင်လဲ ပိုထည့်ပေါ့။ လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက်၊ စပါးလင်နံ့မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။ တော်ယုံ ခေါင်းမူး၊ ခေါင်းကိုက် စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်။ မကြာခဏ လုပ်သောက်ဖြစ်တယ်။ အဲ့လိုပဲ စပါးလင်နေရာမှာ ကွမ်းရွက်တွေ ကွမ်းရိုးတွေကို သေချာရေဆေးပြီး […]

ဗဟုတုသ

ထမင်းစားပီးပီးချင်း မလုပ်သင့်သည့် အချက် ၈ချက်

(Unicode) ထမင်းစားပီးပီးချင်း မလုပ်သင့်သည့် အချက် ၈ချက် ထမင်းစားပြီးတဲ့အခါ အသက်အန္တရာယ်ရှိပြီး လူအများလုပ်မိတတ်တဲ့ အမှား(၈)ချက် ဆိုတာ ဘာတွေလဲ အသက်သေစေနိုင်သည်အထိဖြစ်စေလို့ သတိထားပြီး ဆင်ခြင်သင့်ပါတယ်. (၁) ဆေးလိပ် မသောက်ပါနှင့်။ ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။ (၂) သစ်သီးများ အလျင်စလို မစားပါနှင့်။ ထမင်းစားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။ (ထို့ကြောင့်ထမင်းစားပြီးအနည်းဆုံးနာရီဝက်ခန့်ကြာမှသာသစ်သီးစားသင့်ပါသည်။) (ကျန်းမာရေးအမြင်ရှိသောဟိုတယ်ကြီးများနှင့် […]

ကျန်းမာ‌‌ရေးအသိ

လူသွားလမ်းဘေးက ကတ္တီပါရွက်ပင် (သို့) ဗောက်ပင်၏ ကျန်းမာရေးအစွမ်းများ

(Unicode) အညာမှာ ငယ်တုန်းက ကျောင်းသွားတဲ့လမ်းမှာ ဒီအပင်အသီးတွေကို ဘာလုပ်တန်းကစားခဲ့လဲ မှတ်မိကြလား လူသွားလမ်းဘေးတွေမှာ ဘာမှမလုပ်ဘဲ စွန့်ပစ်ထားတဲ့ မြေနေရာတွေမှာ အပွင့်ဝါဝါနဲ့ အသီးပုံ ခပ်ဆန်းဆန်းရှိတဲ့ အပင်ကလေးတွေကို တွေ့ရလေ့ရှိပါတယ်။ အရွက်ကလေးတွေက နူးညံ့ပြီး ကတ္တီပါစလို ချောမွေ့နေလို့ ကတ္တီပါရွက်ပင်လို့ ခေါ်ကြပါတယ်။ သူ့မှာအခြား နာမည်အမျိုးမျိုး ရှိပါသေးတယ်။ တရုတ်ဂုန်လျှော်၊ ဝါရိုင်းပင်၊ ဆင်နားရွက်၊ အမေရိကန်ဂုန်လျှော် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။မြန်မာနိုင်ငံမှာကတော့ သူ့ရဲ့ထူးခြားတဲ့အသီးပုံစံအရ “ဆေးကွမ်းအစ်”လို့ ခေါ်ပါတယ်။ ဒါပေမယ့် အညာကျေးလက်က ကျောင်းသားအရွယ် ကလေးငယ်တွေ အနေနဲ့တော့ ဒါဟာ “ဗောက်ပင်”လို့ ခေါ်ကြတဲ့အပင်ပါ။ ကျောင်းသွားတဲ့ လမ်းနဘေးက ဗောက်ရွက်ကိုခူး၊ လက်သီးကို ဖွဖွကလေးဆုပ်ပြီး လက်ညှိုးနဲ့လက်မကြားက ဝလုံးသဏ္ဌာန် အပေါက်ကို ကျယ်ကျယ်ကလေးထားပြီး အရွက်ကို အဲ့ဒီပေါ်မှာတင်တယ်။ ပြီးတော့ အခြား […]

ကျန်းမာ‌‌ရေးအသိ

ချွဲသလိပ်ပျော်၍ အခိုးပွင့်စေတဲ့ ခွေးတောက်ရွက်ခြောက် အာနိသင်

(Unicode) ချွဲသလိပ်ပျော်၍ အခိုးပွင့်စေတဲ့ ခွေးတောက်ရွက်အာနိသင် ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ်။ အဲ့ဝေဒနာအတွက်” ခွေးတောက်ရွက်ခြောက်”က သမားကျော်ပါလို့ ဆိုရပါမယ်။ သူ့ကို ရေနွေးကြမ်းထဲ လဖက်ခြောက်အစား ခပ်သောက်ရင် ချွဲသလိပ်တွေပျော်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အခိုးပွင့်ပြီး ရေချိုးလို့လည်း ကောင်းပါတယ်။ အရွက်ကို အခြောက်လှမ်းတဲ့အခါ ဆားရည် ၅မိနစ်စိမ်၊ ရေစင်စင်ဆေးပြီး နေတစ်ရက်လှမ်းပြီး နောက်ရက်တွေမှာ အရိပ်ထဲမှာပဲ လှမ်းပေးရပါတယ်။ (၇)ရက်လှမ်းပြီးရင် သုံးလို့ရပါပြီ။ ရေနွေးကြမ်းသောက်သလို မကြာခဏ သောက်နေရင် ပိတ်နေတဲ့ အခိုးတွေပွင့်ပြီး ချွေးတစိုစိုနဲ့ရှိနေတတ်ပါတယ်။ တစ်ခါသောက် လဘက်ရည်တစ်ပန်းကန်စာကို နံနက်၊ နေ့လည်၊ ညနေ၊ ည တစ်ကြိမ်စီ သောက်ပေးလို့လည်း ရပါတယ်။ ကျွန်တော်ကတော့နေ့စဉ် သောက်ပါတယ်။ အခုနေ လှမ်းထားတာက ဒုတိယအသုတ် လှမ်းတာပါ။ အရင်ရှိပြီးသား […]

ဗဟုတုသ

တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာ၀ တင်းတိပ် ပျောက်ဆေး

(Unicode) တင်းတိပ်ကြောင့် စိတ်ညစ်နေသူများ အတွက် သဘာ၀ တင်းတိပ် ပျောက်ဆေး တင်းတိပ်ဆိုတာ မျက်နှာ အသား ကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ။ မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့ သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။ ဆေးနည်း ၁။ မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် […]

ကျန်းမာ‌‌ရေးအသိ

ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း

(Unicode) ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း လိုအပ်သည့်ဆေး – ၁။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် (ဟင်းနုနွယ်အရိုင်းပင် ဆူးများ ပါပါသည်) ၂။ ထမင်းလက်တစ်ဆုပ်စာ။ ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက်အမြစ်ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်ဆုတ် ဆတူကို ဆုံတစ်ခုမှာ ထည့်ထောင်းလိုက်ပါ။ မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ။ ထောင်းပြီးရင် ပတ်တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ်။ ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် (သို့ ) ခါးတို့အား ပတ်တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး စက္ကူတိတ်ကပ်ပေးထားပါ။ ခြေဖနောင့်၊ တံတောင်ဆစ်၊ ဒူးတို့အတွက် ဆေးအုံပြီး […]

ကျန်းမာ‌‌ရေးအသိ

လိပ်ခေါင်း၊ သွေးဝမ်း၊ နားပြည်ယိုခြင်းများတွက် ဆင်စွယ်ဂမုန်း

(Unicode) လိပ်ခေါင်း၊ သွေးဝမ်း၊ နားပြည်ယိုခြင်းများတွက် ဆင်စွယ်ဂမုန်း လိပ်ခေါင်း – ဝက်သား ၁၅ကျပ်သားနဲ့ ဆင်စွယ်ဂမုန်းတစ်ချောင်းနဲ့ ဟင်းချက်စား၊ တစ်နေ့ထဲ ကုန်အောင်စား။ လိပ်ခေါင်း ရက်အနည်းငယ်နဲ့ သူ့ဖာသာ ကြွေကျသွား။ အဆိပ်ရှိ အင်းဆက်ကိုက်လျင် ဆင်စွယ်ဂမုန်းကို ရေစင်အောင်ဆေး ဆားအနည်းငယ်နဲ့ ပျစ်ပျစ်သွေး လိမ်းပေးပါ။ ကြောင်ကိုက်၊ ခွေးကိုက်၊ ကြွက်ကိုက်ဒါဏ်ရာများ သက်သာစေသည်။ နှလုံးသွေးပူ၊ သွေးဝမ်း၊ ဆီးဖြူ ဆီးနီသက်သာအောင် ဆင်စွယ်ဂမုန်းအပေါ်ခွံခွာ ဟင်းချို (သို့) ချဉ်ရေဟင်း ချက်သောက်ပါ။ လိပ်ခေါင်း အတွက် ဟင်းချက်နည်း – ဆင်စွယ်ဂမုန်း ၅ ကျပ်သား၊ မြေပဲဆီ/နှမ်းဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၂ ကျပ်သား၊ ကြက်သွန်အဖြူ ၂ကျပ်သား၊ ဂျင်း ၂ ကျပ်သား၊ ဝက်သား […]

ကျန်းမာ‌‌ရေးအသိ

ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း

(Unicode) ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း ခြေသလုံံးအကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ။ ရေချိုးခါနီး ခြေဖဝါး ဆားပွတ်ပြီးမှ ရေချိုးပါ။ ( အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို တင်ထားပြီးပါပြီ )တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲနဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။ အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကိုသုံးပါ။ (၁) ကိုရံကြီးရွက်။ (၂) ဗာဒံရွက်။ (၃) ငှက်ပျောရွက် ညအိပ်တဲ့အခါ သိပ်တင်းတဲ့‌နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက်နဲ့ အသားကို ထိရပါမယ်။ သူ့ကို ပတ်တော့မယ်ဆိုရင် အဘွားအသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က […]

ကျန်းမာ‌‌ရေးအသိ

အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် အစွမ်းထက် ကြက်သဟင်းရွက်

(Unicode) အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း ရွက် ဒီတစ်ခါ မျှဝေပေးချင်တာကတော့ အသည်းရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း ရွက်ရဲ့ ဆေးဖက်ဝင်ပုံလေးပဲဖြစ်ပါတယ်။ အသည်းအထူးကုသမားတော်အလား ကြက်သဟင်း ရွက်ဟာ အသည်းနဲ့ ပတ်သက်ပြီး အထူးကုသမားတော်အလား အစွမ်းထက်ပါတယ်။ ဆေးအ နေနဲ့ သောက်ရင်တော့ နေ့စဉ်အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။ သက်သာပျောက်ကင်းတဲ့အသည်းရောဂါများ – အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ အသည်း ကြီးခြင်း၊ အသည်းခြောက်ခြင်းစတဲ့ရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။ ဆေးနည်း – ဆေးရွက်လက်တွင်းတစ်ဆုပ်ကို ရေစင်စင်ဆေးပြီး ရေမတ်ခွက်နှစ်ခွက်ထည့် တစ်ရည်ကောင်းဆူအောင်ပြုတ်ပြီး ကျန်တဲ့အရည်ကို တစ်ရက်၃ကြိမ်ခွဲသောက်ပါ။ ဒါမှမဟုတ် ပဲဟင်းချိုချက်ပြီး သောက်လည်းရပါတယ်။ ဟင်းချို ချက်သောက်တဲ့အခါ အချိုမှုန့်မထည့်တာ ပိုကောင်းပါတယ်။ အရွက်ကို ပြုတ်တို့လည်းရပါတယ်။ ရောဂါမပျောက်မခြင်း နေ့စဉ်သောက်ရမှာပါ။ Credit-Shwe […]

ဗဟုတုသ

ရေခဲသေတ္တာတွင်း မသိမ်းထားသင့်တဲ့ အရွက်နှင့် အသီးများ

(Unicode) ရေခဲသေတ္တာတွင်း မသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ (၁) ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှည့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးက အရည်တွေ ထွက်လာပြီး မနှစ်မြို့စရာ ဖြစ်သွားပါတယ်။ ခရမ်းချဉ်သီးက တအားမှည့်ပြီး များနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။ ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အဖြစ် ပြောင်းလဲသွားခြင်း မရှိတော့ပါ။ ခရမ်းချဉ်သီးကို ရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်းထားသင့်ပါတယ်။ ခရမ်းချဉ်သီးကို သိုလှောင်သိမ်းဆည်းချင်ရင် နေရောင်ခြည် အနည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။ (၂) ဖရုံသီး ဖရုံသီးက အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိုလှောင် သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာ ဖြစ်လို့မရပါဘူး ဥပမာ(ရေခဲသေတ္တာ)ပေါ့။ အထူးသဖြင့် ဖရုံသီးကို သိမ်းဆည်းမယ်ဆို ပူပြီး စိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။ ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် […]

Back To Top