က်န္းမာ‌‌ေရးအသိ

ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း

(Unicode)

ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း

လိုအပ်သည့်ဆေး –

၁။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် (ဟင်းနုနွယ်အရိုင်းပင် ဆူးများ ပါပါသည်)

၂။ ထမင်းလက်တစ်ဆုပ်စာ။

ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက်အမြစ်ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်ဆုတ် ဆတူကို ဆုံတစ်ခုမှာ ထည့်ထောင်းလိုက်ပါ။ မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ။ ထောင်းပြီးရင် ပတ်တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ်။ ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် (သို့ ) ခါးတို့အား ပတ်တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး စက္ကူတိတ်ကပ်ပေးထားပါ။

ခြေဖနောင့်၊ တံတောင်ဆစ်၊ ဒူးတို့အတွက် ဆေးအုံပြီး ပတ်တီးဖြင့် စည်းပေးထားလျှင် ရပါသည်။ မနက် တစ်နာရီခန့်ကပ်၊ အသစ်ပြန်ထောင်း။ ညဖက် တစ်နာရီခန့်ကပ်။ တနေ့ ၂ ခါကပ်ပေးပါ။ အချိန်ပိုလည်း ရပါတယ်။

ကျီးပေါင်း၊ အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်။ တစ်ပတ်ခန့် စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပါက အရိုးကျီးပေါင်းအတွက် အမှန်တကယ် ထူးခြားလာပါလိမ့်မယ်။

စကားချပ် – ဟင်းနုနွယ်ဆူးပေါက် အာနိသင်ဟာ ပုလင်းကွဲများနှင့် ရောပြီးပြုတ်လျှင် ပုလင်းကွဲစောင်းများ သေသွားပြီး မျက်လှည့်ပြကြသူများက ထိုဟင်းနုနွယ်ဆူးပေါက်ဖြင့် ပြုတ်ထားသော ပုလင်းကွဲများကို နင်းပြကြပြီး မျက်လှည့်ပြကြသည်ဟု မှတ်သားဖူးပါသည်။

Credit-စိုင်းမင်းသန့်

(Zawgyi)

ဇက္၊ ခါး၊ ဒူး၊ ဖေနာင့္ အတက္ထြက္ျခင္းႏွင့္ က်ီးေပါင္း ျဖစ္ျခင္းတို႔အတြက္ ေဆးနည္း

လိုအပ္သည့္ေဆး –

၁။ ဟင္းႏုႏြယ္ဆူးေပါက္ပင္ ပၪၥငါးပါး လက္တစ္ဆုပ္ (ဟင္းႏုႏြယ္အ႐ိုင္းပင္ ဆူးမ်ား ပါပါသည္)

၂။ ထမင္းလက္တစ္ဆုပ္စာ။

ဟင္းႏုႏြယ္ဆူးေပါက္ လက္တစ္ဆုပ္ အပင္အ႐ြက္အျမစ္ပါ ( ပၪၥငါးပါးေရေသျခာေဆး ) ဓားျဖင့္စင္းၿပီး ထမင္းလက္တစ္ဆုတ္ ဆတူကို ဆုံတစ္ခုမွာ ထည့္ေထာင္းလိုက္ပါ။ မိမိ အ႐ိုးနာေနတဲ့ေနရာကို တအုပ္စာခန႔္မွန္းၿပီး ႏွစ္မ်ိဳးေပါင္းကို ညက္ေအာင္ေထာင္းပါ။ ေထာင္းၿပီးရင္ ပတ္တီးစေခါက္ၿပီး အနာေဆးထည့္သလို ေဆးကိုအရင္အုပ္။ ၿပီးေတာ့ က်ီးေပါင္းျဖစ္သည့္ နာက်င္ေသာေနရာ ဂုတ္ (သို႔ ) ခါးတို႔အား ပတ္တီးစကို အဲ့ဒီ အေပၚကအုပ္ၿပီး စကၠဴတိတ္ကပ္ေပးထားပါ။

ေျခဖေနာင့္၊ တံေတာင္ဆစ္၊ ဒူးတို႔အတြက္ ေဆးအုံၿပီး ပတ္တီးျဖင့္ စည္းေပးထားလွ်င္ ရပါသည္။ မနက္ တစ္နာရီခန္႕ကပ္၊ အသစ္ျပန္ေထာင္း။ ညဖက္ တစ္နာရီခန္႕ကပ္။ တေန႔ ၂ ခါကပ္ေပးပါ။ အခ်ိန္ပိုလည္း ရပါတယ္။

က်ီးေပါင္း၊ အ႐ိုးအတက္ထြက္ျခင္းအတြက္ ထိေရာက္ပါတယ္။ တစ္ပတ္ခန႔္ စိတ္ရွည္ရွည္ႏွင့္ ပုံမွန္လုပ္ေပးပါက အ႐ိုးက်ီးေပါင္းအတြက္ အမွန္တကယ္ ထူးျခားလာပါလိမ့္မယ္။

စကားခ်ပ္ – ဟင္းႏုႏြယ္ဆူးေပါက္ အာနိသင္ဟာ ပုလင္းကြဲမ်ားႏွင့္ ေရာၿပီးျပဳတ္လွ်င္ ပုလင္းကြဲေစာင္းမ်ား ေသသြားၿပီး မ်က္လွည့္ျပၾကသူမ်ားက ထိုဟင္းႏုႏြယ္ဆူးေပါက္ျဖင့္ ျပဳတ္ထားေသာ ပုလင္းကြဲမ်ားကို နင္းျပၾကၿပီး မ်က္လွည့္ျပၾကသည္ဟု မွတ္သားဖူးပါသည္။

Credit-စိုင္းမင္းသန႔္

Leave a Reply

Your email address will not be published. Required fields are marked *