ကျန်းမာ‌‌ရေးအသိ

လူသွားလမ်းဘေးက ကတ္တီပါရွက်ပင် (သို့) ဗောက်ပင်၏ ကျန်းမာရေးအစွမ်းများ

(Unicode)

အညာမှာ ငယ်တုန်းက ကျောင်းသွားတဲ့လမ်းမှာ ဒီအပင်အသီးတွေကို ဘာလုပ်တန်းကစားခဲ့လဲ မှတ်မိကြလား

လူသွားလမ်းဘေးတွေမှာ ဘာမှမလုပ်ဘဲ စွန့်ပစ်ထားတဲ့ မြေနေရာတွေမှာ အပွင့်ဝါဝါနဲ့ အသီးပုံ ခပ်ဆန်းဆန်းရှိတဲ့ အပင်ကလေးတွေကို တွေ့ရလေ့ရှိပါတယ်။ အရွက်ကလေးတွေက နူးညံ့ပြီး ကတ္တီပါစလို ချောမွေ့နေလို့ ကတ္တီပါရွက်ပင်လို့ ခေါ်ကြပါတယ်။ သူ့မှာအခြား နာမည်အမျိုးမျိုး ရှိပါသေးတယ်။

တရုတ်ဂုန်လျှော်၊ ဝါရိုင်းပင်၊ ဆင်နားရွက်၊ အမေရိကန်ဂုန်လျှော် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။မြန်မာနိုင်ငံမှာကတော့ သူ့ရဲ့ထူးခြားတဲ့အသီးပုံစံအရ “ဆေးကွမ်းအစ်”လို့ ခေါ်ပါတယ်။ ဒါပေမယ့် အညာကျေးလက်က ကျောင်းသားအရွယ် ကလေးငယ်တွေ အနေနဲ့တော့ ဒါဟာ “ဗောက်ပင်”လို့ ခေါ်ကြတဲ့အပင်ပါ။

ကျောင်းသွားတဲ့ လမ်းနဘေးက ဗောက်ရွက်ကိုခူး၊ လက်သီးကို ဖွဖွကလေးဆုပ်ပြီး လက်ညှိုးနဲ့လက်မကြားက ဝလုံးသဏ္ဌာန် အပေါက်ကို ကျယ်ကျယ်ကလေးထားပြီး အရွက်ကို အဲ့ဒီပေါ်မှာတင်တယ်။ ပြီးတော့ အခြား လက်ဖဝါးတစ်ဘက်နဲ့ ရိုက်ချလိုက်တဲ့အခါ “ဖောက်”ခနဲ အသံမြည်ပြီးအရွက်က စုတ်ပြဲသွားပါတယ်။ အဲ့ဒီ အသံကို အစွဲပြုပြီး ဗောက်ပင်ဆိုရင် ကလေးတိုင်း သိကြပါတယ်။ အသီးကိုခူးပြီး သနပ်ခါးပြစ်ပြစ်ပေါ်မှာ အသီးမျက်နှာပြင်ထိလိုက်ပြီး ပါးပေါ်မှာ အရာပေးလိုက်ရင် ထူးခြားလှပတဲ့သနပ်ခါးပါးကွက် ပန်းပွင့်တွေကို ရရှိပါတယ်။ ကျောင်းသွားရင်း ဗောက်ရွက်တွေကိုခူးပြီး ဖောက်ကြ၊ သေးငယ်လှပတဲ့ ပန်းပွင့်တွေကို နားရွက်မှာညှပ်ကြ၊ အသီးတွေကို ခူးကြနဲ့ ဒီအပင်ဟာ ကလေးတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအပင်ကလေးတွေ ဖြစ်ကြပါတယ်။

ကတ္တီပါရွက်ရဲ့အရွက်နဲ့ အမြစ်ဟာ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အဓိက ကတော့ အမြစ်ကို ဆီးရွှင်စေတဲ့ဆေးအဖြစ် အသုံးပြုနိုင်ကြတယ်။ ဆီးလမ်းကြောင်း တစ်လျှောက်မှ ဘက်တီးရီးယား စတဲ့ပိုးမွှားများအပြင် ကျောက်ကပ်ကို ဒုက္ခပေးမယ့် ကျောက်တွေကိုပါဆေးကြော ထုတ်ပစ်သလိုမျိုး ဖြစ်တဲ့အတွက် ကျောက်ကပ်ရောဂါမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွက်ပြုတ်ရည်က အဆစ်ရောင်၊ အဆစ်ကိုက်ရောဂါကို သက်သာစေပါတယ်။အခေါက်ပြုတ်ရည်က နှလုံးခုန်မမှန်ခြင်း၊ အမျိုးသမီးများ လစဉ် သွေးလှည့်ပတ်မှု ဆိုင်ရာနာကျင်မှု၊ အာဂန္တုဖျားနာခြင်းများမှာ အသုံးပြုနိုင်ပါတယ်။

အရွက်ကို ဝဲခြောက်ရောဂါတွေမှာ သုံးနိုင်ပြီး အရွက်နဲ့အကိုင်းများ ပြုတ်တဲ့အရည်ဟာ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ခံတွင်းလိုက်စေခြင်း၊ အားတိုးဆေးအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ရှေးခေတ်က လူတို့ စိုက်ပျိုးပြုစုခဲ့ကြသော သီးနှံပင်ဖြစ်ပါတယ်။ ယခုအခါမှာလူတွေ အထူးသဖြင့် စိုက်ပျိုးရေးသမားတွေ မနှစ်သက်ကြတဲ့ ကတ္တီပါရွက်ပင် (သို့) ဗောက်ပင်တွေကတော့ သူတို့ရှင်သန်ခွင့်ရရာမြေကွက်လပ်တွေမှာ (လှည်းလမ်းနဘေး၊ လူသွားလမ်းနဘေး) သူ့ရဲ့မျိုးဆက်တွေ ပွားများဖို့အတွက် အပွင့်ဝါဝါတွေကိုပန်ဆင်လျက် ဆေးကွမ်းအစ်တွေကို ရင်မှာပိုက်လျက် အသဲနှလုံးပုံမျိုးစေ့တွေကို မွေးထုတ်ပေးရင်း ရှင်သန်ဖြစ်ထွန်းနေမြဲ ရှိပါတော့တယ်။

Credit-ငွေသော်တာ (ကျောက်ပန်းတောင်း)

(Zawgyi)

Leave a Reply

Your email address will not be published. Required fields are marked *