က်န္းမာ‌‌ေရးအသိ

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း

(Unicode)

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက်

ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း

ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးကဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာ အများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။ ဖြတ်ထားတဲ့ အပေါ်ပိုင်းကို ရေသေချာဆေး ခေါက်တုတ်လေးစုပြီး ချည်လိုက်ပါ။

ရေနွေး ပွက်ပွက်ဆူ တစ်အိုးထဲ ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင် စပါးလင်တစ်ချောင်းဆို လုံလောက်တယ်။ ဒီထက်ပိုထည့်ခြင်လဲ ပိုထည့်ပေါ့။ လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက်၊ စပါးလင်နံ့မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။

တော်ယုံ ခေါင်းမူး၊ ခေါင်းကိုက် စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်။ မကြာခဏ လုပ်သောက်ဖြစ်တယ်။ အဲ့လိုပဲ စပါးလင်နေရာမှာ ကွမ်းရွက်တွေ ကွမ်းရိုးတွေကို သေချာရေဆေးပြီး ခပ်သောက်ကြည့်။ အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး အားလုံးအား လေးစားလျှက်ပါ။

Credit-မောင်ဇေ

Sai Min Thant

(Zawgyi)

ေခါင္းမူး၊ ေခါင္းကိုက္၊ ေခါင္းမၾကည္ျခင္းအတြက္

ေဆးဖက္ဝင္ စပါးလင္ ေရေႏြးၾကမ္း

ဟင္းခ်က္ရာမွာ ထည့္သုံးဖို႔ စပါးလင္ကို ေဈးကဝယ္လာၿပီးေသာအခါ အေပၚပိုင္းကို ျဖတ္ၿပီး လႊင့္ျပစ္လိုက္တတ္ၾကတာ အမ်ားစုပါ။ ေနာက္ဆို မလႊတ္ျပစ္ပဲ ဒီလိုေလးစမ္းၾကည့္ပါ။ ျဖတ္ထားတဲ့ အေပၚပိုင္းကို ေရေသခ်ာေဆး ေခါက္တုတ္ေလးစုၿပီး ခ်ည္လိုက္ပါ။

ေရေႏြး ပြက္ပြက္ဆူ တစ္အိုးထဲ ပုံမွန္အတိုင္း လက္ဖက္ေျခာက္ခပ္ၿပီးရင္ ခ်ည္ထားတဲ့ စပါးလင္ကိုထည့္ပါ။ ေရေႏြးတစ္အိုးဆိုရင္ စပါးလင္တစ္ေခ်ာင္းဆို လုံေလာက္တယ္။ ဒီထက္ပိုထည့္ျခင္လဲ ပိုထည့္ေပါ့။ လက္ဖက္ေျခာက္က်ၿပီဆိုရင္ ေရေႏြးပူပူေလးကို မႈတ္ၿပီးေသာက္၊ စပါးလင္နံ႔ေမႊးေမႊးေလးနဲ႔ ခံတြင္းလဲ ရွင္းတယ္။

ေတာ္ယုံ ေခါင္းမူး၊ ေခါင္းကိုက္ စိတ္မၾကည္လင္တာေတြလဲ ေပ်ာက္တယ္။ ကြၽန္ေတာ္ေတာ့ သိပ္ႀကိဳက္တယ္။ မၾကာခဏ လုပ္ေသာက္ျဖစ္တယ္။ အဲ့လိုပဲ စပါးလင္ေနရာမွာ ကြမ္း႐ြက္ေတြ ကြမ္း႐ိုးေတြကို ေသခ်ာေရေဆးၿပီး ခပ္ေသာက္ၾကည့္။ အဲ့ဒါေလးလဲ တစ္မ်ိဳးေသာက္ေကာင္းတယ္။

အားလုံးပဲ က်န္းမာ႐ႊင္လန္းၾကပါေစ။ သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ား အားလုံး အားလုံးအား ေလးစားလွ်က္ပါ။

Credit-ေမာင္ေဇ

Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *