က်န္းမာ‌‌ေရးအသိ

ချွဲသလိပ်ပျော်၍ အခိုးပွင့်စေတဲ့ ခွေးတောက်ရွက်ခြောက် အာနိသင်

(Unicode)

ချွဲသလိပ်ပျော်၍ အခိုးပွင့်စေတဲ့ ခွေးတောက်ရွက်အာနိသင်

ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ်။ အဲ့ဝေဒနာအတွက်” ခွေးတောက်ရွက်ခြောက်”က သမားကျော်ပါလို့ ဆိုရပါမယ်။ သူ့ကို ရေနွေးကြမ်းထဲ လဖက်ခြောက်အစား ခပ်သောက်ရင် ချွဲသလိပ်တွေပျော်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အခိုးပွင့်ပြီး ရေချိုးလို့လည်း ကောင်းပါတယ်။ အရွက်ကို အခြောက်လှမ်းတဲ့အခါ ဆားရည် ၅မိနစ်စိမ်၊ ရေစင်စင်ဆေးပြီး နေတစ်ရက်လှမ်းပြီး နောက်ရက်တွေမှာ အရိပ်ထဲမှာပဲ လှမ်းပေးရပါတယ်။ (၇)ရက်လှမ်းပြီးရင် သုံးလို့ရပါပြီ။

ရေနွေးကြမ်းသောက်သလို မကြာခဏ သောက်နေရင် ပိတ်နေတဲ့ အခိုးတွေပွင့်ပြီး ချွေးတစိုစိုနဲ့ရှိနေတတ်ပါတယ်။ တစ်ခါသောက် လဘက်ရည်တစ်ပန်းကန်စာကို နံနက်၊ နေ့လည်၊ ညနေ၊ ည တစ်ကြိမ်စီ သောက်ပေးလို့လည်း ရပါတယ်။ ကျွန်တော်ကတော့နေ့စဉ် သောက်ပါတယ်။ အခုနေ လှမ်းထားတာက ဒုတိယအသုတ် လှမ်းတာပါ။ အရင်ရှိပြီးသား ခွေးတောက်ရွက်ခြောက်တွေ ကုန်ခါ နီးနေလို့ပါ။ ဓါတ်ဗူးထဲကို ခွေးတောက်ရွက်ခြောက် ငါးရွက်ကို ထည့်ပြီး ငါးမိနစ်လောက် နှပ်ထားပြီးမှ သောက်ပါ။ အရောင်က အဝါဖျော့လေးနဲ့ စိမ်းရွှေရွှေ အနံ့လေးရပေမယ့် အရွက်အစိုလို အခါးဓါတ်မပြင်းပဲ သောက်လို့ အဆင်ပြေပါတယ်။

Credit–Shwe La Thar Wi

(Zawgyi)

ခြၽဲသလိပ္ေပ်ာ္၍ အခိုးပြင့္ေစတဲ့ ေခြးေတာက္႐ြက္အာနိသင္

ေဆာင္းရာသီမွာ ေခ်ာင္းဆိုးရင္ၾကပ္၊ ခြၽဲသလိပ္ခပ္ေနရတာ အျဖစ္မ်ားၾကတာကို အေတြ႕မ်ားေနရပါတယ္။ အဲ့ေဝဒနာအတြက္” ေခြးေတာက္႐ြက္ေျခာက္”က သမားေက်ာ္ပါလို႔ ဆိုရပါမယ္။ သူ႔ကို ေရေႏြးၾကမ္းထဲ လဖက္ေျခာက္အစား ခပ္ေသာက္ရင္ ခြၽဲသလိပ္ေတြေပ်ာ္ၿပီး ခႏၶာကိုယ္တစ္ခုလုံး အခိုးပြင့္ၿပီး ေရခ်ိဳးလို႔လည္း ေကာင္းပါတယ္။ အ႐ြက္ကို အေျခာက္လွမ္းတဲ့အခါ ဆားရည္ ၅မိနစ္စိမ္၊ ေရစင္စင္ေဆးၿပီး ေနတစ္ရက္လွမ္းၿပီး ေနာက္ရက္ေတြမွာ အရိပ္ထဲမွာပဲ လွမ္းေပးရပါတယ္။ (၇)ရက္လွမ္းၿပီးရင္ သုံးလို႔ရပါၿပီ။

ေရေႏြးၾကမ္းေသာက္သလို မၾကာခဏ ေသာက္ေနရင္ ပိတ္ေနတဲ့ အခိုးေတြပြင့္ၿပီး ေခြၽးတစိုစိုနဲ႔ရွိေနတတ္ပါတယ္။ တစ္ခါေသာက္ လဘက္ရည္တစ္ပန္းကန္စာကို နံနက္၊ ေန႔လည္၊ ညေန၊ ည တစ္ႀကိမ္စီ ေသာက္ေပးလို႔လည္း ရပါတယ္။ ကြၽန္ေတာ္ကေတာ့ေန႔စဥ္ ေသာက္ပါတယ္။ အခုေန လွမ္းထားတာက ဒုတိယအသုတ္ လွမ္းတာပါ။ အရင္ရွိၿပီးသား ေခြးေတာက္႐ြက္ေျခာက္ေတြ ကုန္ခါ နီးေနလို႔ပါ။ ဓါတ္ဗူးထဲကို ေခြးေတာက္႐ြက္ေျခာက္ ငါး႐ြက္ကို ထည့္ၿပီး ငါးမိနစ္ေလာက္ ႏွပ္ထားၿပီးမွ ေသာက္ပါ။ အေရာင္က အဝါေဖ်ာ့ေလးနဲ႔ စိမ္းေ႐ႊေ႐ႊ အနံ႔ေလးရေပမယ့္ အ႐ြက္အစိုလို အခါးဓါတ္မျပင္းပဲ ေသာက္လို႔ အဆင္ေျပပါတယ္။

Credit–Shwe La Thar Wi

Leave a Reply

Your email address will not be published. Required fields are marked *