သတင္း

ေလျဖတ္ခံရျပီး ပါးတစ္ျခမ္းရြဲ႕၊ စကားမပီျဖစ္သြားေသာ သူမ်ားအတြက္ (၅)ရက္ျဖင့္ ျမစ္ျခင္းျပီးေပ်ာက္ေဆး

(Zawgyi)
ပါးတစ္ျခမ္းရြဲ႕၊ စကားမပီ ေလျဖတ္ခံရသူေတြအတြက္

ျမန္မာတိုင္းရင္းေဆးပညာ သေဘာအရ ေလျဖတ္ျခင္း သေဘာကို ႏွစ္မ်ိဳးျပဆိုပါ၏။ ေသြးတိုးျပီး ေလျဖတ္ျခင္းကို ေလငန္းဟုေခၚျပီး၊ ေသြးမတိုးပါဘဲ ေလျဖတ္ျခင္းကို သြက္ခ်ာပါဒဟု ေခၚပါ၏။ ထိုျပင္ လူခႏၶာပိန္ေသာသူႏွင့္ ၀ေသာသူ မတူၾကျပန္ပါ။ ၀ေသာ လူအမ်ားစုသည္ ေလျဖတ္ခံရျခင္းမ်ားလွ၏။ ေသြးတိုးျပီး ေလျဖတ္ျခင္းသည္ မ်ားေသာအားျဖင့္ ခႏၡာကိုယ္တစ္ပိုင္း၊ တစ္ျခမ္းႏွင့္ တစ္စိတ္တစ္ပိုင္းတို႔ မလွဳပ္ရွားနိုင္ေတာ့ျခင္း ျဖစ္တတ္ေလသည္။ အခ်ိဳ႕မွာ ပါးတစ္ျခမ္းရဲြ႕ျခင္း၊ ဘယ္ညာ လက္ေမာင္းရင္းမ်ား ကပ္ျခင္း အာလွ်ာတို႔ပါ ေလးသြားတတ္ပါသည္။ ထိုျပင္ေနာက္ဆက္တဲြ ဆိုးက်ိဳးတို႔က မ်ားလွပါ၏။

၂၀၁၅ခုႏွစ္ေလာက္က ျဖစ္သည္။ လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြတစ္ဦး ေစ်းကအျပန္ ေလျဖတ္ခံရသည္။ ညာဖက္ပါးတစ္ျခမ္းရြဲ႕သြားျပီး စကားေျပာရန္ ေလမလိုက္ေတာ့၍ စကားမပီသေတာ့ပါ။ ထိုအေျခအေန တြင္ တိုင္းရင္းသမားေတာ္ၾကီး ဦးၾကြယ္ ၾကြလာျပီး လက္ေတြ႔ကုသေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းသြားေသာ ေဆးနည္းအား တင္ျပလိုပါသည္။

ကြမ္းရြက္(၉)ရြက္တြင္ ဆားလက္ဖက္စားဇြန္း တစ္၀က္ခန္႔ထည့္ကာ ထုေထာင္းလိုက္ျပီး ရရွိေသာ သတၱဳရည္ႏွင့္ ရွားပါးလွေသာ စပါးၾကီးသည္းေျခအနည္းငယ္ကိုေရာျပီး ေဖ်ာ္စပ္၍ လွ်ာကို ပြတ္ေပးျခင္း၊ ရြဲ႕သြားေသာ ႏႈတ္ခမ္းနားတစ္၀ိုက္ မၾကာခဏလိမ္းေပးျပီး လက္မျဖင့္ ရြဲ႕သြားေသာ ညာဖက္ပါးတစ္ျခမ္းကို ေစာင္းဖိျပီး ဆဲြေပးျခင္းအား နံနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ တစ္ၾကိမ္တြင္(၁၀)မိနစ္မွ် ေဆာင္ရြက္ေပးခဲ႔ပါသည္။ (၅)ရက္ေျမာက္ေသာေန႔တြင္ မိတ္ေဆြ၏ ရြဲ႕သြားေသာ ညာဖက္ပါးတစ္ျခမ္း ျပန္တည့္သြားေတာ့သည္။

ထိုျပင္ ေလမလိုက္ဘဲ စကားသံ မပီျဖစ္ေနျခင္းကို စပါးၾကီးသည္း ေျခအနည္းငယ္ႏွင့္ ၀ံအူျမစ္ကို ေရက်ဲက်ဲျဖင့္ ေရာေသြးျပီး လွ်ာအရင္းကို လက္ျဖင့္ႏွဳိက္ျခင္း၊ လည္ပင္းတြင္ လိမ္းေပးျခင္းကို လုပ္ေဆာင္ေပးျပန္ရာ အံ႔ၾသဖြယ္စကားေျပာပီသလာေၾကာင္း လက္ေတြ႔ျမင္ခဲ႔ဖူးပါသည္။

တင္ျပလိုသည္မွာ ပါးတစ္ျခမ္းရြဲ႕ ေလျဖတ္ျခင္းမ်ိဳးၾကံဳပါက ကြမ္းရြက္ႏွင့္ ဆားကိုေထာင္းျပီး ရရွိေသာ သတၱဳရည္ႏွင့္ စပါးၾကီးသည္းေျခ အနည္းငယ္ေရာစပ္၍ လွ်ာကိုႏွိဳက္ေပးျခင္း၊ ရြဲ႕သြားေသာ ပါးတစ္ျခမ္းကို
မရြဲ႕ေသာ ပါးဖက္ျခမ္းသို႕ ဖိဆဲြေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစနိုင္ပါသည္။ ထိုျပင္ ေလျဖတ္ျပီးစကားမပီျခင္းကိုလည္း ၀ံအူျမစ္ႏွင့္ စပါးၾကီးသည္းေျခကို ေရာေသြးျပီး လွ်ာေပၚတင္၍ ပါးစပ္အတြင္ ႏိႈက္ေ ပးျခင္း၊ လည္ပင္းတြင္း လိမ္းလူးေပးပါက စကားေျပာပီသလာပါေၾကာင္း ၾကံဳေတြ႔ဖူးေသာ ေလျဖတ္ခံလိုက္ရလိုက္ရျပီး ညာဘက္ ပါးတစ္ျခမ္းရြဲ႕၍ စကားမပီသသူအား ကုသေပးေသာေဆးနည္းအား လိုသူတို႕ သံုးနိုင္ပါရန္ တင္ျပလိုက္ပါသည္။

ဆရာၾကီးမိန္႔သည္မွာ စပါးၾကီးသည္းေျခ စစ္မစစ္သိေစရန္ သည္းေျခအိတ္ မည္မွ်ၾကာသည္ျဖစ္ေစ ေရကူးအသက္၀င္ေသာ သေဘာရွိ၍ စပါးၾကီးသည္းေျခအိတ္ကို ႏွီးဖ်ားေသးေလးျဖင့္ ထိေဖာက္ျပီး ေရခြက္ အတြင္းရွိ ေရထဲခ်ေပးပါက ေရထဲတြင္ ႏွီးစေလးမွာ သည္းေျခအာနိသင္ေၾကာင့္ ေရကူးေၾကာင္း ဗဟုသုတ လက္ေတြ႔ျပဖူးပါသည္။ ထိုမွသာ အစြမ္းရွိေသာ သည္းေျချဖစ္ျပီး ေတာေနလူအမ်ားစုအတြက္ စပါးၾကီးသည္းေျခသည္ မရွိမျဖစ္ ေဆာင္အပ္ေသာ အသက္၀င္ေသာ ေဆးျဖစ္ေၾကာင္း ေျပာျပဖူးသည္ကို မွတ္မိေနပါေတာ့သည္။

လိုသူယူသံုး ေစတနာအျပံဳးျဖင့္ ရႊင္လန္းၾကပါေစ။

Credit – ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode)
ပါးတစ်ခြမ်းရွဲ့၊ စကားမပီ လေဖြတ်ခံရသူတွေအတွက်

မြန်မာတိုင်းရင်းဆေးပညာ သဘောအရ လေဖြတ်ခြင်း သဘောကို နှစ်မျိုးပြဆိုပါ၏။ သွေးတိုးပြီး လေဖြတ်ခြင်းကို လေငန်းဟုခေါ်ပြီး၊ သွေးမတိုးပါဘဲ လေဖြတ်ခြင်းကို သွက်ချာပါဒဟု ခေါ်ပါ၏။ ထိုပြင် လူခန္ဓာပိန်သောသူနှင့် ဝသောသူ မတူကြပြန်ပါ။ ဝသော လူအများစုသည် လေဖြတ်ခံရခြင်းများလှ၏။ သွေးတိုးပြီး လေဖြတ်ခြင်းသည် များသောအားဖြင့် ခန္ခာကိုယ်တစ်ပိုင်း၊ တစ်ခြမ်းနှင့် တစ်စိတ်တစ်ပိုင်းတို့ မလှုပ်ရှားနိုင်တော့ခြင်း ဖြစ်တတ်လေသည်။ အချို့မှာ ပါးတစ်ခြမ်းရွဲ့ခြင်း၊ ဘယ်ညာ လက်မောင်းရင်းများ ကပ်ခြင်း အာလျှာတို့ပါ လေးသွားတတ်ပါသည်။ ထိုပြင်နောက်ဆက်တွဲ ဆိုးကျိုးတို့က များလှပါ၏။

၂၀၁၅ခုနှစ်လောက်က ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး ဈေးကအပြန် လေဖြတ်ခံရသည်။ ညာဖက်ပါးတစ်ခြမ်းရွဲ့သွားပြီး စကားပြောရန် လေမလိုက်တော့၍ စကားမပီသတော့ပါ။ ထိုအခြေအနေ တွင် တိုင်းရင်းသမားတော်ကြီး ဦးကြွယ် ကြွလာပြီး လက်တွေ့ကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းသွားသော ဆေးနည်းအား တင်ပြလိုပါသည်။

ကွမ်းရွက်(၉)ရွက်တွင် ဆားလက်ဖက်စားဇွန်း တစ်ဝက်ခန့်ထည့်ကာ ထုထောင်းလိုက်ပြီး ရရှိသော သတ္တုရည်နှင့် ရှားပါးလှသော စပါးကြီးသည်းခြေအနည်းငယ်ကိုရောပြီး ဖျော်စပ်၍ လျှာကို ပွတ်ပေးခြင်း၊ ရွဲ့သွားသော နှုတ်ခမ်းနားတစ်ဝိုက် မကြာခဏလိမ်းပေးပြီး လက်မဖြင့် ရွဲ့သွားသော ညာဖက်ပါးတစ်ခြမ်းကို စောင်းဖိပြီး ဆွဲပေးခြင်းအား နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ကြိမ်တွင်(၁၀)မိနစ်မျှ ဆောင်ရွက်ပေးခဲ့ပါသည်။ (၅)ရက်မြောက်သောနေ့တွင် မိတ်ဆွေ၏ ရွဲ့သွားသော ညာဖက်ပါးတစ်ခြမ်း ပြန်တည့်သွားတော့သည်။

ထိုပြင် လေမလိုက်ဘဲ စကားသံ မပီဖြစ်နေခြင်းကို စပါးကြီးသည်း ခြေအနည်းငယ်နှင့် ဝံအူမြစ်ကို ရေကျဲကျဲဖြင့် ရောသွေးပြီး လျှာအရင်းကို လက်ဖြင့်နှိုက်ခြင်း၊ လည်ပင်းတွင် လိမ်းပေးခြင်းကို လုပ်ဆောင်ပေးပြန်ရာ အံ့သြဖွယ်စကားပြောပီသလာကြောင်း လက်တွေ့မြင်ခဲ့ဖူးပါသည်။

တင်ပြလိုသည်မှာ ပါးတစ်ခြမ်းရွဲ့ လေဖြတ်ခြင်းမျိုးကြုံပါက ကွမ်းရွက်နှင့် ဆားကိုထောင်းပြီး ရရှိသော သတ္တုရည်နှင့် စပါးကြီးသည်းခြေ အနည်းငယ်ရောစပ်၍ လျှာကိုနှိုက်ပေးခြင်း၊ ရွဲ့သွားသော ပါးတစ်ခြမ်းကို
မရွဲ့သော ပါးဖက်ခြမ်းသို့ ဖိဆွဲပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။ ထိုပြင် လေဖြတ်ပြီးစကားမပီခြင်းကိုလည်း ဝံအူမြစ်နှင့် စပါးကြီးသည်းခြေကို ရောသွေးပြီး လျှာပေါ်တင်၍ ပါးစပ်အတွင် နှိုက်ေ ပးခြင်း၊ လည်ပင်းတွင်း လိမ်းလူးပေးပါက စကားပြောပီသလာပါကြောင်း ကြုံတွေ့ဖူးသော လေဖြတ်ခံလိုက်ရလိုက်ရပြီး ညာဘက် ပါးတစ်ခြမ်းရွဲ့၍ စကားမပီသသူအား ကုသပေးသောဆေးနည်းအား လိုသူတို့ သုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။

ဆရာကြီးမိန့်သည်မှာ စပါးကြီးသည်းခြေ စစ်မစစ်သိစေရန် သည်းခြေအိတ် မည်မျှကြာသည်ဖြစ်စေ ရေကူးအသက်ဝင်သော သဘောရှိ၍ စပါးကြီးသည်းခြေအိတ်ကို နှီးဖျားသေးလေးဖြင့် ထိဖောက်ပြီး ရေခွက် အတွင်းရှိ ရေထဲချပေးပါက ရေထဲတွင် နှီးစလေးမှာ သည်းခြေအာနိသင်ကြောင့် ရေကူးကြောင်း ဗဟုသုတ လက်တွေ့ပြဖူးပါသည်။ ထိုမှသာ အစွမ်းရှိသော သည်းခြေဖြစ်ပြီး တောနေလူအများစုအတွက် စပါးကြီးသည်းခြေသည် မရှိမဖြစ် ဆောင်အပ်သော အသက်ဝင်သော ဆေးဖြစ်ကြောင်း ပြောပြဖူးသည်ကို မှတ်မိနေပါတော့သည်။

လိုသူယူသုံး စေတနာအပြုံးဖြင့် ရွှင်လန်းကြပါစေ။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *