သတင္း

အာရွတိုက္မွာသာ ျမင္ေတြရမယ့္ ထူးဆန္းေထြလာမ်ား

(Zawgyi)
အာရွတိုက္မွာသာ ျမင္ေတြရမယ့္ ထူးဆန္းေထြလာမ်ား

အာရွတိုက္ဆိုတာ ကမာၻေပၚက တိုက္ႀကီးေတြထဲမွာ အႀကီးဆုံးနဲ႔ လူဦးေရအမ်ားဆုံး တိုက္တခုပါ။ လူဦးေရ ပ်မ္းမွ် ၄ ဒႆမ ၄၆ ဘီလီယံေက်ာ္ ရွိတယ္လို႔ သိရပါတယ္။ တျခားကမာၻတဖက္ျခမ္းက တိုက္ေတြနဲ႔ မတူကြဲျပားတဲ့ ယဥ္ေက်းမႈ ဓေလ့ထုံးစံေတြ၊ ဘာသာစကားေတြ၊ အစားအေသာက္ေတြနဲ႔ တျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာေတြ အမ်ားဆုံး ျမင္ေတြ႕ႏိုင္မယ့္ေနရာပါ။ ဒီေဆာင္းပါးမွာ အာရွတိုက္အႏွံ႔ ႏိုင္ငံေတြကိုေလ့လာရင္း ထူးဆန္းအံ့ၾသစရာေကာင္းၿပီး ကမာၻ႔တျခားေနရာ ေဒသေတြနဲ႔ မတူ ကြဲျပားေနတဲ့ အေၾကာင္းအရာေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

(၁) တ႐ုတ္ႏိုင္ငံက အႀကီးဆုံး QR Code ပန္းၿခံႀကီး


အႀကီးဆုံးေသာ QR Code ပုံစံ ဖန္တီးထားတဲ့ ပန္းၿခံႀကီးကို တ႐ုတ္ႏိုင္ငံမွာ ျမင္ေတြ႕ရမွာပါ။ သစ္ပင္ေပါင္း ၁ သိန္း ၃ ေသာင္းေက်ာ္နဲ႔ ပုံစံေဖာ္ထားၿပီး ေကာင္းကင္ျမင္ကြင္းကေနပဲ အကုန္လုံးကို ၿခဳံၿပီးျမင္ေတြ႕ႏိုင္မွာပါ။

(၂) အစားအေသာက္ေတြကို ပလတ္စတစ္အိတ္နဲ႔ ထည့္ေပးျခင္း


စားေသာက္ဆိုင္ေတြကေန အစားအစာကို ထုပ္ယူသြားတဲ့အခါမ်ိဳးမွာ အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ပလတ္စတစ္ အိတ္နဲ႔ ထည့္ေပးၾကပါတယ္။ ဒါဟာ အာရွတိုက္သားေတြအတြက္ေတာ့ ပုံမွန္လုပ္႐ိုးလုပ္စဥ္ အေလ့အထ တခုပါ။

(၃) ရထားလမ္းေဘးက ေဈးဆိုင္မ်ား


ထိုင္းႏိုင္ငံက မဲေခါင္ရထားလမ္းတေလွ်ာက္က လမ္းေဘးေတြမွာ ေဈးေရာင္းတဲ့ေဈးသည္ေတြကို အစီအရီ ေတြ႕ရမွာပါ။ ရထားလာတဲ့အခါ ေဈးဗန္းေတြ၊ ေဈးျခင္းေတြ မလြတ္မွာဆိုးလို႔ ဖယ္ေပးရတာမ်ိဳးက သူတို႔အတြက္ အထူးအဆန္း မဟုတ္ေတာ့ပါဘူး။

(၄) ကေလးခုံေလးေတြ တပ္ထားေပးတဲ့ ဂ်ပန္က အိမ္သာမ်ား


ကေလးမိခင္ေတြ အိမ္သာဝင္ခ်င္တဲ့အခါ အလြယ္တကူ ဝင္ႏိုင္ေအာင္ အိမ္သာတံခါးေတြမွာ ကေလးကို ခဏခ်ထား လို႔ရတဲ့ ခုံေလးေတြ ဂ်ပန္က အိမ္သာတိုင္းမွာ ျမင္ေတြ႕ရမွာပါ။ မိခင္ေတြ အိမ္သာတက္ေနတဲ့အခ်ိန္ ကရိကထ မမ်ားေအာင္ အဆင္ေျပေအာင္ လုပ္ေပးထားတာပါ။ ဒါ့အျပင္ အိမ္သာထဲဝင္ရင္ စီးဖို႔ အိမ္သာစီးဖိနပ္ကိုပါ ခ်ထားေလ့ ရွိပါတယ္။

(၅) အႏုပညာဆန္ဆန္ ဖန္တီးထားတဲ့ ေရေျမာင္းဖုံးမ်ား


ဂ်ပန္ႏိုင္ငံမွာ ေနာက္ထပ္ အံ့ၾသသင့္စရာ အခ်က္ကေတာ့ ေရေျမာင္းအဖုံးေတြကို အႏုပညာမ်က္စိနဲ႔ လွပေအာင္ ျခယ္သထားတာကိုပါ။ ေရေျမာင္းအဖုံးလို႔ ထင္ရက္စရာ မရွိေလာက္ေအာင္ အႏုပညာေျမာက္လြန္းလို႔ လာလည္တဲ့ ဧည့္သည္တိုင္း အမွတ္တရပုံေတြ ႐ိုက္ေလ့ရွိၾကပါတယ္။

(၆) အၿမဲလူလွ်ံေနတဲ့ ဘဂၤလားေဒ့ရွ္ရထားမ်ား


ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ႐ုံးဆင္း႐ုံးတက္ခ်ိန္ဆို ရထားေတြအၿမဲျပည့္ၾကပ္ေနလို႔ စိတ္ညစ္ဖူးၾကမွာပါ။ ဒါေပမယ့္ ဘဂၤလားေဒ့ရွ္မွာေတာ့ ရထားတစီးလုံး ျပည့္ၾကပ္႐ုံတင္ မကဘဲ ေခါင္းမိုးေပၚ၊ ေဘးတြဲ၊ အေရွ႕တြဲေတြအထိ ျပည့္လွ်ံေနတာကို ျမင္လိုက္ရရင္ သင္ဒီလို စိတ္ညစ္မိမွာ မဟုတ္ေတာ့ပါဘူး။

(၇) ပီေကစားရင္ ဒဏ္႐ိုက္မယ္


အမ်ားျပည္သူေရွ႕ ေဆးလိပ္ေသာက္တာ၊ အရက္ေသစာ ေသာက္မူးယစ္တာမ်ိဳးကို ဒဏ္ေငြ႐ိုက္ေလ့ရွိၾကေပမယ့္ စင္ကာပူမွာေတာ့ “ပီေက မစားရ” ေနရာေတြကိုပါ သတ္မွတ္ထားပါတယ္။ အကယ္၍မ်ာ းစားမိခဲ့ရင္ စင္ကာပူ ေဒၚလာ ၁,၀၀၀ ဒဏ္ေငြ ေဆာင္ရပါမယ္။

(၈) ခိုစာေကြၽးရင္ ဒဏ္႐ိုက္မယ္

စင္ကာပူႏိုင္ငံရဲ႕ သူမတူတဲ့ တားျမစ္ခ်က္ေတြထဲက ေနာက္တခုကေတာ့ လမ္းေပၚခိုစားေကြၽးရင္ ဒဏ္႐ိုက္တာပါ။ ဒါေၾကာင့္ အလည္သြားတဲ့အခါ ကိုယ္ႏိုင္ငံမွာလိုထင္ၿပီး မလုပ္မိၾကဖို႔ သတိေပးလိုက္ပါတယ္။

(၉) တ႐ုတ္ႏိုင္ငံမွာ ျမင္ေတြ႕ႏိုင္မယ့္ တံဆိပ္အတုမ်ား


တ႐ုတ္ႏိုင္ငံက ေဈးေတြမွာဆိုရင္ ဘယ္ႏိုင္ငံမွာမွ မျမင္ေတြ႕ႏိုင္တဲ့ တံဆိပ္အတု ေပါင္းစုံကို ေတြ႕ရမွာပါ။ Apple တံဆိပ္က ဖိနပ္တံဆိပ္ျဖစ္လို႔ျဖစ္၊ တျခားနာမည္ႀကီး ဘရန္းေတြကို စာလုံးေပါင္း ဆင္တူ႐ိုက္ၿပီး ေရာင္းတာမ်ိဳးေတြပါ ေတြ႕ၾကရမွာပါ။

(၁၀) အထပ္ျမင့္ေတြအေပၚထပ္ ေနာက္ထပ္ အေဆာက္အအုံမ်ား


လူဦးေရ အထူထပ္ဆုံးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာ တိုးပြားလာတဲ့ လူဦးေရကို ကာမိေအာင္ အထပ္ျမင့္အေဆာက္အဦေတြရဲ႕ အေပၚထပ္မွာ ေနာက္ထပ္အိမ္ေတြ ေဆာက္ၿပီး ေနၾကပါတယ္။

(၁၁) ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ေက်ာ္ က်ည္ဆန္ရထား


ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ေက်ာ္ က်ည္ဆန္ရထားကို မသိသူရွားပါလိမ့္မယ္။ ဂ်ပန္ႏိုင္ငံဟာ က်ည္ဆန္ရထားေတြကို ေခတ္မီသထက္ မီေအာင္ တီထြင္ႀကံဆလာရာကေန အျမန္ဆုံးဆိုတဲ့ က်ည္ဆန္ရထား ခရီးစဥ္ ေတြလည္း ရွိလာပါၿပီ။ က်ည္ဆန္တေတာင့္လို ျမန္ႏႈန္းျမင့္ေပမယ့္ ရထားအတြင္းပိုင္းမွာေတာ့ အေႂကြေစ့ေလ့ ေထာင္ထားရင္ေတာင္ လဲမက်ဘဲ ၿငိမ္သက္ေနတာကို ျမင္ေတြ႕ရမွာပါ။

Ref: Birghtside Me

Credit – Aurora (ဧရာ၀တီ), The Irrawaddy – Burmese Edition

(Unicode)
အာရှတိုက်မှာသာ မြင်တွေရမယ့် ထူးဆန်းထွေလာများ

အာရှတိုက်ဆိုတာ ကမ္ဘာပေါ်က တိုက်ကြီးတွေထဲမှာ အကြီးဆုံးနဲ့ လူဦးရေအများဆုံး တိုက်တခုပါ။ လူဦးရေ ပျမ်းမျှ ၄ ဒဿမ ၄၆ ဘီလီယံကျော် ရှိတယ်လို့ သိရပါတယ်။ တခြားကမ္ဘာတဖက်ခြမ်းက တိုက်တွေနဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာစကားတွေ၊ အစားအသောက်တွေနဲ့ တခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ အများဆုံး မြင်တွေ့နိုင်မယ့်နေရာပါ။ ဒီဆောင်းပါးမှာ အာရှတိုက်အနှံ့ နိုင်ငံတွေကိုလေ့လာရင်း ထူးဆန်းအံ့သြစရာကောင်းပြီး ကမ္ဘာ့တခြားနေရာ ဒေသတွေနဲ့ မတူ ကွဲပြားနေတဲ့ အကြောင်းအရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

(၁) တရုတ်နိုင်ငံက အကြီးဆုံး QR Code ပန်းခြံကြီး

အကြီးဆုံးသော QR Code ပုံစံ ဖန်တီးထားတဲ့ ပန်းခြံကြီးကို တရုတ်နိုင်ငံမှာ မြင်တွေ့ရမှာပါ။ သစ်ပင်ပေါင်း ၁ သိန်း ၃ သောင်းကျော်နဲ့ ပုံစံဖော်ထားပြီး ကောင်းကင်မြင်ကွင်းကနေပဲ အကုန်လုံးကို ခြုံပြီးမြင်တွေ့နိုင်မှာပါ။

(၂) အစားအသောက်တွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ပေးခြင်း

စားသောက်ဆိုင်တွေကနေ အစားအစာကို ထုပ်ယူသွားတဲ့အခါမျိုးမှာ အာရှနိုင်ငံတော်တော်များများမှာ ပလတ်စတစ် အိတ်နဲ့ ထည့်ပေးကြပါတယ်။ ဒါဟာ အာရှတိုက်သားတွေအတွက်တော့ ပုံမှန်လုပ်ရိုးလုပ်စဉ် အလေ့အထ တခုပါ။

(၃) ရထားလမ်းဘေးက ဈေးဆိုင်များ

ထိုင်းနိုင်ငံက မဲခေါင်ရထားလမ်းတလျှောက်က လမ်းဘေးတွေမှာ ဈေးရောင်းတဲ့ဈေးသည်တွေကို အစီအရီ တွေ့ရမှာပါ။ ရထားလာတဲ့အခါ ဈေးဗန်းတွေ၊ ဈေးခြင်းတွေ မလွတ်မှာဆိုးလို့ ဖယ်ပေးရတာမျိုးက သူတို့အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။

(၄) ကလေးခုံလေးတွေ တပ်ထားပေးတဲ့ ဂျပန်က အိမ်သာများ

ကလေးမိခင်တွေ အိမ်သာဝင်ချင်တဲ့အခါ အလွယ်တကူ ဝင်နိုင်အောင် အိမ်သာတံခါးတွေမှာ ကလေးကို ခဏချထား လို့ရတဲ့ ခုံလေးတွေ ဂျပန်က အိမ်သာတိုင်းမှာ မြင်တွေ့ရမှာပါ။ မိခင်တွေ အိမ်သာတက်နေတဲ့အချိန် ကရိကထ မများအောင် အဆင်ပြေအောင် လုပ်ပေးထားတာပါ။ ဒါ့အပြင် အိမ်သာထဲဝင်ရင် စီးဖို့ အိမ်သာစီးဖိနပ်ကိုပါ ချထားလေ့ ရှိပါတယ်။

(၅) အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ရေမြောင်းဖုံးများ

ဂျပန်နိုင်ငံမှာ နောက်ထပ် အံ့သြသင့်စရာ အချက်ကတော့ ရေမြောင်းအဖုံးတွေကို အနုပညာမျက်စိနဲ့ လှပအောင် ခြယ်သထားတာကိုပါ။ ရေမြောင်းအဖုံးလို့ ထင်ရက်စရာ မရှိလောက်အောင် အနုပညာမြောက်လွန်းလို့ လာလည်တဲ့ ဧည့်သည်တိုင်း အမှတ်တရပုံတွေ ရိုက်လေ့ရှိကြပါတယ်။

(၆) အမြဲလူလျှံနေတဲ့ ဘင်္ဂလားဒေ့ရှ်ရထားများ

နိုင်ငံတော်တော်များများမှာ ရုံးဆင်းရုံးတက်ချိန်ဆို ရထားတွေအမြဲပြည့်ကြပ်နေလို့ စိတ်ညစ်ဖူးကြမှာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာတော့ ရထားတစီးလုံး ပြည့်ကြပ်ရုံတင် မကဘဲ ခေါင်းမိုးပေါ်၊ ဘေးတွဲ၊ အရှေ့တွဲတွေအထိ ပြည့်လျှံနေတာကို မြင်လိုက်ရရင် သင်ဒီလို စိတ်ညစ်မိမှာ မဟုတ်တော့ပါဘူး။

(၇) ပီကေစားရင် ဒဏ်ရိုက်မယ်

အများပြည်သူရှေ့ ဆေးလိပ်သောက်တာ၊ အရက်သေစာ သောက်မူးယစ်တာမျိုးကို ဒဏ်ငွေရိုက်လေ့ရှိကြပေမယ့် စင်ကာပူမှာတော့ “ပီကေ မစားရ” နေရာတွေကိုပါ သတ်မှတ်ထားပါတယ်။ အကယ်၍မျာ းစားမိခဲ့ရင် စင်ကာပူ ဒေါ်လာ ၁,၀၀၀ ဒဏ်ငွေ ဆောင်ရပါမယ်။

စင်ကာပူနိုင်ငံရဲ့ သူမတူတဲ့ တားမြစ်ချက်တွေထဲက နောက်တခုကတော့ လမ်းပေါ်ခိုစားကျွေးရင် ဒဏ်ရိုက်တာပါ။ ဒါကြောင့် အလည်သွားတဲ့အခါ ကိုယ်နိုင်ငံမှာလိုထင်ပြီး မလုပ်မိကြဖို့ သတိပေးလိုက်ပါတယ်။

<(၉) တရုတ်နိုင်ငံမှာ မြင်တွေ့နိုင်မယ့် တံဆိပ်အတုများ

တရုတ်နိုင်ငံက ဈေးတွေမှာဆိုရင် ဘယ်နိုင်ငံမှာမှ မမြင်တွေ့နိုင်တဲ့ တံဆိပ်အတု ပေါင်းစုံကို တွေ့ရမှာပါ။ Apple တံဆိပ်က ဖိနပ်တံဆိပ်ဖြစ်လို့ဖြစ်၊ တခြားနာမည်ကြီး ဘရန်းတွေကို စာလုံးပေါင်း ဆင်တူရိုက်ပြီး ရောင်းတာမျိုးတွေပါ တွေ့ကြရမှာပါ။

(၁၀) အထပ်မြင့်တွေအပေါ်ထပ် နောက်ထပ် အဆောက်အအုံများ

လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ တိုးပွားလာတဲ့ လူဦးရေကို ကာမိအောင် အထပ်မြင့်အဆောက်အဦတွေရဲ့ အပေါ်ထပ်မှာ နောက်ထပ်အိမ်တွေ ဆောက်ပြီး နေကြပါတယ်။

(၁၁) ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ကျည်ဆန်ရထား

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ကျည်ဆန်ရထားကို မသိသူရှားပါလိမ့်မယ်။ ဂျပန်နိုင်ငံဟာ ကျည်ဆန်ရထားတွေကို ခေတ်မီသထက် မီအောင် တီထွင်ကြံဆလာရာကနေ အမြန်ဆုံးဆိုတဲ့ ကျည်ဆန်ရထား ခရီးစဉ် တွေလည်း ရှိလာပါပြီ။ ကျည်ဆန်တတောင့်လို မြန်နှုန်းမြင့်ပေမယ့် ရထားအတွင်းပိုင်းမှာတော့ အကြွေစေ့လေ့ ထောင်ထားရင်တောင် လဲမကျဘဲ ငြိမ်သက်နေတာကို မြင်တွေ့ရမှာပါ။

Ref: Birghtside Me

Credit – Aurora (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *