ဗဟုတုသ

အသည်းဆိုတာ​သွေးခဲကြီးတစ်​ခုပါ

အသည်းဆိုတာ​သွေးခဲကြီးတစ်​ခုပါ
—————————————————

ကျ​နော်​တို့ထမင်းစားတဲ့အခါမှာအသည်းအမြစ်​ဟင်းကိုတစ်​ခါတစ်​​လေစား​လေ့ရှိတယ်​​ပေါ့။အဲဒီမှာအသည်းကို​လေ့လာကြည့်​ရင်​အသည်းဟာအ​တော်​ကိုအကျက်​လွယ်​ပြီးလက်​နဲ့​ချေလိုက်​ရင်​​တောင်​​ကြေသွားတာသတိထားမိပါလိမ့်​မယ်​။အမြစ်​မဟုတ်​ဘူး​နော်​၊အမြစ်​ကအရမ်းမာတယ်​။အသည်းက​တော့ဘဲ​သွေးခဲထက်​​တောင်​နုပါ​သေးတယ်​။တကယ်​​တော့အသည်းဆိုတာ​သွေးခြဲကီးတစ်​ခုသာဖြစ်​ပါတယ်​။မွေးကတည်းကအ​မေ​ပေးလိုက်​တဲ့အ​မေ့​သွေးခဲကြီးတစ်​ခုပါ။အလွန်​နူးညံ့ပြီး​ပျော့​ပြောင်းတဲ့အတွက်​ထိလွယ်​လျှလွယ်​တဲ့ကလီစာတစ်​ခုဖြစ်​ပါတယ်​။

အဲဒီလိုထိခိုက်​လွယ်​တဲ့အသည်းကိုထိန်းသိမ်းရမယ်​ဆိုတာလူ​တွေ​မေ့ထားကြတယ်​။ဒါ​ကြောင့်​လဲအသည်းပျက်​စီးပြီးလူ​တွေအများကြီး​သေ​နေကြပါတယ်​။မကြာ​သေးခင်​ကနိုင်​ငံခြားမှာ​နေတဲ့မိတ်​​ဆွေတစ်​​ယောက်​အသည်းထိခိုက်​သွားပါတယ်​။သူစားခဲ့တဲ့အသားငါး​တွေသာမကအသီးအရွက်​​တွေထဲကကပ်​ပါးပိုး​တွေကဒုက္ခ​ပေးတာပြဲဖစ်​တယ်​။အစားအ​သောက်​​တွေက​နေပါလာတဲ့ပိုး​တွေကဝမ်းဗိုက်​ထဲမှာ​နေပြီးကြီးထွားကြတယ်​။အဲဒီအထဲကကပ်​ပါးတစ်​မျိုးဟာအသည်းကိုသွားတွယ်​တယ်​။အသည်းကပ်​ပါးပိုးအဖြစ်​တွယ်​​နေပြီးအသည်းကိုစား​နေတာ။ဗိုက်​နာလို့သွားစစ်​လိုက်​​တော့အသည်းတစ်​ခြမ်းလုံးပျက်​စီး​နေပြီ။ချက်​ချင်း​ဆေးရုံတက်​ပြီးအသည်းတစ်​ခြမ်းလုံးလှီးထုတ်​ပစ်​လိုက်​ရပါတယ်​။အချိန်​မှီ​လေးသိသွားလို့အသက်​ဆက်​ရှင်​ခွင့်​ရသွားပါတယ်​။

အသည်းဆိုတာသိပ်​နူးညံ့လို့​သေ​သေချာချာဂရုစိုက်​သင့်​ပါတယ်​။အသည်းပျက်​စီး​စေတဲ့အ​ကြောင်း​ရင်း​တွေအများကြီးရှိ​ပေမဲ့အသည်းကပ်​ပါးပိုး​ကြောင့်​ပျက်​စီးတာကအမြန်​ဆုံးပြဲဖစ်​တယ်​။ကျ​နော်​တို့ဗိုက်​ထဲမှာဘယ်​လိုအ​ကောင်​​တွေကြီးထွား​နေလဲမသိရပါဘူး။အသားငါးသာမကအသီးအရွက်​​တွေက​နေလည်းပိုး​တွေပါလာတတ်​တဲ့အတွက်​သတိ​တော်​​တော်​ထားမှရမယ်​။အဲဒီပိုး​တွေကင်းရှင်း​အောင်​အလုပ်​သင့်​ဆုံးက​တော့သန်​ချ​ဆေး​သောက်​​ပေးဖို့ပဲဖြစ်​ပါတယ်​။၃လတစ်​ကြိမ်​​လောက်​​တောင်​ချဖို့​ကောင်းပါတယ်​။အဲဒီလိုချ​ပေးမှအသည်းကပ်​ပါးပိုး​တွေသာမကသန်​ချိတ်​​ကောင်​​တွေတုတ်​ပြား​ကောင်​​တွေလည်းရှင်းသွားပြီးလူကကျန်းမာ​တော့မှာ​ပေါ့။တစ်​ခါတစ်​​လေမှာအ​ရေးကြီးတာ​တွေကိုသတိ​မေ့ထားမိ​တော့ဖြစ်​လာပြီဆိုရင်​အပ်​နဲ့ထွင်းရမှာကို​ပေါက်​ဆိန်​နဲ့ထွင်းရတတ်​လို့ပါ။အသည်းဟာသိပ်​နူးညံ့တဲ့အတွက်​က​လေး​လေးတစ်​​ယောက်​လိုဂရုစိုက်​ဖို့​ကောင်းပါတယ်​။

ချစ်​ခင်​​လေးစားလျှက်​……….

Leave a Reply

Your email address will not be published. Required fields are marked *