ဗဟုတုသ

ကားဒက္ဘုတ္ေပၚမွာ အ႐ုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္ပါနဲ႔။ အရမ္းအႏၲရာယ္မ်ားပါတယ္။

(Zawgyi)

ကားဒက္ဘုတ္ေပၚမွာ ဘုရားဆင္းတု၊ အ႐ုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္ပါနဲ႔

ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ အ႐ုပ္ေတြတင္တာ၊ ဘုရားဆင္းတုေတာ္ေတြ တင္ကိုးကြယ္တာ၊ အေမႊးနံ႔ပုလင္းေတြ တင္တာ၊ ဖုန္းတင္တဲ့ စင္ေတြတင္တာ၊ ပန္းအိုးေလးေတြတင္တာ၊ ဖန္စီ္ပစၥည္းအလွအပေတြ ဆင္တာ၊ အေပၚကေန အျခားအစြပ္အအုပ္ေတြ အုပ္တာေတြ ေတာ္ေတာ္ေလးေတြ႕လာရပါတယ္။ ဟိုးတေလာေလးကဆို နတ္႐ုပ္ေတြ ပန္းေတြ၊ ဘုရားဆင္းတုေတာ္ေတြကို ကားဒက္ဘုတ္အျပည့္တင္ၿပီး ကိုးကြယ္ထားတာေတြ မ်ားလာပါတယ္။

ကားဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ လုံးဝ(လုံးဝ)ကို တင္မထားသင့္ပါဘူး။ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ တင္တယ္ဆိုတာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ဘာေၾကာင့္ ကား ဒက္ဘုတ္ (Dashboard) ေပၚပစၥည္းေတြ မတင္သင့္လဲဆိုရင္ေတာ့ ကားမွာပါဝင္တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက္ကယ္ေလအိတ္ေတြေၾကာင့္ပါပဲ။ အခုေနာက္ပိုင္းေပၚ ေမာ္ဒယ္ျမင့္ ကားေတြမွာ Airbag (ေလအိတ္)ေတြက အနည္းဆုံး ၂ လုံးကေန ၄ လုံး ၆ လုံး ၈ လုံးအစရွိသျဖင့္ ပါဝင္ပါတယ္။ အခုေခတ္ ဘယ္ကားမွာမဆို ကားေရွ.မွာ ထိုင္ေနတဲ့ Driver နဲ. Passenger အတြက္ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ Airbag ၂ ခုေတာ့ အနည္းဆုံးတပ္ဆင္ထားပါတယ္ ။

Airbag System ဘယ္လို အလုပ္လုပ္သလဲ ?

Airbag System တခုဘယ္လိုအလုပ္လုပ္သလဲဆိုရင္ အေပၚမွာ ေျပာခဲ့တဲ့ ပစၥည္း အစိတ္အပိုင္းေတြ အကုန္ စုေပါင္းအ လုပ္လုပ္ပါတယ္။ ပထမဆုံး Crash Sensor က ယာဥ္တိုက္မႈျဖစ္တဲ့အခါ တိုက္မႈျဖစ္သြားတဲ့ အရွိန္နဲ.ျပင္းထန္မႈေတြကို တြက္ဆၿပီး Airbag Control Unit ကို သတင္းပို.ပါတယ္ ၊ အဲ့ကေနမွတဆင့္ Airbag အတြင္းပိုင္းက Chemical ပစၥည္းေတြကို Reaction တခု သက္ေရာက္ေစၿပီး ေလအိတ္ေတြကို ေဖာင္းကားပြင့္ထြက္ေစပါတယ္ ။

ပုံမွန္အားျဖင့္ Crash Sensor ေတြကို Mass-Type Sensor နဲ. Roller -Type Sensor ေတြကို အသုံးမ်ားၾကၿပီး ကားရဲ႕ အေရွ႕ဘန္ဘာတန္းနဲ. ကားအင္ဂ်င္ေတြရဲ႕ ၾကားထဲမွာ တပ္ဆင္ထားေလ့ရွိပါတယ္။ ဒီေလာက္ဆိုရင္ ကား Airbag System တခု ဘယ္လို အလုပ္လုပ္သလဲဆိုတာ အၾကမ္းမ်ဥ္းနားလည္သြားမယ္ထင္ပါတယ္။ ဒီလိုနားလည္သြားမယ္ဆိုရင္ ကားဒက္ဘုတ္ေပၚမွာ ဘာေၾကာင့္ ပစၥည္းေတြ မတင္သင့္လဲဆိုတာ အလိုလို နားလည္သြားေလာက္ပါၿပီ။

ကားေလအိတ္ေတြ ပြင့္ထြက္လာတယ္ဆိုတာ အမ်ားထင္သလို ေလအိတ္ထဲ ေလေတြေအးေအးေဆးေဆး ဝင္လာတာမ်ိဳး မဟုတ္ပါဘူး။ အႏၲရာယ္ျဖစ္တဲ့အခ်ိန္ အကာအကြယ္ရဖို႔အတြက္ ေလအိတ္ရဲ႕အတြင္းပိုင္းမွာ အရမ္းကို လွ်င္ျမန္တဲ့ အရွိန္နဲ႔ ဓာတုေဗဒေပါက္ကြဲမႈေတြ ျဖစ္စဥ္ေတြျဖစ္ၿပီး ေလအိတ္ေဖာင္းကား ပြင့္ထြက္လာတာမို႔ ကားဒက္ဘုတ္ေပၚမွာ တင္ထားတဲ့ပစၥည္းေတြဟာ ေလအိတ္နဲ.အတူ လြင့္စင္ထြက္ၿပီး ကားအတြင္းပိုင္းမွာရွိတဲ့ လူေတြကို အသက္အႏၲရာယ္ ထိခိုက္သည္အထိ အႏၲရာယ္ေပးႏိုင္ပါတယ္။

ဒီပစၥည္းေတြက လူေတြကို မထိခိုက္မိဘူးဆိုရင္ေတာင္ ေလအိတ္ပြင့္တဲ့ ျဖစ္စဥ္ကို အေႏွာက္အယွက္ေပးႏိုင္တာမို႔ ယာဥ္တိုက္မႈျဖစ္စဥ္မွာ ကားအတြင္းပိုင္းက လူေတြအတြက္ အကာအကြယ္ေတြေလ်ာ့နည္း သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကားဒက္ဘုတ္ေပၚမွာ အမ်ိဳးမ်ိဳးေသာ ပစၥည္းေတြတင္အသုံးျပဳတာဟာ အလြန္မွားယြင္းၿပီး အႏၲရာယ္မ်ားလွတဲ့ အျပဳအမူ တခုပါ။

ေနာက္တခ်က္ အထူးသတိေပးမႈအေနနဲ. ေျပာခ်င္တာက ကား Seat Belt ဆိုတဲ့ ထိုင္ခုံခါးပတ္ပါ။ယာဥ္တိုက္မႈျဖစ္စဥ္မွာ အဓိက အကာကြယ္ေပးတာက ထိုင္ခုံခါးပတ္ျဖစ္ပါတယ္။ ကားမွာပါတဲ့ ေလအိတ္မဟုတ္ပါဘူး။ က်ေနာ္အေပၚမွာလည္း ရွင္းျပထားသလို. Airbag System ကို SRS airbag လို႔ေခၚရတဲ့ အေၾကာင္းကလည္း အဲ့ဒါပါပဲ။ အသက္ကယ္ အစီအစဥ္ရဲ႕ အဓိကတာဝန္ကို ထမ္းေဆာင္တာ Airbag မဟုတ္ပါဘူး။ ဒီေကာင္က အရံအေနနဲ႔ တာဝန္ထမ္းေဆာင္တာပါ။

ကားထိုင္ခုံ ခါးပတ္မပတ္ဘဲ၊ ကားတိုက္မႈျဖစ္လို႔ ေလအိတ္ေတြ ပြင့္တယ္ဆိုရင္ ကားရဲ႕ေ႐ြ႕လ်ားေနတဲ့ အရွိန္နဲ႔ လိုက္ပါ ေနတဲ့ လူကို ႐ုတ္တရက္ ဖမ္းထိန္းခ်ဳပ္ ထားမယ့္ ခါးပတ္မရွိတဲ့ အတြက္ အရွိန္ထိန္းမထားႏိုင္ဘဲ ျပင္းထန္စြာ ပြင့္ထြက္လာတဲ့ ေလအိတ္ေတြနဲ႔ ေစာင့္မိၿပီး ဇက္က်ိဳးတာ၊ နံ႐ိုးေတြက်ိဳးတာေတြ ျဖစ္ႏိုင္ပါတယ္။ က်ေနာ့္ အသိမိတ္ေဆြတေယာက္ ဆိုရင္လည္း အျမန္လမ္းမွာ ကားေမွာက္တာ ေလအိတ္ေတြ ပြင့္ပါလွ်က္ ထိုင္ခုံခါးပတ္ မပတ္မိလို႔ သူ႔ကား ယာဥ္ေမာင္းေရာ၊ သူကိုယ္တိုင္ပါ အသက္ဆုံးရႈံးမႈျဖစ္ခဲ့ဖူးပါတယ္။

ဒါေၾကာင့္ စာဖတ္သူမိတ္ေဆြေတြအေနနဲ. ကားေမာင္းမယ္၊ ကားစီးမယ္ဆိုရင္

၁။ ထိုင္ခုံခါးပတ္ပတ္ၾကပါ။

၂။ ကားဒက္ဘုတ္ေပၚမွာ ပစၥည္းေတြတင္တဲ့ အက်င့္ကို စြန္႕လႊတ္ၾကပါ။

၃။ အရွိန္တင္ အလြန္အကြၽံ ေမာင္းႏွင္တာမ်ိဳး မလုပ္ဘဲ သတိနဲ႕ ေမာင္းႏွင္ၾကပါ။

Credit-Aung Myo

(Unicode)

ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့

ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ၊ အမွှေးနံ့ပုလင်းတွေ တင်တာ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ၊ ပန်းအိုးလေးတွေတင်တာ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ၊ အပေါ်ကနေ အခြားအစွပ်အအုပ်တွေ အုပ်တာတွေ တော်တော်လေးတွေ့လာရပါတယ်။ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ၊ ဘုရားဆင်းတုတော်တွေကို ကားဒက်ဘုတ်အပြည့်တင်ပြီး ကိုးကွယ်ထားတာတွေ များလာပါတယ်။

ကားဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကို တင်မထားသင့်ပါဘူး။ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ တင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ်။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။

Airbag System ဘယ်လို အလုပ်လုပ်သလဲ ?

Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ်။ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။

ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ့ အရှေ့ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ့ ကြားထဲမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်းနားလည်သွားမယ်ထင်ပါတယ်။ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလို နားလည်သွားလောက်ပါပြီ။

ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေး ဝင်လာတာမျိုး မဟုတ်ပါဘူး။ အန္တရာယ်ဖြစ်တဲ့အချိန် အကာအကွယ်ရဖို့အတွက် လေအိတ်ရဲ့အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ့ ဓာတုဗေဒပေါက်ကွဲမှုတွေ ဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကား ပွင့်ထွက်လာတာမို့ ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူ လွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ် ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။

ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေလျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ။

နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ။ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ်။ ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး။ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို. Airbag System ကို SRS airbag လို့ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ။ အသက်ကယ် အစီအစဉ်ရဲ့ အဓိကတာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး။ ဒီကောင်က အရံအနေနဲ့ တာဝန်ထမ်းဆောင်တာပါ။

ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ၊ ကားတိုက်မှုဖြစ်လို့ လေအိတ်တွေ ပွင့်တယ်ဆိုရင် ကားရဲ့ရွေ့လျားနေတဲ့ အရှိန်နဲ့ လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲ ပြင်းထန်စွာ ပွင့်ထွက်လာတဲ့ လေအိတ်တွေနဲ့ စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ကျနော့် အသိမိတ်ဆွေတယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေ ပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို့ သူ့ကား ယာဉ်မောင်းရော၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ်၊ ကားစီးမယ်ဆိုရင်

၁။ ထိုင်ခုံခါးပတ်ပတ်ကြပါ။

၂။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန့်လွှတ်ကြပါ။

၃။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ့ မောင်းနှင်ကြပါ။

Credit-Aung Myo

Leave a Reply

Your email address will not be published. Required fields are marked *