ဗဟုတုသ

ဗီတာမင်ဒီချို့တဲ့သူများ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်မား

ဗီတာမင်ဒီချို့တဲ့သူများ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်မား

=======================
=======================

ဗီတာမင်ဒီချို့တဲ့သူများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဒီယေးဂိုးဆေးကျောင်းနှင့် ဆိုးလ်အမျိုးသားတက္ကသိုလ်တို့မှ သုတေသီများက ဆီးချိုရောဂါ အကြိုလက္ခဏာ (သို့မဟုတ်) ဆီးချိုရောဂါမရှိသူများကို ၁၀ နှစ်ကြာ လေ့လာခဲ့ပြီး ယင်းသို့တွေ့ရှိခြင်းဖြစ်သည်။

ဗီတာမင်ဒီပမာဏတိုးမြှင့်ပေးခြင်းက ဆီးချိုရောဂါကို ကာ ကွယ်နိုင်သလားဆိုသည်ကို သိရှိရန် နောက်ထပ်လေ့လာမှုများ ပြု လုပ်ရဦးမည်ဟု သုတေသီများကပြောသည်။

ဗီတာမင်ဒီသည် အသားအရေနှင့် နေရောင်ခြည်ထိတွေ့မှုမှ ရရှိနိုင်ပြီး အချို့သောအစားအစာများနှင့် ဖြည့်စွက်ဆေးများမှလည်း ရရှိနိုင်သည်။ ဗီတာမင်ဒီက အရိုးနှင့်သွားများ ဖွံ့ဖြိုးကြီးထွားစေရန် အထောက်အကူပြုပြီး အချို့သောရောဂါများကို ကာကွယ် ပေးသည်။

ဗီတာမင်ဒီပမာဏချို့တဲ့သူများသည် ဆီးချိုရောဂါဖြစ်နိုင် သည့်အန္တရာယ် ငါးဆမြင့်မားကြောင်း သုတေသနခေါင်းဆောင် ဒေါက်တာဆူးကေပက်ခ်က ပြောသည်။

၁၉၈၀ က လေ့လာမှုတစ်ရပ်တွင် ဗီတာမင်ဒီနှင့်ကယ်လ်ဆီယမ် ပေါင်းစပ်မှုက အူမကြီးကင်ဆာဖြစ်နိုင်သည့်အန္တရာယ်များ လျှော့ချနိုင်ကြောင်း ဖော်ပြထားသည်။ ဗီတာမင်ဒီပမာဏလုံလောက်စွာရရှိနိုင်ရေး အစားအသောက်အပြင် နေရောင်ခြည်နှင့်ထိတွေ့ရန်လည်း လိုအပ်ကြောင်း သုတေသီများကပြောသည်။

(၁)နှစ်အရွယ်အထိ ကလေးငယ်များသည် ဗီတာမင်ဒီပမာဏ ၄၀၀ IU ရရှိရန်လိုပြီး အသက်(၁)နှစ်မှ (၇၀) အထိအရွယ်များအနေ ဖြင့် ဗီတာမင်ဒီပမာဏ ၆၀၀ IU ရှိရန်လိုသည်။

ဗီတာမင်ဒီကြွယ်ဝသော အစားအစာများတွင် ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ဥအနှစ်များ၊ ပုစွန်နှင့်အားဖြည့်နို့၊ ဒိန်ချဉ်နှင့်လိမ္မော်သီး ဖျော်ရည်တို့ပါဝင်သည်။

ခန္ဓာကိုယ်အတွက် ဗီတာမင်ဒီဖြည့်ပေးခြင်းဖြင့် လိုအပ်သော ကယ်လ်ဆီယမ်ဓာတ်ရရှိစေရန် အထောက်အကူပြုကြောင်း အ ခြားလေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ဗီတာမင်ဒီလုံလောက်စေရေး သင့်တော်သော နည်းလမ်းနှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

Ref: UPI

==============

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *