ဗဟုတုသ

သူများနိုင်ငံသားတွေတော့စတိုင်ပြောင်းပြီ

(Unicode)

သူများနိုင်ငံသားတွေတော့စတိုင်ပြောင်းပြီ

================================

ဒီနေ့ ဘီဘီစီသတင်း ဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေးတစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။

အင်္ဂလန်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းခေတ် စားတဲ့ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကကောင်းကောင်းတွေဝယ်ပြီးနေတဲ့လူနေမှုပုံစံကနေ

တော်သင့်သလောက်အိမ်လေးရယ် မရှိမဖြစ်လိုမဝယ်တဲ့ ဂျပန်ကားလေးကိုစီးပြီး အကြွေးမထူလူပူရဘဲခပ်အေးအေး နေတဲ့ပုံစံကို ပြောင်းလဲလာပါတယ်တဲ့ ။

အဲ့ဒီလို ကြွားဝါရမယ့်ကိစ္စတွေမှာ ငွေမသုံးပဲမရှိမဖြစ်တာလေးကိုစီစစ်ပြီးသုံးတာကိုအင်္ဂလိပ်လို Frugal Living လို့ခေါ်ပါတယ် ။

စားစရာဝတ်စရာ စတာတွေမှာ ငွေကုန်ကြေးကျများတဲ့ ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊ ဝါသနာအရဝယ်တာကို လျှော့ပြီး သင့်တင့်မျှတအောင် နေတာပါ ။

အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ လောဘ အလျှောက်အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ အကျင့်ကနေရှိတာလေးနဲ့လှအောင်ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ နေလာကြပါတယ် ။

ဒီလို နေကြည့်တော့ ဘာသွားတွေ့သလဲ ဆိုတော့ဘဏ်တွေကနေ အကြွေးယူရတာ အတိုးပေးရတာနည်းသွားပြီး သူတို့နိုင်ငံကလူတွေ အတွက်ဆို အသက်၄၀လောက်မှာ ငွေကြေး စုမိဆောင်းမိ ဖြစ်သွားပြီးပင်စင်ယူ ကိုယ်ဝါသနာပါရာ လုပ်နေနိုင်သွားပါတယ် ။

ဒါ့အပြင် အလုပ်ရဲ့ကျေးကျွန်၊ လောဘရဲသားကောင်မဖြစ်တော့ပဲ မိသားစုအတွက် အရေးပါတဲ့တစ်ဦးပေါ်တစ်ဦး အချိန်ပိုပေးလာနိုင်ပါတယ် ။

ဂျပန်မှာဆိုလည်း Frugal living ဟာအလွန် ခေတ်စားပြီး အိမ်တွေမှာ မလိုတဲ့ ပစ္စည်းတွေအမှိုက်သရိုက်တွေကို ရှင်းပြစ်ပြီး အိပ်ရာကိုတောင်ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး ကြမ်းပေါ်ခင်းအိပ်မနက်တိုင်း နံရံကပ်ဘီရိုထဲ ထည့်သိမ်းကြပါတယ် ။

မလိုအပ်တဲ့အရာဆို သွားပွတ်တံထားတဲ့ ခွက်တောင်မထားပဲ ရေချိုးခန်းနံရံစောင်းမှာ စီထားတဲ့အထိပါ ။

အဝတ်အစားဆိုလည်း ရှိတာကိုသပ်သပ်ရပ်ရပ် ဝတ်ကြပြီး စားပွဲတစ်လုံးထဲရှိတဲ့ကြမ်းပြင်မှာ စုပြီးစားကြသောက်ကြစာဖတ်ကြပါတယ်။

အရင်က ချမ်းသာတာကို ငွေကြေး ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာ ကြပေမယ့်

အခုခေတ်မှာတော့ချမ်းသာတာကို ဘယ်လောက် တင်းတိမ်ရောင့်ရဲနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ် ။

အလို နည်းခြင်းဟာချမ်းသာခြင်း အကြောင်းဆိုတာကိုသူတို့ သိလာကြပါပြီ ။

(Zawgyi)

သူမ်ားႏိုင္ငံသားေတြေတာ့စတိုင္ေျပာင္းၿပီ

ဒီေန႔ ဘီဘီစီသတင္း ဖတ္ရင္းက စိတ္ဝင္စားစရာသတင္းေလးတစ္ပုဒ္ ဖတ္ျဖစ္ပါတယ္ ။

အဂၤလန္မွာ ဒုတိယကမာၻစစ္ေနာက္ပိုင္းေခတ္ စားတဲ့ဘဏ္ေခ်းေငြနဲ႔ အိမ္ႀကီးႀကီး ကေကာင္းေကာင္းေတြဝယ္ၿပီးေနတဲ့လူေနမႈပုံစံကေန

ေတာ္သင့္သေလာက္အိမ္ေလးရယ္ မရွိမျဖစ္လိုမဝယ္တဲ့ ဂ်ပန္ကားေလးကိုစီးၿပီး အေႂကြးမထူလူပူရဘဲခပ္ေအးေအး ေနတဲ့ပုံစံကို ေျပာင္းလဲလာပါတယ္တဲ့ ။

အဲ့ဒီလို ႂကြားဝါရမယ့္ကိစၥေတြမွာ ေငြမသုံးပဲမရွိမျဖစ္တာေလးကိုစီစစ္ၿပီးသုံးတာကိုအဂၤလိပ္လို Frugal Living လို႔ေခၚပါတယ္ ။

စားစရာဝတ္စရာ စတာေတြမွာ ေငြကုန္ေၾကးက်မ်ားတဲ့ ဇိမ္ခံပစၥည္းေတြ မလိုအပ္ပဲ ၊ ဝါသနာအရဝယ္တာကို ေလွ်ာ့ၿပီး သင့္တင့္မွ်တေအာင္ ေနတာပါ ။

အရင္းရွင္စနစ္ရဲ႕ ေက်ာ႐ိုးျဖစ္တဲ့ ေလာဘ အေလွ်ာက္အလြန္အကြၽံ ဝယ္ယူသုံးစြဲတဲ့ အက်င့္ကေနရွိတာေလးနဲ႔လွေအာင္ဆင္ၿပီး ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေနလာၾကပါတယ္ ။

ဒီလို ေနၾကည့္ေတာ့ ဘာသြားေတြ႕သလဲ ဆိုေတာ့ဘဏ္ေတြကေန အေႂကြးယူရတာ အတိုးေပးရတာနည္းသြားၿပီး သူတို႔ႏိုင္ငံကလူေတြ အတြက္ဆို အသက္၄၀ေလာက္မွာ ေငြေၾကး စုမိေဆာင္းမိ ျဖစ္သြားၿပီးပင္စင္ယူ ကိုယ္ဝါသနာပါရာ လုပ္ေနႏိုင္သြားပါတယ္ ။

ဒါ့အျပင္ အလုပ္ရဲ႕ေက်းကြၽန္၊ ေလာဘရဲသားေကာင္မျဖစ္ေတာ့ပဲ မိသားစုအတြက္ အေရးပါတဲ့တစ္ဦးေပၚတစ္ဦး အခ်ိန္ပိုေပးလာႏိုင္ပါတယ္ ။

ဂ်ပန္မွာဆိုလည္း Frugal living ဟာအလြန္ ေခတ္စားၿပီး အိမ္ေတြမွာ မလိုတဲ့ ပစၥည္းေတြအမႈိက္သ႐ိုက္ေတြကို ရွင္းျပစ္ၿပီး အိပ္ရာကိုေတာင္ကုတင္နဲ႔ မအိပ္ပဲ ေမႊ႕ရာေလး ၾကမ္းေပၚခင္းအိပ္မနက္တိုင္း နံရံကပ္ဘီ႐ိုထဲ ထည့္သိမ္းၾကပါတယ္ ။

မလိုအပ္တဲ့အရာဆို သြားပြတ္တံထားတဲ့ ခြက္ေတာင္မထားပဲ ေရခ်ိဳးခန္းနံရံေစာင္းမွာ စီထားတဲ့အထိပါ ။

အဝတ္အစားဆိုလည္း ရွိတာကိုသပ္သပ္ရပ္ရပ္ ဝတ္ၾကၿပီး စားပြဲတစ္လုံးထဲရွိတဲ့ၾကမ္းျပင္မွာ စုၿပီးစားၾကေသာက္ၾကစာဖတ္ၾကပါတယ္။

အရင္က ခ်မ္းသာတာကို ေငြေၾကး ဘယ္ေလာက္ရွိတယ္ဆိုတာနဲ႔ တိုင္းတာ ၾကေပမယ့္ အခုေခတ္မွာေတာ့ခ်မ္းသာတာကို ဘယ္ေလာက္ တင္းတိမ္ေရာင့္ရဲႏိုင္သလဲ ဆိုတာနဲ႔ တိုင္းတာပါတယ္ ။

အလို နည္းျခင္းဟာခ်မ္းသာျခင္း အေၾကာင္းဆိုတာကိုသူတို႔ သိလာၾကပါၿပီ ။

Credit Moe Moe San

Leave a Reply

Your email address will not be published. Required fields are marked *