ကျန်းမာရေးဗဟုသုတ

အစာအိမ္နာ ေပ်ာက္ေဆး၊ အိမ္တြင္းေဆးနည္း။

(Zawgyi)

အစာအိမ္နာေပ်ာက္ေဆး အိမ္တြင္းေဆးနည္း

အာလူး(၁၅)က်ပ္သားကို အခြံမခြါပဲ ေရစင္ေအာင္ေဆးၿပီး ႏုတ္ႏုတ္စင္းပါ။ ၿပီးရင္ ေရနည္းနည္းနဲ႔ ဆန္ျပဳတ္ ျပဳတ္သလိုျပဳတ္ပါ။ အားလုံးၿပီးရင္ ပ်ားရည္တဇြန္းထည့္ၿပီး ေသာက္လိုက္ပါ။ ( ၁၅ ) ရက္ေလာက္ပုံမွန္ ေသာက္ေပးပါ အစာအိမ္ေရာဂါ လုံးဝေပ်ာက္သြားမွာပါ။ ေရာဂါေပ်ာက္သြားလို႔ အာလူးဆန္ျပဳတ္ႀကိဳက္ရင္ ဆက္ၿပီး ေသာက္လို႔ရပါတယ္။

ေနာက္တနည္း

အစာအိမ္ေရာဂါေပ်ာက္တဲ့ သဘာဝေဆးနည္း

အစာအိမ္ေရာဂါအတြက္ ေဆးအမ်ိဳးမ်ိဳးသုံးၿပီး မသက္သာလို႔ စိတ္ညစ္ေနသူမ်ား ေအာက္ပါ သဘာဝေဆးနည္းေလးကို သုံးၾကည့္ႏိုင္ပါတယ္။ လက္ေတြ႕ေပ်ာက္တဲ့ ေဆးနည္းေလးမို႔ ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္။

ပါဝင္ေသာ ပစၥည္းမ်ား

၁။ အာလူးစိမ္း

၂။ ဂ်င္း

၃။ ပ်ားရည္

ျပဳလုပ္နည္း

၁။ အာလူး ၁၅ က်ပ္သား (၃ လုံး၊ ၄ လုံးခန႔္) ကို ေရစင္ေအာင္ေဆးၿပီး အခြံမခြါပဲ ႏုတ္ႏုတ္စင္းလိုက္ပါ။

၂။ ေရအနည္းငယ္ျဖင့္ ဆန္ျပဳတ္ ျပဳတ္သကဲ့သို႔ ျပဳတ္ေပးပါ။

၃။ ဂ်င္းအနည္းငယ္ကို ထည့္ေပးပါ။ (ရင္ျပည့္ရင္ကယ္မျဖစ္ေစရန္)

၄။ ၎အာလူးစိမ္း ျပဳတ္ရည္ကို ပ်ားရည္စစ္စစ္ တစ္ဇြန္းခန႔္ ထည့္ၿပီး ေသာက္ပါ။

၂ ပတ္ကို တစ္ႀကိမ္ခန႔္ ေသာက္ေပးပါက အစာအိမ္ေရာဂါ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(သတိျပဳရန္)

၁။ အစိမ္းေရာင္ျဖစ္ေနေသာ အာလူးမ်ားကို လုံးဝမသုံးရပါ။ အစိမ္းေရာင္ျဖစ္ေနေသာ ေနရာမ်ားကို ကြင္းၿပီး ထုတ္ပစ္ရမည္။

၂။ အာလူးမွာ ကစီဓါတ္မ်ားစြာ ပါဝင္ေနသည့္အတြက္ ဆီးခ်ိဳ၊ ေသြးခ်ိဳသမားမ်ားအတြက္ ေသာက္ရန္ မသင့္ပါ။

အစာအိမ္သမားမ်ား ေရာဂါသက္သာေပ်ာက္ကင္းၿပီး က်န္းမာေပ်ာ္႐ြင္ေသာဘဝကို ပိုင္ဆိုင္ပါၾကေစရွင္..။

Credit – Sein Minn Tha Mee

ဗဟုသုတေက်း႐ြာ

(Unicode)

အစာအိမ်နာပျောက်ဆေး အိမ်တွင်းဆေးနည်း

အာလူး(၁၅)ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်းပါ။ ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ် ပြုတ်သလိုပြုတ်ပါ။ အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီး သောက်လိုက်ပါ။ ( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါ လုံးဝပျောက်သွားမှာပါ။ ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီး သောက်လို့ရပါတယ်။

နောက်တနည်း

အစာအိမ်ရောဂါပျောက်တဲ့ သဘာဝဆေးနည်း

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ လက်တွေ့ပျောက်တဲ့ ဆေးနည်းလေးမို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

၁။ အာလူးစိမ်း

၂။ ဂျင်း

၃။ ပျားရည်

ပြုလုပ်နည်း

၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။ (ရင်ပြည့်ရင်ကယ်မဖြစ်စေရန်)

၄။ ၎င်းအာလူးစိမ်း ပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့် ထည့်ပြီး သောက်ပါ။

၂ ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

(သတိပြုရန်)

၁။ အစိမ်းရောင်ဖြစ်နေသော အာလူးများကို လုံးဝမသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အာလူးမှာ ကစီဓါတ်များစွာ ပါဝင်နေသည့်အတွက် ဆီးချို၊ သွေးချိုသမားများအတွက် သောက်ရန် မသင့်ပါ။

အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာပျော်ရွင်သောဘဝကို ပိုင်ဆိုင်ပါကြစေရှင်..။

Credit – Sein Minn Tha Mee

ဗဟုသုတကျေးရွာ

Leave a Reply

Your email address will not be published. Required fields are marked *