ကျန်းမာရေးဗဟုသုတ ဗဟုတုသ

အရိုးက်ိဳးကို ျပန္ဆက္ေစသည့္ ဒရင္ ေကာက္ေခၚ ေကာက္ေကာက္ညြန္႔

(Zawgyi)

အ႐ိုးက်ိဳးကို ျပန္ဆက္ေစသည့္ ဒရင္ေကာက္ေခၚ ေကာက္ေကာက္ၫြန႔္

ဒီေဆးနည္းကိုလည္း တင္ေပးဖူးပါတယ္။ ဒီေဆးနည္းကို ေဒၚတင္လွ (ေကာ့ကရိတ္)ကေျပာျပခဲ့တာပါ။ ေတာင္ေျခအနီးက ႐ြာေလးတစ္႐ြာမွ ဖထီးႀကီး မိုးတြင္း ကာလ (2012) ခုႏွစ္က ဖါးရွာ ထြက္ခဲ့ပါတယ္။ ရတဲ့ ဖါးေတြကို ေျခေထာက္ေတြ ခ်ိဳးၿပီး ပလိုင္းထဲ ထည့္တယ္။ ပလိုင္း ျပည့္ခါနီးေလာက္မွာ ေခ်ာင္းစပ္မွာ အေလ့က် ေပါက္ေနတဲ့ “ဒရင္ေကာက္ပင္”
ေတြကို ခူးၿပီး ပလိုင္းေပၚက ထည့္ၿပီး ျပန္လာခဲ့တယ္။ ဒီလိုနဲ႔ လမ္းခုလတ္မွာပဲ ဖါးေတြ တစ္ေကာင္ၿပီး တစ္ေကာင္ ခုန္ဆင္းသြားတာ သူမသိလိုက္ဘူး။ အိမ္ျပန္ေရာက္မွ ေအာက္ဆုံးမွာ ဖါး၅ေကာင္ပဲ ေတြ႕ရတယ္။

အိမ္မွာလည္း ဘယ္သူ႔မွ မေတြ႕ဘူး။ ေခ်ာင္းနားက ခူးလာတဲ့ အပင္ေတာ္ေတာ္စြမ္းတာပဲလို႔ ေတြးေနတုန္း သူ႔သမီးအေမာတေကာနဲ႔ ေရာက္လာၿပီး “အေဖ အေဖ ေမာင္ေလးကို ေဆး႐ုံ တင္ထားရတယ္။ အိမ္ေရွ႕က သစ္ပင္ေပၚတက္ေဆာ့တာ ျပဳတ္က်ၿပီး ေပါင္က်ိဳးသြားလို႔ စတီး႐ိုး ထည့္ရမယ္။ အေဖ ျပန္ေခၚဆိုလို႔” ေျပာလိုက္တယ္။

အဲဒီအခါမွာ ဖထီးက ဒီလိုဆို ငါ ေဆးေတြ႕ထားတယ္ ဘာမွမပူနဲ႔ ေဆးေက်ာင္းသားေတြေတာင္ ဖါးေတြကို လက္ေတြ႕စမ္းသပ္တာ ငါ ၾကားဖူးတယ္။ ငါ စမ္းသပ္အုံးမယ္ ခဏေစာင့္” ဦးဖထီးက ေျပာေျပာဆိုဆိုနဲ႔ ခုန္လုဆဲဆဲ ဖါး ၅ေကာင္ ကို ခုန္ျပန္ခ်ိဳးၿပီး အ႐ြက္ေတြနဲ႔ ျပန္အုပ္လိုက္တယ္။

ငါးမိနစ္ေလာက္မွာ အ႐ြက္ေတြ ဖယ္လိုက္ေတာ့ ဖါး၅ေကာင္ဟာ အေကာင္းပကတိ ခုန္ထြက္သြားခဲ့တယ္။ သူ႔သမီးကသေဘာမေပါက္ပါဘူး။ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္က ေသခ်ာရွင္းျပၿပီး စတီး႐ိုးထည့္မွရမယ့္ အေၾကာင္းေျပာျပတယ္။ ဒါကို ဖထီးက လက္မခံဘူး။ သူ႔မွာ အစြမ္းထက္တဲ့ ေဆးရွိေၾကာင္း သူ႔သားကို အိမ္မွာပဲ ကုမယ့္ အေၾကာင္းသာ တြင္တြင္ ေျပာေနခဲ့တယ္။ ေနာက္ဆုံးေတာ့ ကာယကံရွင္ဆႏၵကို ခြင့္ျပဳခဲ့တယ္။ ကုလို႔ ေကာင္းသြားရင္ လာျပပါလို႔ မွာလိုက္တယ္ ။ ဖထီးက သားျဖစ္သူကို အိမ္မွာပဲ ဒရင္ေကာက္႐ြက္ေတြကို ေထာင္းလို႔ ေျခေထာက္ကို မူလအတိုင္း ဆြဲဆန႔္ၿပီး က်ပ္ စည္းေပးလိုက္တယ္ ။ ညဘက္ ေအးတဲ့အခ်ိန္ ကိုက္လာေတာ့ ေအာ္သာ ေအာ္ ေဘးမွာ ဘယ္အိမ္မွ မရွိဘူး။ အ႐ိုး ျပန္ဆက္တာလို႔ ေျပာတယ္။ သုံးရက္တိတိ က်ပ္စည္းေပးလိုက္တာ သက္သာသြားပါတယ္။ ေနာက္ေန႔ ကတိအတိုင္း ေဆး႐ုံကို သြားျပပါတယ္။ ေဆး႐ုံက အံ့အားသင့္သြားပါတယ္။

Shwe La Thar Min က ဒါနျပဳတာပါ ။ ကြၽန္ေတာ္တို႔ ၿမိဳ႕ေလးမွာေနတုန္းက အ႐ြက္ေတြကို ဝါးျခမ္းနဲ႔ ကပ္စည္း ေပးၿပီး ကုတဲ့ ေဆးဆရာတေယာက္ ရွိခဲ့ဖူးတယ္။ သူ႔အ႐ြက္ေတြကို ေထာင္းထားတယ္။ ဘာအ႐ြက္ဆိုတာ မျပဘူးေလ။ တန္းစီေစာင့္ရတာကို သတိရလို႔ပါ ။

Credit – Original Poster

(Unicode)

အရိုးကျိုးကို ပြန်ဆက်စေသည့် ဒရင်ကောက်ခေါ် ကောက်ကောက်ညွန့်

ဒီဆေးနည်းကိုလည်း တင်ပေးဖူးပါတယ်။ ဒီဆေးနည်းကို ဒေါ်တင်လှ (ကော့ကရိတ်)ကပြောပြခဲ့တာပါ။ တောင်ခြေအနီးက ရွာလေးတစ်ရွာမှ ဖထီးကြီး မိုးတွင်း ကာလ (2012) ခုနှစ်က ဖါးရှာ ထွက်ခဲ့ပါတယ်။ ရတဲ့ ဖါးတွေကို ခြေထောက်တွေ ချိုးပြီး ပလိုင်းထဲ ထည့်တယ်။ ပလိုင်း ပြည့်ခါနီးလောက်မှာ ချောင်းစပ်မှာ အလေ့ကျ ပေါက်နေတဲ့ “ဒရင်ကောက်ပင်”
တွေကို ခူးပြီး ပလိုင်းပေါ်က ထည့်ပြီး ပြန်လာခဲ့တယ်။ ဒီလိုနဲ့ လမ်းခုလတ်မှာပဲ ဖါးတွေ တစ်ကောင်ပြီး တစ်ကောင် ခုန်ဆင်းသွားတာ သူမသိလိုက်ဘူး။ အိမ်ပြန်ရောက်မှ အောက်ဆုံးမှာ ဖါး၅ကောင်ပဲ တွေ့ရတယ်။

အိမ်မှာလည်း ဘယ်သူ့မှ မတွေ့ဘူး။ ချောင်းနားက ခူးလာတဲ့ အပင်တော်တော်စွမ်းတာပဲလို့ တွေးနေတုန်း သူ့သမီးအမောတကောနဲ့ ရောက်လာပြီး “အဖေ အဖေ မောင်လေးကို ဆေးရုံ တင်ထားရတယ်။ အိမ်ရှေ့က သစ်ပင်ပေါ်တက်ဆော့တာ ပြုတ်ကျပြီး ပေါင်ကျိုးသွားလို့ စတီးရိုး ထည့်ရမယ်။ အဖေ ပြန်ခေါ်ဆိုလို့” ပြောလိုက်တယ်။

အဲဒီအခါမှာ ဖထီးက ဒီလိုဆို ငါ ဆေးတွေ့ထားတယ် ဘာမှမပူနဲ့ ဆေးကျောင်းသားတွေတောင် ဖါးတွေကို လက်တွေ့စမ်းသပ်တာ ငါ ကြားဖူးတယ်။ ငါ စမ်းသပ်အုံးမယ် ခဏစောင့်” ဦးဖထီးက ပြောပြောဆိုဆိုနဲ့ ခုန်လုဆဲဆဲ ဖါး ၅ကောင် ကို ခုန်ပြန်ချိုးပြီး အရွက်တွေနဲ့ ပြန်အုပ်လိုက်တယ်။

ငါးမိနစ်လောက်မှာ အရွက်တွေ ဖယ်လိုက်တော့ ဖါး၅ကောင်ဟာ အကောင်းပကတိ ခုန်ထွက်သွားခဲ့တယ်။ သူ့သမီးကသဘောမပေါက်ပါဘူး။ ဆေးရုံရောက်တော့ ဆရာဝန်က သေချာရှင်းပြပြီး စတီးရိုးထည့်မှရမယ့် အကြောင်းပြောပြတယ်။ ဒါကို ဖထီးက လက်မခံဘူး။ သူ့မှာ အစွမ်းထက်တဲ့ ဆေးရှိကြောင်း သူ့သားကို အိမ်မှာပဲ ကုမယ့် အကြောင်းသာ တွင်တွင် ပြောနေခဲ့တယ်။ နောက်ဆုံးတော့ ကာယကံရှင်ဆန္ဒကို ခွင့်ပြုခဲ့တယ်။ ကုလို့ ကောင်းသွားရင် လာပြပါလို့ မှာလိုက်တယ် ။ ဖထီးက သားဖြစ်သူကို အိမ်မှာပဲ ဒရင်ကောက်ရွက်တွေကို ထောင်းလို့ ခြေထောက်ကို မူလအတိုင်း ဆွဲဆန့်ပြီး ကျပ် စည်းပေးလိုက်တယ် ။ ညဘက် အေးတဲ့အချိန် ကိုက်လာတော့ အော်သာ အော် ဘေးမှာ ဘယ်အိမ်မှ မရှိဘူး။ အရိုး ပြန်ဆက်တာလို့ ပြောတယ်။ သုံးရက်တိတိ ကျပ်စည်းပေးလိုက်တာ သက်သာသွားပါတယ်။ နောက်နေ့ ကတိအတိုင်း ဆေးရုံကို သွားပြပါတယ်။ ဆေးရုံက အံ့အားသင့်သွားပါတယ်။

Shwe La Thar Min က ဒါနပြုတာပါ ။ ကျွန်တော်တို့ မြို့လေးမှာနေတုန်းက အရွက်တွေကို ဝါးခြမ်းနဲ့ ကပ်စည်း ပေးပြီး ကုတဲ့ ဆေးဆရာတယောက် ရှိခဲ့ဖူးတယ်။ သူ့အရွက်တွေကို ထောင်းထားတယ်။ ဘာအရွက်ဆိုတာ မပြဘူးလေ။ တန်းစီစောင့်ရတာကို သတိရလို့ပါ ။

Credit – Original Poster

Leave a Reply

Your email address will not be published. Required fields are marked *