ဗဟုတုသ

အဆိပ်အပြင်းဆုံးသော မြွေ(၁၀) မျိုးအကြောင်း

[Zawgyi version]

အဆိပ္အျပင္းဆုံးေသာ ေႁမြ(၁၀) မ်ိဳးအေၾကာင္း

ေႁမြဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းသလို ေၾကာက္စရာေကာင္းၿပီး အဆိပ္ျပင္းတဲ့ သတၱဝါတစ္မ်ိဳးပါ။ အဆိပ္ထုတ္ႏိုင္တဲ့ ေႁမြေတြကေတာ့ ပိုၿပီးေၾကာက္စရာေကာင္းတာေပါ့။ အဆိပ္ျပင္းႁမြေတြဆိုတာက သူတို႔ကို ကိုင္မိရင္ ဒါမွမဟုတ္ စားမိရင္ေတာ့ အႏၲရာယ္ရွိပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ ေၾကာက္စရာ အေကာင္းဆုံးေသာ အဆိပ္ျပင္းေႁမြေတြ အကိုက္ခံရတဲ့သူဟာ ခ်က္ခ်င္းေသေစႏိုင္ပါတယ္။

၁။ ခေလာက္ေႁမြ


ဒီေႁမြကေတာ့ အေမရိက ကထြက္တဲ့ ေႁမြတစ္မ်ိဳးပါ။ သူတို႔ရဲ႕အၿမီးေနာက္ပိုင္းက ခေလာက္သံေၾကာင့္ သူလာေနၿပီဆိုတာ သိႏိုင္ပါတယ္။ သူကေႁမြေပြးအမ်ိဳးစားထဲမွာ ပါၿပီးေတာ့ သူတို႔ခႏၶာကိုယ္အရွည္ရဲ႕ သုံးပုံ ႏွစ္ပုံေလာက္ အထိကို တိုက္ခိုက္ႏိုင္ပါတယ္။ ခေလာက္ေႁမြေတြဟာ ေျမာက္အေမရိကရဲ႕ အဆိပ္အျပင္းဆုံးလို႔ ေျပာလို႔ရပါတယ္။ ခေလာက္ေႁမြ အကိုက္ခံလိုက္ရတာနဲ႔ ခႏၶာကိုယ္ထဲက တစ္သ်ဴးေတြ ပ်က္စီးသြားမွာျဖစ္ၿပီး ကိုယ္အဂၤါအစိတ္ပိုင္းေတြလဲ ပ်က္စီးလာမွာပါ။ ေႁမြဆိပ္ေျဖေဆး ထိုးႏိုင္ခဲ့ရင္ေတာ့ ေသဆုံးႏူန္းက (၄၀) ရာခိုင္ႏူန္း ေလ်ာ့မွာျဖစ္ပါတယ္။

၂။ အက္ဒါေႁမြေပြး


ဒီေႁမြေတြကိုေတာ့ ၾသစေၾတးလ်၊ နယူးဂီနီ တို႔မွာ ေတြ႕ရပါတယ္။ သူကေတာ့ တျခားေႁမြေတြကို ရွာေဖြတိုက္ခိုက္တက္တဲ့ ေႁမြတစ္မ်ိဳးပါ။ သူဟာ အဆိပ္ျပင္းေႁမြေတြကိုေတာင္ တိုက္ခိုက္ႏိုင္ပါတယ္။ ဒီေႁမြေတြက အာ႐ုံေၾကာပ်က္စီးေစတဲ့အဆိပ္ ထုတ္ႏိုင္ပါတယ္။ အကိုက္ခံရၿပီဆိုရင္ေတာ့ ေျခာက္နာရီအတြင္း သြက္ခ်ာပါဒျဖစ္ႏိုင္ၿပီး အသက္႐ူစနစ္ပ်က္စီးကာ ေသေစႏိုင္ပါတယ္။ ပိုေၾကာက္စရာေကာင္းတဲ့အခ်က္က ေႁမြအကိုက္ခံရၿပီးခ်င္း ေရာဂါလကၡာ မျပတဲ့အတြက္ အာ႐ုံေၾကာပ်က္စီးမူကို ကုသႏိုင္တဲ့အခြင့္ေရး နည္းပါးလွပါတယ္။ ဒီေႁမြက တိုက္ခိုက္မူ အလ်င္ျမန္ဆုံးေႁမြျဖစ္ပါတယ္။

၃။ ေႁမြေပြး


ေႁမြေပြးေတြကိုေတာ့ တကမာၻလုံးမွာေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္ အဆိပ္အျပင္းဆုံး ေႁမြေတြကိုေတာ့ အိႏၵိယနဲ႔ တ႐ုတ္ ကဲ့သို႔ေသာ အာရွႏိုင္ငံေတြမွာ ေပါတယ္။ မိုးသည္းထန္စြာ ႐ြာၿပီးတဲ့အခ်ိန္ေတြမွာ ဒီေႁမြေတြထြက္ၿပီး အလြန္လ်င္ျမန္ လွပါတယ္။ ေႁမြေပြးကိုက္ရင္ ျဖစ္လာမယ့္ လကၡဏာကေတာ့ နာက်င္မယ္ ေရာင္ရမ္းမယ္။ တျခားလကၡဏာကေတာ့ ေသြးဖိအားနဲ႔ ႏွလုံးခုံႏူန္းေလ်ာ့က်ျခင္းေၾကာင့္ သြားဖုံးက ေသြးယိုတက္ပါတယ္။ ေႁမြကိုက္ခံရၿပီးေနာက္ ေသြးအဆိပ္ တက္ျခင္း အသက္႐ူက်ပ္ျခင္းတို႔ျဖစ္ကာ တစ္ရက္ကေန ႏွစ္ပတ္အတြင္း ေသဆုံးတက္ပါတယ္။

၄။ ေႁမြေဟာက္


ေႁမြေဟာက္အမ်ားစုကေတာ့ အဆိပ္ျပင္းတယ္ဆိုတာ လူတိုင္းသိၿပီးျဖစ္ပါတယ္။ ေႁမြေဟာက္ေတြက သုံးမီတာအထိ အဆိပ္မူတ္ထုတ္ႏိုင္တယ္။ သူ႔ရဲ႕ အာ႐ုံေၾကာပ်က္စီးေစတဲ့ အဆိပ္ဟာ ႏွလုံးနဲ႔ အသက္႐ူ စနစ္ကိုပါ ထိခိုက္ေစပါတယ္။ ေႁမြေဟာက္ အကိုက္ခံရၿပီဆိုရင္ေတာ့ အသက္႐ူစနစ္ပ်က္စီးေစၿပီး နာရီဝက္အတြင္း ေသေစမွာပါ။ ခႏၶာကိုယ္တစ္သ်ဴး ပ်က္စီးတာက အဓိကမက်ေပမယ့္ အာ႐ုံေၾကာပ်က္စီးေစတဲ့ အဆိပ္က အာ႐ုံအခ်က္ေပးစနစ္ကို တားဆီးလိုက္တာပါ။ ေႁမြကိုက္ခံရၿပီးေနာက္ ျဖစ္လာမယ့္ ေရာဂါလကၡဏာေတြကေတာ့ ေအာ့အန္ျခင္း ဗိုက္နာျခင္းနဲ႔ တက္ျခင္းေတြ ျဖစ္လာမွာပါ။

၅။ က်ားေႁမြ


ဒီေႁမြေတြကို ၾသစေၾတးလ်မွာ ေတြ႕ရပါတယ္။ ဒီေႁမြအကိုက္ခံရၿပီဆိုတာနဲ႔ နာရီဝက္အတြင္း ေသေစမွာျဖစ္ပါတယ္။ ဒီေႁမြေၾကာင့္ ေသဆုံးသူ (၇၀) ရာခိုင္ႏူန္းအထိ ရွိပါတယ္။ ေႁမြကိုက္ခံရၿပီးေနာက္ ျဖစ္တက္တဲ့ ေရာဂါလကၡဏာကေတာ့ ေျခေတာက္နာျခင္း သို႔မဟုတ္ လည္ပင္းတစ္ဝိုက္မွာ ေခြၽးျပန္ျခင္းေတြ ျဖစ္ပါတယ္။ အသက္႐ူရခက္ၿပီး သြက္ခ်ာပါဒ ျဖစ္သြားႏိုင္ပါတယ္။ ဒီေႁမြေတြက သူ႔ကိုအႏၲရယ္မျပဳရင္ ရန္မလိုပါဘူး။ သူတိုက္ခိုက္လာရင္လဲ ေရွာင္လြဲဖို႔မလြယ္ပါဘူး။

၆။ အမည္းေရာင္ မမ္ဗာေႁမြ


ဒီေႁမြေတြဟာ အာဖရိကရဲ႕ အဆိပ္အျပင္းဆုံး ေႁမြေတြပါ။ သူတို႔ကရန္လိုၿပီး တိုက္ခိုက္မူ ျမန္ဆန္လြန္းပါတယ္။ သူတို႔မွာ (၁၂) ႀကိမ္အထိ တိုက္ခိုက္ႏိုင္စြမ္းရွိၿပီး အသက္ (၁၀) ႏွစ္ကေန (၂၅) ႏွစ္အ႐ြယ္ လူငယ္ေတြကို တစ္ခ်က္ကိုက္႐ုံနဲ႔ ေသေစေလာက္တဲ့အထိ အဆိပ္သင့္ေစပါတယ္။ တျခားေႁမြေတြလိုဘဲ အာ႐ုံေၾကာပ်က္စီးေစတဲ့ အဆိပ္သင့္ေစပါတယ္။ အဆိပ္ပ်မ္းမွ် (၁၂၅) မီလီဂရမ္ကေန (၄၀၀) မီလီဂရမ္ အထိ ထုတ္ေပးႏိုင္ပါတယ္။ ဒီေႁမြကိုက္ခံရၿပီဆိုရင္ေတာ့ ခႏၶာတစ္ကိုယ္လုံး စပ္ဖ်ဥ္းဖ်ဥ္းစတင္ ခံစားရမွာပါ။ သြပ္ခ်ာပါဒနဲ႔ ႏွလုံးတိုက္ခိုက္ခံရႏိုင္ၿပီး ကိုမာျဖစ္ျခင္း ဒါမွမဟုတ္ ေသျခင္းကို ႀကဳံေတြ႕ရမွာပါဘဲ။ ေႁမြဆိပ္ေျဖဆး မထိုးႏိုင္ရင္ေတာ့ ေႁမြကိုက္ခံရၿပီး (၁၅) မိနစ္အတြင္း ေသေစမွာပါ။

၇။ တိုက္ပန္ေႁမြ


ဒီေႁမြကေတာ့ ဝက္အေကာင္ေရ (၁၂၀၀၀) ကိုေသေစေလာက္တဲ့ အဆိပ္ရွိသူပါ။ ၾသစေၾတးလ်ထြက္ တိုက္ပန္ေႁမြ အဆိပ္ဟာ ေသြးလႊတ္ေၾကာကို ပိတ္ဆို႔ေစပါတယ္။ ဒီေႁမြေတြဟာ ရန္လိုၿပီး လ်င္ျမန္ပါတယ္။ ဒီေႁမြအကိုက္ခံရရင္ေတာ့ ဘယ္သူ႔မွအသက္မရွင္ႏိုင္ပါဘဲ တစ္နာရီအတြင္း အသက္ဆုံး႐ူံးေစပါတယ္။ အသက္ရွင္တဲ့သူ ရွိခဲ့ရင္ေတာင္ အခ်ိန္အၾကာႀကီး ေဆး႐ုံတက္ရမွာျဖစ္ပါတယ္။

၈။ Blue Krait


ဒီေႁမြမ်ိဳးက အေရွ႕ေတာင္အာရွနဲ႔ အင္ဒိုနီးရွားမွာ ေပါပါတယ္။ သူကလဲ ေႁမြမ်ိဳးစိတ္ထဲမွာ အဆိပ္အျပင္းဆုံး ေႁမြပါဘဲ။ ေႁမြဆိပ္ေျဖေဆး သုံးႏိုင္ေပမယ့္ ေႁမြကိုက္ခံေနခ်ိန္အတြင္းမွာကို လူေသေစေလာက္တဲ့အထိ အဆိပ္ျပင္းေႁမြပါ။ သူကညဘက္မွ ထြက္တက္တဲ့ ေႁမြမ်ိဳးျဖစ္ၿပီး သူရဲ႕အဆိပ္က အလြန္ျပင္းထန္ပါတယ္။ အကိုက္ခံရတာနဲ႔ ႂကြက္သားေတြ နာက်င္ၿပီး သြက္ခ်ာပါဒ ျဖစ္ေစပါတယ္။ ကံေကာင္းတာတစ္ခုက ဒီေႁမြေတြဟာ ညဘက္မွ ထြက္တာျဖစ္လို႔ လူေတြအကိုက္ခံရမႈ နည္းပါတယ္။ အကိုက္ခံရၿပီးရင္လဲ လူေသမူ (၈၅) ရာခိုင္ႏူန္းရွိပါတယ္။

၉။ Eastern Brown Snake


ဒီေႁမြေတြက ၾသစေၾတးလွ်ရဲ႕ လူေနထူထပ္တဲ့ေနရာေတြမွာ အေနမ်ားၿပီး လူပ္ရွားမူျမန္ဆန္လြန္းပါတယ္။ ရန္လိုၿပီး ရန္သူကို ထပ္ခါထပ္ခါ တိုက္ခိုက္ႏိုင္ပါတယ္။ ေႁမြေပါက္ေလးေတြေတာင္ လူေတြကို ေသေစပါတယ္။ သူ႔အဆိပ္ဟာ အာ႐ုံေၾကာပ်က္စီးေစၿပီး ေသြးခဲေစပါတယ္။

၁၀။ ကုန္းတြင္းတိုင္ပန္ေႁမြ ( Fierce Snake)


ဒီေႁမြကေတာ့ အဆိပ္ဘုရင္လို႔ ေခၚရေလာက္ေအာင္ပါဘဲ။ တစ္ခါကိုက္ရင္ အဆိပ္ (၁၁) မီလီဂရမ္ထုတ္ၿပီးလူေပါင္း (၁၀၀) ကိုေသေစပါတယ္။ သူတို႔ကေတာ့ ရန္မလိုတက္ပါဘူး။ သူတို႔ကို အႏၲရာယ္ျပဳလာမွသာ ျပန္တိုက္ခိုက္ တက္တာပါ။ ကိုက္ခံရၿပီဆိုရင္ေတာ့ (၄၅) မိနစ္အတြင္း ေသႏိုင္ေပမယ့္ ကံေကာင္းစြာနဲ႔ဘဲ ဒီေႁမြေၾကာင့္ ေသဆုံးသူေတာ့ မရွိေသးပါဘူး။

၁၁. ဘယ္လ္ခ်ာ ပင္လယ္ေႁမြ


ဒီေႁမြရဲ႕အဆိပ္ မီလီဂရမ္အနည္းငယ္နဲ႔ပင္ လူေပါင္း (၁၀၀၀) ေသေစႏိုင္ပါတယ္။ သူကိုက္ရင္ေတာ့ မနာေပမယ့္ အာ႐ုံေၾကာကို ပ်က္စီးေစပါတယ္။ ျဖည္းျဖည္းခ်င္း အသက္႐ူက်ပ္လာမယ္ နာက်င္လာမယ္။ ဒီေႁမြေတြ အကိုက္ခံရမူ အမ်ားဆုံးကေတာ့ ငါးဖမ္းသမားေတြပါဘဲ။ သူတို႔ေတြက ငါးဖမ္းပိုက္ကြန္ေတြမွာ မိလာတက္ပါတယ္။ သူတို႔ကိုအေရွ႕ေတာင္အာရွနဲ႔ ၾသစေၾတးလွ် ေျမာက္ပိုင္းမွာ ေတြ႕ရတက္ပါတယ္။

မိုးစက္ေလး(MyanmarNote)

Credit – MyanmarNote

[Unicode version]
အဆိပ်အပြင်းဆုံးသော မြွေ(၁၀) မျိုးအကြောင်း
မြွေဆိုတာကတော့ စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာကောင်းပြီး အဆိပ်ပြင်းတဲ့ သတ္တဝါတစ်မျိုးပါ။ အဆိပ်ထုတ်နိုင်တဲ့ မြွေတွေကတော့ ပိုပြီးကြောက်စရာကောင်းတာပေါ့။ အဆိပ်ပြင်းမြွတွေဆိုတာက သူတို့ကို ကိုင်မိရင် ဒါမှမဟုတ် စားမိရင်တော့ အန္တရာယ်ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကြောက်စရာ အကောင်းဆုံးသော အဆိပ်ပြင်းမြွေတွေ အကိုက်ခံရတဲ့သူဟာ ချက်ချင်းသေစေနိုင်ပါတယ်။

၁။ ခလောက်မြွေ

ဒီမြွေကတော့ အမေရိက ကထွက်တဲ့ မြွေတစ်မျိုးပါ။ သူတို့ရဲ့အမြီးနောက်ပိုင်းက ခလောက်သံကြောင့် သူလာနေပြီဆိုတာ သိနိုင်ပါတယ်။ သူကမြွေပွေးအမျိုးစားထဲမှာ ပါပြီးတော့ သူတို့ခန္ဓာကိုယ်အရှည်ရဲ့ သုံးပုံ နှစ်ပုံလောက် အထိကို တိုက်ခိုက်နိုင်ပါတယ်။ ခလောက်မြွေတွေဟာ မြောက်အမေရိကရဲ့ အဆိပ်အပြင်းဆုံးလို့ ပြောလို့ရပါတယ်။ ခလောက်မြွေ အကိုက်ခံလိုက်ရတာနဲ့ ခန္ဓာကိုယ်ထဲက တစ်သျူးတွေ ပျက်စီးသွားမှာဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေလဲ ပျက်စီးလာမှာပါ။ မြွေဆိပ်ဖြေဆေး ထိုးနိုင်ခဲ့ရင်တော့ သေဆုံးနူန်းက (၄၀) ရာခိုင်နူန်း လျော့မှာဖြစ်ပါတယ်။

၂။ အက်ဒါမြွေပွေး

ဒီမြွေတွေကိုတော့ သြစတြေးလျ၊ နယူးဂီနီ တို့မှာ တွေ့ရပါတယ်။ သူကတော့ တခြားမြွေတွေကို ရှာဖွေတိုက်ခိုက်တက်တဲ့ မြွေတစ်မျိုးပါ။ သူဟာ အဆိပ်ပြင်းမြွေတွေကိုတောင် တိုက်ခိုက်နိုင်ပါတယ်။ ဒီမြွေတွေက အာရုံကြောပျက်စီးစေတဲ့အဆိပ် ထုတ်နိုင်ပါတယ်။ အကိုက်ခံရပြီဆိုရင်တော့ ခြောက်နာရီအတွင်း သွက်ချာပါဒဖြစ်နိုင်ပြီး အသက်ရူစနစ်ပျက်စီးကာ သေစေနိုင်ပါတယ်။ ပိုကြောက်စရာကောင်းတဲ့အချက်က မြွေအကိုက်ခံရပြီးချင်း ရောဂါလက္ခာ မပြတဲ့အတွက် အာရုံကြောပျက်စီးမူကို ကုသနိုင်တဲ့အခွင့်ရေး နည်းပါးလှပါတယ်။ ဒီမြွေက တိုက်ခိုက်မူ အလျင်မြန်ဆုံးမြွေဖြစ်ပါတယ်။

၃။ မြွေပွေး

မြွေပွေးတွေကိုတော့ တကမ္ဘာလုံးမှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆိပ်အပြင်းဆုံး မြွေတွေကိုတော့ အိန္ဒိယနဲ့ တရုတ် ကဲ့သို့သော အာရှနိုင်ငံတွေမှာ ပေါတယ်။ မိုးသည်းထန်စွာ ရွာပြီးတဲ့အချိန်တွေမှာ ဒီမြွေတွေထွက်ပြီး အလွန်လျင်မြန် လှပါတယ်။ မြွေပွေးကိုက်ရင် ဖြစ်လာမယ့် လက္ခဏာကတော့ နာကျင်မယ် ရောင်ရမ်းမယ်။ တခြားလက္ခဏာကတော့ သွေးဖိအားနဲ့ နှလုံးခုံနူန်းလျော့ကျခြင်းကြောင့် သွားဖုံးက သွေးယိုတက်ပါတယ်။ မြွေကိုက်ခံရပြီးနောက် သွေးအဆိပ် တက်ခြင်း အသက်ရူကျပ်ခြင်းတို့ဖြစ်ကာ တစ်ရက်ကနေ နှစ်ပတ်အတွင်း သေဆုံးတက်ပါတယ်။

၄။ မြွေဟောက်

မြွေဟောက်အများစုကတော့ အဆိပ်ပြင်းတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါတယ်။ မြွေဟောက်တွေက သုံးမီတာအထိ အဆိပ်မူတ်ထုတ်နိုင်တယ်။ သူ့ရဲ့ အာရုံကြောပျက်စီးစေတဲ့ အဆိပ်ဟာ နှလုံးနဲ့ အသက်ရူ စနစ်ကိုပါ ထိခိုက်စေပါတယ်။ မြွေဟောက် အကိုက်ခံရပြီဆိုရင်တော့ အသက်ရူစနစ်ပျက်စီးစေပြီး နာရီဝက်အတွင်း သေစေမှာပါ။ ခန္ဓာကိုယ်တစ်သျူး ပျက်စီးတာက အဓိကမကျပေမယ့် အာရုံကြောပျက်စီးစေတဲ့ အဆိပ်က အာရုံအချက်ပေးစနစ်ကို တားဆီးလိုက်တာပါ။ မြွေကိုက်ခံရပြီးနောက် ဖြစ်လာမယ့် ရောဂါလက္ခဏာတွေကတော့ အော့အန်ခြင်း ဗိုက်နာခြင်းနဲ့ တက်ခြင်းတွေ ဖြစ်လာမှာပါ။

၅။ ကျားမြွေ

ဒီမြွေတွေကို သြစတြေးလျမှာ တွေ့ရပါတယ်။ ဒီမြွေအကိုက်ခံရပြီဆိုတာနဲ့ နာရီဝက်အတွင်း သေစေမှာဖြစ်ပါတယ်။ ဒီမြွေကြောင့် သေဆုံးသူ (၇၀) ရာခိုင်နူန်းအထိ ရှိပါတယ်။ မြွေကိုက်ခံရပြီးနောက် ဖြစ်တက်တဲ့ ရောဂါလက္ခဏာကတော့ ခြေတောက်နာခြင်း သို့မဟုတ် လည်ပင်းတစ်ဝိုက်မှာ ချွေးပြန်ခြင်းတွေ ဖြစ်ပါတယ်။ အသက်ရူရခက်ပြီး သွက်ချာပါဒ ဖြစ်သွားနိုင်ပါတယ်။ ဒီမြွေတွေက သူ့ကိုအန္တရယ်မပြုရင် ရန်မလိုပါဘူး။ သူတိုက်ခိုက်လာရင်လဲ ရှောင်လွဲဖို့မလွယ်ပါဘူး။

၆။ အမည်းရောင် မမ်ဗာမြွေ

ဒီမြွေတွေဟာ အာဖရိကရဲ့ အဆိပ်အပြင်းဆုံး မြွေတွေပါ။ သူတို့ကရန်လိုပြီး တိုက်ခိုက်မူ မြန်ဆန်လွန်းပါတယ်။ သူတို့မှာ (၁၂) ကြိမ်အထိ တိုက်ခိုက်နိုင်စွမ်းရှိပြီး အသက် (၁၀) နှစ်ကနေ (၂၅) နှစ်အရွယ် လူငယ်တွေကို တစ်ချက်ကိုက်ရုံနဲ့ သေစေလောက်တဲ့အထိ အဆိပ်သင့်စေပါတယ်။ တခြားမြွေတွေလိုဘဲ အာရုံကြောပျက်စီးစေတဲ့ အဆိပ်သင့်စေပါတယ်။ အဆိပ်ပျမ်းမျှ (၁၂၅) မီလီဂရမ်ကနေ (၄၀၀) မီလီဂရမ် အထိ ထုတ်ပေးနိုင်ပါတယ်။ ဒီမြွေကိုက်ခံရပြီဆိုရင်တော့ ခန္ဓာတစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းစတင် ခံစားရမှာပါ။ သွပ်ချာပါဒနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ပြီး ကိုမာဖြစ်ခြင်း ဒါမှမဟုတ် သေခြင်းကို ကြုံတွေ့ရမှာပါဘဲ။ မြွေဆိပ်ဖြေဆး မထိုးနိုင်ရင်တော့ မြွေကိုက်ခံရပြီး (၁၅) မိနစ်အတွင်း သေစေမှာပါ။

၇။ တိုက်ပန်မြွေ

ဒီမြွေကတော့ ဝက်အကောင်ရေ (၁၂၀၀၀) ကိုသေစေလောက်တဲ့ အဆိပ်ရှိသူပါ။ သြစတြေးလျထွက် တိုက်ပန်မြွေ အဆိပ်ဟာ သွေးလွှတ်ကြောကို ပိတ်ဆို့စေပါတယ်။ ဒီမြွေတွေဟာ ရန်လိုပြီး လျင်မြန်ပါတယ်။ ဒီမြွေအကိုက်ခံရရင်တော့ ဘယ်သူ့မှအသက်မရှင်နိုင်ပါဘဲ တစ်နာရီအတွင်း အသက်ဆုံးရူံးစေပါတယ်။ အသက်ရှင်တဲ့သူ ရှိခဲ့ရင်တောင် အချိန်အကြာကြီး ဆေးရုံတက်ရမှာဖြစ်ပါတယ်။

၈။ Blue Krait

ဒီမြွေမျိုးက အရှေ့တောင်အာရှနဲ့ အင်ဒိုနီးရှားမှာ ပေါပါတယ်။ သူကလဲ မြွေမျိုးစိတ်ထဲမှာ အဆိပ်အပြင်းဆုံး မြွေပါဘဲ။ မြွေဆိပ်ဖြေဆေး သုံးနိုင်ပေမယ့် မြွေကိုက်ခံနေချိန်အတွင်းမှာကို လူသေစေလောက်တဲ့အထိ အဆိပ်ပြင်းမြွေပါ။ သူကညဘက်မှ ထွက်တက်တဲ့ မြွေမျိုးဖြစ်ပြီး သူရဲ့အဆိပ်က အလွန်ပြင်းထန်ပါတယ်။ အကိုက်ခံရတာနဲ့ ကြွက်သားတွေ နာကျင်ပြီး သွက်ချာပါဒ ဖြစ်စေပါတယ်။ ကံကောင်းတာတစ်ခုက ဒီမြွေတွေဟာ ညဘက်မှ ထွက်တာဖြစ်လို့ လူတွေအကိုက်ခံရမှု နည်းပါတယ်။ အကိုက်ခံရပြီးရင်လဲ လူသေမူ (၈၅) ရာခိုင်နူန်းရှိပါတယ်။

၉။ Eastern Brown Snake

ဒီမြွေတွေက သြစတြေးလျှရဲ့ လူနေထူထပ်တဲ့နေရာတွေမှာ အနေများပြီး လူပ်ရှားမူမြန်ဆန်လွန်းပါတယ်။ ရန်လိုပြီး ရန်သူကို ထပ်ခါထပ်ခါ တိုက်ခိုက်နိုင်ပါတယ်။ မြွေပေါက်လေးတွေတောင် လူတွေကို သေစေပါတယ်။ သူ့အဆိပ်ဟာ အာရုံကြောပျက်စီးစေပြီး သွေးခဲစေပါတယ်။

၁၀။ ကုန်းတွင်းတိုင်ပန်မြွေ ( Fierce Snake)

ဒီမြွေကတော့ အဆိပ်ဘုရင်လို့ ခေါ်ရလောက်အောင်ပါဘဲ။ တစ်ခါကိုက်ရင် အဆိပ် (၁၁) မီလီဂရမ်ထုတ်ပြီးလူပေါင်း (၁၀၀) ကိုသေစေပါတယ်။ သူတို့ကတော့ ရန်မလိုတက်ပါဘူး။ သူတို့ကို အန္တရာယ်ပြုလာမှသာ ပြန်တိုက်ခိုက် တက်တာပါ။ ကိုက်ခံရပြီဆိုရင်တော့ (၄၅) မိနစ်အတွင်း သေနိုင်ပေမယ့် ကံကောင်းစွာနဲ့ဘဲ ဒီမြွေကြောင့် သေဆုံးသူတော့ မရှိသေးပါဘူး။

၁၁. ဘယ်လ်ချာ ပင်လယ်မြွေ

ဒီမြွေရဲ့အဆိပ် မီလီဂရမ်အနည်းငယ်နဲ့ပင် လူပေါင်း (၁၀၀၀) သေစေနိုင်ပါတယ်။ သူကိုက်ရင်တော့ မနာပေမယ့် အာရုံကြောကို ပျက်စီးစေပါတယ်။ ဖြည်းဖြည်းချင်း အသက်ရူကျပ်လာမယ် နာကျင်လာမယ်။ ဒီမြွေတွေ အကိုက်ခံရမူ အများဆုံးကတော့ ငါးဖမ်းသမားတွေပါဘဲ။ သူတို့တွေက ငါးဖမ်းပိုက်ကွန်တွေမှာ မိလာတက်ပါတယ်။ သူတို့ကိုအရှေ့တောင်အာရှနဲ့ သြစတြေးလျှ မြောက်ပိုင်းမှာ တွေ့ရတက်ပါတယ်။

မိုးစက်လေး(MyanmarNote)
Credit – MyanmarNote

Leave a Reply

Your email address will not be published. Required fields are marked *