သတင္း

အိမ်မှာ စုတ်ပျက်စွာ ဝတ်ထားသည်ဟုဆိုကာ ခင်ပွန်း၏ပြောဆိုခြင်းကို ခံခဲ့ရပြီးနောက် ဒီဇိုင်းအမျိုးမျိုးနဲ့ အိမ်အလုပ်များကို လုပ်ခဲ့သည့် အမျိုးသမီး

အိမ်ထောင်ကျပြီးသည့် နောက်တွင် လင်မယားဖြစ်သူတို့ဟာ စိတ်ချင်းတိုက်ဆိုင်မှု မရှိသည့်အခါမျိုးလည်း ကြုံလာရတတ်ပါတယ်။ သို့သော်လည်း စိတ်မတိုက်ဆိုင်သည့်အခါမျိုးတွင် တစ်ဦးနှင့် တစ်ဦးဟာ အလျော့ပေးမှသာလျှင် သာယာသော မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပေသည်။

ယခုတွင်လည်း လင်မယားနှစ်ဦးတွင် ခင်ပွန်းဖြစ်သူဟာ ဇနီးသည်၏ နေအိမ်၌ နေထိုင်ပုံများကို သပ်သပ်ရပ်ရပ်မရှိဘဲ ဖြစ်သလို နေထိုင်သည်ဟုဆိုကာ အပြစ်ပြောနေခဲ့ပါတယ်။ ထိုအခါ ဇနီးသည်ဖြစ်သူဟာလည်း အိမ်အလုပ်များလုပ်ရာတွင်လည်း အဝတ်အစားအကောင်းစားများကို ထုတ်ဝတ်ကာ လုပ်ဆောင်ပေးခဲ့ပါတယ်

ဇနီးသည်ဟာ အိမ်သာသန့်ရှင်းရေးလုပ်ချိန်တွင်လည်း လှပအောင်ဝတ်ဆင်ပြီးမှ လုပ်လေ့ရှိပြီး ခင်ပွန်းသည်၏ရှေ့တွင် အမြဲလှပအောင်နေထိုင် ဝတ်ဆင်ပြခဲ့ပါတယ်။ ဒါဟာ ခင်ပွန်းသည်အတွက် အရမ်းချစ်တဲ့ မိန်းကလေးလို့ဆိုရနိုင်ပါတယ်။ တဖက်ကကြည့်ရင်လည်း တကယ်ချစ်တဲ့သူဟာ ကိုချစ်ရသူကို ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်နေရမှာဖြစ်ပါတယ်။

Love & Relationship

 

Leave a Reply

Your email address will not be published. Required fields are marked *