သတင္း

အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည့် ၂၀၂၀

(Unicode)

အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည့် ၂၀၂၀

================================

ကမ္ဘာကြီးဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်းချင်း အပူချိန်တွေတိုးလာလိုက်တာ ၂၀၁၄ ခုနှစ် နောင်ပိုင်းနှစ်တွေမှာတော့.. နှစ်စဉ် နှစ်စဉ် ကမ္ဘာ့အပူချိန်အမြင့်ဆုံးနှစ်တွေ ဖြစ်လာပါတယ်။ တိုင်းတာရရှိခဲ့သမျှမှာ ၂၀၁၆ ခုနှစ်ဟာ အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ၂၀၂၀ ခုနှစ်ဟာ ၂၀၁၆ နည်းတူ (မတိမ်းမယိမ်း) နှင့်ပင် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

အပူဆုံးနှစ် ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ တောမီးများလောင်ကျွမ်းခြင်း၊ ဖန်လုံအိမ်ဓါတ်ငွေ့များ စွန့်ထုတ်မှု များပြားလွန်းခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ဟာ ၁၉ ရာစု နှောင်းပိုင်းထက် ၂ ဒီဂရီ ဖာရင်ဟိုက် (၁.၂ ဆဲလ်စီးယပ်စ်) ပိုလာပါပြီ။ အပူချိန်မြင့်ခြင်းကြောင့် မိုးတိမ်တောင် ရာသီဥတုတွေဖြစ်လာပါတယ်။

မိုးတိမ်တောင်တွေဟာ မိုးကြိုးမုန်တိုင်းတွေဖြစ်ပါတယ်။ မိုးကြိုးတွေ အဆက်မပြတ် ပြင်းထန်စွာ ပစ်ခတ်ခြင်းမှ တောမီးတွေ လောင်ကျွမ်းရကြခြင်း ဖြစ်ပါတယ်။ ၂၀၂၀ မှာ ဩစတျေးလျ၊ ဆိုက်ဘေးရီးယားနဲ့ အမေရီကန်တို့မှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာ လေထုထဲ ရောက်ရှိခဲ့ပါတယ်။

COVID 19 ကပ်ရောဂါကြောင့် စက်ရုံအချို့ပိတ်ရပြီး ကာဗွန်ထုတ်လုပ်မှု လျော့သွားတယ်ဆိုတာ ပမာဏ အနည်းငယ်သာဖြစ်ပါတယ်။ နှစ်ပေါင်းရာနှင့်ချီ ထုတ်လွှတ်ခဲ့တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို တစ်နှစ်လောက် လျော့ထုတ်ယုံနှင့်တော့ လျော့ပါးမသွားနိုင်ပါ။ နောက်ပြီး.. အိမ်မှာပဲ အလုပ်လုပ်ကြတယ်ဆိုတာ အမူအကျင့် ပြောင်းတာပဲ ဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ အရာတွေ (ဥပမာ စက်ရုံ၊ အလုပ်ရုံ) တွေ ကတော့ ဆက်လက် ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ ဗိုင်းရပ်စ်ဟာ ကျနော်တို့ လူသားတွေဖြစ်ပါတယ်။ သာယာတဲ့ ကမ္ဘာကြီးမှာ မြေပေါ် မြေအောက် သယံဇာတများတူးဖော်ပြီး မိမိဘဝရပ်တည်ရှင်သန်ရေးအတွက် လုပ်ခဲ့ကြပါတယ်။ လူဦးရေတွေ များလာခြင်းဟာလည်း ဗိုင်းရပ်စ်ပိုးတွေ များလာခြင်းပါပဲ..။ ကျနော်တို့တတွေ COVID ကြောင့် နာမကျန်း ဖြစ်ကြသလို.. ကမ္ဘာကြီးလည်း လူသားဗိုင်းရပ်စ်တွေကြောင့် ကိုယ်တွေပူပြီး နာမကျန်း ဖြစ်လာနေပါပြီ။

အပူချိန်မြင့်လာခြင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲခြင်း (ဥပမာ။ မိုးတိမ်တောင်၊ မိုးကြိုးမုန်တိုင်း၊ အပူပိုင်းမုန်တိုင်း နဲ့ မိုးခေါင်ရေရှားခြင်း)၊ ဝင်ရိုးစွန်းရေခဲများ အရည်ပျော်ခြင်းမှ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်းတို့ မကြာခဏ နဲ့ များမကြာခင် ပိုမိုကြုံတွေ့ရတော့မှာပါ။ အဲ့ဒီအချိန်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ လူမှုရေး ပြဿနာများကို နောက်ရေးမယ့် ဆောင်းပါးမှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

(Zawgyi)

အပူဆုံးႏွစ္အျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္သည့္ ၂၀၂၀

================================

ကမာၻႀကီးဟာ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း တျဖည္းျဖည္းခ်င္း အပူခ်ိန္ေတြတိုးလာလိုက္တာ ၂၀၁၄ ခုႏွစ္ ေနာင္ပိုင္းႏွစ္ေတြမွာေတာ့.. ႏွစ္စဥ္ ႏွစ္စဥ္ ကမာၻ႔အပူခ်ိန္အျမင့္ဆုံးႏွစ္ေတြ ျဖစ္လာပါတယ္။ တိုင္းတာရရွိခဲ့သမွ်မွာ ၂၀၁၆ ခုႏွစ္ဟာ အပူဆုံးႏွစ္ျဖစ္ခဲ့ၿပီး ယခုအခါမွာေတာ့ ၂၀၂၀ ခုႏွစ္ဟာ ၂၀၁၆ နည္းတူ (မတိမ္းမယိမ္း) ႏွင့္ပင္ ကမာၻ႔အပူဆုံးႏွစ္အျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။

အပူဆုံးႏွစ္ ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ ေတာမီးမ်ားေလာင္ကြၽမ္းျခင္း၊ ဖန္လုံအိမ္ဓါတ္ေငြ႕မ်ား စြန႔္ထုတ္မႈ မ်ားျပားလြန္းျခင္း ေၾကာင့္ပဲ ျဖစ္ပါတယ္။ ကမာၻႀကီးရဲ႕ ပ်မ္းမွ် အပူခ်ိန္ဟာ ၁၉ ရာစု ေႏွာင္းပိုင္းထက္ ၂ ဒီဂရီ ဖာရင္ဟိုက္ (၁.၂ ဆဲလ္စီးယပ္စ္) ပိုလာပါၿပီ။ အပူခ်ိန္ျမင့္ျခင္းေၾကာင့္ မိုးတိမ္ေတာင္ ရာသီဥတုေတြျဖစ္လာပါတယ္။

မိုးတိမ္ေတာင္ေတြဟာ မိုးႀကိဳးမုန္တိုင္းေတြျဖစ္ပါတယ္။ မိုးႀကိဳးေတြ အဆက္မျပတ္ ျပင္းထန္စြာ ပစ္ခတ္ျခင္းမွ ေတာမီးေတြ ေလာင္ကြၽမ္းရၾကျခင္း ျဖစ္ပါတယ္။ ၂၀၂၀ မွာ ဩစေတ်းလ်၊ ဆိုက္ေဘးရီးယားနဲ႔ အေမရီကန္တို႔မွာ ေတာမီးေတြ အႀကီးအက်ယ္ ေလာင္ကြၽမ္းခဲ့ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္မ်ားစြာ ေလထုထဲ ေရာက္ရွိခဲ့ပါတယ္။

COVID 19 ကပ္ေရာဂါေၾကာင့္ စက္႐ုံအခ်ိဳ႕ပိတ္ရၿပီး ကာဗြန္ထုတ္လုပ္မႈ ေလ်ာ့သြားတယ္ဆိုတာ ပမာဏ အနည္းငယ္သာျဖစ္ပါတယ္။ ႏွစ္ေပါင္းရာႏွင့္ခ်ီ ထုတ္လႊတ္ခဲ့တဲ့ ဖန္လုံအိမ္ဓါတ္ေငြ႕ေတြကို တစ္ႏွစ္ေလာက္ ေလ်ာ့ထုတ္ယုံႏွင့္ေတာ့ ေလ်ာ့ပါးမသြားႏိုင္ပါ။ ေနာက္ၿပီး.. အိမ္မွာပဲ အလုပ္လုပ္ၾကတယ္ဆိုတာ အမူအက်င့္ ေျပာင္းတာပဲ ျဖစ္ပါတယ္။ တည္ေဆာက္ထားတဲ့ အရာေတြ (ဥပမာ စက္႐ုံ၊ အလုပ္႐ုံ) ေတြ ကေတာ့ ဆက္လက္ ထုတ္လုပ္ေနဆဲ ျဖစ္ပါတယ္။

ကမာၻႀကီးရဲ႕ ဗိုင္းရပ္စ္ဟာ က်ေနာ္တို႔ လူသားေတြျဖစ္ပါတယ္။ သာယာတဲ့ ကမာၻႀကီးမွာ ေျမေပၚ ေျမေအာက္ သယံဇာတမ်ားတူးေဖာ္ၿပီး မိမိဘဝရပ္တည္ရွင္သန္ေရးအတြက္ လုပ္ခဲ့ၾကပါတယ္။ လူဦးေရေတြ မ်ားလာျခင္းဟာလည္း ဗိုင္းရပ္စ္ပိုးေတြ မ်ားလာျခင္းပါပဲ..။ က်ေနာ္တို႔တေတြ COVID ေၾကာင့္ နာမက်န္း ျဖစ္ၾကသလို.. ကမာၻႀကီးလည္း လူသားဗိုင္းရပ္စ္ေတြေၾကာင့္ ကိုယ္ေတြပူၿပီး နာမက်န္း ျဖစ္လာေနပါၿပီ။

အပူခ်ိန္ျမင့္လာျခင္းရဲ႕ အက်ိဳးဆက္ေတြျဖစ္တဲ့ ရာသီဥတု ဆိုး႐ြားစြာ ေျပာင္းလဲျခင္း (ဥပမာ။ မိုးတိမ္ေတာင္၊ မိုးႀကိဳးမုန္တိုင္း၊ အပူပိုင္းမုန္တိုင္း နဲ႔ မိုးေခါင္ေရရွားျခင္း)၊ ဝင္႐ိုးစြန္းေရခဲမ်ား အရည္ေပ်ာ္ျခင္းမွ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္လာျခင္းတို႔ မၾကာခဏ နဲ႔ မ်ားမၾကာခင္ ပိုမိုႀကဳံေတြ႕ရေတာ့မွာပါ။ အဲ့ဒီအခ်ိန္မွာ ျဖစ္ေပၚလာမယ့္ ႏိုင္ငံေရး၊ လူမႈေရး ျပႆနာမ်ားကို ေနာက္ေရးမယ့္ ေဆာင္းပါးမွာ ဆက္လက္ ေဖာ္ျပေပးသြားပါမယ္။

အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Leave a Reply

Your email address will not be published. Required fields are marked *