သတင္း

သွေးတိုးသမားများ အထူးစားသုံးသင့်၊ လေဖြတ်ခြင်းမှ ကာကွယ်ပြီး နှလုံးရောဂါသည်များအတွက် အထူးသင့်လျော်တဲ့ ဟင်းနုနွယ်။

(Unicode)

သွေးတိုးသမားများ အထူးစားသုံးသင့်၊ လေဖြတ်ခြင်းမှ ကာကွယ်ပြီး နှလုံးရောဂါသည်များအတွက် အထူးသင့်လျော်တဲ့ ဟင်းနုနွယ်

ကျန်းမာရေးအတွက် ဟင်းနုနယ်ရွက်ဆေး တစ်ခွက်

မြန်မာပြည်မှာ များသောအားဖြင့် ဟင်းနုနယ်ကို ကြော်စားလေ့ရှိပါတယ်။ ထို့ပြင် ဟင်းချိုအဖြစ်လည်းကောင်း၊ ပုစွန်ခြောက် သို့မဟုတ် ငါးကျည်းခြောက်တို့ဖြင့် ရောကာကြော်ချက် ဟင်းရည်အဖြစ်လည်းကောင်း စားသုံးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်သုပ်သည်လည်း အလွန်ထမင်းမြိန်စေပါတယ်။

မြန်မာပြည် အလယ်ပိုင်းတွင် ပန်းပွင့်အစိမ်းရောင်၊အဝါရောင်၊ အညိုရောင်ရှိသော ဟင်းနုနယ်မျိုးများကိုတွေ့ရပါတယ်။ ဟင်းနုနယ်ဆူးပေါက် ယာမြေတို့၏ သဘာဝမှ ထယ်ရေးမညက်လျှင် စိုက်ခင်းများထဲ၌ ပေါင်းပင်မျိုးစုံ တွေ့ရတတ်ပြီး ၎င်းပေါင်းပင်များထဲမှ သန်မာသော ဆူးများဖြင့် ဟင်းနုနယ်ပင်တစ်မျိုးမှာ နှိမ်နင်းရန် အလွန်ခက်ပါတယ်။ ဒေသအခေါ် ဟင်းနုနယ်ဆူးပေါက် ဖြစ်ပါတယ်။ အမြစ်များ တုတ်ခိုင်သန်စွမ်းပြီး မြေကြီးကို ကုပ်တွယ်စွမ်းအား ကောင်းတာကြောင့် ပေါင်းနုတ်ရာတွင် အလွန်လက်ဝင်ပြီး ခက်ခဲကြန့်ကြာစေပါတယ်။ ဟင်းနုနယ်ဆူးများက ရင့်လျှင်သန်မာပြီး လူကိုဆူးစူးမိလျှင် အဆိပ်ရှိသည့် အကောင်ကိုက်မိသည့်အလား လွန်စွာနာကျင်ပါတယ်။ ရှေးတိုင်းရင်း ဆေးဆရာကြီးများက ဟင်းနုနယ် ဆူးပေါက်ပင်ကိုခွန်အားတိုးဆေး ဖော်စပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

ဟင်းနုနယ်နှင့် ကျန်းမာရေး-

ကမ္ဘာပေါ်တွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်ပင် အမြောက်အမြားကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ ၎င်းတို့အနက် ဟင်းနုနယ်၏ အာဟာရ ဖြစ်စေနိုင်မှုက အသာလွန်ဆုံးဖြစ်ပါတယ်။ အမဲသား၊ ဝက်သားစသည့် အနီရောင်အသားတို့ဖြင့် နှိုင်းယှဉ်ပါက ဟင်းနုနယ်ထဲတွင် ကယ်လိုရီနှင့် သံဓာတ်တို့ပါဝင်မှု ပမာဏ ပိုမိုများပြားသည့်အပြင် အဆီနှင့်ကိုလက်စထရောတို့ ပါဝင်မှု အလွန်နည်းပါးသောကြောင့် ထိုအနီရောင်အသားများထက် ဟင်းနုနယ်ကကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါတယ်။

ဟင်းနုနယ်ထဲတွင် ပါရှိသော flavonoids ဓာတ်ပေါင်းစုဟာ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူကင်ဆာ၊ အမျိုးသားများတွင် အဖြစ်များသော ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ စသည့် ကင်ဆာဆဲလ်များကို သေစေနိုင်ပါတယ်။ ထို့ပြင် ဟင်းနုနယ်ကိုစားသော အမျိုးသမီးများဟာဟင်းနုနယ် လုံးဝမစားသော အမျိုးသမီးများထက် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နာ ဝေဒနာများကိုလည်း ပျောက်ကင်း သက်သာလာစေပါတယ်။ သွေးထဲရှိ သကြားပမာဏကို ကျအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာစေနိုင်ပါတယ်။ သွေးလွှတ်ကြောများအတွင်း အဆီပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည့်အပြင် သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ သွေးတိုးရောဂါသည်များ အထူး စားသုံးပေးသင့်ပါတယ်။

မျက်စိအတွင်းတိမ် ဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ မျက်ကြည်လွှာနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုး မျက်စိယားယံခြင်းနှင့် ခြောက်သွေ့ခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ကို သံလွင်ဆီ အနည်းငယ်ဖြင့် ကြော်စားပေးပါက အဆိုပါရောဂါများအတွက် အာနိသင်ပိုရှိစေပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။ ဟင်းနုနယ်ထဲတွင် Vitamin A အလုံအလောက် ပါရှိ၍ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးပြီးကျန်းမာသော အရေပြားကိုလည်း ပိုင်ဆိုင်စေပါတယ်။ ထို့ပြင် အသားအရေနေလောင်ခြင်း၊ အနီကွက်ထခြင်း၊ ဝက်ခြံများနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဦးနှောက်နှင့်အာရုံကြော အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်စေပါတယ်။ အယ်ဇိုင်းမား ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ချီကာဂိုရှိ ဆေးသုတေသနပြုချက်အရ လူတစ်ဦးသည် ဟင်းနုနယ်ရွက် သုံးရွက်ကို နေ့စဉ်မှန်မှန် စားသုံးပေးခြင်းဖြင့် စိတ်ကျဝေဒနာကို ၄ဝ ရာခိုင်နှုန်းမျှ သက်သာလာစေသည့် အပြင် ဦးနှောက် အလုပ်လုပ်နိုင်သော စွမ်းရည်မှာလည်း နောက်ထပ် ငါးနှစ်လောက် နုပျိုသွားသည်ဟု အဆိုရှိပါတယ်။ ဟင်းနုနယ်တွင် Vitamin K ဓာတ်ကြွယ်ဝစွာ ပါရှိ၍ အရိုးပွခြင်းမှ အထူးကာကွယ်ပေးပါတယ်။

ဟင်းနုနယ်ကို မှန်မှန်စားပေးပါက အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ မှန်မှန်စားပေးခြင်းဖြင့် သန္ဓေသား၏ DNA နှင့် အာရုံကြော အဖွဲ့အစည်းတို့ကို တိုးတက်ကောင်းမွန်စေသည့် အပြင် ရင်သွေးငယ်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲမဖြစ်စေပါ။ ထို့ပြင် သားလျှောခြင်းမှလည်း ကာကွယ်ပေးပါတယ်။ သံဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့်သွေးအားကောင်းစေပါတယ်။ ခန္ဓာကိုယ်၏ PH ပမာဏကို ပုံမှန်ဖြစ်စေရုံသာမက ကိုလက်စထရော ကျစေပါတယ်။ နို့ထွက်အားကောင်းသဖြင့် နို့တိုက်မိခင်များ ဟင်းနုနယ်ကို စားသုံးပေးသင့်ပါတယ်။ မကြာခဏ သွားဖုံးသွေးယို စီးသောသူများဟာ ဟင်းနုနယ် သတ္တုရည်ကို မုန်လာဥနီနှင့် ရောစပ်ကာ ဖျော်ရည်အဖြစ် မကြာခဏ သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်း သက်သာလာစေနိုင်ပါတယ်။

ဟင်းနုနယ်ထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိ၍ နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့ခြင်း၊ ချိုးကပ်ခြင်းများကို ပျောက်ကင်း သက်သာစေသည့်အပြင် နှလုံးကြွက်သားများ ညှစ်အားကောင်းစေသောကြောင့် နှလုံးရောဂါ ဝေဒနာသည်များအတွက် အထူးသင့်လျော်ပါတယ်။ လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန်-

ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသောကြောင့် ကျောက်ကပ်၊ သိုင်းရွိုက်နှင့် ဂေါက်ရောဂါဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပါ။ ကမ္ဘာ့အစားအသောက်နှင့် ကျန်းမာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် WHFods မှ ဟင်းနုနယ်ပင်တို့သည် လူသားတို့ကို အလွန်အာဟာရ ဖြစ်စေကြောင်း ထောက်ခံထားပါတယ်။သို့ပါ၍ ကျန်းမာပျော်ရွှင်စွာနေနိုင်သော ဘဝတစ်ခုကို ဖန်တီးပေးသည့် သဘာဝအရင်းအမြစ်တို့ စုဝေးရာ ဟင်းနုနယ်ကို ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ် စားသုံးနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Credit-Original Uploader

(Zawgyi)

ေသြးတိုးသမားမ်ား အထူးစားသံုးသင့္၊ ေလျဖတ္ျခင္းမွ ကာကြယ္ၿပီး ႏွလံုးေရာဂါသည္မ်ားအတြက္ အထူးသင့္ေလ်ာ္တဲ့ ဟင္းႏုႏြယ္

က်န္းမာေရးအတြက္ ဟင္းႏုနယ္႐ြက္ေဆး တစ္ခြက္

ျမန္မာျပည္မွာ မ်ားေသာအားျဖင့္ ဟင္းႏုနယ္ကို ေၾကာ္စားေလ့ရွိပါတယ္။ ထို႔ျပင္ ဟင္းခ်ိဳအျဖစ္လည္းေကာင္း၊ ပုစြန္ေျခာက္ သို႔မဟုတ္ ငါးက်ည္းေျခာက္တို႔ျဖင့္ ေရာကာေၾကာ္ခ်က္ ဟင္းရည္အျဖစ္လည္းေကာင္း စားသုံးႏိုင္ပါတယ္။ ဟင္းႏုနယ္႐ြက္သုပ္သည္လည္း အလြန္ထမင္းၿမိန္ေစပါတယ္။

ျမန္မာျပည္ အလယ္ပိုင္းတြင္ ပန္းပြင့္အစိမ္းေရာင္၊အဝါေရာင္၊ အညိဳေရာင္ရွိေသာ ဟင္းႏုနယ္မ်ိဳးမ်ားကိုေတြ႕ရပါတယ္။ ဟင္းႏုနယ္ဆူးေပါက္ ယာေျမတို႔၏ သဘာဝမွ ထယ္ေရးမညက္လွ်င္ စိုက္ခင္းမ်ားထဲ၌ ေပါင္းပင္မ်ိဳးစုံ ေတြ႕ရတတ္ၿပီး ၎ေပါင္းပင္မ်ားထဲမွ သန္မာေသာ ဆူးမ်ားျဖင့္ ဟင္းႏုနယ္ပင္တစ္မ်ိဳးမွာ ႏွိမ္နင္းရန္ အလြန္ခက္ပါတယ္။ ေဒသအေခၚ ဟင္းႏုနယ္ဆူးေပါက္ ျဖစ္ပါတယ္။ အျမစ္မ်ား တုတ္ခိုင္သန္စြမ္းၿပီး ေျမႀကီးကို ကုပ္တြယ္စြမ္းအား ေကာင္းတာေၾကာင့္ ေပါင္းႏုတ္ရာတြင္ အလြန္လက္ဝင္ၿပီး ခက္ခဲၾကန႔္ၾကာေစပါတယ္။ ဟင္းႏုနယ္ဆူးမ်ားက ရင့္လွ်င္သန္မာၿပီး လူကိုဆူးစူးမိလွ်င္ အဆိပ္ရွိသည့္ အေကာင္ကိုက္မိသည့္အလား လြန္စြာနာက်င္ပါတယ္။ ေရွးတိုင္းရင္း ေဆးဆရာႀကီးမ်ားက ဟင္းႏုနယ္ ဆူးေပါက္ပင္ကိုခြန္အားတိုးေဆး ေဖာ္စပ္ရာမွာ အသုံးျပဳေလ့ရွိပါတယ္။

ဟင္းႏုနယ္ႏွင့္ က်န္းမာေရး-

ကမာၻေပၚတြင္ လူသားတို႔ က်န္းမာေရးကို အေထာက္အကူျပဳေစသည့္ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ပင္အေျမာက္အျမားကို သဘာဝတရားႀကီးက အဆင္သင့္ ဖန္တီးေပးထားပါတယ္။ ၎တို႔အနက္ ဟင္းႏုနယ္၏ အာဟာရ ျဖစ္ေစႏိုင္မႈက အသာလြန္ဆုံးျဖစ္ပါတယ္။ အမဲသား၊ ဝက္သားစသည့္ အနီေရာင္အသားတို႔ျဖင့္ ႏႈိင္းယွဥ္ပါက ဟင္းႏုနယ္ထဲတြင္ ကယ္လိုရီႏွင့္ သံဓာတ္တို႔ပါဝင္မႈ ပမာဏ ပိုမိုမ်ားျပားသည့္အျပင္ အဆီႏွင့္ကိုလက္စထေရာတို႔ ပါဝင္မႈ အလြန္နည္းပါးေသာေၾကာင့္ ထိုအနီေရာင္အသားမ်ားထက္ ဟင္းႏုနယ္ကက်န္းမာေရးအတြက္ ပိုမိုသင့္ေလ်ာ္ပါတယ္။

ဟင္းႏုနယ္ထဲတြင္ ပါရွိေသာ flavonoids ဓာတ္ေပါင္းစုဟာ အစာအိမ္ကင္ဆာ၊ အေရျပားကင္ဆာ၊ အူကင္ဆာ၊ အမ်ိဳးသားမ်ားတြင္ အျဖစ္မ်ားေသာ ဆီးက်ိတ္ကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ စသည့္ ကင္ဆာဆဲလ္မ်ားကို ေသေစႏိုင္ပါတယ္။ ထို႔ျပင္ ဟင္းႏုနယ္ကိုစားေသာ အမ်ိဳးသမီးမ်ားဟာဟင္းႏုနယ္ လုံးဝမစားေသာ အမ်ိဳးသမီးမ်ားထက္ သားဥအိမ္ကင္ဆာျဖစ္ႏိုင္ေျခ အလြန္နည္းပါးပါတယ္။

အစာေခ်ဖ်က္မႈကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။ အစာအိမ္နာ ေဝဒနာမ်ားကိုလည္း ေပ်ာက္ကင္း သက္သာလာေစပါတယ္။ ေသြးထဲရွိ သၾကားပမာဏကို က်ေအာင္ ထိန္းသိမ္းေပးႏိုင္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ျခင္းမွ သက္သာေစႏိုင္ပါတယ္။ ေသြးလႊတ္ေၾကာမ်ားအတြင္း အဆီပိတ္ဆို႔ျခင္းကို ကာကြယ္ေပးသည့္အျပင္ ေသြးလည္ပတ္ စီးဆင္းမႈကိုလည္း ေကာင္းမြန္ေစပါတယ္။ ေသြးတိုးေရာဂါသည္မ်ား အထူး စားသုံးေပးသင့္ပါတယ္။

မ်က္စိအတြင္းတိမ္ ျဖစ္ျခင္း၊ ျပည္တည္ျခင္း၊ မ်က္ၾကည္လႊာႏွင့္ ပတ္သက္ေသာ ေဝဒနာအမ်ိဳးမ်ိဳး မ်က္စိယားယံျခင္းႏွင့္ ေျခာက္ေသြ႕ျခင္း တို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ ဟင္းႏုနယ္ကို သံလြင္ဆီ အနည္းငယ္ျဖင့္ ေၾကာ္စားေပးပါက အဆိုပါေရာဂါမ်ားအတြက္ အာနိသင္ပိုရွိေစပါတယ္။ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားလာေစပါတယ္။ ဟင္းႏုနယ္ထဲတြင္ Vitamin A အလုံအေလာက္ ပါရွိ၍ အေရျပားအစိုဓာတ္ကို ထိန္းသိမ္းေပးၿပီး က်န္းမာေသာ အေရျပားကိုလည္း ပိုင္ဆိုင္ေစပါတယ္။ ထို႔ျပင္ အသားအေရေနေလာင္ျခင္း၊ အနီကြက္ထျခင္း၊ ဝက္ၿခံမ်ားႏွင့္ မ်က္ႏွာေပၚရွိ အေရးအေၾကာင္းမ်ားကိုလည္း ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ အဖြဲ႕အစည္းကို တိုးတက္ေကာင္းမြန္ေစပါတယ္။ အယ္ဇိုင္းမား ေရာဂါကိုလည္း သက္သာေစႏိုင္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ခ်ီကာဂိုရွိ ေဆးသုေတသနျပဳခ်က္အရ လူတစ္ဦးသည္ ဟင္းႏုနယ္႐ြက္ သုံး႐ြက္ကို ေန႔စဥ္မွန္မွန္ စားသုံးေပးျခင္းျဖင့္ စိတ္က်ေဝဒနာကို ၄ဝ ရာခိုင္ႏႈန္းမွ် သက္သာလာေစသည့္ အျပင္ ဦးေႏွာက္ အလုပ္လုပ္ႏိုင္ေသာ စြမ္းရည္မွာလည္း ေနာက္ထပ္ ငါးႏွစ္ေလာက္ ႏုပ်ိဳသြားသည္ဟု အဆိုရွိပါတယ္။ ဟင္းႏုနယ္တြင္ Vitamin K ဓာတ္ႂကြယ္ဝစြာ ပါရွိ၍ အ႐ိုးပြျခင္းမွ အထူးကာကြယ္ေပးပါတယ္။

ဟင္းႏုနယ္ကို မွန္မွန္စားေပးပါက အ႐ိုးကို က်န္းမာသန္စြမ္းေစပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္မ်ား မွန္မွန္စားေပးျခင္းျဖင့္ သေႏၶသား၏ DNA ႏွင့္ အာ႐ုံေၾကာ အဖြဲ႕အစည္းတို႔ကို တိုးတက္ေကာင္းမြန္ေစသည့္ အျပင္ ရင္ေသြးငယ္အတြက္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲမျဖစ္ေစပါ။ ထို႔ျပင္ သားေလွ်ာျခင္းမွလည္း ကာကြယ္ေပးပါတယ္။ သံဓာတ္ႂကြယ္ဝစြာ ပါရွိျခင္းေၾကာင့္ ေသြးအားေကာင္းေစပါတယ္။ ခႏၶာကိုယ္၏ PH ပမာဏကို ပုံမွန္ျဖစ္ေစ႐ုံသာမက ကိုလက္စထေရာ က်ေစပါတယ္။ ႏို႔ထြက္အားေကာင္းသျဖင့္ ႏို႔တိုက္မိခင္မ်ား ဟင္းႏုနယ္ကို စားသုံးေပးသင့္ပါတယ္။ မၾကာခဏ သြားဖုံးေသြးယို စီးေသာသူမ်ားဟာ ဟင္းႏုနယ္ သတၱဳရည္ကို မုန္လာဥနီႏွင့္ ေရာစပ္ကာ ေဖ်ာ္ရည္အျဖစ္ မၾကာခဏ ေသာက္သုံးေပးျခင္းျဖင့္ ေပ်ာက္ကင္း သက္သာလာေစႏိုင္ပါတယ္။

ဟင္းႏုနယ္ထဲတြင္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား ႂကြယ္ဝစြာပါရွိ၍ ႏွလုံးေသြးလႊတ္ေၾကာမ်ား ပိတ္ဆို႔ျခင္း၊ ခ်ိဳးကပ္ျခင္းမ်ားကို ေပ်ာက္ကင္း သက္သာေစသည့္အျပင္ ႏွလုံးႂကြက္သားမ်ား ညႇစ္အားေကာင္းေစေသာေၾကာင့္ ႏွလုံးေရာဂါ ေဝဒနာသည္မ်ားအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ေလျဖတ္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

သတိျပဳရန္-

ဟင္းႏုနယ္ထဲတြင္ oxalates ဓာတ္ပါရွိေသာေၾကာင့္ ေက်ာက္ကပ္၊ သိုင္း႐ြိဳက္ႏွင့္ ေဂါက္ေရာဂါေဝဒနာသည္မ်ား အလြန္အကြၽံ မစားသင့္ပါ။ ကမာၻ႔အစားအေသာက္ႏွင့္ က်န္းမာေရး အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ WHFods မွ ဟင္းႏုနယ္ပင္တို႔သည္ လူသားတို႔ကို အလြန္အာဟာရ ျဖစ္ေစေၾကာင္း ေထာက္ခံထားပါတယ္။သို႔ပါ၍ က်န္းမာေပ်ာ္႐ႊင္စြာေနႏိုင္ေသာ ဘဝတစ္ခုကို ဖန္တီးေပးသည့္ သဘာဝအရင္းအျမစ္တို႔ စုေဝးရာ ဟင္းႏုနယ္ကို က်န္းမာေရးအတြက္ ေဆးတစ္ခြက္အျဖစ္ စားသုံးႏိုင္ၾကပါေစေၾကာင္း တိုက္တြန္းလိုက္ရပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *