ဗဟုတုသ
မြေနေရာမလို၊ ရက်၂၀အတွင်း ကန်စွန်းရွက် အပင်ဖောက်ပြီး လတ်လတ်ဆတ်ဆတ် စားနိုင်မယ့် စိုက်ပျိုးနည်း။
(Unicode)
ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် အပင်ဖောက် စိုက်ပျိုးနိုင်မည့် နည်းလမ်း
ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် ရက်၂၀ ( ၃ ပတ်အတွင်း )အတွင်း လတ်လတ်ဆတ်ဆတ် ကန်စွန်းရွက် အပင်ဖောက်ပြီး စားနိုင်မယ့် စိုက်ပျိုးနည်းလမ်း ဖြစ်ပါတယ်။
ကန်းစွန်းမျိုးစေ့ကို မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ မေးဝယ်ပါ။
စတင်စိုက်ရန် လိုအပ်ချက်များကတော့-
၁။ စကာပေါက်ပါ ခြင်းအသေးလေးတစ်လုံး
၂။ ရေဇလုံ / စကာပေါက်အနေတော်ကျမယ့် ပုံးတစ်ပုံး
၃။ ရေ
၄။ ကန်စွန်းရွက်မျိုးစေ့ ပျိုးနည်းကတော့ အရမ်းလွယ်ပါတယ်။
ဖော်ပြထားတဲ့ ၄ မျိုးအဆင်သင့်ဖြစ်ပြီဆိုရင် ကန်စွန်းရွက်မျိုးစေ့ကို ခြင်းထဲထည့်လိုက်ပါ။ ထို့နောက် ရေထည့်ထားသော ဇလုံ(သို့မဟုတ်) ပုံးထဲကို ကန်စွန်းရွက်မျိုးစေ့ကို အနေတော် ရေနစ်ရုံလေး ထားလိုက်ပါ။ ၂ ရက် ၃ ရက် ကြာသွားတဲ့အခါမှာတော့ ကန်းစွန်းရွက် အပင် စပေါက်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ အဲဒီနောက်မှာတော့နေရောင်ခြည် ရရှိနိုင်တဲ့နေရာမှာ အပင်ကြီးထွားလာနိုင်စေရန် ထားရှိ စောင့်ဆိုင်းပြီး အပင်ကြီးထွားလာသည်နှင့် အမျှ စားသုံးလို့ရပါပြီ။
Credit-Original Uploader
(Zawgyi)
၃။ ရေ
Leave a Reply
Your email address will not be published. Required fields are marked *