သတင်း

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကိတ်မုန့်ဆိုင် ၁၀ ဆိုင်

ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကိတ်မုန့်ဆိုင် ၁၀ ဆိုင်

====================
====================

‘ပျော်ရွှင်မှုကို သင်မဝယ်နိုင်ဘူးဆိုရင်တောင် ကိတ်မုန့်တစ်လုံးကိုတော့ သင်ဝယ်နိုင်တယ်မဟုတ်လား၊ ရလာမှာက ပျော်ရွှင်မှုပါပဲ’ ဆိုတဲ့ ကမ္ဘာကျော် စကားပုံတစ်ခုလိုပဲ အရသာရှိတဲ့ ကိတ်မုန့်ကောင်းကောင်းတစ်စိတ်က သင့်ကိုပျော်ရွှင်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်သမားတွေက ကမ္ဘာကြီးရဲ့ ရနံ့မွှေးနေအောင် ပြုလုပ်ပေးနေသူတွေပါတဲ့။ ဒါဆို ကိတ်မုန့်တွေကို စားသုံးရင်း မုန့်ဖုတ်သမားတွေကို အလုပ်ပေးလိုက်ကြရအောင်ပါ။ ဒီတစ်ပတ်တော့ ရန်ကုန်မြို့က နာမည်ကျော် ကိတ်မုန့်ဆိုင် ၁၀ ဆိုင်ကို ဖော်ပြပေးထားပါတယ်နော်။

၁။ ရွှေပုစွန်

ဒီ နာမည်ကျော် ရွှေပုစွန်ကိတ်နဲ့ အအေးဆိုင်က လမ်းမတော်မြို့နယ်ထဲမှာ စဖွင့်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်တဲ့အပြင် မုန့်တိုက်က ထုတ်လုပ်သမျှ မုန့်မျိုးစုံကိုလည်း မုန့်ဆိုင်အကြီးအငယ် မရွေးမှာ ဝယ်ယူနိုင်ပါပြီ။ ကိတ်မုန့်မျိုးစုံ၊ ဖာလူဒါ၊ နတ်သုဒ္ဓာစတဲ့ အရသာအပြည့်နဲ့ အအေးမျိုးစုံအပြင် ကိုယ်ပိုင်စိုက်ခင်းတွေနဲ့ သီးနှံတွေလည်း စိုက်ပျိုးနေတဲ့အတွက် လတ်ဆတ်တဲ့သီးနှံတွေကိုပါ ရောင်းချနေ ပါတယ်။ ပန်းခြံငယ်လေးပါ ပါတဲ့ သာကေတဆိုင်ခွဲက မိသားစုနဲ့ ကလေးငယ်တွေအတွက် နာမည်ကြီးသလို နေပြည်တော်မှာ ဖွင့်လှစ် ထားတဲ့ မုန့်အမည်မျိုးစုံရတဲ့ ဆိုင်ခွဲအပြင် ဆိုင်ခွဲတွေအားလုံးက ဝန်ဆောင်မှုကောင်းမွန်ပါတယ်။ နေ့စဉ် မနက် ၈ နာရီကနေ ည ၉နာရီခွဲအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၂၄၆/၂၄၈၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၄၁၇၁၀ဝ

၂။ Moon

ဒီမုန့်ဆိုင်က ဆယ်ကျော်သက်လူငယ်အုပ်စုတွေ၊ စုံတွဲတွေအတွက် ဆုံနေကျနေရာလည်းဖြစ်ပြီး ဆိုင်ခွဲတွေ အများကြီးဖွင့်နိုင်တဲ့အထိ အောင်မြင်ခဲ့တဲ့ဆိုင်ပါ။ ရန်ကုန်မှာ ကိတ်မုန့်ဆိုင်အရေအတွက်တွေ တိုးလာတာနဲ့အမျှ အရင်ကလို ဆိုင်တစ်ဆိုင်တည်းမှာပဲ ထိုင်ကြတော့တာမဟုတ်တော့တာတောင်မှ ပုံမှန်စားသုံးသူတွေနဲ့ စည်ကားနေဆဲပါ။ ကိတ်မုန့်၊ ပေါင်မုန့်တွေကနေ ကိုရီးယားထမင်းသုပ်လို ဂျပန်ဆူရှီထမင်းလိပ်လိုတွေက အစ ရောင်းချပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၃၀၆၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၄၄၀၄၄၁၂

၃။ BreadTalk Myanmar

ကမ္ဘာကျော် စင်ကာပူအခြေစိုက်ကိတ်မုန့်ဆိုင်က ဆိုင်ခွဲပေါင်း ၈၀ဝ ကျော်ဖွင့်ထားပြီး မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်နှစ်က ၁၇ နိုင်ငံမြောက် ဆိုင်ခွဲဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျန်းရှင်းစင်တာတွေမှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားပြီး နေ့စဉ် လတ်ဆတ်သန့်ရှင်းပြီး စံချိန်မီတဲ့ ကိတ်မုန့်နဲ့ ပေါင်မုန့် အမျိုးမျိုးထုတ်လုပ်သလို ကော်ဖီနဲ့ တခြားသောက်စရာတွေလည်း ရပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ပါတယ်။ လိပ်စာ-ယူနစ် ၁၀၅/၁၀၆၊ ပထမထပ်၊ ဂျန်းရှင်းစီးတီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဝ၁၂၁၂၆၉၈

၎။ Parisian

ဒီ သက်တမ်းရှည်မုန့်တိုက်ကလည်း ကိတ်မုန့်ချစ်သူတွေ ကော်ဖီချစ်သူတွေအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိတ်မုန့်နဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေ များလွန်းသလို မွေးနေ့ကိတ်မှာ ပုံတူတွေ၊ ရုပ်တုတွေ ထည့်ပြီးလုပ်ပေးတဲ့ နာမည်ကျော် မုန့်တိုက်ပါ။ ကြည့်မြင်တိုင်မြို့နယ်မှာ ဖွင့်ထားတဲ့ဆိုင်ခွဲမှာ နိုင်ငံတကာက ကိတ်တွေ၊ ပေါင်မုန့်တွေနဲ့ ကွတ်ကီးမျိုးစုံကို နေရာကျယ်ကျယ်နဲ့ အကောင်းဆုံးရွေးနိုင်ပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁၃၂၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၃၈၇၂၉၈

၅။ Season

စီးတီးမတ် ဈေးဝယ်စင်တာရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တှဲ့နျေသည ကိတ်မုန့်ဆိုင်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့တာပါ။ ကိတ်မုန့်ဆိုင်အတွက် လိုတဲ့ပစ္စည်းတွေကို စီးတီးမတ်နဲ့ အတူမဟုတ်ဘဲ သီးသန့်ထားပြီး သေချာပြင်ဆင်ထားတဲ့အပြင် လတ်ဆတ်တဲ့ ကိတ်မုန့်၊ ပေါင်မုန့်၊ ပူတင်း၊ ဘာဂါ၊ ဟော့ဒေါ့တွေကို တခြားဆိုင်တွေထက် ဈေးပိုသက်သက်သာသာနဲ့ ရောင်းချနေတာပါ။ စီးတီးမတ်ဆိုင်ခွဲတွေနဲ့ မားကက်ပလေ့စ် ဆိုင်တွေမှာ ပူးတွဲဖွင့်လှစ်ထားတာမို့ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။ လိပ်စာ-မားကက်ပလေ့စ် ဈေးဝယ်စင်တာ၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့။ ဝ၁ ၆၅၀၇၇၁ လိုင်းခွဲ ၇၈

၆။ SP

အရည်အသွေးမီပစ္စည်းတွေနဲ့ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိတဲ့ မုန့်မျိုးစုံကို နေ့စဉ်ထုတ်လုပ်ရောင်းချနေတဲ့ ကိတ်မုန့်ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပါတယ်။ မန္တလေးမြို့မှာ အရင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခွဲတွေအဖြစ် ရန်ကုန်မြို့မှာ ထပ်မံ ဖွင့်လှစ်တဲ့အခါမှာလည်း အောင်မြင်တဲ့မုန့်ဆိုင်ဖြစ်ကာ ရေခဲမုန့်နဲ့ သီးနှံတွေနဲ့ပြုလုပ်ထားတဲ့ လတ်ဆတ်တဲ့ ကိတ်မျိုးစုံ၊ ပေါင်မုန့်နဲ့ အနောက်တိုင်းမုန့်မျိုးစုံ ရောင်းချနေပါတယ်။ ဆိုင်ခွဲများစွာရှိပြီး နေ့စဉ် မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ပါတယ်။ လိပ်စာ-အမှတ် ၅၆၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၉၂၆၅၃၈၈၁

၇။ J’Donuts

‘Everyday fresh and tasty’ က ဂျေဒိုးနတ်ဆိုင်တိုင်းရဲ့ ဆောင်ပုဒ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ မုန့်မျိုးစုံကို ထုတ်လုပ်ရောင်းချနေပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ ဒိုးနပ်ဆိုင်ဖြစ်ပြီး တစ်ခေတ်တစ်ခါက အအောင်မြင်ဆုံးမုန့်နဲ့ ကော်ဖီဆိုင်ဖြစ်ပြီး ရန်ကုန်မြို့မှာ ဆိုင်ခွဲတွေအများကြီးဖွင့်လှစ်ထားပေမဲ့ တခြားဘယ်မြို့မှာမှ သွားရောက်ဖွင့်လှစ်ခြင်း မရှိပါဘူး။ ဆိုင်ခွဲအားလုံး မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁၇၃/၁၇၅၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

၈။ Fudo

ဒီမုန့်ဆိုင်ကတော့ မန္တလေးမြို့မှာ စ အခြေတည်ပြီး ရန်ကုန်အပါအဝင် တခြားမြို့တွေ မှာပါ အောင်မြင်စွာ ဖွင့်လှစ်ရောင်းချနေတာပါ။ ဖူဒိုဆိုင်မှာ ကိတ်၊ ပေါင်မုန့်နဲ့ ကွတ်ကီး မျိုးစုံရှိပေမဲ့ ကိတ်ခြောက်နဲ့ ပေါင်မုန့်ခြောက်တွေက ပိုနာမည်ကျော်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အရောင်းပြခန်းတွေရှိပြီး မုန့်ဖုတ်သင်တန်းတွေကိုလည်း ဖွင့်လှစ်နေပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ပါတယ်။ လိပ်စာ-အမှတ် ၂၃၂/၂၃၄၊ အနော်ရထာလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၇၇၁၈၂၆၈၈

၉။ Uncle Tetsu

လတ်တလော လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြားမှာ နာမည်ကျော်နေတာ ကတော့ တုံအိနေအောင် နူးညံ့တဲ့ ဂျပန်ချိစ်ကိတ်ပဲဖြစ်ပြီး ပြုလုပ်တဲ့ဆိုင်ကတော့ Uncle Tetsu ပါ။ ပုံမှန်စားသုံးသူတွေရလာတဲ့အထိ နာမည်ကျော်တဲ့ ဒီဆိုင်လေးမှာ ချိစ်ကိတ်တစ်မျိုးတည်းမဟုတ်ဘဲ Cream Brulees တွေ၊ Egg tarts တွေ၊ ကပ်ပ်ကိတ်တွေလည်း ချစ်စရာပြင်ဆင်ရောင်းချနေပါတယ်။ဂျပန်ရိုးရာမုန့်လုပ်နည်းအတိုင်း ပြုလုပ်ထားတဲ့ ကိတ်မျိုးစုံအတွက် မနက် ၉ နာရီကနေ ည ၉ နာရီအထိ နေ့စဉ်ရောင်းချပါတယ်။ လိပ်စာ-အမှတ် ၁၇၆ ဘီ၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၆၄၀ဝ၆၀၉၄

၁၀။ Yangon Bake House

ကျားမရေးရာတန်းတူညီမှုရေးနဲ့ မသန်စွမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ မခွဲခြားစေရေးကို ဦးဆောင်နေတဲ့ Yangon Bake House မှာလည်း နေ့စဉ် လတ်ဆတ်ပူနွေးတဲ့ ကိတ်မျိုးစုံကို စားသုံးနိုင်ပါတယ်။ အခမဲ့ သက်မွေးသင်တန်းတွေအဖြစ် မုန့်ဖုတ်နည်းတွေကို အမျိုးသမီးတွေ၊ မသန်စွမ်းတွေကို ပြန်လည်သင်ကြားပေးနေတဲ့ မုန့်တိုက်တစ်ခုပါ။ အသီးအရွက်စားရတာ ပိုအားသာတဲ့လူတွေအတွက်လည်း အရသာရှိတဲ့ အသီးအရွက်မုန့်တွေ ပြုလုပ်နေပါတယ်။ နေ့စဉ် မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ပါတယ်။ လိပ်စာ-တိုက် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။ ဝ၉ ၇၉၇၀ဝ၈၀၁၈

==========

The Myanmar Times

Leave a Reply

Your email address will not be published. Required fields are marked *