သတင္း

တိတ္တဆိတ္ လူသတ္သမား သို႔မဟုတ္ ေက်ာက္ကပ္၌ ေက်ာက္တည္ျခင္း

(Zawgyi)

တိတ္တဆိတ္ လူသတ္သမား သို႔မဟုတ္ ေက်ာက္ကပ္၌ ေက်ာက္တည္ျခင္း

ေက်ာက္ကပ္ဟာ ခႏၶာကိုယ္တြင္းက အညစ္အေၾကးေတြကို စြန႔္တဲ့ အဂၤါတစ္ခု ျဖစ္ၿပီး ဝမ္းဗိုက္ အေပၚပိုင္းရဲ႕ အေနာက္ေက်ာဘက္မွာ တည္ရွိတယ္။ ပဲျခမ္းေစ့ ပုံသဏၭာန္ ရွိၿပီး ခႏၶာကိုယ္တြင္းမွာ ရွိတဲ့ အရည္နဲ႔ ဓာတ္ဆား မွ်ေျခကို ထိန္းထားတယ္။

ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ျပင္ပေရာက္ေအာင္ စြန႔္ထုတ္ေပးတယ္။ ေက်ာက္ကပ္ ဆဲလ္တစ္ခုမွာ ႁပြန္ငယ္၊ ဆံျခည္မွ်င္ ေသြးေၾကာ၊ ေရစစ္ပုံသဏၭာန္ အမ်ိဳးမ်ိဳးနဲ႔ ဖြဲ႕စည္းထားတဲ့ ကေတာ့ပုံသဏၭာန္ ႁပြန္ငယ္ေလးေတြက တစ္ဆင့္ ခႏၶာကိုယ္တြင္းက အရည္ေတြကို ဆီးႁပြန္အတြင္းကို ဝင္ေရာက္ေစတယ္။ အဲဒီကေန ဆီးအိမ္အတြင္း ေရာက္ရွိသြားတဲ့ အရည္ေတြက ဆီးအိမ္ကို တင္းေစၿပီး ဆီးအျဖစ္ စြန႔္ထုတ္တယ္။ ဒီလို ခႏၶာကိုယ္တြင္းက အရည္ေတြကို အဆင့္ဆင့္ စစ္ထုတ္ၿပီး ဆီးအျဖစ္ စြန႔္ထုတ္ႏိုင္ေအာင္ လုပ္ေဆာင္ေပးတဲ့ ေက်ာက္ကပ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာက္တည္ရင္ ေက်ာက္ေတြ ပိတ္ဆို႔ေနလို႔ အညစ္အေၾကးစြန႔္တဲ့ အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။ ေက်ာက္ကပ္ေရာဂါဟာ အပူပိုင္းေဒသမွာ ေနထိုင္သူေတြ အျဖစ္မ်ားတယ္။ အလုပ္ၾကမ္းလုပ္လို႔ ေခြၽးထြက္မ်ားသူ၊ ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္နဲ႔ ဆားဓာတ္မ်ားတဲ့ အစားအစာေတြကို ႏွစ္ရွည္စားသုံးသူ၊ ထုံးဓာတ္ပါဝင္မႈ မ်ားတဲ့ ေရကို ေသာက္သုံးသူနဲ႔ ကြမ္းအလြန္အကြၽံ စားသုံးသူေတြမွာ အသက္ႀကီးတဲ့အခါ ေသြးတိုး ၅ဝ ရာခိုင္ႏႈန္းနဲ႔ ေက်ာက္ကပ္ေရာဂါ ၂ဝ ရာခိုင္ႏႈန္း ေတြ႕ရွိႏိုင္ပါတယ္။ ခႏၶာကိုယ္တြင္းမွာ လိုအပ္တဲ့ ေရပမာဏကို လုံေလာက္ေအာင္ မေသာက္တဲ့အခါ ဓာတ္ပစၥည္း မမွ်တဘဲ ေခြၽးထြက္မ်ားၿပီး ေရဓာတ္ ခန္းေျခာက္မႈ ျဖစ္လာတယ္။ ဆီးထဲ မေပ်ာ္ဝင္ႏိုင္တဲ့ ေအာက္ကလိတ္ေက်ာက္၊ ကယ္လ္စီယမ္ေက်ာက္၊ ယူရစ္အက္စစ္ေက်ာက္ေတြဟာ ေက်ာက္ကပ္ရဲ႕ ဆီးပို႔ႁပြန္ တစ္ေလွ်ာက္ ေနရာ အႏွံ႔အျပားနဲ႔ ဆီးအိမ္အတြင္းမွာ ေတြ႕ရတတ္တယ္။

ဆီးေက်ာက္တည္တဲ့ လကၡဏာေတြကေတာ့ အလြန္အမင္း ခါးနာျခင္း၊ ႐ုတ္တရက္ ဗိုက္ေအာင့္ျခင္း၊ ဆီးသြားရ ခက္ခဲျခင္း၊ ဆီးက်ဥ္ျခင္း၊ ဆီးက်န္ျခင္းတို႔ ျဖစ္ပါတယ္။ ေက်ာက္ကပ္မွာ ေက်ာက္စတည္ၿပီ ဆိုရင္ ေက်ာက္ကပ္ဟာ လုပ္ငန္း ေကာင္းေကာင္း မလုပ္ႏိုင္တဲ့ အတြက္ ဆီးမ်ားျခင္း၊ ညဘက္ မၾကာခဏ ဆီးသြားျခင္းနဲ႔ မ်က္ႏွာကေန စၿပီး ေဖာေရာင္လာၿပီး တစ္ကိုယ္လုံး ေဖာေရာင္ျခင္းတို႔ ျဖစ္လာတယ္။ ယူရစ္အက္စစ္ေၾကာင့္ ေက်ာက္တည္တာ အျဖစ္မ်ားတယ္။

ကိုယ္ဝန္ေဆာင္ေတြမွာ ေက်ာက္ကပ္ ေက်ာက္တည္ျခင္း ျဖစ္တတ္တယ္။ ေနာက္ၿပီး ကြမ္းစားသူေတြ ကြမ္းတံေတြး မ်ိဳရင္ ေက်ာက္တည္တယ္။ ေက်ာက္ကပ္ေက်ာက္တည္ျခင္းရဲ႕ ေနာက္ဆက္တြဲ ေရာဂါေတြ အေနနဲ႔ ေသြးထဲမွာ ယူရစ္အက္စစ္ မ်ားလာမယ္။ ေျခဆစ္ လက္ဆစ္ေတြမွာ ယူရစ္အက္စစ္ စုပုံလာၿပီး ေဂါက္ေရာဂါ ျဖစ္ေစတယ္။ ေက်ာက္တည္ျခင္း ေရာဂါဟာ ၾကာလာတဲ့အခါ ဆီးႁပြန္အတြင္းမွာ အက္စစ္ဓာတ္ မ်ားလာၿပီး ဟိုက္ပါသိုင္း႐ြိဳက္ေရာဂါ၊ ယူရီးယားမ်ားတဲ့ ေရာဂါနဲ႔ ေက်ာက္ကပ္ အားနည္းျခင္း ေရာဂါတို႔ ျဖစ္ေပၚ လာေစတယ္။ အာထရာေဆာင္း ႐ိုက္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ (ကိုယ္ဝန္ေဆာင္မ်ား မ႐ိုက္ရပါ) ဆီးထဲ ေက်ာက္တည္မႈ ရွိ၊ မရွိ စစ္ေဆးျခင္း၊ ဆီးအေရာင္ စစ္ေဆးျခင္းနဲ႔ ေက်ာက္ပါဝင္မႈ စစ္ေဆးျခင္းတို႔ ျပဳလုပ္ႏိုင္တယ္။ မစားသင့္တဲ့ အစားအစာေတြကေတာ့ ႏို႔နဲ႔ႏို႔ထြက္ပစၥည္း အမ်ိဳးမ်ိဳး၊ ငါးပိ၊ ငါးေျခာက္၊ ငံျပာရည္၊ အမဲသား၊ သိုးသား၊ ဆိတ္သား၊ ၾကက္ဆင္သား၊ ပင္လယ္စာေတြ ျဖစ္တဲ့ ပင္လယ္ခ႐ု၊ ခုံး၊ ပုစြန္၊ ကဏန္း စတာေတြမွာ မီးစုန္းဓာတ္ ပါလို႔ ေက်ာက္ကပ္ ပ်က္စီးေစတယ္။ အရက္၊ ဘီယာ၊ ျပဳျပင္ထားတဲ့ အစားအစာ အမ်ိဳးမ်ိဳး၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ေခ်ာကလက္၊ ဝက္အူေခ်ာင္း၊ တညင္းသီးနဲ႔ ကြမ္းယာ စတာေတြကိုေတာ့ ေရွာင္သင့္ ပါတယ္။

ေက်ာက္ကပ္ေရာဂါဟာ အႏၲရာယ္မ်ားၿပီး တိတ္တဆိတ္ လူသတ္သမား အျဖစ္ သတ္မွတ္ခံထားရတဲ့ ေရာဂါ ျဖစ္လို႔ ေရာဂါ မျဖစ္ေအာင္ အစားအေသာက္ ဆင္ျခင္ရပါမယ္။ ေန႔စဥ္ ေရ ၂ လီတာ (ႏွစ္ပုလင္း) အနည္းဆုံး ေသာက္ရမယ္။ အထူး သတိထားရမွာကေတာ့ တညင္းသီး တစ္လုံးဟာ ေက်ာက္ကပ္ဆဲလ္တစ္လုံး ပ်က္စီးေစလို႔ ဂ႐ုျပဳသင့္ပါတယ္။ ေရွာင္ၾကဥ္ရပါမယ္။

Credit – ေဒါက္တာလြင္သန႔္(ေဆး-၂)

(Unicode)

တိတ်တဆိတ် လူသတ်သမား သို့မဟုတ် ကျောက်ကပ်၌ ကျောက်တည်ခြင်း

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်တဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး ဝမ်းဗိုက် အပေါ်ပိုင်းရဲ့ အနောက်ကျောဘက်မှာ တည်ရှိတယ်။ ပဲခြမ်းစေ့ ပုံသဏ္ဌာန် ရှိပြီး ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အရည်နဲ့ ဓာတ်ဆား မျှခြေကို ထိန်းထားတယ်။

ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြင်ပရောက်အောင် စွန့်ထုတ်ပေးတယ်။ ကျောက်ကပ် ဆဲလ်တစ်ခုမှာ ပြွန်ငယ်၊ ဆံခြည်မျှင် သွေးကြော၊ ရေစစ်ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ကတော့ပုံသဏ္ဌာန် ပြွန်ငယ်လေးတွေက တစ်ဆင့် ခန္ဓာကိုယ်တွင်းက အရည်တွေကို ဆီးပြွန်အတွင်းကို ဝင်ရောက်စေတယ်။ အဲဒီကနေ ဆီးအိမ်အတွင်း ရောက်ရှိသွားတဲ့ အရည်တွေက ဆီးအိမ်ကို တင်းစေပြီး ဆီးအဖြစ် စွန့်ထုတ်တယ်။ ဒီလို ခန္ဓာကိုယ်တွင်းက အရည်တွေကို အဆင့်ဆင့် စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ ကျောက်ကပ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောက်တည်ရင် ကျောက်တွေ ပိတ်ဆို့နေလို့ အညစ်အကြေးစွန့်တဲ့ အလုပ် မလုပ်နိုင်တော့ပါဘူး။ ကျောက်ကပ်ရောဂါဟာ အပူပိုင်းဒေသမှာ နေထိုင်သူတွေ အဖြစ်များတယ်။ အလုပ်ကြမ်းလုပ်လို့ ချွေးထွက်များသူ၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆားဓာတ်များတဲ့ အစားအစာတွေကို နှစ်ရှည်စားသုံးသူ၊ ထုံးဓာတ်ပါဝင်မှု များတဲ့ ရေကို သောက်သုံးသူနဲ့ ကွမ်းအလွန်အကျွံ စားသုံးသူတွေမှာ အသက်ကြီးတဲ့အခါ သွေးတိုး ၅ဝ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ ၂ဝ ရာခိုင်နှုန်း တွေ့ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ ရေပမာဏကို လုံလောက်အောင် မသောက်တဲ့အခါ ဓာတ်ပစ္စည်း မမျှတဘဲ ချွေးထွက်များပြီး ရေဓာတ် ခန်းခြောက်မှု ဖြစ်လာတယ်။ ဆီးထဲ မပျော်ဝင်နိုင်တဲ့ အောက်ကလိတ်ကျောက်၊ ကယ်လ်စီယမ်ကျောက်၊ ယူရစ်အက်စစ်ကျောက်တွေဟာ ကျောက်ကပ်ရဲ့ ဆီးပို့ပြွန် တစ်လျှောက် နေရာ အနှံ့အပြားနဲ့ ဆီးအိမ်အတွင်းမှာ တွေ့ရတတ်တယ်။

ဆီးကျောက်တည်တဲ့ လက္ခဏာတွေကတော့ အလွန်အမင်း ခါးနာခြင်း၊ ရုတ်တရက် ဗိုက်အောင့်ခြင်း၊ ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးကျန်ခြင်းတို့ ဖြစ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်စတည်ပြီ ဆိုရင် ကျောက်ကပ်ဟာ လုပ်ငန်း ကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ဆီးများခြင်း၊ ညဘက် မကြာခဏ ဆီးသွားခြင်းနဲ့ မျက်နှာကနေ စပြီး ဖောရောင်လာပြီး တစ်ကိုယ်လုံး ဖောရောင်ခြင်းတို့ ဖြစ်လာတယ်။ ယူရစ်အက်စစ်ကြောင့် ကျောက်တည်တာ အဖြစ်များတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်တတ်တယ်။ နောက်ပြီး ကွမ်းစားသူတွေ ကွမ်းတံတွေး မျိုရင် ကျောက်တည်တယ်။ ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါတွေ အနေနဲ့ သွေးထဲမှာ ယူရစ်အက်စစ် များလာမယ်။ ခြေဆစ် လက်ဆစ်တွေမှာ ယူရစ်အက်စစ် စုပုံလာပြီး ဂေါက်ရောဂါ ဖြစ်စေတယ်။ ကျောက်တည်ခြင်း ရောဂါဟာ ကြာလာတဲ့အခါ ဆီးပြွန်အတွင်းမှာ အက်စစ်ဓာတ် များလာပြီး ဟိုက်ပါသိုင်းရွိုက်ရောဂါ၊ ယူရီးယားများတဲ့ ရောဂါနဲ့ ကျောက်ကပ် အားနည်းခြင်း ရောဂါတို့ ဖြစ်ပေါ် လာစေတယ်။ အာထရာဆောင်း ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ (ကိုယ်ဝန်ဆောင်များ မရိုက်ရပါ) ဆီးထဲ ကျောက်တည်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆီးအရောင် စစ်ဆေးခြင်းနဲ့ ကျောက်ပါဝင်မှု စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်တယ်။ မစားသင့်တဲ့ အစားအစာတွေကတော့ နို့နဲ့နို့ထွက်ပစ္စည်း အမျိုးမျိုး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အမဲသား၊ သိုးသား၊ ဆိတ်သား၊ ကြက်ဆင်သား၊ ပင်လယ်စာတွေ ဖြစ်တဲ့ ပင်လယ်ခရု၊ ခုံး၊ ပုစွန်၊ ကဏန်း စတာတွေမှာ မီးစုန်းဓာတ် ပါလို့ ကျောက်ကပ် ပျက်စီးစေတယ်။ အရက်၊ ဘီယာ၊ ပြုပြင်ထားတဲ့ အစားအစာ အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ဝက်အူချောင်း၊ တညင်းသီးနဲ့ ကွမ်းယာ စတာတွေကိုတော့ ရှောင်သင့် ပါတယ်။

ကျောက်ကပ်ရောဂါဟာ အန္တရာယ်များပြီး တိတ်တဆိတ် လူသတ်သမား အဖြစ် သတ်မှတ်ခံထားရတဲ့ ရောဂါ ဖြစ်လို့ ရောဂါ မဖြစ်အောင် အစားအသောက် ဆင်ခြင်ရပါမယ်။ နေ့စဉ် ရေ ၂ လီတာ (နှစ်ပုလင်း) အနည်းဆုံး သောက်ရမယ်။ အထူးသတိထားရမှာကတော့ တညင်းသီး တစ်လုံးဟာ ကျောက်ကပ်ဆဲလ်တစ်လုံး ပျက်စီးစေလို့ ဂရုပြုသင့်ပါတယ်။ ရှောင်ကြဉ်ရပါမယ်။

Credit – ဒေါက်တာလွင်သန့်(ဆေး-၂)

Leave a Reply

Your email address will not be published. Required fields are marked *