ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

(Zawgyi)

ေငြစကၠဴေပၚက လက္မွတ္ပိုင္ရွင္ ေမာင္ေကာင္း ဆိုတာ

၁၉၅၅ ခုႏွစ္ဝန္းက်င္က ျမန္မာ့ေငြသည္ အလြန္တန္ဖိုးရွိခဲ့သည္။ ထိုစဥ္က အေမရိကန္ ၁ေဒၚလာသည္ ျမန္မာက်ပ္ေငြ ၆က်ပ္ႏွင့္ ညီမွ်သည္။ မည္သည့္ႏိုင္ငံကိုသြားသြား အျခားေငြလဲစရာမလို ျမန္မာက်ပ္ေငြကို ယူသြားၿပီး သုံးစြဲႏိုင္ၿပီး ခိုင္မာတဲ့ေငြ (ေငြမာ) (Hard Currency) အျဖစ္ ရပ္တည္ခဲ့ဖူးသည္။

ထိုေခတ္ ထိုအခါက ေငြစကၠဴမ်ားေပၚတြင္ ျမန္မာေငြေၾကး ဘုတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေမာင္ေကာင္း ၊ စံလင္း ဟူေသာ လက္မွတ္မ်ားကို ေတြ႕ရမည္ျဖစ္သည္။ ေမာင္ေကာင္းဆိုသည္မွာ ပညာမင္းႀကီး၊ ပထမဆုံး ျမန္မာ့သမိုင္းေကာ္မရွင္ ဥကၠဌအျဖစ္ ထမ္းေဆာင္ခဲ့သည့္ စည္သူ ဦးေကာင္း ျဖစ္သည္။

ဦးေကာင္းအား ၁၉၀၄-ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ ယစ္မ်ိဳးမင္းႀကီး ဦးဘေသာ္ႏွင့္ ေဒၚၾကင္ၿမိဳင္တို႔က ျမင္းၿခံၿမိဳ႕၌ ဖြားျမင္ခဲ့သည္။ အသက္ ငါးႏွစ္အ႐ြယ္တြင္ ျမင္းၿခံၿမိဳ႕ ဘက္ပလစ္ေက်ာင္း၌ စတင္ပညာသင္ၾကားခဲ့သည္။ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကူရွင္အထက္တန္းေက်ာင္း၊ စိန႔္ေပါလ္ အထက္တန္းေက်ာင္း (ယခု အ.ထ.က(၆)ဗိုလ္တေထာင္) တြင္ ပညာဆက္လက္ ဆည္းပူးခဲ့သည္။

၁၉၂၀-ျပည့္ႏွစ္တြင္ အစ္ကိုျဖစ္သူ ဦးဘဦး၏ ေထာက္ပံ့မႈျဖင့္ အဂၤလန္ႏိုင္ငံ၊ ဆမ္းမားဆက္ျပည္နယ္ တြန္တန္ဘုရင့္ေကာလိပ္ သီးသန႔္အထူးပညာသင္ေက်ာင္း (Taunton Public School,Somerset)၌ ပညာဆက္လက္ ဆည္းပူးခဲ့သည္။ ၁၉၂၂-ခုႏွစ္တြင္ လန္ဒန္ မက္ထရစ္စာေမးပြဲကို ဂုဏ္ထူး ငါးဘာသာျဖင့္ ေအာင္ျမင္ခဲ့သည္။

၁၉၂၃-ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီး ရန္ကုန္တကၠသိုလ္၌ ဥပစာ ဒုတိယႏွစ္မွ စတင္သင္ယူခဲ့ရာ သုံးႏွစ္ၾကာသင္ယူၿပီးေနာက္ ၁၉၂၆-ခုႏွစ္တြင္ ဘီေအဘြဲ႕(အဂၤလိပ္စာ ဂုဏ္ထူး)၊ ၁၉၂၉-ခုႏွစ္ ႏွစ္ႏွစ္အၾကာတြင္ မဟာဝိဇၨာ(ပညာေရး)ဘြဲ႕ ရရွိခဲ့သည္။

ရန္ကုန္တကၠသိုလ္၌ အဂၤလိပ္ဘာသာႏွင့္ စာေပအထက္တန္း နည္းျပဆရာအျဖစ္ ေဆာင္႐ြက္ေနစဥ္အတြင္း ႏိုင္ငံျခား ပညာေတာ္သင္ဆုကို ရရွိကာ လန္ဒန္တကၠသိုလ္ ဘုရင့္ေကာလိပ္တြင္ တစ္ႏွစ္ပညာသင္ၾကားခြင့္ ရရွိခဲ့ေသးသည္။

ထို႔ေနာက္ အစိုးရအထက္တန္းေက်ာင္းအုပ္၊ လက္ေထာက္ပညာဝန္၊ ပညာဝန္၊ ရန္ကုန္အစိုးရအထက္တန္းေက်ာင္း (ယခု လသာအ.ထ.က-၁)တြင္ ေက်ာင္းအုပ္ဆရာႀကီး၊ ပညာေရး အရာရွိခ်ဳပ္ စသည္ျဖင့္ ပညာေရးနယ္ပယ္မွ တာဝန္အသီးသီးကို ထမ္းေဆာင္ခဲ့သည္။

၁၉၄၆-၄၇ ခုႏွစ္တြင္ တြဲဘက္ လက္ေထာက္ပညာမင္းႀကီး၊ လြတ္လပ္ေရးကာလတြင္ အဂၤလန္ႏိုင္ငံပညာေတာ္သင္မ်ားအတြက္ အႀကံေပးအရာရွိအျဖစ္ ထပ္မံ အမႈထမ္းခဲ့ရသည္။ ထို႔ျပင္ အဂၤလန္ႏိုင္ငံရွိ ျမန္မာသံ႐ုံး ပညာေရးသံမႉးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ရသည္။ အဂၤလန္ႏိုင္ငံတြင္ တာဝန္ထမ္းေဆာင္စဥ္ ၁၉၄၇-၄၉ ခုႏွစ္၌ ျမန္မာႏိုင္ငံေတာ္ ေငြေၾကးဘုတ္အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခံရကာ ေငြစကၠဴမ်ားေပၚတြင္ `ေမာင္ေကာင္း´ ဟူ၍ လက္မွတ္ေရးထိုးခဲ့ရပါသည္။

၁၉၅၁ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ပညာမင္းႀကီးအျဖစ္ ရာထူးတိုးျမႇင့္ ခန႔္အပ္ခံခဲ့ရပါသည္။ ဦးေကာင္းသည္ ပညာေရး ဝန္ထမ္းတဦး အေနျဖင့္လည္း ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အတြင္းေရးမႉး (၁၉၄၆-၄၇)၊ ယူနက္စ္ကို ပညာေရး မစ္ရွင္အဖြဲ႕ အႀကံေပး အရာရွိ (၁၉၅၀-၅၁) အျဖစ္ပါ တာဝန္ ယူခဲ့ရပါသည္။ ရာထူးေနရာအမ်ိဳးမ်ိဳးတြင္ ထူးခြၽန္စြာထမ္းေဆာင္ႏိုင္ခဲ့သူျဖစ္သည္ႏွင့္အညီ ၁၉၅၃ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ အစိုးရက ပညာမင္းႀကီးအား ‘စည္သူ’ ဘြဲ႕ ေပးအပ္ျခင္းကို ခံခဲ့ရသည္။ ျမန္မာႏိုင္ငံတြင္ သမိုင္းေကာ္မရွင္အား ဖြဲ႕စည္းၿပီးေနာက္ ပထမဆုံး ဥကၠ႒အျဖစ္ ခန႔္အပ္ခံခဲ့ရျပန္သည္။

ဦးေကာင္း ေရးသားခဲ့သည့္ စာအုပ္မ်ားအနက္ ၿဗိတိသွ်တို႔ မသိမ္းပိုက္မီႏွင့္ သိမ္းပိုက္ၿပီးေခတ္ ျမန္မာႏိုင္ငံ ပညာေရး သမိုင္း” ၊ “ျမန္မာေက်ာင္းမ်ားတြင္ စာစီစာကုံး သင္ၾကားနည္း”၊ “ျမန္မာႏိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အစီရင္ခံစာ (၁၉၄၇)”၊ “ျမန္မာႏိုင္ငံ ပညာေရး ရွစ္ႏွစ္ (၁၉၄၇-၅၅) အစီရင္ခံစာ” စသည္တို႔မွာ ထင္ရွားခဲ့၏။

၁၉၅၇ ခုႏွစ္တြင္ က်င္းပမည့္ သတၱမတန္း စာေမးပြဲ ေမးခြန္းမ်ားကို လုံၿခဳံ စိတ္ခ်မႈ ရွိေစရန္ အတြက္ အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕၌ ပုံႏွိပ္ေရး ကိစၥကို ပညာေရး မင္းႀကီး ဦးေကာင္းက တာဝန္ယူ ေဆာင္႐ြက္ခဲ့ရ၏။ သို႔ျဖစ္၍ ပညာမင္းႀကီး ဦးေကာင္း အိႏၵိယႏိုင္ငံသို႔ သြားေရာက္ခဲ့ရသည္။

၁၉၅၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ရက္ေန႔တြင္ ယူနက္စကို ဒါ႐ိုက္တာ တစ္ဦး၏ ကားျဖင့္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕တြင္းသို႔ လိုက္ပါသြားစဥ္ မ႐ိုးလမ္းႏွင့္ ေခ်ာင္ရင္ဂီ လမ္းေထာင့္တြင္ ျမဴႏွင္းမ်ား ထူထပ္စြာ က်ေရာက္ေနမႈေၾကာင့္ ကားက လမ္းေဘး သံတိုင္အား အရွိန္ျပင္းစြာ ဝင္ေရာက္ တိုက္မိသြား၏။

ကားေမာင္းသူ ကိုယ္စားလွယ္မွာ ဒဏ္ရာအနည္းငယ္သာ ရရွိေသာ္လည္း ပညာမင္းႀကီး ဦးေကာင္းမွာမူ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သည္။ နံ႐ိုးသုံးေခ်ာင္း က်ိဳးသြားသျဖင့္ ကာလကတၱား ေဆး႐ုံသို႔ တက္ေရာက္ ကုသခဲ့ရ၏။ ဒဏ္ရာမွာ ျပင္းထန္လွသည့္ အေလ်ာက္ ၁၉ ေဖေဖာ္ဝါရီ ၁၉၅၇ တြင္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕၌ ကြယ္လြန္သြားပါသည္။ ေနာက္တေန႔တြင္ ပညာမင္းႀကီး ႐ုပ္ကလာပ္အား ရန္ကုန္သို႔ ေလယာဥ္ျဖင့္ သယ္ယူၿပီး ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၌ သၿဂိဳလ္ခဲ့၏။ ပညာမင္းႀကီး ဦးေကာင္း ကြယ္လြန္စဥ္ ဇနီး ေဒၚသိန္း၊ သား ဦးေသာ္ေကာင္း (ေနာင္ တကၠသိုလ္မ်ား ဗဟို စာၾကည့္တိုက္မႉး)၊ သမီး ေဒၚရီေမေကာင္း၊ ေဒၚၾကည္ေမေကာင္းတို႔ က်န္ရစ္ပါသည္။

ပညာမင္းႀကီး ဦးေကာင္း၏သား ဆရာႀကီး ေဒါက္တာ (ဦး) ေသာ္ေကာင္းမွာ ဖူကူအိုကာဆုရ စာၾကည့္တိုက္ ပညာရွင္တဦး ျဖစ္ပါသည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္၏ ဥကၠ႒ ျဖစ္ခဲ့သကဲ့သို သားျဖစ္သူ ဆရာႀကီး ေဒါက္တာ ဦးေသာ္ေကာင္းမွာလည္း ၁၆ ဇန္နဝါရီ ၂၀၀၂ မွ စ၍ ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္ အခ်ိန္ျပည့္ အဖြဲ႕ဝင္ ျဖစ္လာခဲ့သည္။

ဆရာႀကီး စည္သူေဒါက္တာေသာ္ေကာင္းသည္ ၂၀၁၆ ခုႏွစ္ ထြန္းေဖာင္ေဒးရွင္း တစ္သက္တာစာေပဆုရွင္အျဖစ္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းခံရသည္။ စာအုပ္စာေပ ႏွင့္ စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ဖို႔အေရး ႀကိဳးပမ္းေနသည္ ေဒါက္တာ သန႔္ေသာ္ေကာင္းမွာ ဦးေကာင္း၏ ေျမး ျဖစ္သည္။ ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာ့ပညာေရးေလာကတြင္ ထူးျခားေသာ အယူအဆတစ္ရပ္ ရွိသူျဖစ္သည္။ ဦးေကာင္း၏ ပညာေရးအယူအဆတစ္ရပ္မွာ စာေမးပြဲအတြက္သာ ဦးစားေပးေသာ ပညာေရးမ်ိဳး မဟုတ္ဘဲ အသိပညာႂကြယ္ဝမႈႏွင့္ ဘက္စုံပညာ တတ္ကြၽမ္းမႈတို႔ကို အေလးထားအားေပးေသာ အယူအဆျဖစ္ပါသည္။

ပညာမင္းႀကီး ဦးေကာင္းက ပညာသင္ၾကားျခင္းသည္ ေက်ာင္းေနစဥ္သာမဟုတ္ ဘဝတစ္ေလွ်ာက္လုံးအတြက္ ျဖစ္ရမည္ဟု မိန႔္ဆိုခဲ့သည္။

တင္ႏိုင္တိုး ေရး ပထမဆုံး ျမန္မာသမိုင္းေကာ္မရွင္နာ ဥကၠ႒ ပညာမင္းႀကီး စည္သူဦးေကာင္း

ဇန္နဝါရီလ ၂၀၊ ၂၀၁၇ ေၾကးမုံသတင္းစာ စာမ်က္ႏွာ ၁၆

Myanmar Wikipedia

Credit – သုတဇုန္

Source – https://wp.me/p92H0W-6wa

(Unicode)

ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်း ဆိုတာ

၁၉၅၅ ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် ၁ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီမျှသည်။ မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို ယူသွားပြီး သုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည်ခဲ့ဖူးသည်။

ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေကြေး ဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း ၊ စံလင်း ဟူသော လက်မှတ်များကို တွေ့ရမည်ဖြစ်သည်။ မောင်ကောင်းဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံး မြန်မာ့သမိုင်းကော်မရှင် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည့် စည်သူ ဦးကောင်း ဖြစ်သည်။

ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်းကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။

၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School,Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။

၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့(အင်္ဂလိပ်စာ ဂုဏ်ထူး)၊ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့သေးသည်။

ထို့နောက် အစိုးရအထက်တန်းကျောင်းအုပ်၊ လက်ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက်တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး၊ ပညာရေး အရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက် လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရကာ ငွေစက္ကူများပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေးထိုးခဲ့ရပါသည်။

၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါသည်။ ဦးကောင်းသည် ပညာရေး ဝန်ထမ်းတဦး အနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အတွင်းရေးမှူး (၁၉၄၆-၄၇)၊ ယူနက်စ်ကို ပညာရေး မစ်ရှင်အဖွဲ့ အကြံပေး အရာရှိ (၁၉၅၀-၅၁) အဖြစ်ပါ တာဝန် ယူခဲ့ရပါသည်။ ရာထူးနေရာအမျိုးမျိုးတွင် ထူးချွန်စွာထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ ဘွဲ့ ပေးအပ်ခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် သမိုင်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြန်သည်။

ဦးကောင်း ရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း” ၊ “မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း”၊ “မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ” စသည်တို့မှာ ထင်ရှားခဲ့၏။

၁၉၅၇ ခုနှစ်တွင် ကျင်းပမည့် သတ္တမတန်း စာမေးပွဲ မေးခွန်းများကို လုံခြုံ စိတ်ချမှု ရှိစေရန် အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ပုံနှိပ်ရေး ကိစ္စကို ပညာရေး မင်းကြီး ဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။ သို့ဖြစ်၍ ပညာမင်းကြီး ဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။

၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ယူနက်စကို ဒါရိုက်တာ တစ်ဦး၏ ကားဖြင့် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ် မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာ ကျရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။

ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီး ဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။ ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သဂြိုလ်ခဲ့၏။ ပညာမင်းကြီး ဦးကောင်း ကွယ်လွန်စဉ် ဇနီး ဒေါ်သိန်း၊ သား ဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ပါသည်။

ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်းမှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင်တဦး ဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ စာအုပ်စာပေ နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ ဦးကောင်း၏ မြေး ဖြစ်သည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ်သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့် ဘက်စုံပညာ တတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။

ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

တင်နိုင်တိုး ရေး ပထမဆုံး မြန်မာသမိုင်းကော်မရှင်နာ ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူဦးကောင်း

ဇန်နဝါရီလ ၂၀၊ ၂၀၁၇ ကြေးမုံသတင်းစာ စာမျက်နှာ ၁၆

Myanmar Wikipedia

Credit – သုတဇုန်

Source – https://wp.me/p92H0W-6wa

Comments

Leave a Reply

Your email address will not be published. Required fields are marked *