Month: October 2021

ဗဟုတုသ

အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း

အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း သင့်မှာ အစားအစာအတွက် စိုက်စရာ မြေကြီးမရှိလည်း မပူပါနဲ့။ လူ့ဦးနှောက်က ကြံဆဖန်တီးနိုင်စွမ်း ရှိပြီးသားပါ။ ကိုယ်ကြိုက်တဲ့ကန်စွန်းဥ အမျိုးအစားကို အရင်ရှာဖွေပါ။ ကန်စွန်းဥဟာ မျက်လုံး၊ အသားအရေ၊ အာရုံကြော၊ အရိုး၊ ကြွက်သားများကို သန်စွမ်းစေသလို အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ကန်စွန်းဥ အရွက်ကိုလည်းစားသုံးနိုင်တယ်။ ကန်စွန်းဥကိုလည်း ဟင်းချက်စားနိုင်တယ်။ ပြုတ်မယ်၊ မီးနဲ့ဖုတ်မယ် သို့မဟုတ် ဆန်မှုန့်နဲ့ ကြော်စားမယ်။ မိမိ တီထွင်သလို ပြုလုပ်စားသုံးလို့ ရပါတယ်။ ဘိလပ်မြေ အိတ်ခွံထဲကိုမြေကြီး (၅) ပြည်လောက်ထည့်ပါ။ နွားချေး (၁)ပြည် ထည့်ပါ။ ကန်စွန်းဥ တလုံးနှလုံးထည့်ပါ။ မြေကြီး (၃) ပြည်လောက်ပြန်ထည့်ပါ။ နေ့စဉ် ရေစွတ် ရေဖြန်းပေးပါ။ နေရောင်ခြည်ရမယ့် နေရာဆီ […]

ဗဟုတုသ

မြန်မာတို့၏ ရာဇဝင်တွေထဲက “ကိုးသင်္ချိုင်းသံဓါး”

ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသင်္ချိုင်းဓား အစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ ဒါ့ကြောင့် ကိုးင်္သချိုင်းဓား အကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ ကိုးင်္သချိုင်းဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှ သံများကို စုပေါင်း၍ သံရည်ကျိုပြီး သွန်းလုပ်ရသည်။ သံရည်ကျိုပြီးသောအခါ စနေသား ပန်းပဲဆရာမှက ဓားပုံလောင်းရသည် (အများအားဖြင့် စနေနေ့တွင် ဓားကို ပုံလောင်းကျသည်။) ဓားကို ပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်း၌ ဆေးရသည်။ ဓားမဆေးမှီ 7 ရက်တိုင်တိုင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို ပင့်ဖိတ်ပြီး သက်ဆိုင်ရာ ဂါထာမန္တာန်တို့ကို ၇ ရက်တိတိ ရွတ်ဖတ်ရသည်။ ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေ သွေးဖြင့်သာ ဆေးရသည်။ အကယ်၍ […]

ဗဟုတုသ

မျက်နှာနှင့် နှုတ်ခမ်း တစ်ဝိုက်မှာ” မှဲ့” ရှိခဲ့ရင်

သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ်ထင်ရပေမယ့် အတွင်းစိတ်သဘောထားကတော့ အလွန် နူးညံ့သိမ်မွေ့ပါတယ်။ ပွစိပွစိလုပ်တာကတော့ ဝါသနာပါသူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွားခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါ။ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့သူတွေပါ။ သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်။ စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန်ဆောင်နေတတ်ပါတယ်။ ချော့မယ့်သူ မရှိရင်တော့ သူ့အလိုလို ပျော့သွားရော။ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူဟာ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်။ အချစ်လည်း အရမ်းကြီးပါတယ်။ ဒါပေမယ့် အချစ်စိတ်ကြီးတော့ ဘယ်လောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီး နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ သူတွေပါ။ […]

ဗဟုတုသ

ချမ်းသာသူတွေရဲ့ လက်မှာသာ တွေ့ရများတတ်သော လက်ဝါးပြင်ပေါ်မှ ငွေဝင်လမ်းကြောင်းအမှတ်သား

ချမ်းသာသူတွေရဲ့လက်မှာသာ တွေ့ရများတတ်သော လက်ဝါးပြင်ပေါ်မှ ငွေဝင်လမ်းကြောင်းအမှတ်သား လူတိုင်းလူတိုင်းသည် ချမ်းသာချင်ကြ၏ ။ သို့သော် လူတိုင်းလူတိုင်းသည် ချမ်းသာချင်းတော့ မရှိနိုင်ပေ။ လူတစ်ဦးတစ်ယောက် ဆင်းရဲ ခြင်း ချမ်းသာခြင်းသည် မိမိအတိတ်က ပြုခဲ့ဖူးသော ကံတရားအတိုင်းသာ ခံစားရပေသည်။ ထို့ကြောင့် အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်ဟု မြန်မာစကားပုံရှိနေခြင်းပင် ဖြစ်သည်။ လက္ခဏာပညာရပ်တွင် လက်ပုံစံတနည်း လက်ဝါးပြင်သည် မူလဇာတာနှင့်တူပြီး လက်ဝါးပြင်အတွင်း ရိုက်နှိပ်ထားသောလမ်းကြောင်းလေးများကတော့ ကောဇာဂြိုဟ်နှင့်တူလှသည်။ လက်ပုံစံကောင်းမွန်ပြီး လက်မအဆင့်မှီကာ ကောင်းမွန်သော လက်ချောင်းလေးများနှင့်အတူ လက်ဝါးပြင် အရောင်အသွေးကောင်းမွန်ကာ ဂြိုဟ်ခုံလေးများ မို့မောက်ပြည့်ဖြိုးကောင်းမွန်ပြီး ဖျက်မှတ်ကင်းကာ အားရှိနေမည်ဆိုပါက လက္ခဏာရှင်သည် ချမ်းသာရန်ကံတရားပါရှိပြီးသူဖြစ်ပေသည် ။ ထိုပြင် အောက်ပါ အမှတ်လက္ခဏာများကလည်း ငွေကြေးရှာဖွေရလွယ်ကူခြင်း စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းကို ဖော်ပြပြီး ချမ်းသာသောလူတွေရဲ့ လက်မှာသာ အတွေ့ရများသော ငွေဝင်လမ်းကြောင်းတွေ […]

ဗဟုတုသ

မြန်မာနိုင်ငံလွတ်လပ်ရေးမရမှီ စစ်ဘေးဒဏ်ခံရချိန် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ရာ လှိုဏ်ဂူတော်

မြန်မာနိုင်ငံလွတ်လပ်ရေးမရမှီ စစ်ဘေးဒဏ်ခံရချိန် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ရာ လှိုဏ်ဂူတော် မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။ ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ […]

ဗဟုတုသ

စားဖိုမှူးတွေသာ သိတဲ့ လျှို့ဝှက် ထမင်းချက်နည်း(၉)နည်း

စားဖိုမှူးတွေသာသိတဲ့ လျှို့ဝှက် ထမင်းချက်နည်းနဲ့ ထိန်းသိမ်းနည်း (၉)နည်း ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များ ကျွန်မတို့ အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါ။ အိမ်ရှင်မ/ထီးများအတွက် ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအဟာရ ဓါတ်တွေပါ မဆုံးရှုံးစေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။ (၁) ရှာလကာရည် ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက်ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့်အပြင် ရာသီဥတု အလွန်ပူပြင်း၍ ထမင်းသိုးခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ (၂) ဘီယာ ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။ဆန်ဟောင်းချက်ချိန်မှာ ဘီယာ […]

ဗဟုတုသ

ရေနဲ့ ဖန်ခွက်တစ်ခွက်ပဲလိုတဲ့ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး

ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။ ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါနော်။ (၁) မုန်ညင်းဖြူ ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။ အရွက်တွေ တဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။ (၂) ကြက်သွန်နီ ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို ထည့်လိုက်ပါ။ […]

ဗဟုတုသ

နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ သပိတ်ကျင်းနယ်ထဲက ကျောက်တွင်းကြီး

သပိတ်ကျင်းနယ်ထဲက နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ ကျောက်တွင်းကြီး ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက်ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။ အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီး နည်းပညာတပ်ရဲ့ ဘေးနားကပါ။ အဲ့ဒီနားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။ သပိတ်ကျင်းနယ်ထဲကနေ ထွက်တဲ့ ပတ္တမြား၊ နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။ ကျောက်ကြီး နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ ကျောက်ကြီးနည်းပညာတပ်ရဲ့ ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေက ပြောကြတာပါ။ တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။ မုဆိုးတေဟာ သူတို့ရွာရဲ့ […]

ဗဟုတုသ

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ ကရင်လူမျိုးတွေရဲ့ အထွဋ်အမြတ် အံ့ဖွယ် ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး။ ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက် မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ဆင်စွယ်တော်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာ နေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေ။ သူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့က သူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး လာရောက်ယူဆောင်တာတွေ ရှိခဲ့ပါတယ်။ မသူတော်တွေဟာ ဆင်စွယ်တော်ကို ရေခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုပဲ ပြန်လည်လို့ ရောက်ရှိလာတာကတော့ ထူးခြားမှု ဖြစ်စဉ်တရပ် ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။ […]

ဗဟုတုသ

ပန်ထွာဘုရင်မနှင့် ယနေ့အချိန်ထိ မပျယ်သေးသောသူမ၏ ကျိန်စာ

သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ် ာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ် ချုပ်နေခဲ့သည်။ ( ရာဇဝင်ကျမ်းများအရ “ပြည်” ဟု သုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါ သည်။) ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်း မျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။) စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ […]

Back To Top